backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Methenamine (မီသာနမင်း)

Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Methenamine (မီသာနမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Methenamine ကို တစ်ချို့သော ဘက်တီးရီးယားများကြောင့် ပြန်ပြန်ဖြစ်တတ်သော ဆီးလမ်းကြောင်းပိုးဝင်ခြင်းအား ကုသရန်၊ ကာကွယ်ရန်အတွက် အများဆုံးအသုံးပြုကြသည်။ လက်ရှိဖြစ်နေသော ပိုးဝင်ခြင်းအတွက် အသုံးပြုသည်မဟုတ်ပါ။ အရင်ဦးဆုံး လက်ရှိဖြစ်နေသော ပိုးဝင်ခြင်းကို တခြားပဋိဇီဝဆေးများဖြင့် ကုသရမည်ဖြစ်သည်။

Methenamine သည် ဆီးအတွင်းမှ ဘက်တီးရီးယားများကြီးထွားခြင်းကို တားပေးသော ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။ ဤဆေးတွင် ဆီးကို အက်စစ်ဓါတ်ပိုများစေသည့်ပါဝင်ပစ္စည်းလည်း ပါရှိပါသည်။ ဆီးတွင်အက်စစ်ဓါတ်ပိုလာသည့်အခါ Methenamine ကို Formaldehyde အဖြစ် ပြောင်းလဲပေးပြီး ဘက်တီးရီးယားများကို သတ်စေပါသည်။

ဤပဋိဇီဝဆေးမှာ ဆီးလမ်းကြောင်းတွင်ဝင်သော ဘက်တီးရီးယားများအတွက်သာ အာနိသင်ပြ၏။ တခြားသောဘက်တီးရီးယားရောဂါများ (ဥပမာ သွေးအတွင်း) သို့မဟုတ် ဗိုင်းရပ်စ်ရောဂါများ (ဥပမာ အအေးမိတုပ်ကွေး) တို့အတွက် အာနိသင်မရှိပါ။ မည်သည့်ပဋိဇီဝဆေးမဆို မလိုအပ်ပဲသုံးမိပါက အာနိသင်လျော့ကျခြင်းကို ဖြစ်စေနိုင်ပါသည်။

Methenamine (မီသာနမင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဤဆေးကိုဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်သုံးရပါမည်။ ဆေးပမာဏမှာ သင့်အတွက်ညွှန်သော Methenamine ဆေးကုန်၊ သင့်ကျန်းမာရေးအခြေအနေနှင့် ရောဂါအပေါ် တုံ့ပြန်မှုတို့တွင် မူတည်ပါသည်။ ကလေးများအတွက် ဆေးပမာဏမှာ အသက်အရွယ်နှင့် ကိုယ်အလေးချိန်ပေါ် မူတည်ပါသည်။

Methenamine သည် သင့်ဆီး၌ အက်စစ်ဓါတ်များမှ အာနိသင်ကောင်းကောင်းပြ၏။ ဆရာဝန်မှ သင့်ဆီး၏ အက်စစ်ဓါတ်ကို စစ်ဆေးပါလိမ့်မည်။ လိုအပ်ပါက ဆရာဝန်သည် ဆီးတွင်းအက်စစ်ဓါတ်များစေမည့် နည်းများ (ဗီတာမင်စီသောက်ခြင်း၊ ကရိန်ဘယ်ရီသီး ဖျော်ရည်သောက်ခြင်း၊ အက်စစ်ဓါတ်နည်းပြီး အယ်ကာလီဓါတ်များစေသော နို့နှင့် နို့ထွက်ပစ္စည်းများ၊ သစ်သီးများကိုရှောင်ခြင်း၊ အယ်ကာလီဖြစ်စေသည့်ဆေးများကို ချိန်ညှိခြင်း) ကို ညွှန်ပါလိမ့်မည်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း လိုက်နာပါ။ အကောင်းဆုံးအာနိသင်ရရန် ပဋိဇီဝဆေးများကို အချိန်ညီညီမျှမျှခြား၍သောက်ပါ။ ဆေးသောက်ချိန်ကိုမှတ်မိနေစေရန်အတွက် နေ့စဉ် တူညီသောအချိန်၌သာသောက်ပါ။

နေကောင်းလာပြီဟု ခံစားရသည့်တိုင် ဆေးကို ရက်အပြည့်ဆက်သောက်ရမည်။ အကြိမ်ရေလွတ်ခြင်း၊ စောပြီးရပ်လိုက်ခြင်းတို့က ဘက်တီးရီးယားများကို ဆက်လက်ကြီးထွားစေပြီး ရောဂါပြန်ဖြစ်စေကာ နောက်တွင် ကုသရန်ခက်သွားပါလိမ့်မည်။ (ဆေးယဉ်သွားမည်)။ ဆေးကို ညွှန်ကြားထားသည့်ထက်လည်း ပိုမသုံးရပါ။ ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်ချေ ပိုများသွားပါလိမ့်မည်။

ဆီးလမ်းကြောင်းပိုးဝင်သည့်လက္ခဏာများ (ဆီးသွားလျှင် နာခြင်း၊ ပူခြင်း၊ ခဏခဏသွားခြင်း) ပြန်ဖြစ်လာပါက ဆရာဝန်ကိုပြောပါ။

Methenamine (မီသာနမင်း) ဘယ်လိုသိမ်းဆည်းရမလဲ

Methenamine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Methenamine ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Methenamine ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင်ထားပါ။

Methenamine အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Methenamine (မီသာနမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Methenamineကိုမသုံးခင် ဤဆေးနှင့်ရော တခြား formaldehyde များနှင့်ရောဓါတ်မတည့်ခြင်း သို့မဟုတ် တခြားသောဓါတ်မတည့်မှုများရှိပါက ဆရာဝန်ကိုကြိုပြောပါ။ ဤဆေးတွင် သင့်နှင့်ဓါတ်မတည့်နိုင်သည့် inactive ဓါတ်ပစ္စည်းများ ပါနေနိုင်ပါသည်။ အသေးစိတ်သိလိုပါက ဆေးဝါးကျွမ်းကျင်နှင့် ဆွေးနွေးပါ။

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား ပြောပြပေးပါ။ အထူးသဖြင့်ကျောက်ကပ်ပြဿနာများ၊ အသည်းပြဿနာများ၊ ရေဓါတ်ခမ်းခြင်း။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲ သောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ကိုယ်ဝန်ဆောင်စဉ်၌ ဆေးကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုပါ။ ကောင်းကျိုး ဆိုးကျိုးများအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးသည် နို့ရည်ထဲသို့ ဖြတ်သွားနိုင်ပြီး နို့စို့ကလေးတွင် သက်ရောက်မှုရှိစေနိုင်ပါသည်။ နို့တိုက်ကျွေးမှုမစတင်ခင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Methenamine (မီသာနမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသောကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Methenamine (မီသာနမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်းနှင့် အစားအသောက်ပျက်ခြင်းများ ဖြစ်လာနိုင်ပါသည်။ အဆိုပါဘေးထွက်ဆိုးကျိုးများ ပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကို ချက်ချင်းပြောပါ။

ဆေးကြောင့် ဆီးသွားလျှင်နာခြင်း၊ ခက်ခြင်းများမှာ အဖြစ်နည်းသည်ဆိုသော်လည်း ဖြစ်လေ့ရှိပါသည်။ ထိုဘေးထွက်ဆိုးကျိုးများဖြစ်လာပါက ဆရာဝန်ကို ပြောပြပါ။ ပမာဏလျော့ခြင်း သို့မဟုတ် ဆီးတွင်းအက်စစ်ဓါတ်လျော့စေမည့် ကုသမှုပြောင်းပေးခြင်းများ ပြုလုပ်ရနိုင်ပါသည်။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်း သိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

သတ်မှတ်ထားသော Methenamine ပမာဏထက် ပိုများပြီးသောက်ပါက ဆီးအိမ်နာခြင်း၊ ဆီးသွားလျှင် နာခြင်း၊ ခဏခဏသွားချင်ခြင်း၊ ဆီးတွင်သွေးပါခြင်းများ ဖြစ်လာနိုင်ပါသည်။ အဆိုပါလက္ခဏာများဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဖြစ်လေ့ဖြစ်ထမရှိသော်လည်း ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများဖြစ်သော ပါးစပ်နာခြင်း၊ ပုံမှန်မဟုတ်ပဲ ခေါင်းကိုက်ခြင်း၊ နားထဲ၌ တစီစီမြည်နေခြင်း၊ ကြွက်တက်ခြင်း၊ ခြေလက်များ၌ ဖောရောင်ခြင်းတို့ဖြစ်လာပါက ဆရာဝန်ဆီ ချက်ချင်းဆက်သွားရပါမည်။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Methenamine (မီသာနမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ sulfonamide ဆေးများ (sulfa antibiotics ဥပမာ- sulfamethizole), ဆီးထဲ၌အက်စစ်နည်းစေသော ဆေးများ (urinary alkalinizers -antacids, sodium bicarbonate, potassium သို့မဟုတ် sodium citrate, carbonic anhydrase inhibitors – acetazolamide) တို့ဖြစ်ပါသည်။

ဤဆေးသည် တစ်ချို့သော ဓါတ်ခွဲစစ်ဆေးခြင်းများကို နှောက်ယှက်နိုင်သောကြောင့် ရလဒ်အမှားများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် ဓါတ်ခွဲဝန်ထမ်းများ၊ ဆရာဝန်များသိအောင် ဤဆေးသုံးနေရကြောင်း သေချာပြောပြပါ။

Methenamine သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကိုစာရင်းပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းများ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Methenamine (မီသာနမင်း) နဲ့ ဓါတ်ပြုနိုင်သလား

Methenamine က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Methenamine (မီသာနမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

Methenamine သည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Methenamine (မီသာနမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးအိမ်ရောင်ခြင်းအတွက် ပုံမှန်ပမာဏ

Hippurate: တစ်ရက်လျှင် 1 g နှစ်ကြိမ် (မနက်နှင့်ည)

Mandelate: တစ်ရက်လျှင် 1 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

အသုံး:

-Hippurate: မကြာခဏပြန်ဖြစ်လေ့ရှိသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွင် ရေရှည်ကုသရန် လိုလာသည့်အခါ ကာကွယ်ရန် သို့မဟုတ် ထပ်မဖြစ်အောင်ဖိနှိပ်ထားရန်သုံးသည်။

-Mandelate: ဘက်တီးရီးယားကြောင့်ဖြစ်သော pyelonephritis, ဆီးအိမ်ရောင်ခြင်းနှင့် တခြားနာတာရှည် UTIs များ၊ တစ်ချို့သော အာရုံကြောရောဂါများကြောင့်ကြွင်းကျန်နေတတ်သော ပိုးပါသည့်ဆီးအတွက် အရှင်းပျောက်စေရန်။

ဆီးအိမ်ရောင်ခြင်းအား ကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

Pyelonephritis အတွက် ပုံမှန်ပမာဏ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် ပုံမှန်ပမာဏ

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

ကျောက်ကပ်မကောင်းခြင်း – လုံးဝမသုံးရပါ။

အသည်းအတွက် ပမာဏချိန်ညှိခြင်း

ပြင်းထန်စွာအသည်းမကောင်းခြင်း – လုံးဝမသုံးရပါ။

Dialysis

ကျောက်ကပ်မကောင်းခြင်း – လုံးဝမသုံးရပါ။

တခြားမှတ်ချက်များ

ဆေးသုံးစွဲရာတွင်အကြံပြုချက်

-Hippurate: သင့်တော်သော ပဋိဇီဝဆေးများနှင့် ပိုးအရှင်းသတ်ပြီးမှသာ ပေးရမည်။

-အယ်ကာလီဖြစ်စေသောအစာနှင့်ဆေးများကို ကန့်သတ်ရမည်။ ဤဆေး၏ ပိုးသတ်နိုင်သော အာနိသင်မှာ အက်စစ်များသောဆီးတွင် ပိုကြီး၏။ (အာနိသင်အများဆုံးကို pH5.5 တွင် တွေ့ရသည်)

-ဆီး pH နှင့် ဆေးအပေါ်တုံ့ပြန်မှုတို့ကိုအခြေခံ၍ လိုအပ်ပါက ဆီးတွင်အက်စစ်များစေရန် ဖြည့်စွက်ဆေးများပေးနိုင်ပါသည်။

သိုလှောင်ရန်လိုအပ်ချက်များ

-25C (77F)တွင် သိုလှောင်ပါ; အများဆုံးအနေနှင့် 15C to 30C (59F to 86F) အထိ ထိတွေ့နိုင်ပါသည်။

-Mandelate: အလင်းမပေါက်သော ပုလင်းများတွင် ကြပ်နေအောင်ပိတ်ထားပါ။

ကလေးတွေအတွက် Methenamine (မီသာနမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆီးအိမ်ရောင်ခြင်းအတွက် ပုံမှန်ပမာဏ

Hippurate:

၆-၁၂ နှစ် – တစ်ရက်လျှင် 0.5 -1 g နှစ်ကြိမ် (မနက်နှင့်ည)

၁၃ နှစ်နှင့်အထက် – တစ်ရက်လျှင် 1 g နှစ်ကြိမ် (မနက်နှင့်ည)

Mandelate:

၆-၁၂ နှစ် – တစ်ရက်လျှင် 0.5 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

၁၃ နှစ်နှင့်အထက် – တစ်ရက်လျှင် 1 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

အသုံး:

-Hippurate: မကြာခဏပြန်ဖြစ်လေ့ရှိသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွင် ရေရှည်ကုသရန် လိုလာသည့်အခါ ကာကွယ်ရန် သို့မဟုတ် ထပ်မဖြစ်အောင်ဖိနှိပ်ထားရန်သုံးသည်။

-Mandelate: ဘက်တီးရီးယားကြောင့်ဖြစ်သော pyelonephritis, ဆီးအိမ်ရောင်ခြင်းနှင့် တခြားနာတာရှည် UTIs များ၊ တစ်ချို့သော အာရုံကြောရောဂါများကြောင့်ကြွင်းကျန်နေတတ်သော ပိုးပါသည့်ဆီးအတွက် အရှင်းပျောက်စေရန်။

ဆီးအိမ်ရောင်ခြင်းအား ကာကွယ်ရန်အတွက် ပုံမှန်ပမာဏ

Hippurate:

၆-၁၂ နှစ် – တစ်ရက်လျှင် 0.5 -1 g နှစ်ကြိမ် (မနက်နှင့်ည)

၁၃ နှစ်နှင့်အထက် – တစ်ရက်လျှင် 1 g နှစ်ကြိမ် (မနက်နှင့်ည)

Mandelate:

၆-၁၂ နှစ် – တစ်ရက်လျှင် 0.5 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

၁၃ နှစ်နှင့်အထက် – တစ်ရက်လျှင် 1 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

အသုံး:

-Hippurate: မကြာခဏပြန်ဖြစ်လေ့ရှိသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွင် ရေရှည်ကုသရန် လိုလာသည့်အခါ ကာကွယ်ရန် သို့မဟုတ် ထပ်မဖြစ်အောင်ဖိနှိပ်ထားရန်သုံးသည်။

-Mandelate: ဘက်တီးရီးယားကြောင့်ဖြစ်သော pyelonephritis, ဆီးအိမ်ရောင်ခြင်းနှင့် တခြားနာတာရှည် UTIs များ၊ တစ်ချို့သော အာရုံကြောရောဂါများကြောင့်ကြွင်းကျန်နေတတ်သော ပိုးပါသည့်ဆီးအတွက် အရှင်းပျောက်စေရန်။

Pyelonephritis အတွက် ပုံမှန်ပမာဏ

Hippurate:

၆-၁၂ နှစ် – တစ်ရက်လျှင် 0.5 -1 g နှစ်ကြိမ် (မနက်နှင့်ည)

၁၃ နှစ်နှင့်အထက် – တစ်ရက်လျှင် 1 g နှစ်ကြိမ် (မနက်နှင့်ည)

Mandelate:

၆-၁၂ နှစ် – တစ်ရက်လျှင် 0.5 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

၁၃ နှစ်နှင့်အထက် – တစ်ရက်လျှင် 1 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

အသုံး:

-Hippurate: မကြာခဏပြန်ဖြစ်လေ့ရှိသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွင် ရေရှည်ကုသရန် လိုလာသည့်အခါ ကာကွယ်ရန် သို့မဟုတ် ထပ်မဖြစ်အောင်ဖိနှိပ်ထားရန်သုံးသည်။

-Mandelate: ဘက်တီးရီးယားကြောင့်ဖြစ်သော pyelonephritis, ဆီးအိမ်ရောင်ခြင်းနှင့် တခြားနာတာရှည် UTIs များ၊ တစ်ချို့သော အာရုံကြောရောဂါများကြောင့်ကြွင်းကျန်နေတတ်သော ပိုးပါသည့်ဆီးအတွက် အရှင်းပျောက်စေရန်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် ပုံမှန်ပမာဏ

Hippurate:

၆-၁၂ နှစ် – တစ်ရက်လျှင် 0.5 -1 g နှစ်ကြိမ် (မနက်နှင့်ည)

၁၃ နှစ်နှင့်အထက် – တစ်ရက်လျှင် 1 g နှစ်ကြိမ် (မနက်နှင့်ည)

Mandelate:

၆-၁၂ နှစ် – တစ်ရက်လျှင် 0.5 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

၁၃ နှစ်နှင့်အထက် – တစ်ရက်လျှင် 1 g လေးကြိမ် (ထမင်းစားပြီးတိုင်းနှင့် အိပ်ယာဝင်ချိန်)

အသုံး:

-Hippurate: မကြာခဏပြန်ဖြစ်လေ့ရှိသော ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွင် ရေရှည်ကုသရန် လိုလာသည့်အခါ ကာကွယ်ရန် သို့မဟုတ် ထပ်မဖြစ်အောင်ဖိနှိပ်ထားရန်သုံးသည်။

-Mandelate: ဘက်တီးရီးယားကြောင့်ဖြစ်သော pyelonephritis, ဆီးအိမ်ရောင်ခြင်းနှင့် တခြားနာတာရှည် UTIs များ၊ တစ်ချို့သော အာရုံကြောရောဂါများကြောင့်ကြွင်းကျန်နေတတ်သော ပိုးပါသည့်ဆီးအတွက် အရှင်းပျောက်စေရန်။

သတိပေးချက်များ

အသက် ၆ နှစ်အောက်ကလေးများအတွက် စိတ်ချရမှုနှင့် အာနိသင်ရှိမှုကို ထုတ်ပြန်ထားခြင်း မရှိသေးပါ။

Methenamine (မီသာနမင်း) ကိုဘယ်လိုရရှိနိုင်သလဲ

Methenamine ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား
  • သောက်ဆေးရည်
  • ဆေးပေါင်းအမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Methenamine ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကိုကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement