ကလေးကြီးထွားမှုပြဇယား

ကလေးတွေက သူ့အရှိန်နဲ့သူ ကြီးထွားလေ့ရှိပါတယ်။ ကြီးထွားမှုပြဇယားက ပေးထားတဲ့အချက်တွေပေါ် မူတည်ပြီး တွက်ချက်ထားတာဖြစ်ပါတယ်။ ကလေးက သူ့အရှိန်နဲ့ သူ ပုံမှန်လေး ကြီးထွားနေတယ်ဆိုရင် သတ်မှတ်ထားတဲ့ အတိုင်းအတာတွေထဲ မရောက်ရင်တောင် သိပ်စိတ်ပူစရာ မလိုပါဘူး။

health-tool-icon

ကလေးကြီးထွားမှုပြဇယား ကိရိယာသည် သင့်နိုင်ငံကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ အတိုင်းအတာ၊ Centers for Disease Control and Prevention (CDC)နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOမှ သတ်မှတ်ထားသော ကလေးတစ်ယောက်တွင် အသက်အလိုက် ရှိသင့်သည့် အရပ်နှင့်ကိုယ်အလေးချိန်ပျမ်းမျှကို တိုင်းတာပေးခြင်း ဖြစ်ပါသည်။ ဤကိရိယာသည် အချက်အလက်ပေးလိုခြင်းသာဖြစ်ပြီး အခြားကျန်းမာရေးအခြေအနေများနှင့် မျိုးဗီဇများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိပါ။ ထို့ကြောင့် ဤကိရိယာကို ဆရာဝန်၏ စစ်ဆေးချက်နှင့် ရောဂါသတ်မှတ်ချက်များနှင့် အစားမထိုးသင့်ပါ။ ပိုမိုတိကျသော အတိုင်းအတာများအတွက် ကလေးဆရာဝန် သို့မဟုတ် ဒေသန္တရကျန်းမာရေးဆရာဝန်နှင့် တိုင်ပင်ရန် အကြံပြုလိုပါသည်။

ကလေးကြီးထွားမှုပြဇယားဆိုတာ ဘာလဲ။

ဒီကြီးထွားမှုပြဇယားက ကလေးအသက်အလိုက် ဘယ်လိုကြီးထွားနေသလဲဆိုတာကို စစ်ဆေးနိုင်ဖို့ သင်နဲ့ သင့်ကလေးဆရာဝန်ကို ကူညီပေးပါလိမ့်မယ်။ ကလေးရဲ့ အရပ်၊ ကိုယ်အလေးချိန်၊ ဦးခေါင်းအတိုင်းအတာနဲ့ BMIကို သူနဲ့ရွယ်တူ၊ လိင်တူ ကလေးတစ်ယောက်မှာ ရှိသင့်တဲ့ အတိုင်းအတာအတိုင်း ရှိရဲ့လား၊ ကောင်းကောင်းကြီးထွားရဲ့လားဆိုတာကို တိုင်းတာပေးနိုင်ပါတယ်။

ကလေးကြီးထွားမှုပြဇယားကို ဘယ်လိုဖတ်ရှုရမလဲ။

Z-scoresကို standard deviation (SD) scores စံသတ်မှတ်ထားတဲ့ နှုန်းတွေ ဖြစ်ပါတယ်။ Z-scoresတွေကို အသုံးပြုပြီး ရှိသင့်တာနဲ့ ဘယ်လောက်ကွာနေလဲဆိုတာကို တွက်ချက်နိုင်ပါတယ်။ ဆိုလိုတာက ကလေးမှာ ရှိသင့်တဲ့ စံနှုန်းတွေနဲ့ တကယ်ရှိတဲ့ အတိုင်းအတာတွေက ဘယ်လောက်ကွာနေလဲဆိုတာကို တိုင်းတာနိုင်ပါတယ်။

Z-score 0 ဆိုတာက ကလေးရဲ့ အတိုင်းအတာတွေက ရှိသင့်တဲ့ အတိုင်းအတာတွေနဲ့ အတူတူပဲ ဆိုလိုတာပါ။ Z-scoreတန်ဖိုးတွေက အပေါင်း ဒါမှမဟုတ် အနှုတ် ဖြစ်နိုင်ပါတယ်။ အပေါင်း (+)ဆိုရင် ရှိသင့်တာထက် များနေတာဖြစ်ပြီး အနှုတ် (−) ဆိုရင် ရှိသင့်တာထက် နည်းနေတာ ဖြစ်ပါတယ်။

ကမ္ဘာ့စံနှုန်းအရ အောက်ပါအတိုင်း ခွဲခြားထားပါတယ်။

Z-score အရ အသက်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်
< −3.00 WAZ အလွန်အမင်း ကိုယ်အလေးချိန်နည်း
−3.00 to -2.01 WAZ အသင့်အတင့် ကိုယ်အလေးချိန်နည်း
−2.00 to 1.01 WAZ ကိုယ်အလေးချိန်နည်း
± 1.00 WAZ ပုံမှန်

Z-score အရ အသက်အလိုက် ရှိသင့်တဲ့ အရပ်
< −3.00 HAZ အလွန်အမင်းညှပ်
−3.00 to −2.01 HAZ အသင့်အတင့်ညှပ်
−2.00 to 1.01 HAZ ပုညှပ်
± 1.00 WAZ ပုံမှန်

ဥပမာ ကလေးတစ်ယောက်ရဲ့ Z-score အရ အသက်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်က -2ဆိုရင် ကိုယ်အလေးချိန်နည်းတယ်လို့ သတ်မှတ်ပြီး Z-score အရ အသက်အလိုက် ရှိသင့်တဲ့ အရပ်က +1ဆိုရင် ပုံမှန်လို့ သတ်မှတ်ပါတယ်။

ကလေးရဲ့ ကြီးထွားမှုကို စောင့်ကြည့်ဖို့ ဘာကြောင့် အရေးကြီးတာလဲ။

ကြီးထွားမှုဇယားကို အသုံးပြုပြီး ကလေးရဲ့ အရပ်၊ ကိုယ်အလေးချိန်နဲ့ ဦးခေါင်းအတိုင်းအတာကို စောင့်ကြည့်တာက မိဘများနဲ့ ဆရာဝန်များအတွက် ကလေးက ကြီးထွားမှုနှေးနေသလား၊ မြန်လွန်းနေသလားဆိုတာကို သိနိုင်ပြီး အာဟာရဆိုင်ရာပြဿနာ ဒါမှမဟုတ် တခြားကျန်းမာရေးပြဿနာတစ်ခုခု ရှိနေသလားဆိုတာကို စစ်ဆေးနိုင်ပါတယ်။

တစ်ကြိမ်တည်း တိုင်းတာပြီး ရလာတဲ့ percentile/Z-scores က ဒီလောက်အရေးမကြီးပါဘူ။ ကလေးဆရာဝန်က တစ်ကြိမ်တည်းတိုင်းလို့ ရတဲ့အဖြေထက် ကလေးက အချိန်နဲ့အမျှ ကြီးထွားလာနဲ့နှုန်းကို စောင့်ကြည့်တာက ပိုပြီးအရေးကြီးပါတယ်။ ကလေးက ပုံမှန်လေး ကြီးထွားလာသလား။ ကြီးထွားမှူဇယားမှာ တစ်ခုခုအပြောင်းအလဲဖြစ်လာသလား။ ဒါက ကျန်းမာရေးပြဿနာတစ်ခုခုရှိနေတယ်လို့ ပြောချင်တာလားဆိုတာတွေကို စောင့်ကြည့်ရမှာပါ။ ကလေးရဲ့ ကျန်းမာရေးပြဿနာတွေကို ကလေးကြီးထွားမှုကနေ စောစောစီးစီးသိနိုင်တဲ့အတွက် ဒါက အင်မတန်အရေးကြီးပါတယ်။

ဒီစံနှုန်းတွေက ဘယ်ကရတာလဲ။

ဒီစံနှုန်းတွေကို WHO Multicentre Growth Reference Studyကနေ ကောက်ယူထားတဲ့ ဒေတာတွေကနေ တည်ဆောက်ထားတာ ဖြစ်ပါတယ်။


Multicentre Growth Reference Study (MGRS)ကို ၁၉၉၇နဲ့ ၂၀၀၃ခုနှစ်ကြားမှာ ကောက်ခံထားတာဖြစ်ပြီး ကမ္ဘာမှာရှိတဲ့ တစ်နှစ်အောက်ကလေးတွေနဲ့ ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို တိုင်းတာဖို့ ဇယားတစ်ခု တည်ဆောက်ထားတာဖြစ်ပါတယ်။ MRGSက မတူညီတဲ့ လူမျိုးစုနဲ့ ဒေသတွေက (ဥပမာ ဘရာဇီး၊ ဂမ်နာ၊ အိန္ဒိယ၊ နော်ဝေး၊ အိုမန်နဲ့ ယူအက်စ်အေ) ကလေးပေါင်း ၈၅၀၀ရဲ့ ကြီးထွားမှုနဲ့သက်ဆိုင်တဲ့ ဒေတာတွေနဲ့ အချက်အလက်တွေကို စုဆောင်းထားတာ ဖြစ်ပါတယ်။

ဒီကြီးထွားမှူဇယားအသစ်က မိခင်နို့သောက်တဲ့ ကလေးတွေရဲ့ ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုကို စံအနေနဲ့ သတ်မှတ်ပြီး မွေးစကနေ ၅နှစ်အထိ ကလေးတွေရဲ့ သဘာဝအတိုင်းကြီးထွားမှုကို စံအနေနဲ့ သတ်မှတ်ဖော်ပြဖို့ ရည်ရွယ်ပါတယ်။

advertisement iconadvertisement
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း