backup og meta

ပဋိဇီဝပိုးသတ်ဆေး (antibiotics) အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဋိဇီဝပိုးသတ်ဆေး (antibiotics) အကြောင်း

    ပဋိဇီဝပိုးသတ်ဆေး (antibiotics) ဆိုတာက ဆေးဝါးတစ်မျိုးပါ။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဘက်တီးရီးယား ပေါက်ဖွားမှုကို နှေးကွေးစေပါတယ်။

    Antibiotics တွေ ဆိုတာက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေပါ။ ဒီ  Antibioticsဆိုတာက အအေးမိတာ၊ နှာစေးတာ ချောင်းဆိုးတာလိုမျိုး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်မှုတွေကိုတော့ ကုသလို့ မရပါဘူး။ အခုဆောင်းပါးလေးထဲမှာ ပဋိဇီဝပိုးသတ်ဆေး (antibiotics)  ဆိုတာဘာလဲ။ ဘာရောဂါတွေကို ကုသပေးနိုင်သလဲ။ ဘာတွေသတိထားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

    ပဋိဇီဝပိုးသတ်ဆေး (antibiotics) ဆိုတာ

    ပဋိဇီဝပိုးသတ်ဆေး (antibiotics) ဆိုတာက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်မှုတွေကို တိုက်ဖျက်ရာမှာ အသုံးပြုလို့ ရပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ဖို့ နဲ့ ဘက်တီးရီးယားပေါက်ဖွားမှုကို လျှော့ချဖို့အတွက် အသုံးပြုကြတာပါ။

    ပဋိဇီဝပိုးသတ်ဆေး (antibiotics)ကို ပထမဆုံးအချိန် အသုံးပြုခဲ့တာက ၁၉၃၆ ခုနှစ်ကပါ။ Antibiotics တွေ မပေါ်လာခင်တုန်းက အမေရိကန်ပြည်ထောင်စုမှာ ဘက်တီးရီးယားကူးစက်မှုကြောင့် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ Antibiotics တွေ ကြောင့်ပဲ အသက်ဆုံးရှုံးစေနိုင်တဲ့ ကူးစက်ရောဂါတွေကို ကုသနိုင်ခဲ့တာပါ။

    လက်ရှိကာလအထိ Antibiotics တွေ ဟာ လူသားတွေကို ပြင်းထန်တဲ့ ကူးစက်ရောဂါတွေကနေ ကာကွယ်ပေးနေတဲ့ သက်ကယ်ဆေးဝါးတွေအဖြစ် ဆက်လက်တည်ရှိနေဆဲပါ။ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေကို ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်ပေးပါတယ်။

    Antibiotics တွေ အမျိုးအစား တော်တော်များများရှိပါတယ်။  Antibiotics တွေ တစ်မျိုးချင်းစီက ဘက်တီးရီးယား ကူးစက်ခံရမှုတစ်ခုချင်းစီအတွက် သီးသန့်ထုတ်ထားတာမျိုးပါ။

    Antibiotics တွေကို အခုလို ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။

    • ဆေးပြား
    • ဆေးတောင့်
    • ဆေးရည်
    • ခရင်မ် ပုံစံ
    • လိမ်းဆေးအဆီ ပုံစံမျိုးနဲ့ပါ။

    Antibiotics တွေ အတော်များများကို ဆရာဝန်ဆေးစာပါမှ ဝယ်ယူလို့ ရပါတယ်။ အချို့သော Antibiotics ခရင်မ်တွေနဲ့ လိမ်းဆေးအဆီတွေကိုတော့ ဆေးစာမလိုဘဲ ဝယ်ယူလို့ ရပါတယ်။

    Antibiotics တွေက ဘက်တီးရီးယားတွေကို ဘယ်လို တိုက်ဖျက်ပေးသလဲ။

    Antibiotics တွေက ဘက်တီးရီးယား ကူးစက်မှုတွေကို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဖြစ်စေ၊ ဘက်တီးရီးယား ပေါက်ဖွားမှုကို နှောင့်နှေးအောင် လုပ်ဆောင်ပေးခြင်းဖြင့် ဖြစ်စေ ကုသပေးပါတယ်။ ဥပမာ ပြောပြရရင်

    • ဘက်တီးရီးယားတွေရဲ့ အပြင်ဘက် နံရံတွေ ဒါမှမဟုတ် ဘက်တီးရီးယားရဲ့ ဘေးပတ်ပတ်လည်မှာ ကာရံထားတဲ့ အကာအရံကို တိုက်ဖျက်ပေးပါတယ်။
    • ဘက်တီးရီးယားတွေရဲ့ ပေါက်ဖွားမှုကို ဟန့်တားပေးတယ်
    • ဘက်တီးရီးယားတွေက ပရိုတင်း ထုတ်လွှတ်မှုကို ပိတ်ဆို့ထားဆီးပေးတယ်။
    ဆေးကုထုံးကို လိုက်ပြီး ရောဂါသက်သာမှုနှုန်း ကွာခြားနိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ကတော့ ခံစားနေရတဲ့ ကူးစက်ရောဂါပါ။ ရောဂါက မပြင်းထန်ဘူးဆိုရင် မြန်မြန် သက်သာလာမှာပါ။ ရောဂါက ပြင်းထန်မယ်ဆိုရင်တော့ အချိန်ကြာနိုင်ပါတယ်။ များသောအားဖြင့်ကတော့ Antibiotics တွေက ဆေးစသောက်ချိန်ကနေစပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ သက်သာသွားကြပါတယ်။
    ဆေးစသောက်ပြီး ရက်အနည်းငယ်အတွင်းမှာ သက်သာသွားပေမယ့်လည်း ဆေးကိုတော့ ဆေးပတ်လည်အောင် သောက်ဖို့လိုပါမယ်။ ဒါမှ ဆေးယဉ်ပါး မဖြစ်မှာပါ။

    ဘယ်လိုရောဂါတွေကို သက်သာစေနိုင်လဲ။

    Antibiotics တွေက ဘက်တီးရီးယား ကူးစက်မှုတွေကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ တစ်ခါတလေမှာ လက္ခဏာတွေက ခပ်ဆင်ဆင်တူတတ်တာကြောင့် ဘက်တီးရီးယား ကူစက်တာလား။ ဗိုင်းရပ်စ် ကူးစက်တာလားဆိုတာကို ဆုံးဖြတ်ဖို့ တော်တော်လေး ခက်ခဲပါတယ်။

    ဒါကြောင့် ဆီးစစ်တာ၊ သွေးစစ်တာတွေ လုပ်ပြီး ကူးစက်မှုကို အဖြေထုတ်ရပါတယ်။ ဘက်တီးရီးယားကူးစက်မှုတွေဖြစ်တဲ့ အခုလို ကျန်းမာရေးပြဿနာတွေအတွက် Antibiotics တွေကို အသုံးပြုပေးလို့ ရပါတယ်။ ဥပမာ

  • ဆီးလမ်းကြောင်း ပိုးဝင်တာ
  • ထိပ်ကပ်နာ
  • နားပိုးဝင်တာ
  • အသက်ရှူလမ်းကြောင်း ပိုးဝင်တာတွေပါ။
  • Antibiotics တွေကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်လဲ။

    Antibiotics အများစုရဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေက များသောအားဖြင့်တော့ အတူတူပါပဲ။ အတွေ့ရများတာကတော့ အစာခြေစနစ် ပြဿနာတွေဖြစ်တဲ့
    • ဝမ်းပျက်ဝမ်းလျှောတာ
    • မအီမသာဖြစ်တာ
    • အော့အန်တာ
    • ဗိုက်ထဲက ရစ်နာတာမျိုးပါ။

    တစ်ခါတလေမှာ Antibiotics တွေကို အစားနဲ့ တွဲသောက်ပေးတာက အခုလို ဆိုးကျိုးတွေ ခံစားရနိုင်ခြေကို နည်းစေပါတယ်။ ဒါပေမယ့် အချို့သော Antibiotics တွေက အစားမစားခင် သောက်ရတာပါ။ ဆေးထိရောက်မှု အကောင်းဆုံးဖြစ်စေဖို့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီးမှ သောက်ပေးပါ။

    တကယ်လို့ အခုလို အခြေအနေတွေ ခံစားရမယ်ဆိုရင်  နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်စေချင်ပါတယ်။

    • ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
    • ဗိုက်အောင့်တာ
    • ဗိုက်ရစ်နာတာ
    • အဖျားတက်တာ
    • ဓာတ်မတည့်တာတွေပါ။

    Antibiotics တွေကို ထိထိရောက်ရောက် ဘယ်လိုသောက်ရမလဲ။

    Antibiotics တွေက နည်းမှန်လမ်းမှန် အသုံးပြုမယ်ဆိုရင် အထိရောက်ဆုံး အာနိသင်ကို ရရှိစေမှာပါ။ ဒါကြောင့် Antibiotics တွေကို တကယ်လိုအပ်မှ သောက်ပါ။ ဘက်တီးရီးယား ကူးစက်မှုတွေအတွက် Antibiotics တွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်ပေးပါ။

    ဘယ်လိုသောက်ရင် ဆေးအာနိသင်က အထိရောက်ဆုံးဖြစ်မလဲ။ အစားမစားခင် သောက်ရမှာလား။ အစားစားပြီးမှ သောက်ရမှာလား။ ဆိုတာကို ဆရာဝန်ကို သေချာမေးပါ။

    ဆေးကို ညွှန်ကြားတဲ့ ပမာဏအတိုင်း ဆေးသောက်ရမယ့်ရက်အတိအကျ မလွဲအောင် သောက်ရပါမယ်။ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်းမှာ သိသိသာသာ သက်သာလာမှာဖြစ်ပြီး ဆရာဝန်ညွှန်ကြားမှ ဆေးကိုရပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement