ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

health-tool-icon

နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

60
နားနေချိန်နှလုံးခုန်နှုန်းကို ဘယ်လိုတိုင်းတာမလဲ။

နားနေစဉ် နှလုံးခုန်နှုန်း ဆိုတာ ဘာလဲ။

နားနေစဉ် နှလုံးခုန်နှုန်း ဆိုတာ နားနားနေနေအချိန်မှာ တစ်မိနစ်တွင် ခုန်သည့် နှလုံးခုန်နှုန်းကို ဆိုလိုပါတယ်။ ဆိုလိုတာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အောက်ဆီဂျင်လိုအပ်ချက်ကို ပြည့်မီနိုင်ဖို့ နှလုံးက သွေးအနည်းဆုံးညှစ်နေရတဲ့ အနေအထားပါ။ ပုံမှန်အားဖြင့် တစ်မိနစ်ကို ၆၀-၁၀၀ ခုန်နှုန်းကြားမှာ ရှိပါတယ်။

နားနေစဉ် နှလုံးခုန်နှုန်းကို ဘယ်လိုတိုင်းတာမလဲ။

နားနေစဉ် နှလုံးခုန်နှုန်းကို တိုင်းတာဖို့ အကောင်းဆုံးအချိန်က မနက်ပိုင်း အိပ်ရာက မထခင်ပါ။ သွေးခုန်နှုန်းကို စစ်ဆေးဖို့
အောက်ပါ နည်းလမ်း ၂ခုကို အသုံးပြုနိုင်ပါတယ်။
-လက်ညိုးနဲ့ လက်ခလယ် နှစ်ခုကို ပူးပြီး နောက်လက်တစ်ဖက်ရဲ့ လက်မအောက် လက်ကောက်ဝတ်နေရာမှာ တင်ထားပါ။
-လက်ညိုးနဲ့ လက်ခလယ် နှစ်ခုကို ပူးပြီး လည်ပင်း မေးရိုးအောက် လေပြွန်ရဲ့ ဘေးမှာ ကပ်ထားပါ။ လေပြွန်နှစ်ဖက်လုံးကို မဖိရပါ။
၁၅စက္ကန့်ရေပြီး ၄နဲ့ မြှောက်ရင် နားနေစဉ် နှလုံးခုန်နှုန်းကို ရနိုင်ပါတယ်။

ရှိသင့်တဲ့ နှလုံးခုန်နှုန်းကို ဘာကြောင့် တွက်သင့်တာလဲ။

ရှိသင့်တဲ့ နှလုံးခုန်နှုန်းကို သိထားတာက လေ့ကျင့်ခန်းလုပ်တဲ့အခါ အလွန်အကျွံမလုပ်မိဖို့ ထိန်းပေးရာ ရောက်ပါတယ်။ ရှိသင့်တဲ့ နှလုံးခုန်နှုန်းကို သုံးပြီး လေ့ကျင့်ခန်းစလုပ်တဲ့အခါ ဘယ်လောက်လုပ်သင့်တယ်၊ နှလုံးခုန်နှုန်းကို ဘယ်လောက်ထိ ထိန်းထားသင့်လဲဆိုတာကို သိထားသင့်ပါတယ်။

ရှိသင့်တဲ့ နှလုံးခုန်နှုန်းကို ကျော်သွားရင် ဘာဖြစ်တတ်သလဲ။

နှလုံးသွေးကြောကျဉ်းရောဂါ ဒါမှမဟုတ် နှလုံးသွေးကြောပိတ်နိုင်တဲ့ ပြဿနာမရှိဘူးဆိုရင် အများဆုံး ရှိသင့်တဲ့ နှလုံးခုန်နှုန်းရဲ့ ၈၅%ထိ တိုးလုပ်လို့ ရပါတယ်။ ဒါပေမယ့် ဒီလောက်ပြင်းအား များနေရင် အရိုးအဆစ်တွေ ထိခိုက်နိုင်တယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

ကိုယ်ဝန်ရှိနေရင် နှလုံးခုန်နှုန်း မြန်တတ်သလား။

ကိုယ်ဝန်ရှိနေတဲ့အခါ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေဖို့ သွေးထုထည်က ၃၀−၅၀%ထိ များလာပြီး ကိုယ်ဝန်တလျှောက်လုံးမှာ သွေးပိုညှစ်ရတဲ့အတွက် နှလုံးခုန်နှုန်းလည်း မြန်တတ်ပါတယ်။

advertisement iconadvertisement
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း