အသုံးပြုပုံများ
Spasfon (စပါစ်ဖွန်) ကို ဘာအတွက်အသုံးပြုကြသလဲ
Spasfon® ကို အများဆုံးအသုံးပြုကြသည်မှာ smooth muscle (ချောမွေ့ကြွက်သား) တုန်ခါခြင်းနဲ့ နာကျင်မှုတွေကြောင့် ဖြစ်ပါတယ်။ သူ့ကို
- အစာခြေ လမ်းကြောင်းနဲ့ သည်းခြေပြွန် ရောဂါတွေနဲ့ ဆက်နွယ်နေတဲ့ နာကျင်မှုတွေကို သက်သာစေဖို့
- ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ရုတ်တရက် နာကျင်တတ်တဲ့ ရောဂါတွေကို ကုသဖို့
- မီးယပ်ရောဂါ နာကျင်မှုတွေ သက်သာစေဖို့
- ကိုယ်ဝန်ရှိနေစဉ်မှာ ဗိုက်နာခြင်းကို တားမြစ်ဖို့အတွက် အသုံးပြုပါတယ်။
Spasfon (စပါစ်ဖွန်) ဘယ်လိုသောက်သုံးသင့်သလဲ
- ဆေးပြား
ဆေးပြားတွေကို ချေခြင်း၊ ချိုးခြင်း၊ ဝါးစားခြင်းတွေ မပြုလုပ်သင့်ပါဘူး။ ရေတစ်ခွက်နဲ့ မြိုချသင့်ပါတယ်။
- စအိုအတွင်းထည့်ဆေး
စအိုထဲကို ဆေးကို ဖြည်းညင်းစွာ ထည့်ပါ။ လိုအပ်ရင် ရေအနည်းငယ်ကို အသုံးပြုနိုင်ပါတယ်။ ပြန်မထွက်အောင် အထဲရောက်တဲ့အထိ ထည့်သင့်ပါတယ်။
- Lyoc
ရေထဲမှာ ဖျော်ပြီး (သို့) လျှာအောက်မှာ ပျော်အောင်ထားပြီး အသုံးပြုသင့်ပါတယ်။
- ဆေးရည်(ထိုးဆေး)
သူ့ကို အကြောဆေး (သို့) အသားဆေး အနေနဲ့ပေးနိုင်သည်။
ဆေးအသုံးပြုမှုများနျှင့်ပတ်သက်၍ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်သည်။
Spasfon (စပါစ်ဖွန်) ဘယ်လိုသိမ်းဆည်းရမလဲ
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Spasfon (စပါစ်ဖွန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။
- ကိုယ်ဝန်ရှိနေရင် (သို့) ကလေးနို့တိုက်နေရင်။ ဘာလို့လဲဆိုတော့ ကလေးရှိနေရင် (သို့) နို့တိုက်နေရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုသာ အသုံးပြုသင့်လို့ပဲ ဖြစ်ပါတယ်။
- အခြားဆေးတွေ သောက်နေတယ်ဆိုရင်။ တိုင်းရင်းဆေးနဲ့ ဆရာဝန် ညွှန်ကြားချက် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို ဆိုလိုပါတယ်။
- Spasfon® ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်မှု ရှိရင်။
- အခြား ဓါတ်မတည့်မှုတွေရှိရင် (အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေးနဲ့ တိရစ္ဆာန်)
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Spasfon (စပါစ်ဖွန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် N ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Spasfon (စပါစ်ဖွန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Spasfon® ဟာ အောက်ပါဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။
- အရေပြား၊ အရေပြားအောက်မှာ ဓါတ်မတည့်ခြင်းများ
- အရေပြား ယားယံခြင်း၊ angioedema
- သွေးပေါင်ကျခြင်း
- Anaphylactic shock (သွေးလန့်ခြင်း)
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Spasfon (စပါစ်ဖွန်) နဲ့ ဓါတ်ပြုနိုင်သလဲ
ဆေးဝါးဓါတ်ပြုမှုများ။ဘယ်ဆေးဝါးတွေက Spasfon® နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။Spasfon® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။Spasfon® ကို ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ morphine နဲ့ သူပါဝင်တဲ့ ဆေးတွေနဲ့ အတူ မသုံးသင့်ပါဘူး။ အစားအသောက်တွေနဲ့ အရက်က Spasfon (စပါစ်ဖွန်) နဲ့ ဓါတ်ပြုနိုင်သလားSpasfon® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ ဘယ်ရောဂါအခြေအနေတွေက Spasfon (စပါစ်ဖွန်) နဲ့ ဓါတ်ပြုနိုင်သလဲSpasfon® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Spasfon (စပါစ်ဖွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
သောက်နေကျ အညွှန်း
- ကနဦးပမာဏ။ တစ်ရက်ကို ampoules ၁-၃ ကြိမ်(ဆေးရည် -ထိုးဆေး)
- နောက်ပိုင်း ။ တစ်ရက်ကို ဆေး ၆ ပြား(သို့) တစ်ရက်ကို စအိုသွင်းဆေးတောင့် ၃တောင့်
- Spasfon® Lyoc ။ လိုအပ်လို့အသုံးပြုရလျှင် တစ်ရက်ကို lyocs ၂ ခု
ကလေးတွေအတွက် Spasfon (စပါစ်ဖွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Spasfon® Lyoc: 2 lyocs/day
Spasfon (စပါစ်ဖွန်) ကိုဘယ်လိုရရှိနိုင်သလဲ
Spasfon® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- Spasfon® ဆေးပြား ။ phloroglucinol hydrate 80 mg, trimethylphloroglucinol 80 mg.
- Spasfon® Lyoc ။ phloroglucinol hydrate 80 mg.
- Spasfon® စအိုထဲထည့်ဆေး ။ phloroglucinol hydrate 150 mg, trimethylphloroglucinol 150 mg.
- Spasfon® ဆေးရည် (ထိုဆေး)။phloroglucinol hydrate 40 mg, trimethylphloroglucinol 40 mcg.
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို အရေးပေါ်အခြေအနေတွေမှာ ပြသနိုင်ရန်အတွက် ချရေးထားသင့်ပါတယ်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Spasfon® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။