အသုံးပြုပုံများ
Sulfarlem (ဆဲလ်ဖာလမ်း) ကို ဘာအတွက်အသုံးပြုကြသလဲ
Sulfarlem® ကို ဆေးကုသမှု၊ ဓါတ်ရောင်ခြည်ကုထုံး နောက်ဆက်တွဲ၊ အသက်ကြီးမှု တို့ကြောင့်ဖြစ်သော သွားရည် အလွန်ထွက်မှုကို ကုသရန် အသုံးပြုသည်။ ၎င်းကို မျက်ရည် အထွက်နည်းခြင်းကို ကုသရန်လည်း အသုံးပြုပါသည်။
Sulfarlem (ဆဲလ်ဖာလမ်း) ဘယ်လိုသောက်သုံးသင့်သလဲ
ဆေးသောက်ရန် အောက်ပါတို့ သိသင့်သည်။
- ဤဆေးကို ညွှန်ကြားထားသည့်အတိုင်း ပါးစပ်မှ သောက်ပါ။
- အချက်အလက်အချို့ကို သေချာမသိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
Sulfarlem (ဆဲလ်ဖာလမ်း) ဘယ်လိုသိမ်းဆည်းရမလဲ
Sulfarlem® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Sulfarlem® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Sulfarlem® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Sulfarlem® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Sulfarlem (ဆဲလ်ဖာလမ်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကို မသုံးမီ သင့်တွင် အောက်ပါတို့ရှိပါက ဆရာဝန်ကို ပြောပြပါ။
- ကုသမှုအတွင်း ဆီးအရောင် မည်းခြင်းသည် ပုံမှန် ဖြစ်သည်။
- ဤဆေးတွင် azo ရောင်ခြည်ပစ္စည်းများပါသဖြင့် ဓါတ်မတည့်သော တုံ့ပြန်မှု ဖြစ်နိုင်သည်။
- ဤဆေးကို ဝမ်းဗိုက်တွင်းရောဂါများတွင် ပေးနိုင် သည်။ ဂျုံမှရသော ကစီဓါတ်တွင် gluten ပါဝင် သော်လည်း အနည်းငယ်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်းဗိုက်တွင်းရောဂါရှိသူများတွင် အသုံးပြုခြင်းသည် ဘေးကင်းပါသည်။
- ဤဆေးတွင် lactose ပါဝင်သည်။ ထို့ကြောင့် ၎င်းကို galactose မခံနိုင်သော လူနာများ၊ Lapp lactase ချို့တဲ့ခြင်း သို့မဟုတ် glucose or galactose ကောင်းစွာ မစုပ်ယူနိုင်သော လူနာများ ( ရှားပါး သော မျိုးရိုးလိုက်သော ရောဂါ) တွင် အသုံးမပြု သင့်ပါ။
- ဤဆေးတွင် sucrose ပါဝင်သည်။ ထို့ကြောင့် ၎င်းကို fructose မခံနိုင်သောလူနာများ၊ glucose and galactose or sucrose/isomaltose ကောင်းစွာ မစုပ်ယူနိုင်သော လူနာများတွင် အသုံး မပြုသင့်ပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Sulfarlem (ဆဲလ်ဖာလမ်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်တွင် Sulfarlem® သုံးခြင်းသည် ဘေးကင်းသလား သေချာ မသိရှိပါ။ Sulfarlem® မသောက်မီ ဖြစ်ပေါ်နိုင်သော ကောင်းကျိုး နှင့် ဆိုးကျိုးကို ချိန်ညှိရန် ဆရာဝန် နှင့် အမြဲ တိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုးများ
Sulfarlem (ဆဲလ်ဖာလမ်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဤဆေး သုံးနေစဉ် ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုး အချို့မှာ-
- ဝမ်းလျှောခြင်း၊ လေပွခြင်း၊ ဖောရောင်ခြင်းစသော အစာခြေခြင်းနှင့်ဆိုင်သော အသေးစားရောဂါများ
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Sulfarlem (ဆဲလ်ဖာလမ်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Sulfarlem® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။
ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Sulfarlem (ဆဲလ်ဖာလမ်း) နဲ့ ဓါတ်ပြုနိုင်သလား
Sulfarlem® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Sulfarlem (ဆဲလ်ဖာလမ်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Sulfarlem® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Sulfarlem (ဆဲလ်ဖာလမ်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ထောက်ခံထားသော ပမာဏမှာ ဆေးပြား ၁ပြား တစ်နေ့ သုံးကြိမ် ဖြစ်ပြီး အစာနှင့် တွဲသောက်ပါ။
ဆေး၏ အကျိုးသောက်ရောက်မှုသည် ကုသမှု ရက်အနည်းငယ်ကြာမှ ရသည်။ ရလဒ်ပေါ်မူတည်ပြီး ဆေး အချိုးအစားကို အလိုက်သင့် ပြောင်းလဲနိုင်သည်။
ကလေးတွေအတွက် Sulfarlem (ဆဲလ်ဖာလမ်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာ များအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Sulfarlem (ဆဲလ်ဖာလမ်း) ကိုဘယ်လိုရရှိနိုင်သလဲ
Sulfarlem® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။
- ဆေးပြား ၁၂၅ မီလီဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Sulfarlem® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။