အသုံးပြုပုံများ
Concerta® (ကွန်ဆာတာ) ကို ဘာအတွက်အသုံးပြုကြသလဲ
အာရုံစူးစိုက်မှုချို့တဲ့တက်ကြွလွန်းခြင်းရောဂါ ကိုကုသရာမှာသုံးပါတယ်။ ဦးနှောက်အတွင်းသဘာဝအတိုင်းရနိုင်တဲ့ ပမာဏကိုပြောင်းပေးခြင်းဖြင့် အလုပ်လုပ်ပါတယ်။ လှုံ့ဆော်ပေးတဲ့ဆေးအမျိုးအစားမှာပါပါတယ်။ အာရုံစူးစိုက်ခြင်းစွမ်းရည်ကိုမြှင့်တင်ပေးခြင်း၊ အာရုံတစ်ခုတည်းအပေါ်တွင်စူးစိုက်ထားနိုင်ခြင်း၊ အမူအကျင့်ဆိုင်ရာပြဿနာများထိန်းချုပ်ပေးခြင်းတို့ကို မြှင့်တင်ပေးပါ်တယ်။
သင့်ရဲ့တာဝန်တွေကိုစီမံရာမှာနဲ့ နားထောင်ခြင်းစွမ်းရည်တိုးတက်စေဖို့လည်း အကူအညီပေးပါတယ်။
Concerta® (ကွန်ဆာတာ) ဘယ်လိုသောက်သုံးသင့်သလဲ
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျအသုံးပြုသင့်ပါတယ်။ မသင့်မတင့်အသုံးပြုခြင်းက သေဆုံးခြင်းသို့ နှလုံးအပေါ်ပြင်းထန်တဲ့သက်ရောက်မှုကို ဖြစ်စေနိုင်ပါတယ်။ မနက်ပိုင်းတွေမှာ တစ်နေ့တစ်ကြိမ်
ပါဝင်ဓါတုပစ္စညိးတွေကို ကြာရှည်ထုတ်လွှတ်ပေးတဲ့ဆေးပြားပုံစံအနေနဲ့ အသုံးပြုနိုင်ပါတယ်။ ကြာရှည်ထုတ်လွှတ်ပေးတဲ့ဆေးပြားဖြစ်ပါတယ်။ သင်သို့မဟုတ်သင့်ကလေးကိုယ်ထဲကို တစ်နေ့တာလုံး
Methylphenidateကိုထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
အစာနဲ့တွဲပြီးသို့အစာမပါဘဲအသုံးပြုနိုင်ပါတယ်။ ဆေးညွှန်းစာမှာပါတဲ့အတိုင်း အသုံးပြုသင့်ပါတယ် ။ ဆေးတွေအားလုံးထုတ်လွှတ်ပြိးချိန်မှာ ကြာရှည်ထုတ်လွှတ်ပေးတဲ့ဆေးပြားပုံစံက လုံးဝပျော်ဝင်သွားခြင်းမရှိပါဘူး။ သင့်သို့သင့်ကလေးမှာ အူလမ်းကြောင်းလှုပ်ရှားနေစဉ်အတွင်း ဆေးပြားအလွတ်ကို တခါတရံသတိထားကောင်းထားမိနိုင်ပါတယ်။ ပုံမှန်သဘာဝဖြစ်ပါတယ်။
ဝါးစားခြင်း၊ ကျိတ်ခြေခြင်း ၊ချိုးပိုင်းခြင်းတွေ မလုပ်သင့်ပါဘူး။ ဆေးပြားတစ်ပြားလုံးကိုမျိုချသင့်ပါတယ်။ ဆေးပြားကိုချိုးပိုင်းလိုက်ခြင်းက တစ်ချိန်တည်းမှာ ဆေးတွေအများကြိးထုတ်လွှတ်လိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဆေးအသုံးပြုနေစဉ်မှာ သင့်ဆရာဝန်ကသင့်အခြေအနေတိုးတက်လာမှုရှိမရှိအတွက်
ပုံမှန်စစ်ဆေးပေးနေဖို့လိုပါတယ်။ သင့်နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ ကိုယ်အလေးချိန်အရပ်စတာတွေကို မကြာမကြာတိုင်းပေးဖို့လိုပါတယ်။
အချိန်တွေကြာလာတဲ့အခါမှာ အာရုံစူးစိုက်မှုချို့တဲ့တက်ကြွလွန်းခြင်းရောဂါ
လက္ခဏာတွေကိုစစ်ဆေးဖို့အတွက ်ဆေးကိုရပ်ပေးဖို့လိုပါတယ်။
ခွဲစိတ်ဖို့လိုတဲ့အခါမှာ သင်ဒီဆေးအသုံးပြုနေကြောင်း ခွဲစိတ်မယ့်ဆရာဝန်ကို ကြိုပြောပြထားသင့်ပါတယ်။ အချိန်တိုအတွင်း ဆေးရပ်လိုက်ဖို့လိုပါတယ်။
ဆေးအသုံးပြုခြင်းက အကျင့်ဖြစ်သွားနိုင်ပါတယ်။ အခြားလူတွေနဲ့ အထူးသြဖ်င့် ဆေးစွဲဖူးတဲ့လူတွေနဲ့ အတူမျှဝေသုံးစွဲခြင်းတွေ မလုပ်သင့်ပါဘူ။ ရောင်းချခြင်းဖြန့်ဝေခြင်းက တရားမဝင်ပါဘူး။
Concerta® (ကွန်ဆာတာ) ဘယ်လိုသိမ်းဆည်းရမလဲ
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Concerta® (ကွန်ဆာတာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
- ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
- အခြားဆေးတွေမှီဝဲနေရရင်
- ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
- Concerta® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
- အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
ရေတိမ်ရောဂါ။ ကြွက်သားရုတ်တရက်တွန့်ခြင်း၊ ပြင်းထန်တဲ့စိုးရိမ်ခြင်း၊ တင်းအားများခြင်းရှိမယ်ဆိုရင်မသုံးသင့်ပါဘူး။
Pimozide သို့ methylene blue injection အသုံးပြုကုသမှုခံယူနေရရင် အသုံးမပြုသင့်ပါဘူး။
isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, or tranylcypromineကဲ့သို့သော MAO inhibitorတွေကို လွန်ခဲ့တဲ့၁၄ရက်ကအသုံးပြုနေမယ်ဆိုရင် မသုံးသင့်ပါဘူး။
- ရေတိမ်ရောဂါ
- ကြွက်သားရုတ်တရက်တွန့်ခြင်း Tourette’s syndrome
- တင်းအားများခြင်း၊ အပြင်းအထန်ကြောက်ရွံ့စိုးရိမ်ခြင်း၊ ( ဒီလက္ခဏာတွေက်ု ပိုဆိုးစေနိုင်တာကြောင့်ဖြစ်ပါတယ်။)
ရှိရင် မသုံးသင့်ပါဘူး။
အချို့သောလှုံ့ဆော်ဆေးတွေဟာ
ရုတ်တရက်သေဆုံးမှုကိုတချို့လူတွေမှာ တွေ့ရပါတယ်။ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။
- နှလုံးပြဿနာများ သို့ မွေးရာပါနှလုံးချို့ယွင်းခြင်း
- သွေးတိုးရောဂါ
- နှလုံးရောဂါရာဇဝင်ရှိဖူးခြင်း သို့ ရုတ်တရက်သေဆုံးနိုင်ချေရှိဖူးခြင်း
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Concerta® (ကွန်ဆာတာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။
FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ
- A=အန္တရာယ်မရှိ
- B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
- C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
- D=အန္တရာယ်ပေးနိုင်ချေရှိသည်။
- X=မသုံးသင့်
- N=မသိ
ဘေးထွက်ဆိုးကျိုးများ
Concerta® (ကွန်ဆာတာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့ရမယ်ဆိုရင် ဆေးကိုရပ်လိုက်ပြီး ဆရာဝန်ကိုချက်ချင်းခေါ်သင့်ပါတယ်။
- ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ လစ်ဟာဟာဖြစ်ခြင်း
- ထင်ယောင်ထင်မှားဖြစ်ခြင်း ( တကယ်မရှိသည့်အရာတွေကို မြင်နေရခြင်း၊ ကြားနေရခြင်း၀ ၊ အမူအကျင့်ဆိုင်ရာပြဿနာများ၊ ရန်လိုခြင်း၊ တစ်ပါးသူအပေါ်ယုံမှားသံသယလွန်ကဲမှု
- တက်ခြင်း
- ထုံခြင်း၊ နာခြင်း၊ အေးခြင်း၊ အကြောင်းပြချက်မရှိဘဲ အနာများ၊ အရေပြားအရောင်ပြောင်းခြင်း( ဖျော့ခြင်း၊ နီရောင်သို့အပြာရောင်) လက်ချောင်းခြေချောင်းများတွင်
- ကြွက်သားများတက်ကြွစွာရုတ်တရက်တွန့်ခြင်း
- အမြင်ပြောင်းလဲခြင်းများ
- အမျိုးသားအင်္ဂါထောင်မတ်ရာတွင် နာကျင်မှုရှိခြင်းသို့ ၄နာရီနှင့်အထက်
- အကြောင်းရင်းမရှိဘဲကြွက်သားများနာခြင်း။ အားနည်းခြ်င်း( အထူးသဖြင့် အဖျား၊ ပုံမှန်မဟုတ်ဘဲမောပန်းခြင်း၊ ဆီးအရောင်ရင့်ခြင်း)
တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
- ကြောက်ရွံ့တုန်လှုပ်ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း
- မူးဝေခြင်း
- အစားစားလိုစိတ်မရှိခြင်း
- မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း
- ခေါင်းကိုက်ခြင်း
- ကိုယ်အလးချိန်ကျခြင်း
ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။
ကလေးတွေကြီးထွားဖွံ့ဖြိုးမှုကို သက်ရောက်နိုင်ပါတယ်။ ဒီဆေးအသုံးပြုခြင်းကြောင့် ပုံမှန်နှုန်းအတိုင်းမကြီးထွားလာဘူးဆိုရင် သင့်ဆရာဝန်ကိုပြောပြသင့်ပါတယ်။
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Concerta® (ကွန်ဆာတာ) နဲ့ ဓါတ်ပြုနိုင်သလဲ
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ MAO inhibitorsတွေနဲ့တွဲအသုံးပြုခြင်းက ပြင်းထန်တဲံသေစေနိုင်လောက်တဲ့တုန့်ပြန်မှုတွေ ဖြစ်စေနိုင်ပါတယ်။ amphetamineသုံးကုသနေစဉ်အတွင်း MAO inhibitorsတွေကို ရှောင်သင့်ပါတယ်။
- Isocarboxazid
- Linezolid
- Methylene blue
- Moclobemide
- Phenelzine
- Procarbazine
- Rasagiline
- Selegiline
- Tranylcypromine
အစားအသောက်တွေနဲ့ အရက်က Concerta® (ကွန်ဆာတာ) နဲ့ ဓါတ်ပြုနိုင်သလား
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်ရောဂါအခြေအနေတွေက Concerta® (ကွန်ဆာတာ) နဲ့ ဓါတ်ပြုနိုင်သလဲ
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
အပြန်အလှန်သက်ရောက်မှုပေးနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့
စိုးရိမ်ခြင်း
နှလုံးရောဂါ
ရေတိမ်ရောဂါ
သွေးတိုး
အသည်းရောဂါ
အတက်ရောဂါ
ဆေးအရက်စွဲခြင်း
စိတ်ဝေဒနာ
ကျောက်ကပ်မကောင်းခြင်း
ကြွက်သားများတက်ကြွစွာရုတ်တရက်တွန့်ခြင်း
သွေးအဆိပ်သင့်ခြင်း
အစာချေလမ်းကြောင်းကျဉ်းခြင်း
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Concerta® (ကွန်ဆာတာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Methylphenidateစသုံးမယ့်လူနာများအတွက်
လတ်တလော Methylphenidateသို့ Methylphenidateမဟုတ်တဲ့အခြားလှုံ့ဆော်ပေးဆေးတွေကို မသုံးထားဘဲစအသုံးပြုမယ့်သူတွေအတွက် 18 or 36 mgတစ်နေ့တစ်ကြိမ်
Methylphenidateအသုံးပြုလုူနာများအတွက်
အရင်ပေးထားသော Methylphenidateနေ့စဉ်ပမာဏ
- 5 mg Methylphenidate တစ်နေ့၂ကြိမ်သို့၃ကြိမ်
- 10 mg Methylphenidate တစ်နေ့၂ကြိမ်သို့၃ကြိမ်
- 15 mg Methylphenidate တစ်နေ့၂ကြိမ်သို့၃ကြိမ်
- 20 mg Methylphenidate တစ်နေ့၂ကြိမ်သို့၃ကြိမ်
အရင်ပေးထားတဲ့ Methylphenidateနေ့စဉ်ပမာဏအတွက် စအသုံးပြုသင့်သော Concerta®ဆေးပမာဏ
- 18 mgမနက်တိုင်း
- 36mgမနက်တိုင်း
- 54mgမနက်တိုင်း
- 72mgမနက်တိုင်း
ဆေးအပြောင်းအလဲကို 72 mgနေ့စဉ်ထက်မပိုသင့်ပါဘူး။
ကလေးတွေအတွက် Concerta® (ကွန်ဆာတာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- လတ်တလော Methylphenidateသို့ Methylphenidateမဟုတ်တဲ့အခြားလှုံ့ဆော်ပေးဆေးတွေကို မသုံးထားဘဲ Concerta® စအသုံးပြုမယ့်သူတွေအတွက်-ကလေးများအတွက် နဲ့ မြီးကောင်ပေါက်အရွယ်များအတွက် ( ၁၃နှစ်မှ၁၇နှစ်အထိ)18 mgတစ်ေနေ့တစ်ကြိမ်
Concerta® (ကွန်ဆာတာ) ကိုဘယ်လိုရရှိနိုင်သလဲ
အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။
ဆေး့ပြား ကြာရှည်ထုတ်လွှတ်ပေးသောပုံစံ methylphenidate hydrochloride 18mg
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။