ကလေးကဖျားနာနေမယ်ဆိုရင်လည်း တိုက်ပေးလို့ရပါတယ်။ ဒါပေမယ့် ကလေးကိုစိတ်ထင်တိုင်းမတိုက်ဖို့နဲ့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှတိုက်ဖို့တော့ အမြဲသတိရပေးပါ။မွေးကင်းစကလေးတွေကိုတော့ မတိုက်ပါနဲ့။
ဖျားနာပြီဆိုရင်ဖြစ်ဖြစ် အဆစ်တွေထဲကနာကျင်ရင်ဖြစ်ဖြစ်ဆေးသောက်မယ်၊လို့တွေးလိုက်ရင် အရင်ဆုံးပြေးမြင်တာက ပါရာစီတမောပါ။ ကိုယ်ဝန်ဆောင်နေလို့ ပါရာစီတမော မသောက်ရဘူးဆိုတာတော့မရှိပါဘူး။ နည်းနည်းတော့သောက်လို့ရပါတယ်။ရေရှည်စွဲမသောက်ဖို့ သတိပေးပါရစေ။
နို့တိုက်မေမေတွေရောပါရာစီတမောသောက်လို့ရလား
နို့တိုက်နေရချိန်မှာ ဖျားနာကိုက်ခဲတဲ့အခါ ဘာဆေးများသောက်ရမလဲလို့တွေးလိုက်ရင် ပါရာစီတမောကို အရင်ပြေးမြင်မယ်ထင်ပါတယ်။ပြီးရင် ထပ်တွေးမိတာကသောက်လို့မှရပါ့မလားပေါ့။သောက်လိုက်ရင် နို့ကနေတဆင့်ကလေးဆီရောက်ပြီး ကလေးကိုထခိုက်မှာစိုးတာလေ။ဆေးပမာဏခပ်နည်းနည်းလောက်က ကလေးကို မထိခိုက်စေနိုင်ပါဘူး။ရေရှည်စွဲသောက်တာ ပမာဏအများကြီးသောက်တာမျိုးမဟုတ်ရင် အဆင်ပြေပါတယ်နော်။ ပိုသေချာချင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါနော်။
ပါရာစီတမောကို အခြားဆေးတွေနဲ့တွဲသောက်လို့ရလား
ပါရာစီတမောကို ပါရာစီတမောထည့်သွင်းထုတ်လုပ်ထားတဲ့ အခြားသောဆေးဝါးတွေနဲ့တော့ တွဲမသောက်သင့်ပါဘူး။ခေါင်းကိုက်သက်သာစေတဲ့ဆိုတဲ့ဆေးတွေ၊ အဖျားပျောက်စေတဲ့ဆိုတဲ့ဆေးတွေ၊ချောင်းဆိုးပျောက်ဆေးတွေနဲ့ ပါရာစီတမောကိုတွဲမသောက်သင့်ပါဘူး။ ဒီလိုတွဲသောက်တာက အသည်းပျက်စီးစေနိုင်ပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ပါရာစီတမောကို Antibioticsတွေနဲ့တွဲသောက်လို့ရပါတယ်။
ဘယ်လိုအနေအထားမှာ မသောက်သင့်ဘူးလဲ
- တကယ်လို့ ပါရာစီတမောဓါတ်မတည့်မှုရှိနေမယ်ဆိုရင်
- အခြားသောပါရာစီတမောပါတဲ့ဆေးတွေသောက်ထားတဲ့အချိန်
- အသည်းရောဂါခံစားနေရတယ်ဆိုရင်
- ကျောက်ကပ်ရောဂါခံစားနေရတယ်ဆိုရင်
- အရက်သောက်တာကြောင့်ရောဂါတစ်ခုခုခံစားနေရတယ်ဆိုရင်
- အရမ်းပိန်လွန်းနေတယ်ဆိုရင်
ဖြစ်နိုင်တဲ့ဘေးထွက်ဆိုကျိုးတွေကရော
လူတစ်ယောက်နဲ့တစ်ယောက်မှာဆေးရဲ့ဓါတ်ပြုပုံချင်းကကွာနိုင်ပါတယ်။ အခုပြောတဲ့အရာတွေကိုလူတိုင်းကြုံမယ်လို့မဆိုလိုပါဘူး။
- ဓါတ်မည့်တာကြောင့် အရေပြားမှာ အနီအပိန့်တွေထွက်တာ၊ရောင်ရမ်းတာတွေဖြစ်လာနိုင်ပါတယ်။
- အင်ပြင်တွေထွက်နိုင်ပါတယ်။
- သွေးနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုခံစားရနိုင်တယ်။
- အသည်းပျက်စီးနိုင်မယ် (ပါရာစီတမောအလွန်အကျွံသောက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်)
- ကျောက်ကပ်ပျက်စီးနိုင်တယ်(ပါရာစီတမောအလွန်အကျွံသောက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်)
ပါရာစီတမောသောက်ပြီး ကားမောင်းလို့အဆင်ပြေပါ့မလား
ပါရာစီတမောက အိပ်ဆေးမဟုတ်တာကြောင့်ဆေးသောက်ပြီး ကားပုံမှန်မောင်းလို့ရပါတယ်။ ကားမောင်းတာကို မထိခိုက်စေနိုင်ပါဘူး။
အရက်သောက်ထားရင်ရော ပါရာစီတမောသောက်လို့ရလား
အရက်နဲ့တော့ တွဲသောက်လို့မရပါဘူး။ အရက် ဒါမှမဟုတ် အယ်လ်ကိုဟောပါတဲ့သောက်စရာတစ်ခုခုကို ခပ်နည်းနည်းပဲသောက်ထားတာဆိုရင်တော့ ပါရာစီတမောသောက်လို့ရပါတယ်။ ထိခိုက်တာမျိုးမဖြစ်ပါဘူး။
ဘယ်အစားအသောက်တွေနဲ့မတည့်ဘူးလဲ
မတည့်တဲ့အစားအသောက်မရှိပါဘူး။ ပါရာစီတမောမသောက်ခင် ဘာကိုစားစား စားလို့ရပါတယ်။
ကဲ ဖျားတိုင်းသောက်တဲ့ ပါရာစီတမောလေးနဲ့ပတ်သက်ပြီး ဒါလေးတွေကတော့ သိထားလို့မမှားပါဘူးနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။