အစားအသောက်တွေနဲ့ အရက်က Enervon-C နဲ့ ဓာတ်ပြုနိုင်သလား
Enervon-Cက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အစားအစာတွေက ခန္ဓာကိုယ်အနေနဲ့ Enervon-C ကို ပိုမို စုပ်ယူနိုင်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ဆေးကို အစားတစ်ခုခုနဲ့ တွဲသောက်ပေးပါ။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Enervon-Cနဲ့ ဓာတ်ပြုနိုင်သလဲ
Enervon-C (အန်နာဗွန် စီ)က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့်
- သွေးခဲတာ
- အရေပြားတွေ နီရဲရောင်ရမ်းတာ
- သွေးနီဥဆဲလ် အရေအတွက် များနေတာ
- ဗီတာမင် B12နဲ့ ဓာတ်မတည့်တာမျိုးတွေ ရှိရင်ပါ။
ဆေးသုံးရန်အညွှန်း
အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အရွယ်ရောက်ပြီးသူတွေအတွက် အသုံးပြုရမယ့်ပမာဏ
- သောက်ဆေး – တစ်နေ့ တစ်လုံး ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ပါ။
ကလေးတွေအတွက် အသုံးပြုရမယ့်ပမာဏ
- ကလေး အသက် ၁ နှစ် ကနေ ၃ နှစ်အတွင်း: သောက်ဆေးရည် တစ်နေ့ကို 2.5-5 ml ကို အစာနဲ့ တွဲသောက်ပါ။
- အသက် ၄ နှစ် ကနေ ၁၂ နှစ်အတွင်း : သောက်ဆေးရည် တစ်နေ့ကို 5 ml ကို အစာနဲ့ တွဲသောက်ပါ။
Enervon-C (အန်နာဗွန် စီ) ကို ဘယ်လိုရရှိနိုင်သလဲ
Enervon-Cကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- ဆေးတောင့်: ဗီတာမင် B1 50mg, ဗီတာမင် B2 20mg, ဗီတာမင် B6 5mg, ဗီတာမင် B12 mcg, ဗီတာမင် B3 niacinamide 50 mg, Ca pantothenate 20 mg, ဗီတာမင် C 500 mg.
- ဆေးရည်: 60 mL, 120 mL, 250 mL, 500 mL နဲ့ ရရှိနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။