ဝမ်းနုတ်ဆေးကြောင့် ဝမ်းလျှောတဲ့အခါ ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်လာနိုင်ပါတယ်။ ကိုယ်တွင်း ဓာတ်ဆားတွေ မမျှမတ ဖြစ်လာနိုင်ပါတယ်။
မိခင်နို့တိုက်ခြင်း
မိခင်နို့တိုက်ချိန်မှာ တချို့ဝမ်းနုတ်ဆေးများဟာ မိခင်နို့ကနေတဆင့် ကလေးဆီရောက်နိုင်ပြီး ဝမ်းပျက်ခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိခင်နို့တိုက်နေသူတွေ ဝမ်းနုတ်ဆေးသောက်မယ်ဆိုရင် ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်သင့်ပါတယ်။
ဆေးသောက်မှ ဝမ်းသွားခြင်း
ဝမ်းနုတ်ဆေးကို အလွန်အကျွံသုံးနေမယ်ဆိုရင် အူမကြီးရဲ့ကြွက်သားနဲ့ အာရုံကြော တုံ့ပြန်မှုတွေ လျော့နည်းလာနိုင်ပါတယ်။ ဆေးမသောက်ရင် ဝမ်းမသွားတော့တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ယခုလို အခြေအနေကြုံလာရင် အူမကြီးရဲ့ ကျုံ့ဝင်လှုပ်ရှားနိုင်စွမ်းကို ပြန်လည်တိုးတက်အောင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
ဆရာဝန်နှင့်ပြသသင့်သော အခြေအနေများ
အောက်ပါအခြေအနေတွေ ကြုံလာရင် ဆရာဝန်နဲ့ချက်ချင်း ပြသသင့်ပါတယ်။
– ၇ ရက်ထက်ကျော်ပြီး ဝမ်းချုပ်နေခြင်း
– အူမကြီးမှ သွေးထွက်ခြင်း
– သွေးဝမ်းသွားခြင်း
– ဆိုးဆိုးရွားရွား ဗိုက်အောင့်ခြင်း
– ပင်ပန်းနွမ်းနယ်ခြင်း
– အရေပြားယားယံခြင်း
– နှလုံးခုန်မမှန်ခြင်း
ဝမ်းမချုပ်အောင် ဘယ်လိုကာကွယ်မလဲ
ဝမ်းချုပ်တတ်ရင် ဝမ်းနုတ်ဆေးမစားသေးဘဲ ဝမ်းပုံမှန်သွားစေမယ့် နည်းလမ်းတွေ လုပ်ဆောင်သင့်ပါတယ်။ အထူးသဖြင့် အောက်ပါနည်းလမ်းတွေ ဖြစ်ပါတယ်။
– အမျှင်ဓာတ်များတဲ့ အစားအစာတွေစားပါ။ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အစေ့အဆန်တွေ များများစားပါ
– အမျှင်ဓာတ်နည်းပါးတဲ့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေနဲ့ နို့ထွက်ပစ္စည်းတွေ လျှော့စားပါ
– ရေများများသောက်ပါ
– လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
– စိတ်ဖိစီးမှုလျှော့ချပါ
– ဝမ်းသွားလိုလျှင် အောင့်မထားပါနှင့်
အထက်ပါနည်းလမ်းတွေ ကျင့်သုံးရင် ဝမ်းနုတ်ဆေးသုံးစရာမလိုဘဲ ဝမ်းနုတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။