အသုံးပြုပုံများ
Umcka ကို ဘာအတွက်အသုံးပြုကြသလဲ
သာမန်အအေးမိဖျားနာခြင်း၊လည်ချောင်း/နှာခေါင်း/လေပြွန်ကူးစက်ပိုးဝင်ခြင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ရောဂါလက္ခဏာတွေနဲ့တုပ်ကွေးလက္ခဏာတွေ (ဥပမာချမ်းတုန်ဖျားခြင်း၊ချောင်းဆိုးခြင်း၊ခေါင်းကိုက်ခြင်း၊အသံဝင်ခြင်း၊ရှတတဖြစ်ခြင်း၊ကိုယ်လက်အနည်းငယ်နာကျင်ကိုက်ခဲခြင်း၊လည်ချောင်းနာခြင်း၊နှာခေါင်းပိတ်ခြင်း၊နှာရည်ယိုနှာစေးခြင်းစသည်)ရဲ့ ပြင်းထန်မှုနဲ့ကာလကိုလျှော့ချနိုင်ဖို့အတွက်Umcka® ကိုအသုံးပြုနိုင်ပါတယ်
Umcka ဘယ်လိုသောက်သုံးသင့်သလဲ
Umcka® ဟာဆေးရည်ပုံစံနဲ့လာပြီးပါးစပ်ကသောက်သုံးရတာ ဖြစ်ပါတယ်။
Umcka ဘယ်လိုသိမ်းဆည်းရမလဲ
ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။
Umcka® ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Umcka® ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Umcka® ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Umcka® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။ ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။
Umcka® ကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Umcka အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ဖော်ပြပါအချက်တွေရှိနေရင်ဆေးမသုံးစွဲခင်ဆရာဝန်ကိုကြိုပြောပါ။
- ကိုယ်ဝန်ရှိခြင်းသို့မဟုတ်မိခင်နို့တိုက်ကျွေးနေခြင်း။ ဘာလို့လဲဆိုတော့ကိုယ်ဝန်ရှိချိန်၊နို့တိုက်ချိန်တွေမှာဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကိုပဲသုံးစွဲသင့်တာကြောင့် ဖြစ်ပါတယ်။
- အခြားသောဆေးဝါးတွေသုံးစွဲနေရခြင်း (ဆေးဝါးတွေဆိုရာမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)။
- Umcka® ရဲ့ပါဝင်ပစ္စည်းတွေဒါမှမဟုတ်အခြားသောဆေးဝါးတွေနဲ့ဓါတ်မတည့်ခြင်း။
- အခြားသောနာမကျန်းမှုများ၊ရောဂါပြဿနာများရှိနေခြင်းစတာတွေပဲ ဖြစ်ကြပါတယ်။
ကလေးငယ်များ : ရက်သတ္တပတ်တပတ်လောက်ထိတော့ဒီဆေးကိုစိတ်ချလက်ချသောက်သုံးလို့ရပြီးကာလတာရှည်သုံးစွဲခြင်းနဲ့ပတ်သက်လို့တိကျသေချာစွာသုတေသနပြုထားတဲ့အချက်အလက်တွေမရှိသေးပါဘူး။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Umcka ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Umcka ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဒီဆေးဟာသွေးယိုစီးခြင်းဆိုင်ရာဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Umcka နဲ့ ဓါတ်ပြုနိုင်သလဲ
Umcka® ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ခုခံအားစနစ်ကိုဖိနှိပ်တဲ့ဆေးတွေဟာUmcka® နဲ့ဓါတ်ပြုနိုင်ပါတယ်။
အစားအသောက်တွေနဲ့ အရက်က Umcka နဲ့ ဓါတ်ပြုနိုင်သလား
Umcka® ကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Umcka နဲ့ ဓါတ်ပြုနိုင်သလဲ
Umcka® ဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။ အထူးသဖြင့်သင့်မှာသွေးယိုစီးခြင်းဆိုင်ရာ ပြဿနာတွေရှိနေရင်ပေါ့။Umcka® မှာပါဝင်တဲ့coumarinအမည်ရဓါတ်ပစ္စည်းတမျိုးဟာသွေးခဲခြင်းဖြစ်စဉ်ကို နှေးကွေးစေတဲ့အတွက်သွေးယိုစီးခြင်းကိုပိုလာစေနိုင်ပါတယ်။ သီအိုရီအရတော့Umcka® ဟာသွေးယိုစီးခြင်းဆိုင်ရာရောဂါတွေ၊ပြဿနာတွေကိုပိုဆိုးလာစေနိုင်ပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Umcka ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်ပြီးသူတွေနဲ့အသက်၁၂နှစ်အထက်ကလေးများ : တခါသောက်ရင်လက်ဖက်ရည်ဇွန်းတဇွန်းစာ (၅စီစီ)ကိုတနေ့၄ – ၅ကြိမ်သောက်ပေးနိုင်ပါတယ်။
ကလေးတွေအတွက် Umcka ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အသက်၆ – ၁၁နှစ်အရွယ်ကလေးများ : တခါသောက်ရင်လက်ဖက်ရည်ဇွန်းတဇွန်းစာ (၅စီစီ)ကိုတနေ့၂ – ၄ကြိမ်သောက်ပေးနိုင်ပါတယ်။
အသက်၆နှစ်အောက်ကလေးတွေအနေနဲ့တော့ဆေးမသောက်ခင်မှာဆရာဝန်ထံအရင်မေးမြန်းရပါမယ်။
Umcka ကိုဘယ်လိုရရှိနိုင်သလဲ
Umcka® ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။
- ဆေးရည်ပုံစံ။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Umcka® ကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။