အသုံးပြုပုံများ
Macrobid (မက်ခရိုဘစ်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Macrobid® သည် ခန္ဓါကိုယ်ရှိ ဘတ်တီးရီးယားများကို တိုက်ထုတ်သော ပဋိဇီဝဆေး တစ်မျိုး ဖြစ်သည်။ Macrobid® ကို ဆီးလမ်းကြောင်း ရောဂါပိုးကူးစက်မှုကို ကုသရန် သုံးသည်။ Macrobid® ကို ဆေးလမ်းညွှန်တွင် ဖော်ပြမထားသော အခြား ရည်ရွယ်ချက်များ အတွက်လည်း သုံးနိုင်သည်။
Macrobid (မက်ခရိုဘစ်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ
Macrobid® ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း တိကျစွာ သောက်ပါ။ ဆေးစာ တွင် ပါသော လမ်းညွှန်ချက် အားလုံးကို လိုက်နာပါ။ ဤဆေးကို အကြံပြု ထောက်ခံထားသည်ထက် ပိုများစွာ၊ ပိုနည်းစွာ သို့မဟုတ် ပို၍ ကြာရှည်စွာ မသောက်ပါနှင့်။
Macrobid® ကို အစာဖြင့် သောက်ပါ။
သောက်ဆေးရည်ကို မသောက်မီ ကောင်းစွာ လှုပ်ခါပါ။ ဆေးရည်ကို ပေးထားသော ပြွန် သို့မဟုတ် ဆေးပမာဏ ချိန်သော ဇွန်း၊ ခွက် ဖြင့် ချိန်တွယ်ပါ။ ဆေး ပမာဏတိုင်းသော ပစ္စည်း မရှိပါက ဆေးရောင်းသူထံမှ တောင်းပါ။
မျိုချရ လွယ်ကူစေရန် ဆေးရည်ကို ရေ၊ နို့ရည် သို့မဟုတ် သစ်သီး ဖျော်ရည်နှင့် ရောစပ်နိုင်သည်။ ဖျော်ရည် တစ်ခုလုံးကို တစ်ခါတည်း သောက်ပါ။
ဤဆေးကို သတ်မှတ်ထားသော အချိန် ပြည့်အောင် သောက်ပါ။ ရောဂါ လက္ခဏာများသည် ရောဂါပိုး လုံးဝ မရှင်းခင် သက်သာလာ နိုင်သည်။ ဆေးသောက်ရန် ပျက်ကွက်ပါက နောက်တစ်ခါ ရောဂါပိုးကူးစက်သောအခါ ဆေး မတိုးတော့ပါ။ Macrobid® သည် အအေးမိ၊ တုပ်ကွေး စသော ဗိုင်းရပ်စ် ကူးစက်မှုများကို မကုသနိုင်ပါ။
ဓါတ်ခွဲ စစ်ဆေးမှုများတွင် ရောဂါပိုး ရှင်းလင်း သွားပြီ ဆိုပါက နောက် ၃ ရက်အထိ Macrobid® ကို ဆက်သောက်ပါ။ ဤဆေးကို ရေရှည် သုံးပါက ဆရာဝန် ထံတွင် မကြာခဏ ဆေးစစ်ရန် လိုအပ်သည်။
Macrobid® သည် ဆီးတွင် သကြားစစ်သော အချို့ စစ်ဆေးမှုများကို ရလဒ် မှားယွင်းစေနိုင်သည်။ သင်သည် Macrobid® သောက်နေကြောင်း ဆရာဝန်အား ပြောပြပါ။
Macrobid (မက်ခရိုဘစ်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ
Macrobid® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Macrobid® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။ Macrobid® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Macrobid® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Macrobid (မက်ခရိုဘစ်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကို အသုံးမပြုမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပါ။
- သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက။ အဘယ်ကြောင့်ဆိုသော် သင်သည် ကိုယ်ဝန်ရှိပါက သို့မဟုတ် ကလေးနို့တိုက်နေရပါက ဆရာဝန် အကြံပြုထောက်ခံ သော ဆေးများကိုသာ သောက်သင့်သည်။
- သင်သည် အခြားဆေးများ သောက်နေရပါက။ ၎င်းတွင် ဆေးဖက်ဝင်များ၊ အားဆေးများ စသော ဆေးစာမပါဘဲ ဝယ်၍ ရသောဆေးများ ပါဝင်သည်။
- သင်သည် Macrobid® သို့မဟုတ် အခြားဆေးများ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်ပါက။
- သင့်တွင် အခြား ဖျားနာမှု၊ ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများ ရှိပါက။
သင့်တွင် အောက်ပါတို့ ရှိပါက Macrobid® မသုံးသင့်ပါ။
- ဆိုးရွားသော ကျောက်ကပ် ရောဂါ ရှိပါက
- Nitrofurantoin သောက်ခြင်းကြောင့် အသားဝါခြင်း သို့မဟုတ် အသည်းပြဿနာများ ဖြစ်ဖူးပါက
- ပုံမှန်ထက် ဆီးသွားနည်းခြင်း၊ ဆီးလုံးဝ မသွားခြင်း
- ကိုယ်ဝန် နောက်ဆုံး ၂-၄ ပတ် ရှိပါက
သင့်တွင် ကိုယ်ဝန် နောက်ဆုံး ၂-၄ ပတ် ရှိပါက Macrobid® မသောက်ပါနှင့်။ Macrobid® သည် သင့်အတွက် ဘေးကင်းသလား သေချာစေရန် သင့်တွင် အောက်ပါတို့ ရှိပါက ဆရာဝန်အား ပြောပါ။
- ကျောက်ကပ် ရောဂါ
- သွေးအားနည်း ရောဂါ
- ဆီးချိုသွေးချို
- လျှပ်လိုက်ပျော်ရည် မမျှတခြင်း၊ ဗီတာမင် ဘီ ချို့တဲ့ခြင်း
- Glucose-6-phosphate dehydrogenase (G6PD) ချို့တဲ့ခြင်း
- အားနည်းစေသော ရောဂါ တစ်မျိုးမျိုး
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Macrobid (မက်ခရိုဘစ်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Macrobid® သုံးလျှင်ရနိုင်သော အန္တရာယ်များကို ပြည့်စုံစွာ လေ့လာထားခြင်း မရှိပါ။ Macrobid® မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညှိရန် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ။ Macrobid® သည် အမေရိကန် ပြည်ထောင်စု အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက် အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်မှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
- A = ဆိုးကျိုးမရှိပါ။
- B = လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C = ဆိုးကျိုးအချို့ ရှိနိုင်သည်။
- D = ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိသည်။
- X = သောက်သုံး၍မရပါ။ (လုံးဝ မတည့်ပါ)
- N = အခြေအနေကို မသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Macrobid (မက်ခရိုဘစ်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Macrobid® နှင့် ဓါတ်မတည့်မှုသော လက္ခဏာများ ရှိပါက အရေးပေါ် ကျန်းမာရေး အကူအညီ ရယူပါ။ ဥပမာ အင်ပျဉ်၊ အသက်ရှူရ ခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း။
အောက်ပါတို့ ဖြစ်ပါက ဆရာဝန်အား ချက်ချင်းခေါ်ပါ။
- အရည်များ ဝမ်းလျှောခြင်း၊ ဝမ်းတွင် သွေးပါခြင်း
- ရုတ်တရက် ရင်ဘတ် အောင့်ခြင်း၊ အသက်ရှူရာတွင် တဝီဝီ မြည်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း
- ချောင်း ပိုဆိုးလာခြင်း၊ အသက်ရှူရ ခက်ခြင်း
- အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ ခန္ဓါကိုယ် ကိုက်ခဲခြင်း၊ မောပန်းခြင်း၊ ရှင်းမပြနိုင်သော ကိုယ် အလေးချိန် ကျခြင်း
- လက်နှင့် ခြေထောက် ထုံကျဉ်ခြင်း၊ တရွရွ ခံစားရခြင်း၊ နာကျင်ခြင်း
- အသည်း ပြဿနာများ။ မအီမသာ ဖြစ်ခြင်း၊ အစာအိမ် အောင့်ခြင်း၊ ယားယံခြင်း၊ မောပန်းခြင်း၊ အစာ စားချင်စိတ် မရှိခြင်း၊ ဆီးအရောင် မည်းခြင်း၊ ဝမ်း အရောင် ဖျော့ခြင်း၊ အရေပြား နှင့် မျက်လုံး ဝါခြင်း
- Lupus-like syndrome — အဆစ်များ နာခြင်း၊ ရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း၊ ဂလန်းများ ရောင်ခြင်း၊ ကြွက်သား ကိုက်ခဲခြင်း၊ ရင်ဘတ် အောင့်ခြင်း၊ အော့အန်ခြင်း၊ ပုံမှန် မဟုတ်သော အတွေးအခေါ်များ၊ အပြုအမူများ၊ အရေပြားတွင် အကွက်ပေါ်ခြင်း
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးတစ်ခုကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်ဖြင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Macrobid (မက်ခရိုဘစ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Macrobid® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Macrobid (မက်ခရိုဘစ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလား
Macrobid® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Macrobid (မက်ခရိုဘစ်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Macrobid® သည် သင့်ကျန်းမာရေး အခြေအနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
ဤဆေးနှင့် ဓါတ်ပြုနိုင်သော ကျန်းမာရေး အခြေအနေ များမှာ
- ကျောက်ကပ် ရောဂါ
- သွေးအားနည်း ရောဂါ
- ဆီးချိုသွေးချို
- လျှပ်လိုက်ပျော်ရည် မမျှတခြင်း၊ ဗီတာမင် ဘီ ချို့တဲ့ခြင်း
- Glucose-6-phosphate dehydrogenase (G6PD) ချို့တဲ့ခြင်း
- အားနည်းစေသော ရောဂါ တစ်မျိုးမျိုး
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Macrobid (မက်ခရိုဘစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဆီးအိတ်ရောင်ခြင်း အတွက် ပုံမှန်လူကြီးပမာဏ
Regular release: သောက်ဆေး 50 မှ 100 mg တစ်နေ့ 4 ကြိမ်ဖြင့် တစ်ပတ် သို့မဟုတ် အနည်းဆုံး 3 ရက်ကြာ ပေးပါ။
Dural release: သောက်ဆေး 100 mg တစ်နေ့ နှစ်ကြိမ်ဖြင့် 7 ရက်ပေးပါ။
ဆီးအိတ်ရောင်ခြင်းကို ကာကွယ်ရန်အတွက် ပုံမှန် လူကြီး ပမာဏ
Regular release: သောက်ဆေး 50 မှ 100 mg တစ်နေ့ တစ် ကြိမ် အိပ်ယာဝင်ချိန်တွင် ပေးပါ။
ကလေးတွေအတွက် Macrobid (မက်ခရိုဘစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဆီးအိတ်ရောင်ခြင်း အတွက် ပုံမှန် ကလေးပမာဏ
Regular release:
1 လ နှင့်အထက်။ သောက်ဆေး 5 to 7 mg/kg/day ( up to 400 mg/day) 4 ကြိမ်ခွဲပြီး ပေးနိုင်သည်။
Dual release:
12 နှစ်အထက်။ သောက်ဆေး 100 mg တစ်နေ့ နှစ်ကြိမ်ဖြင့် 7 ရက်ပေးနိုင်သည်။
ဆီးအိတ်ရောင်ခြင်းကို ကာကွယ်ရန်အတွက် ပုံမှန် လူကြီး ပမာဏ
Regular release:
1 လနှစ်အထက်။ သောက်ဆေး 1 to 2 mg/kg/day ( up to 100 mg/day) 1 to 2 ကြိမ်ခွဲပြီး ပေးနိုင်သည်။
Macrobid (မက်ခရိုဘစ်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ
Macrobid® ကို အောက်ပါပုံစံ၊ ပြင်းအားများဖြင့် ရနိုင်ပါသည်။
- ဆေးတောင့်၊ nitrofurantoin 25 mg, nitrofurantoin monohydrate 75 mg
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Macrobid® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။