အသုံးပြုပုံများ
Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) ကို ဘာအတွက်အသုံးပြုကြသလဲ
Efferalgan® Vitamin C ဟာ အကိုက်အခဲပျောက်အဖျားကျဆေးဖြစ်ပြီး ဖျားနာခြင်း နဲ့ ခေါင်းကိုက်ခြင်း၊သွားကိုက်ခြင်း၊အာရုံကြောရောင်ရမ်းနာကျင်ခြင်း၊ကြွက်သားနာကျင်ခြင်း အစရှိတဲ့ အပရိက နာကျင်ကိုက်ခဲမှုလေးတွေကို ယာယီသက်သာပျောက်ကင်းစေပါတယ်။
Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) ဘယ်လိုသောက်သုံးသင့်သလဲ
ဝါးစားနိုင်တဲ့ Efferalgan® Vitamin C ဆေးပြားတွေကို မြိုမချခင်မှာ ကြေညက်အောင် ဝါးစားရပါမယ်။ လျှာပေါ်ပျော်ဝင်နိုင်တဲ့ Efferalgan® Vitamin C ဆေးပြားတွေကို ကိုင်တွယ်တဲ့အခါ သင့်လက်တွေဟာ ခြောက်သွေ့နေဖို့ အရေးကြီးပါတယ်။ ဆေးပြားကို သင့်လျှာပေါ်တင်လိုက်တာနဲ့ ၎င်းဟာ ချက်ချင်းဆိုသလို ပျော်ဝင်သွားမှာ ဖြစ်ပါတယ်။
ဆေးပြားကို မြိုမချဘဲ၊ဝါးမစားဘဲ လျှာပေါ်မှာပဲ ပျော်ဝင်သွားစေရမှာပါ။Efferalgan® Vitamin C ရေဆူဆေးမှုန့်လေးတွေကို အသုံးပြုမယ်ဆိုရင်တော့ ဆေးမှုန့်တထုတ်ကို ရေအနည်းဆုံး ၁၁၈ စီစီနဲ့ ရောရမှာဖြစ်ပြီး သမအောင်မွှေကာ ချက်ချင်းသောက်နိုင်ပါတယ်။ ဆေးပမာဏအပြည့်အဝရရှိစေဖို့အတွက် သောက်လို့ကုန်သွားတဲ့ ဖန်ခွက်ထဲကို ရေနည်းနည်းထပ်ထည့်ကျင်းပြီး သောက်ပါ။
Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) ဘယ်လိုသိမ်းဆည်းရမလဲ
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Efferalgan® Vitamin C ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Efferalgan® Vitamin C ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
Efferalgan® Vitamin C ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Efferalgan® Vitamin C ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
Efferalgan® Vitamin C ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Efferalgan® Vitamin C (paracetamol, vitamin C) ကို အသုံးမပြုခင် အောက်ပါအချက်လေးတွေ ရှိမယ်ဆိုရင် ဆရာဝန်ကို ကြိုပြောပါ။
- Efferalgan® Vitamin C (paracetamol, vitamin C) ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ရင်။
- သင့်ကလေးက အသက်၂နှစ်အောက် ဆိုရင်။
- တနေ့ကို အရက်သုံးခွက်ထက်ပိုသောက်ရင်။
- အောက်ပါအချက်တွေဖြစ်ပေါ်လာရင် ဆေးသုံးစွဲတာကို ချက်ချင်းရပ်ပြီး ဆရာဝန်ကို အကြောင်းကြားပါ။
- ဆေးသောက်ပြီး သုံးရက်ကြာတဲ့အထိ အဖျားမကျသေးရင်။
- ဆေးသောက်ပြီး တပတ်လောက်ကြာတဲ့အထိ နာကျင်ကိုက်ခဲတာ မသက်သာသေးရင် (ကလေးတွေမှာဆိုရင် ငါးရက်)။
- အရေပြားမှာ အနီစက်တွေထွက်လာရင်၊ကြာရှည်ခေါင်းကိုက်နေရင် ဒါမှမဟုတ် နီရဲရောင်ရမ်းနေရင်။
- သင့်ရောဂါလက္ခဏာတွေ မသက်သာရင် ဒါမှမဟုတ် လက္ခဏာအသစ်တွေ ထပ်ဖြစ်လာရင်။
Efferalgan® Vitamin C (paracetamol, vitamin C) ဟာ ဆီးတွင်းအချိုဓါတ်စစ်ဆေးတဲ့အခါ မှားယွင်းမှုတွေကို ဖြစ်စေနိုင်တာမို့ သင်ဟာ ဆီးချိုဝေဒနာရှင်တဦးဖြစ်ပြီး Efferalgan® Vitamin C (paracetamol, vitamin C) ဆေးသုံးစွဲနေစဉ်မှာ အချိုဓါတ်ပမာဏအပြောင်းအလဲဖြစ်ပေါ်လာမယ်ဆိုရင် သင့်ဆရာဝန်ကို အသိပေးဆွေးနွေးရပါမယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အောက်ပါဘေးထွက်ဆိုးကျိုးတွေကို ခံစားရစေနိုင်ပါတယ်။
- ယားယံခြင်း။
- အရေပြားမှာ အနီစက်များ ထွက်ခြင်း။
- ဖောရောင်ခြင်း။
- (Stevens-Johnson syndrome အပါအဝင်) အရေပြားမှာ အဖု၊အလုံးများထွက်လာခြင်း။
- Lyell’s syndrome လို့ခေါ်တဲ့ အရေပြားအပေါ်ယံလွှာ ပျက်ဆီးခြင်း။
- ထိုင်းမှိုင်းလေးလံခြင်း။
- ဂဏှာမငြိမ်လှုပ်ရွနေခြင်း။
- အချိန်၊နေရာ၊မည်သူမည်ဝါစသည်တို့ကို မသိတော့ခြင်း။
- ပျို့အန်မအီမသာဖြစ်ခြင်း။
- ဗိုက်နာခြင်း။
- transaminases ဟုခေါ်သော အသည်းအင်ဇိုင်းမ်တမျိုး ပမာဏများပြားမြင့်တက်ခြင်း။
- သွေးအားနည်းခြင်း။
- ကျောက်ကပ်ထိခိုက်ခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) နဲ့ ဓါတ်ပြုနိုင်သလဲ
Efferalgan® Vitamin C ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)
ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အထူးသဖြင့် အောက်ပါဆေးများ ဖြစ်ပါတယ်။
Amlodipine
Anusol (pramoxine / zinc oxide topical)
Atacand (candesartan)
Budesonide
Cefixime
Ceftriaxone
Cefuroxime
Ciprofloxacin
Crestor (rosuvastatin)
Daflon (multivitamin)
Diclofenac
Griseofulvin
Levofloxacin
Levofloxacin ophthalmic
Nebivolol
Neurobion (multivitamin)
Neuroforte-R (cyanocobalamin)
Rosuvastatin
Silver sulfadiazine topical
Symbicort (budesonide / formoterol)
အစားအသောက်တွေနဲ့ အရက်က Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) နဲ့ ဓါတ်ပြုနိုင်သလား
Efferalgan® Vitamin C က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) နဲ့ ဓါတ်ပြုနိုင်သလဲ
Efferalgan® Vitamin C ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် သင့်မှာ အသည်းရောဂါရှိရင် ဒါမှမဟုတ် အရက်စွဲနေရင်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- အရွယ်ရောက်ပြီးသူတွေနဲ့ အသက် ၁၅နှစ်အထက် ကလေးတွေအတွက် (ကိုယ်အလေးချိန် ၅၀ ကီလိုနှင့်အထက်)
သတ်မှတ်ထားသောပမာဏ : ဆေးပြား ၂ – ၃ ပြား( တနေ့လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်)
တခါသောက်လျှင် အများဆုံး သောက်နိုင်သော ပမာဏမှာ ဆေးပြားသုံးပြားဖြစ်ပြီး တနေ့လျှင် အများဆုံးသောက်နိုင်သော ပမာဏမှာ ဆေးပြားဆယ့်နှစ်ပြား ဖြစ်ပါသည်။
အဖျားကျဆေးအဖြစ်သုံးလျှင် သုံးရက်ထက်ပိုမသောက်ရ။ အကိုက်အခဲပျောက်ဆေးအဖြစ်သုံးလျှင် ငါးရက်ထက် ပိုမသောက်ရ။
ကလေးတွေအတွက် Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အသက် ရှစ်နှစ်နဲ့အထက်ကလေးတွေမှာ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ပေးရပါမယ် (ကိုယ်အလေးချိန် တကီလိုကို ပါရာစီတမော ၁၀ – ၁၅ မီလီဂရမ်ပမာဏ အချိုးအဆအတိုင်း ပေးရမှာဖြစ်ပြီး တနေ့ကို တကြိမ်သောက်နိုင်ပါတယ်)
တနေ့ကို အများဆုံးပေးနိုင်တဲ့ ပမာဏကတော့ 60 mg / kg.ဖြစ်ပြီး သုံးရက်ထက်ပို မသောက်ရပါဘူး။
Efferalgan Vitamin C (အဖ်ဖာရာယ်ဂန် ဗစ်တာမင် စီ) ကိုဘယ်လိုရရှိနိုင်သလဲ
Efferalgan® Vitamin C ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
ဆေးပြားတပြားမှာ ပါရာစီတမော ၃၃၀မီလီဂရမ် နဲ့ ဗီတာမင် စီ ၂၀၀ မီလီဂရမ် ပါဝင်ပါတယ်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။Efferalgan® Vitamin C ဆေးပမာဏလွန်ကဲခြင်းကြောင့် ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပွားလာနိုင်ပါတယ်။Efferalgan® Vitamin C ကို လိုတာထက်ပိုပြီး အလွန်အကျွံသုံးစွဲမိရင် အသည်းကို ထိခိုက်စေနိုင်ပါတယ်။
ဆေးပမာဏလွန်ကဲသွားခြင်းရဲ့ လက္ခဏာတွေကတော့-
- ဝမ်းလျှောခြင်း။
- ချွေးအလွန်ထွက်ခြင်း။
- အစားအသောက်ပျက်ခြင်း။
- ပျို့အန်မအီမသာဖြစ်ခြင်း။
- ဗိုက်အောင့်ဗိုက်နာခြင်း။
ဝမ်းဗိုက်ဖောင်းကား၊နာကျင်ပြီး တင်းနေခြင်း (အစာအိမ်ရှိသော နေရာတွင်)။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Efferalgan® Vitamin C ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။