အသုံးပြုပုံများ
Zeffix (ဇက်ဖ်ဖစ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Zeffix® ကို အသည်းရောင်အသားဝါ ဘီပိုး နာတာရှည် ကူးစက် ခံရသော အသက် ၂နှစ်နှင့် အထက် လူနာများကို ကုသရန် အသုံးပြုသည်။ ဤဆေးသည် အခြားသူများသို့ အသည်းရောင် အသားဝါ ဘီပိုး ကူးစက်မှုကို တော့ မလျော့ချပေးနိုင်ပါ။ Zeffix® ကို အခြားနေရာများ တွင်လည်း အသုံးပြုနိုင်ပါသည်။ ပိုမိုသော အချက်အလက် များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းပါ။
Zeffix (ဇက်ဖ်ဖစ်) ဘယ်လိုသောက်သုံးသင့်သလဲ
Zeffix® ဆေးပြားကို ရေတစ်ဖန်ခွက်ဖြင့် မျိုချပါ။ အစာ ဖြင့် သို့မဟုတ် အစာမပါဘဲ သောက်နိုင်သည်။
Zeffix® ကို ဆေးစွမ်းထက်စေရန် ဆရာဝန် ညွှန်ကြား သည့်အတိုင်း Zeffix® ဆေးပြားကို နေ့စဉ် သောက်ရမည်။
Zeffix® ဘယ်လိုသောက်ရမလဲကို မေးလိုပါက သင့် ဆရာဝန်အား မေးပါ။
Zeffix (ဇက်ဖ်ဖစ်) ဘယ်လိုသိမ်းဆည်းရမလဲ
Zeffix® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Zeffix® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Zeffix® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Zeffix® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Zeffix (ဇက်ဖ်ဖစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါတို့ရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါး ပညာရှင် နှင့် တိုင်ပင်ပါ။
- ကိုယ်ဝန်ဆောင်နေပါက သို့မဟုတ် ကလေးနို့တိုက် နေပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကလေးရှိပါက ဆရာဝန်ထောက်ခံသော ဆေးများ ကိုသာ သောက် သင့်သည်။
- သင်သည် အခြားဆေးများ သောက်နေပါက။ ဆေးဖက်ဝင်နှင့် တွဲဖက်ဆေးများ စသော ညွှန်ကြား ချက်မရှိဘဲ ဝယ်နိုင်သော ဆေးများအားလုံး ပါဝင် သည်။
- Zeffix® သို့မဟုတ် အခြားဆေးများတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
- အခြား ဖျားနာခြင်း၊ အသည်း ရောဂါ၊ ကျောက်ကပ် ရောဂါ စသော ကျန်းမာရေး အခြေအနေများ ရှိပါက
- အစားအစာ၊ ဆိုးဆေး၊ တိရစ္ဆာန် စသည်တို့ဖြင့် ဓါတ် မတည့်မှုများ ရှိပါက
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Zeffix (ဇက်ဖ်ဖစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
- ကိုယ်ဝန်ဆောင်စဉ်
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် ဤဆေး သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ ဤဆေး မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ ဤဆေး သည် အမေရိကန်ပြည်ထောင်စု အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- A = ဆိုးကျိုးမရှိပါ။
- B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
- D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
- X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
- N = အခြေအနေကို မသိရသေးပါ။
- နို့တိုက်စဉ်
ကလေးငယ်တွင် အန္တရာယ် မဖြစ်စေနိုင်မှသာ Zeffix® ကို နို့တိုက်မိခင် များတွင် သုံးသင့်သည်။ ကလေးအား နို့တိုက်ခြင်း၏ ကောင်းကျိုးနှင့် မိခင်အတွက် ဆေးကုသမှု၏ ကောင်းကျိုးအား ထည့်သွင်းစဉ်းစား၍ နို့တိုက်ခြင်းကို ဖြတ် သင့်သလား သို့မဟုတ် Zeffix® ကို ဖြတ်သင့်သလား ဆုံး ဖြတ်ပါ။ သင်သည် ကိုယ်ဝန်ရှိပါက၊ ကလေးနို့တိုက်နေပါက ဤဆေး မသုံးမီ ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးသင့် သည်။
ဘေးထွက်ဆိုးကျိုးများ
Zeffix (ဇက်ဖ်ဖစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အောက်ပါ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။
- ခေါင်းကိုက်ခြင်း
- အော့အန်ခြင်း
- ဝမ်းလျှောခြင်း
- မအီမသာဖြစ်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ဝမ်းဗိုက်အောင့်ခြင်း
- ချွဲသလိပ်များထွက်၍ ချောင်းဆိုးခြင်း၊ အအေးမိ ခြင်း သို့မဟုတ် တုပ်ကွေးနှင့် မဆိုင်ပါ။
- မူးဝေခြင်း
- အသည်းလုပ်ငန်း စစ်ဆေးမှု မကောင်းခြင်း
- ကြွက်သား ချို့ယွင်းမှုများ ( ကြွက်သား နာခြင်း၊ ကြွက်တက်ခြင်း)
သင်သည် အောက်ပါ လက္ခဏာများ သတိပြုမိပါက ဆရာဝန် အား ချက်ချင်း အကြောင်းကြားပါ။
- အသံမြည်အောင် အသက်ရှူခြင်း
- နှုတ်ခမ်း၊ ပါးစပ် ရောင်ခြင်း
- အသက်ရှူ ခက်ခြင်း
- အမှုန်အမွှားများဝင်၍ ဖြစ်သော နှာစေးချောင်းဆိုး ရောဂါ
- အင်ပျဉ်
- သတိလစ်ခြင်း
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Zeffix (ဇက်ဖ်ဖစ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Zeffix® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။
ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
Zeffix® နှင့် ဓါတ်ပြုနိုင်သော ဆေးအချို့မှာ-
- Trimethoprim
- Sulphamethaxazole
- ကိုယ်ခံအားချ ဆေးများ ( ဥပမာ- Cyclosporin)
- Zalcitabine
- Emtricitabine
အစားအသောက်တွေနဲ့ အရက်က Zeffix (ဇက်ဖ်ဖစ်) နဲ့ ဓါတ်ပြုနိုင်သလား
Zeffix® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။e
ဘယ်ရောဂါအခြေအနေတွေက Zeffix (ဇက်ဖ်ဖစ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Zeffix® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိနိုင်သည်။ ထို သက်ရောက်မှု သည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။ အထူးသဖြင့် အောက်ပါတို့ရှိပါက အသိပေးပါ။
- ကျောက်ကပ် ရောဂါများ
- သရက်ရွက်နှင့်ဆိုင်သော ရောဂါများ
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Zeffix (ဇက်ဖ်ဖစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- ဆေးပမာဏ။ ၁၀၀ မီလီဂရမ် ဆေးပြား တစ်နေ့ တစ်ကြိမ်။ ဆရာဝန်သည် မတူညီသော ပမာဏ ပေး နိုင်သည်။
- လူနာများသည် ကုသမှုကို တုံ့ပြန်ပုံချင်း မတူပါ။ ဆရာဝန်သည် ပုံမှန်သွေးနမူနာယူခြင်းဖြင့် သင့်ကို စစ်ဆေးပါလိမ့်မည်။ ရလဒ်သည် သင် Zeffix သောက်ခြင်းကို ရပ်သင့်သလား ဆုံးဖြတ်ရန် ကူညီ ပါလိမ့်မည်။
ကလေးတွေအတွက် Zeffix (ဇက်ဖ်ဖစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အသက် ၂ နှစ်မှ ၁၁ နှစ် ကလေးများ
- ထောက်ခံထားသော ပမာဏမှာ တစ်နေ့ တစ်ကြိမ် ၃ မီလီဂရမ်/ ကီလီုဂရမ် ဖြစ်ပြီး အများဆုံး တစ်နေ့ ၁၀၀ မီလီဂရမ် ဖြစ်သည်။
- ဤလူနာများတွင် ကုသမှုကာလသည် တစ်နှစ်ထက် မကြာသင့်ပါ။
အသက် ၂နှစ်အောက် ကလေးများ
ဤအသက်အုပ်စုတွင် တိကျသော ဆေး အချိုးအစား ပမာဏ သတ်မှတ်ထားခြင်း မရှိသေးပါ။
Zeffix (ဇက်ဖ်ဖစ်) ကိုဘယ်လိုရရှိနိုင်သလဲ
Zeffix®ကို အောက်ပါ ပုံစံ၊ ပြင်းအား ဖြင့် ရနိုင်ပါသည်။
- Zeffix® အထပ်ပါး အုပ်ထားသော ဆေးပြား။ ၁၀၀ မီလီဂရမ် lamivudine
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီဆုံး အရေးပေါ်အခန်းကို သွားပါ။
အရေးပေါ်အခြေအနေတွင် သင်သောက်နေသော ဆေးများ အားလုံး ( သောက်ရန် ညွှန်ကြားထားသော ဆေးများ နှင့် အလွယ်တကူဝယ်ရသော ဆေးများ) ၏ စာရင်းကို ယူလာရန်အရေးကြီးသည်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Zeffix® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။