အသုံးပြုပုံများ
Hexapneumine (ဟက်ဆာနျူမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ
Hexapneumine ကို ညဘက်တွင် ချောင်းခြောက်ဆိုးခြင်းကို ကုသရာတွင် အများဆုံး အသုံးပြုပါသည်။
Hexapneumine (ဟက်ဆာနျူမင်း) ဘယ်လိုသောက်သုံးသင့်သလဲ
သောက်ဆေးများကို ဆေးဘူးပေါ်တွင် ညွှန်ကြားထားသည့် အတိုင်းသောက်သင့်ပါသည်။ ဆေးကို ဆရာဝန် မညွှန်ကြားဘဲနှင့် ပိုသောက်ခြင်း၊ လျှော့သောက်ခြင်းများ မပြုလုပ်ရပါ။
သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Hexapneumine (ဟက်ဆာနျူမင်း) ဘယ်လိုသိမ်းဆည်းရမလဲ
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Hexapneumine (သောက်ဆေး)ကို ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်အောက် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Hexapneumine ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Hexapneumine ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Hexapneumine ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Hexapneumine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Hexapneumine (ဟက်ဆာနျူမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Hexapneumine ကို ပန်းနာရင်ကျပ်ရောဂါရှိသူများ၊ အသက်ရှုလမ်းကြောင်း မကောင်းသူများ၊ ရေတိမ်ရောဂါရှိသူများ၊ ဆီးကြိတ်ရှိခြင်းကြောင့် ဆီးမသွားနိုင်သူများ ၊ အသက် ၁၅ နှစ်အောက်ကလေးများနှင့် နို့တိုက်နေသော မိခင်များတွင် မသုံးရပါ။
ချောင်းဆိုးခြင်းသည် အမျိုးမျိုးသော ရောဂါများကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ချောင်းဆိုးရက်ရှည်လာလျှင် ဆရာဝန်နှင့် ပြရန် လိုအပ်ပါသည်။
ချောင်းဆိုးပျောက်ဆေးများတွင် Histamine ဓါတ်ကို ဆန့်ကျင်သောဆေးများ၊ မှိန်းစေသော ဆေးများနှင့် Atropine ပါဝင်သောကြောင့် အသည်း၊ ကျောက်ကပ်မကောင်းသောသူများ၊ အသက်ကြီးသူများ၊ ကြာရှည်စွာ ဝမ်းချုပ်သူများ၊ ဆီးကြိတ်ကြီးသူများ၊ မူးဝေတတ်သူများတွင် သတိနှင့် အသုံးပြုရပါမည်။
ထိုဆေးသည် မျက်လုံးနီရဲနေသူများ၊ မျက်လုံးနာခြင်း၊ မျက်လုံးဝါးခြင်း ရှိသူများတွင် ရေတိမ်ဖြစ်ခြင်းဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်လာပါက မျက်စိအထူးကုနှင့် ချက်ချင်းပြသရမည်ဖြစ်ပါသည်။
ချောင်းဆိုးပျောက်ဆေးရည်များတွင် Sucrose သကြားနှင့် အရက်များ အတိုင်းအတာတစ်ခုအထိ ပါဝင်ဖော်စပ်ထားပါသည်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Hexapneumine (ဟက်ဆာနျူမင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Hexapneumine (ဟက်ဆာနျူမင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အောက်ပါတို့သည် ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။
- မူးဝေခြင်း
- ထိုင်းမှိုင်းခြင်း
- ဝမ်းချုပ်ခြင်း
- အာခြောက်ခြင်း
- အန်ခြင်း
- ပျို့ခြင်း
- အနီစက်များဖြစ်ခြင်း
- စိတ်အာရုံရှုပ်ထွေးခြင်း
- မျက်လုံးဝါးခြင်း
- စိတ်အခြေအနေများ ပြောင်းလဲခြင်း
- နှလုံးခုန်နှုန်း နှေးခြင်း၊ မြန်ခြင်း
- တက်ခြင်း တို့ဖြစ်ပါသည်။
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Hexapneumine (ဟက်ဆာနျူမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Hexapneumine ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးများ သည် ချောင်းဆိုးပျောက်ဆေးများနှင့် တွဲသောက်လျှင် သတိပြုရမည့်ဆေးများဖြစ်ပါသည်။
သင်သည် အခြားသော မှိန်းစေသည့်ဆေးများ (စိတ်ငြိမ်ဆေး၊ အိပ်ဆေး၊ အိုပီရိုက်ပါဝင်သော အနာသက်သာစေသည့်ဆေးများ၊ စိတ်ကျရောဂါဆေးများ၊ စိတ်ရောဂါကုဆေးများ)သောက်နေလျှင် ဆရာဝန်အားပြောပြပါ။ အကယ်၍ သင်သည် ကိုယ်ဝန်ဆောင်တစ်ဦးဖြစ်ပြီး ကိုဒင်းနှင့် ကိုဒင်းအနွယ်ဝင်ဆေးများသောက်နေလျှင်လည်း သားဖွားမီးယပ်ဆရာဝန်အားပြောပြထားခြင်းဖြင့် ဖြစ်နိုင်ချေဆိုးကျိုးများကို စောင့်ကြည့်နိုင်ခြင်း၊ ကုသနိုင်ခြင်းတို့ပြုလုပ်နိုင်ပါသည်။
အစားအသောက်တွေနဲ့ အရက်က Hexapneumine (ဟက်ဆာနျူမင်း) နဲ့ ဓါတ်ပြုနိုင်သလား
Hexapneumine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Hexapneumine (ဟက်ဆာနျူမင်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Hexapneumine ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Hexapneumine (ဟက်ဆာနျူမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ထိုဆေးကို ချောင်းဆိုးသည့်လူနာများတွင် အနည်းဆုံး ၄ နာရီခြားပြီး သောက်ရပါသည်။
ကလေးတွေအတွက် Hexapneumine (ဟက်ဆာနျူမင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ထိုဆေးကို ချောင်းဆိုးသည့်လူနာများတွင် အနည်းဆုံး ၄ နာရီခြားပြီး သောက်ရပါမည်။
အသက် ၁၅ နှစ်အောက် ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Hexapneumine (ဟက်ဆာနျူမင်း) ကိုဘယ်လိုရရှိနိုင်သလဲ
Hexapneumine ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ဆေးရည်၊ သောက်ဆေး
- Biclotymol ၇.၅ မီလီဂရမ် ဆေးတောင့်
- Chlorpheniramine Maleate ဝ.၅ မီလီဂရမ်
- Pholcodine ၅ မီလီဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Hexapneumine ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။