အသုံးပြုပုံများ
Kefzol (ကပ်ဖ်ဇိုးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
KEFZOL® သည် Cephalosporin အုပ်စု ပိုးသတ်ဆေးဖြစ်ပြီး ဘက်တီးရီးယားကြောင့်ဖြစ်သော ၊ ဆိုးရွားသည့် ကူးစက်ရောဂါများကို ကုသရန် အများဆုံးအသုံးပြုကြသည်။ ထို့ပြင် အခြားသောရည်ရွယ်ချက်များနှင့် အသုံးပြုကြသည်လည်းရှိရာ သင်ထပ်သိလိုသည်များရှိလျှင် သင့်ဆရာဝန်အား မေးမြန်းနိုင်ပါသည်။
Kefzol (ကပ်ဖ်ဇိုးလ်) ဘယ်လိုသောက်သုံးသင့်သလဲ
KEFZOL®ကို အသားထိုးဆေး၊ အကြောထိုးဆေး အနေနှင့် အသုံးပြုကြပါသည်။ အိမ်တွင် မိမိဖာသာထိုးမည်ဆိုပါက ဆေးအချိုးအဆနှင့် အသုံးပြုပုံကို ဆရာဝန်၊ သူနာပြူနှင့် ကျန်းမားရေးဝန်ထမ်းများကသေချာစွာရှင်းပြသည်ကိုနားထောင်ပြီးမှ အသုံးပြုပါ။ ဆေးမထိုးမီ ဆေးကိုပြင်းအားလျော့ရန် မိုးရေစသည်တို့ဖြင့်ရောစပ်နိုင်သည်။
ဆေးမထိုးမီ ဖျော်ထားသော ဆေးကို ကောင်းစွာလှုပ်ပါ။ ဆေးရည်အရောင်ပြောင်းသွားခြင်း၊ အမှုန်များပါရှိခြင်းတို့ဖြစ်နေပါက ဆေးကို မသုံးပါနှင့်။ ဆေးအညွှန်းအသစ်အတွက်သင့်ဆရာဝန်အားမေးမြန်းပါ။
တခါသုံးဆေးထိုးအပ်များကို သုံးပါ။ ဆေးထိုးအပ်များကို စနစ်တကျစွန့်ပစ်ရမည်။ ဆေးထိုးအပ် နှင့် ချွန်ထက်ပစ္စည်းများကို စွန့်ပစ်သောပုံးများထဲတွင် စနစ်တကျစွန့်ပစ်ပါ။ မသိလျှင်ကျန်းမားရေးဝန်ထမ်းများကို မေးပါ။
ဆေးကို သတ်မှတ်ထားသော အချိန်အထိသောက်ရမည်။ ရောဂါသက်သာလာသောကြောင့် ဆေးရပ်လိုက်ခြင်း မပြုလုပ်ရပါ။ ယင်းသို့ပြုလုပ်ပါက ဆေးယဉ်သွားပြီး နောက်ထပ်ရောဂါပိုးများ ဝင်လာနိုင်သောကြောင့်ဖြစ်သည်။ Cefazolin သည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော တုပ်ကွေးရောဂါနှင့် အအေးမိခြင်းတို့ကို မပျောက်ကင်းစေပါ။
Cefazolinသည် သွေးနှင့် ဆီးထဲတွင်ရှိသော သကြားဓါတ်များကို ကမောက်ကမဖြစ်စေပါသည်။ ထို့ကြောင့် ဆီးချိုရောဂါ ကုသမှုခံယူနေပါက သင့်ဆရာဝန်အား Cefazolin သောက်နေကြောင်း အသိပေးထားရမည်။
ဆေးအမှုန့်ကို အခန်းအပူချိန်တွင် ရေငွေ့မပြန် ခြောက်သွေ့သော နေရာတွင်ထားပါ။
ဆေးဖျော်ပြီးချိန်တွင် ဆေးကို ရေခဲသေတ္တာထဲတွင် ၁၀ရက်ခန့်မျှထားနိုင်သည်။ ခဲမထားပါနှင့်။ ဆေးပေါ်တွင် ကပ်ထားသော ညွှန်ကြားချက်များကို လိုက်နာပါ။
ဆေးဖျော်ထားပြီး အခန်းအပူချိန်တွင် ၁ ရက်ထားနိုင်သည်။
Kefzol (ကပ်ဖ်ဇိုးလ်) ဘယ်လိုသိမ်းဆည်းရမလဲ
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
KEFZOL®ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ KEFZOL®ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
KEFZOL®ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
KEFZOL®ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
KEFZOL®ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Kefzol (ကပ်ဖ်ဇိုးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
- KEFZOL®ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
- ပင်နီဆလင် ပိုးသတ်ဆေးများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
- Cephalosporin ပိုးသတ်ဆေးများ (Omnicef, Cefzil, Ceftin, Keflex, and others)
နှင့် ဓါတ်မတည့်ခြင်းရှိလျှင်
- အာဟာရချို့တဲ့သူဖြစ်လျှင်
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Kefzol (ကပ်ဖ်ဇိုးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကိုမသိရသေးပါ။
နို့တိုက်ခြင်း
Kefzol® သည်နို့ရည်ထဲတွင် ပါသောကြောင့် နို့စို့ကလေးကို အန ္တရာယ်ဖြစ်စေသည်။ ထို့ကြောင့် သင်သည် နို့တိုက်မိခင်ဖြစ်ပါက ဆေးသောက်ခြင်းကို ရပ်လိုက်ပါ။
ဘေးထွက်ဆိုးကျိုးများ
Kefzol (ကပ်ဖ်ဇိုးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အဖြစ်များသော ဘေးထွက်ဆိုးကျိုးများမှာ
- ဗိုက်အောင့်ခြင်း
- ခံတွင်းပျက်ခြင်း
- စအိုတဝိုက်တွင် ယားခြင်း
- မိန်းမကိုယ်တဝိုက်တွင်ယားခြင်း၊ အရည်များထွက်ခြင်း တို့ဖြစ်သည်။
အောက်ပါတို့ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းဆက်သွယ်ရမည်ဖြစ်သည်။
- ဝမ်းလျှောခြင်း (ရေကဲ့သို့သွားခြင်း၊ သွေးဝမ်းသွားခြင်း)
- ခံတွင်းနှင့် နှုတ်ခမ်းပေါ်တွင် အဖြူဖတ်များဖြစ်လာခြင်း
- ဖျားခြင်း
- ဂလင်းများ ဖောင်းလာခြင်း
- အနီစက်များထွက်ခြင်း၊ ယားခြင်း
- အဆစ်များ နာကျင်ခြင်း
- နေထိုင်မကောင်းဖြစ်ခြင်း
- တက်ခြင်း
- အသည်းထိခိုက်ခြင်းကြောင့် ဗိုက်အပေါ်ပိုင်းနာခြင်း၊ ခံတွင်းပျက်ခြင်း၊ ဆီးမဲမဲသွားခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ မျက်လုံးနှင့် အသားများဝါခြင်း
- အရေပြားတွင် ဓါတ်မတည့်မှုပြင်းထန်ခြင်းကြောင့် လည်ချောင်းနာခြင်း၊ မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ရောင်လာခြင်း၊ မျက်လုံးများပူစပ်ခြင်း၊ အရေပြားပေါ်တွင် အနီကွက်များဖြစ်ခြင်း၊ အရေပြားနာကျင်ခြင်း၊ ရေကြည်ဖုများဖြစ်ခြင်၊ကွာကျခြင်း
အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက အရေးပေါ်ဆေးကုသမှု ခံယူရမည်ဖြစ်သည်။
- ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
- ကူးစက်ရောဂါပိုးဝင်ခြင်း
- ပြင်းထန်စွာ၊ အဆက်မပြတ် နီရဲခြင်း၊ နာကျင်ခြင်း ၊ ရောင်ရမ်းခြင်းတို့ဖြစ်ခြင်း
(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Kefzol (ကပ်ဖ်ဇိုးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
KEFZOL®ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
KEFZOL®ဆေးနှင့် ဓါတ်မတည့်ခြင်း ဖြစ်စေနိုင်သော ဆေးများမှာ-
- Cefaclor (Raniclor)
- Cefadroxil (Duricef)
- Cefdinir (Omnicef)
- Cefazolin (Ancef)
- Cefditoren (Spectracef)
- Cefpodoxime (Vantin)
- Cefprozil (Cefzil)
- Ceftibuten (Cedax)
- Cefuroxime (Ceftin)
- Cephalexin (Keflex)
- Cephradine (Velosef) တို့ဖြစ်သည်။
အစားအသောက်တွေနဲ့ အရက်က Kefzol (ကပ်ဖ်ဇိုးလ်) နဲ့ ဓါတ်ပြုနိုင်သလား
Bradosol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Kefzol (ကပ်ဖ်ဇိုးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
KEFZOL®ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သင့်တွင်
- ကျောက်ကပ်ရောဂါ
- အသည်းရောဂါ
- အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အူရောင်ခြင်း
စသည့်အခြေအနေများရှိလျှင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Kefzol (ကပ်ဖ်ဇိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- အလယ်လတ်နှင့် ပြင်းထန် ကူးစက်ရောဂါများ
သတ်မှတ်ထားသော ပမာဏမှာ အကြောထိုးဆေး ဝ.၅-၁ ဂရမ် ၆-၈ နာရီခြား
- အပျော့စားအဆင့် gram-positive cocci ကူးစက်ရောဂါ
သတ်မှတ်ထားသော ပမာဏမှာ အကြောထိုးဆေး ၂၅၀-၅၀၀ မီလီဂရမ် ၆-၈ နာရီခြား
- အလယ်လတ်နှင့် ပြင်းထန်အဆင့် သည်းခြေရောင်ခြင်း
သတ်မှတ်ထားသော ပမာဏမှာ အကြောထိုးဆေး ၁ -၂ ဂရမ် ၄-၇ ရက်
- နောက်ဆက်တွဲမရှိသော ဆီးလမ်းကြောင်းပိုးဝင်ရောဂါ
သတ်မှတ်ထားသော ပမာဏမှာ အကြောထိုးဆေး ၁ ဂရမ် ၁၂နာရီခြား
- ကူးစက်ရောဂါများမှ ကာကွယ်ရန်
မခွဲမီ : သတ်မှတ်ထားသော ပမာဏမှာ အသားဆေး/အကြောထိုးဆေး ၁ -၂ ဂရမ် ကိုမခွဲမီ မိနစ်၆၀ အတွင်း (ခွဲနေစဉ် ၂-၅ နာရီခြား ထပ်ထိုးနိုင်သည်။)
ခွဲပြီး : သတ်မှတ်ထားသော ပမာဏမှာ အကြောထိုးဆေး ဝ.၅-၁ ဂရမ် ၈နာရီခြား ၁ရက်
- ခွဲစိတ်ရာတွင် ပိုးဝင်ခြင်းများအတွက်
- နှလုံးခွဲခြင်း၊ သားအိမ်ထုတ်ခြင်း၊ ခံတါင်းနှင့် လည်ချောင်းပိုင်းဆိုင်ရာခွဲစိတ်မှု၊ ဦးခေါင်းခွံခွဲခြင်း၊ အဆစ်များ အစားထိုးခြင်း၊ သွေးကြောဆိုင်ရာ၊ရင်ဘက်ပိုင်းဆိုင်ရာ၊ ခြေလက်များဖြတ်ခြင်း၊ အနာဒဏ်ရာများ ခွဲစိတ်ခြင်း၊ အန ္တရာယ်များသော အစာရေမြိုပြွန်၊ အစားအိမ်၊ အူသိမ်နှင့် သည်ခြေလမ်းကြောင်းခွဲစိတ်မှုများ အတွက်သတ်မှတ်ထားသော ပမာဏမှာ အကြောထိုးဆေး ၁ -၂ ဂရမ် ဖြစ်သည်။
- အူမကြီးနှင့် စအိုခွဲစိတ်မှုများ အတွက် သတ်မှတ်ထားသော ပမာဏမှာ အကြောထိုးဆေး ၁ -၂ ဂရမ် နှင့် Metronidazoile အကြောထိုးဆေး ဝ.၅ ဂရမ် ဖြစ်သည်။
- အန ္တရယ်များသော ဗိုက်ခွဲကလေးမွေးခြင်း၊ ကိုယ်ဝန် အလယ်ပိုင်း ကာလတွင် ပျက်ကျခြင်း တို့အတွက် သတ်မှတ်ထားသော ပမာဏမှာ အကြောထိုးဆေး ၁ ဂရမ် ဖြစ်သည်။
- မျက်လုံးခွဲစိတ်မှုများ အတွက် သတ်မှတ်ထားသော ပမာဏမှာ မျက်ကြည်လွှာအောက်တွင် ထိုးရသောဆေး ၁၀၀ မီလီဂရမ် ဖြစ်သည်။
- နှလုံးအတွင်းလွှာရောင်ခြင်း
သတ်မှတ်ထားသော ပမာဏမှာ အသားဆေး/အကြောထိုးဆေး မခွဲမီ မိနစ် ၃၀ မှ ၆၀ကြား ဖြစ်သည်
- ဘက်တီးရီးယားကြောင့် မျက်သားလွှာရောင်ခြင်း
သတ်မှတ်ထားသောဆေးပမာဏ ကို ရောဂါဖြစ်သော မျက်လုံးတွင် ၁-၂ နာရီခြား တစက်ချပါ။
ပှံမှန်အားဖြင့်Gram negative ပိုးကောင်များကို နိုင်သော Tobramycin ပိုးသတ်ဆေးကို ကြားထဲတွင် ၁-၂ နာရီခြား တလှည့်စီချပေးပါ။
- ကျောက်ကပ် မကောင်းသူများတွင်
- CrCl 35-54 ml/min: ဆေးပမာဏ အပြည့်ကို ၈ နာရီခြားပေးပါ။
- CrCl 10-35 ml/min: ရောဂါအတွက် သတ်မှတ်ထားသောဆေးပမာဏ ကို ၁၂ နာရီခြားပေးပါ။
- CrCl ≤10 ml/min: ရောဂါအတွက် သတ်မှတ်ထားသောဆေးပမာဏကို ၂၄ နာရီခြားပေးပါ။
ကလေးတွေအတွက် Kefzol (ကပ်ဖ်ဇိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- gram-positive cocci ကူးစက်ရောဂါ
မွေးကင်းစများ (၂၈ ရက်အောက်)အတွက်
- ၇ရက်အောက် : သတ်မှတ်ထားသော ပမာဏမှာ အသားဆေး/အကြောထိုးဆေး တနေ့လျှင် 40 mg/kg/day ၁၂နာရီခြား
- ၇ရက်အထက်, ၂ ကီလိုအောက်: သတ်မှတ်ထားသော ပမာဏမှာ အသားဆေး/အကြောထိုးဆေး တနေ့လျှင် 40 mg/kg/day ၁၂နာရီခြား
- ၇ရက်အထက်, ၂ အထက် : သတ်မှတ်ထားသော ပမာဏမှာ အသားဆေး/အကြောထိုးဆေး တနေ့လျှင် 60 mg/kg/day ၁၂နာရီခြား
လသားများနှင့် ကလေးများအတွက်
- သတ်မှတ်ထားသော ပမာဏမှာ အသားဆေး/အကြောထိုးဆေး တနေ့လျှင် 60 mg/kg/day ၆-၈ နာရီခြား (တနေ့လျှင် ၆ ဂရမ် ထက်မပိုရ။)
- နှလုံးအတွင်းလွှာရောင်ခြင်း
သတ်မှတ်ထားသော ပမာဏမှာ အသားဆေး/အကြောထိုးဆေး တနေ့လျှင် 50 mg/kg/day မခွဲမီ မိနစ် ၃၀ မှ ၆၀ကြား (၁ ဂရမ် ထက်မပိုရ။)
- ကူးစက်မြန် နမိုးနီးယားရောဂါ
အသက် ၃လနှင့် အထက် ကလေးများ အတွက် သတ်မှတ်ထားသော ပမာဏမှာ အသားဆေး/အကြောထိုးဆေး တနေ့လျှင် 150 mg/kg/day ၈ နာရီခြား
Kefzol (ကပ်ဖ်ဇိုးလ်) ကိုဘယ်လိုရရှိနိုင်သလဲ
KEFZOL®ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- KEFZOL® ထိုးဆေး ၊ cefazoline sodium ၁ ဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
KEFZOL®ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။