အသုံးပြုပုံများ
Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Sodium bicarbonate ကို ရင်ပူခြင်း၊အက်ဆစ်ကြောင့် အစာမကြေခြင်းတို့ကို ကုသဖို့အတွက် အများဆုံး အသုံးပြုလေ့ရှိပြီး သွေးနဲ့ ဆီးထဲမှာရှိတဲ့ အက်ဆစ်ပမာဏကို လျှော့ချဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။
Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) ဘယ်လိုသောက်သုံးသင့်သလဲ
sodium bicarbonate အမှုန့်ကို အနည်းဆုံး ရေ ၁၂၀ စီစီနဲ့ ရောရမှာဖြစ်ပြီး ချင်တွယ်ဇွန်းကို အသုံးပြုကာ ဆေးပမာဏကို တိကျစွာ ဂရုတစိုက်တိုင်းတာရမှာ ဖြစ်ပါတယ်။
Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) ဘယ်လိုသိမ်းဆည်းရမလဲ
[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Sodium bicarbonate ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ sodium bicarbonate ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ sodium bicarbonate ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Sodium bicarbonate ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Sodium bicarbonate ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်များ ရှိနေပါက ဆရာဝန်ကို အသိပေးပါ။
- အခြားသော အက်ဆစ်ချေဖျက်ဆေးများ၊အက်စ်ပရင် သို့မဟုတ် အက်စ်ပရင်ကဲ့သို့သော ဆေးများ၊benzodiazepines, flecainide (Tambocor®), သံဓါတ်အားဆေး, ketoconazole (Nizoral®), lithium (Eskalith®, Lithobid®), methenamine (Hiprex®, Urex®), methotrexate, quinidine, ဆာလ်ဖာပါဝင်သော ပဋိဇီဝပိုးသတ်ဆေးများ, tetracycline (Sumycin®) သို့မဟုတ် ဗီတာမင်အားဆေးများသုံးစွဲနေခြင်း။sodium bicarbonate နဲ့ တခြားဆေးတွေကို အနည်းဆုံးနှစ်နာရီလောက် ခွာပြီးသောက်ပါ။
- သွေးတိုးရောဂါ၊နှလုံးရောဂါ၊ကျောက်ကပ်ရောဂါရှိခြင်း၊အစာအိမ်နှင့်အူလမ်းကြောင်းမှာ လတ်တလောသွေးယိုစီးဖူးခြင်း။
ကိုယ်ဝန်ရှိခြင်း၊ကိုယ်ဝန်ယူရန် အစီအစဉ်ရှိခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်း။ တကယ်လို့ ဆေးသောက်နေရင်း ကိုယ်ဝန်ရှိလာရင် ဆရာဝန်ကို အသိပေးပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
- ပျို့အန်မအီမသာဖြစ်ခြင်း၊လေထလေပွခြင်း။
- ခြေ၊လက်၊ခြေကျင်းဝတ်တို့ ရောင်ရမ်းခြင်း၊ပုံမှန်မဟုတ်သော ကိုယ်အလေးချိန်တက်ခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Sodium bicarbonate ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အက်စ်ပရင် နှင့် အခြားသော salicylate အုပ်စုဝင် ဆေးများ (ဥပမာ salsalate);
Barbiturate အုပ်စုဝင် ဆေးများ (ဥပမာ phenobarbital);
ကယ်လ်ဆီယမ် ဖြည့်စွက်အားဆေးများ။
ကော်တီကိုစတီးရွိက်ဆေးများ (ဥပအာ prednisone);
Memantine;
အစာချေအက်ဆစ်ရည်များမှ ဖျက်ဆီးခြင်းကို ကာကွယ်ရန် အလွှာတထပ်အုပ်ထားသော ဆေးများ။
Lithium, quinidine;
ဆီးဆေးများ (ဥပမာ hydrochlorothiazide).
အစားအသောက်တွေနဲ့ အရက်က Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) နဲ့ ဓါတ်ပြုနိုင်သလား
Sodium bicarbonate က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Sodium bicarbonate ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
- အသက်ရှုလမ်းကြောင်းဆိုင်ရာ အချို့သော ပြဿနာများ။
- နှလုံးရေဖုံးပြီး ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း။
- ပြင်းထန်သော ကျောက်ကပ်ရောဂါ ခံစားနေရခြင်း (ဥပမာ ဆီးမထုတ်လုပ်နိုင်ခြင်း)။
- ပြင်းထန်သော အသည်းရောဂါ ခံစားနေရခြင်း (ဥပမာ ရေဖျဉ်းစွဲခြင်း၊အသည်းခြောက်ခြင်း)။
- သွေးတွင်းဆိုဒီယမ်ပမာဏ နည်းပါးခြင်း။
ခန္ဓါကိုယ်တွင်း ရေဓါတ်များပြားလွန်းခြင်းကြောင့် ခြေ၊လက်စသည်တို့ ဖောရောင်ခြင်း။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- သွေးတွင်းအက်ဆစ်ဓါတ် အတန်အသင့်များပြားခြင်းအတွက် : ၃၂၅ – ၂၀၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်မှ လေးကြိမ်အထိ သုံးစွဲနိုင်ပါတယ်။၁ ဂရမ်ဟာ ဆိုဒီယမ်နဲ့ bicarbonate ပမာဏ 11.9 mEq (mmoL) ကို ထောက်ပံ့ပေးနိုင်ပါတယ်။
- ဆီးတွင်း အယ်လ်ကာလီဓါတ် ပြန်လည်များပြားလာစေရန်အတွက် : ၂၅ – ၂၀၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်မှ လေးကြိမ်အထိ သုံးစွဲနိုင်ပါတယ်။၁ ဂရမ်ဟာ ဆိုဒီယမ်နဲ့ bicarbonate ပမာဏ 11.9 mEq (mmoL) ကို ထောက်ပံ့ပေးနိုင်ပါတယ်။
အစာမကြေခြင်းအတွက် : ၃၂၅ – ၂၀၀၀ မီလီဂရမ်ကို တနေ့လျှင် တကြိမ်မှ လေးကြိမ်အထိ သုံးစွဲနိုင်ပါတယ်။
ကလေးတွေအတွက် Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဆီးတွင်း အယ်လ်ကာလီဓါတ် ပြန်လည်များပြားလာစေရန်အတွက် :
မွေးကင်းစမှ အသက် ဆယ့်နှစ်နှစ်အထိ ကလေးများ : 1 to 10 mEq (84 to 840 mg)/kg/day ပမာဏကို သောက်ဆေးအဖြစ် အကြိမ်ရေခွဲပြီး ပေးနိုင်ပါတယ်။
Sodium Bicarbonate (ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်) ကိုဘယ်လိုရရှိနိုင်သလဲ
sodium bicarbonate ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- sodium bicarbonate : ဆေးတောင့်၊ဆေး အစိလေးများ၊ဆေးမှုန့်၊ဆေးရည်၊ဆေးပြား။
အချိုးအစားများ : ၆၅၀ မီလီဂရမ် ၊5%; 7.5%; 8.4%; 4.2%; 4%၊ ၃၂၅ မီလီဂရမ်၊150 mEq/1000 mL-D5%; 150 mEq/1150 mL-D5%.
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Sodium bicarbonate ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။