အသုံးပြုပုံများ
Akurza Cream And Lotion (အကာဇာ) ကို ဘာအတွက်အသုံးပြုကြသလဲ
Akurza® ကို ဆိုရီရေးဆစ် (psoriasis) အရေပြားရောဂါအပါအဝင် အရေပြားကို ခြောက်သွေ့စေ၊အကြေးခွံကဲ့သို့ အဖတ်များဖြစ်စေတဲ့ အခြားသော အရေပြားရောဂါတွေကို ကုသရာမှာ အများဆုံး အသုံးပြုပါတယ်။ ငါးမျက်စိပေါ်မှာရှိတဲ့ အရေပြားဆဲလ်သေတွေ၊လက်ဖဝါး၊ခြေဖဝါးမှာရှိတဲ့ အသားမာတွေ၊အရေပြားဆဲလ်သေတွေကို ဖယ်ထုတ်ရာမှာလည်း ကူညီပေးနိုင်ပါသေးတယ်။ ဒီဆေးဟာ အက်စ်ပရင်နဲ့ အမျိုးအစားတူတဲ့ ဆေးဖြစ်ပြီး အသက်၂နှစ်အောက်ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။Akurza® ကို အခြားသော အခြေအနေတွေမှာလည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုရင် သင့်ဆရာဝန်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Akurza Cream And Lotion (အကာဇာ) ဘယ်လိုသောက်သုံးသင့်သလဲ
salicylic acid လိမ်းဆေးကို လုံးဝမမြိုချရပါဘူး။ ဒါ့အပြင် salicylic acid လိမ်းဆေးကို မျက်စိ၊နှာခေါင်း သို့မဟုတ် ပါးစပ်တွေထဲ မဝင်အောင် ဂရုပြုရပါမယ်။ တကယ်လို့ သင့်မျက်စိ၊နှာခေါင်း သို့မဟုတ် ပါးစပ်တွေထဲ salicylic acid လိမ်းဆေး မတော်တဆ ဝင်သွားရင် အဆိုပါ နေရာကို ဆယ့်ငါးမိနစ်လောက်ကြာအောင် ရေများများနဲ့ ဆေးပစ်ရပါမယ်။ ပေါက်ပြဲ၊နီရဲ၊ရောင်ရမ်း၊ပိုးဝင်နေတဲ့ အရေပြားနေရာတွေပေါ်ကို salicylic acid လိမ်းဆေး မလိမ်းရပါဘူး။ အရေပြားပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ နေရာကိုပဲ salicylic acid လိမ်းဆေး လိမ်းပေးရမှာ ဖြစ်ပါတယ်။salicylic acid လိမ်းဆေးကို ဆရာဝန်ရဲ့ အထူးတလည် ညွှန်ကြားချက်မရှိဘဲ ခန္ဓါကိုယ်ရဲ့ နေရာအများအပြားမှာ မလိမ်းရပါဘူး။
Akurza® (Salicylic acid) ကို အသုံးပြုဖို့ :
ဆေးမလိမ်းခင် ငါးမိနစ်လောက်ကြိုတင်ပြီး ဆေးလိမ်းမယ့်နေရာကို ရေနွေးနဲ့ စွတ်ပါ။ ရေနွေးနဲ့ စွတ်စိုစေပြီးတဲ့အခါ ကွာကျလာမယ့် အရေပြားအလွှာလေးတွေကို နူးညံ့ပြီး သန့်ရှင်းတဲ့ အဝတ်စလေးနဲ့ အသာအယာ ဖယ်ရှားပါ။ ကြမ်းတမ်းစွာ မပွတ်တိုက်ပါနဲ့။ ပြီးရင် လိုအပ်တဲ့ နေရာကို ဆေးခပ်ပါးပါးလိမ်းပါ။ မလိုလားအပ်တဲ့ အရေပြားတုံ့ပြန်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဆေးစလိမ်းတဲ့အခါ အကြိမ်ရေနည်းနည်းနဲ့ စပြီး ဆေးနဲ့ခန္ဓါကိုယ် သဟဇာတ ဖြစ်လာတဲ့အချိန်ကျမှ ဆေးလိမ်းတဲ့ အကြိမ်ရေကို ဖြည်းဖြည်းစီ တိုးပေးသွားရမှာ ဖြစ်ပါတယ်။ ဆေးအသုံးပြုပုံနဲ့ ပတ်သက်ပြီး သိရှိလိုတာတွေရှိမယ်ဆိုရင် သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။
Akurza Cream And Lotion (အကာဇာ) ဘယ်လိုသိမ်းဆည်းရမလဲ
[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Akurza® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Akurza® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Akurza® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Akurza® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
Akurza® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Akurza Cream And Lotion (အကာဇာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။
သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။
Akurza® ကိုမသုံးစွဲခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။
Akurza® ကိုမသုံးစွဲခင်မှာ အောက်ပါအချက်တွေရှိရင် ဆရာဝန်ကို ကြိုပြောရပါမယ်။
- သင့်တွင် ကိုယ်ဝန်ရှိနေခြင်း၊ကလေးနို့တိုက်နေခြင်း။ အဆိုပါ အခြေအနေတွေမှာ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ သုံးစွဲသင့်ပါတယ်။
- အခြားသော ဆေးဝါးများကို သုံးစွဲနေခြင်း (ဆရာဝန် ဆေးစာမပါဘဲ ဝယ်ယူသုံးစွဲနိုင်သော သဘာဝသစ်ဥသစ်ဖုအားဖြည့်ဆေးများ၊တိုင်းရင်းဆေးများလည်း ပါဝင်ပါတယ်)။
- Akurza® ရဲ့ ပါဝင်ပစ္စည်းတွေ ဒါမှမဟုတ် အခြားသော ဆေးဝါးတွေနဲ့ ဓါတ်မတည့်ခြင်း။
• အခြားသော နာမကျန်းမှုများ၊ကျန်းမာရေးပြဿနာများနှင့် (ဥပမာ အသည်းနှင့် ကျောက်ကပ်ဆိုင်ရာ ပြဿနာများ၊အရေပြားကူးစက်ရောဂါများ၊အရေပြားပူစပ်နီရဲနာကျင်ယားယံခြင်းများ၊ဆီးချိုရောဂါ သို့မဟုတ် သွေးလည်ပတ်မှု မကောင်းမွန်ခြင်း စသည်) ရင်ဆိုင်နေရခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Akurza Cream And Lotion (အကာဇာ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
ကလေးနို့တိုက်ချိန်
ယခုဆေးဝါးကို ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Akurza Cream And Lotion (အကာဇာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အောက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
Akurza® ဟာ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
- အရေပြား နီရဲရောင်ရမ်းခြင်း။
ဆေးလိမ်းထားတဲ့ နေရာမှာ မီးစနှင့်ထိုးသလို ပူစပ်ပူလောင်ဖြစ်ခြင်း၊စူးပြီး နာနေခြင်း။
အောက်ဖော်ပြပါ ပြင်းထန်တဲ့ ဘေးထွက်လက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
- စိတ်ရှုပ်ထွေးခြင်း။
- မူးဝေထိုင်းမှိုင်းခြင်း။
- အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊အားနည်းခြင်း။
- ခေါင်းကိုက်ခြင်း။
- နှလုံးခုန်မြန်ခြင်း။
- နားထဲတွင် အသံများ ကြားနေရခြင်း။
- အကြားအာရုံဆုံးရှုံးခြင်း။
- ပျို့အန်မအီမသာဖြစ်ခြင်း။
ဝမ်းလျှောခြင်း။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Akurza Cream And Lotion (အကာဇာ) နဲ့ ဓါတ်ပြုနိုင်သလဲ
Akurza® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးတွေဟာ Akurza® နဲ့ ဓါတ်ပြုနိုင်ပါတယ်။
- သွေးကျဲဆေးများ (ဥပမာ warfarin, heparin)။
- Methotrexate
- အက်စ်ပရင် သို့မဟုတ် salicylate ပါဝင်တဲ့ အခြားသော ဆေးဝါးများ။
- ဆီးဆေးများ။
အစားအသောက်တွေနဲ့ အရက်က Akurza Cream And Lotion (အကာဇာ) နဲ့ ဓါတ်ပြုနိုင်သလား
Akurza® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Akurza Cream And Lotion (အကာဇာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Akurza® ခရင်မ် :
အရေပြားဆိုင်ရာ ပြဿနာများအတွက် လိုအပ်တဲ့နေရာကို တနေ့တကြိမ်လိမ်းပေးရပါမယ်။ ဖြစ်နိုင်ရင် ဆေးမလိမ်းခင် ငါးမိနစ်လောက်အလိုမှာ စိုစွတ်နေအောင် လုပ်ထားရပါမယ်။ ညအိပ်ချိန်မှာ ဆေးလိမ်းထားတဲ့ နေရာကို အုပ်ထားရမှာ ဖြစ်ပြီး မနက်ရောက်ရင် ရေနဲ့ ဆေးပစ်ရပါမယ်။ အသားမာတက်ခြင်းအတွက် ခရင်မ်ကို လိုအပ်သလို အသုံးပြုပါ။
Akurza® လိုးရှင်း
ဝက်ခြံအတွက် တနေ့ကို တကြိမ်ကနေ သုံးကြိမ်အထိ သုံးစွဲနိုင်ပါတယ်။
ဘောက်ထခြင်းနဲ့ ဦးရေပြားရောင်ရမ်းခြင်းအတွက် တနေ့ကို တကြိမ် သို့မဟုတ် နှစ်ကြိမ် သုံးစွဲနိုင်ပါတယ်။
ကလေးတွေအတွက် Akurza Cream And Lotion (အကာဇာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Akurza® ခရင်မ် :
အသက်၂နှစ်နှင့်အထက် ကလေးတွေမှာ အသားမာတက်ခြင်းများအတွက် ခရင်မ်ကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်။
Akurza® လိုးရှင်း :
အသက်၂နှစ်နှင့်အထက် ကလေးတွေမှာ ဝက်ခြံပေါက်ခြင်းအတွက် တနေ့ကို တကြိမ်မှ သုံးကြိမ်အထိ သုံးစွဲနိုင်ပါတယ်။
အသက်၂နှစ်နှင့်အထက် ကလေးတွေမှာ ဘောက်ထခြင်းနဲ့ ဦးရေပြားရောင်ရမ်းခြင်းအတွက် တနေ့ကို တကြိမ် သို့မဟုတ် နှစ်ကြိမ် သုံးစွဲနိုင်ပါတယ်။
အသက်၂နှစ်အောက်ကလေးတွေမှာ Akurza® ဘယ်ပုံစံကိုမှ အသုံးမပြုရပါဘူး။
Akurza Cream And Lotion (အကာဇာ) ကိုဘယ်လိုရရှိနိုင်သလဲ
Akurza® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- Akurza® ခရင်မ် 6%
Akurza® လိုးရှင်း။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Akurza® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။