အသုံးပြုပုံများ
Probenecid ကို ဘာအတွက်အသုံးပြုကြသလဲ
Probenecidကိုအဆစ်အမြစ်ရောင်ရောဂါကာကွယ်ရန်အတွက်သုံးပါတယ်။၎င်းဟာရုတ်တရက်ထဖြစ်ပြီးပြင်းထန်တဲ့အဆစ်အမြစ်ရောင်ရောဂါကိုတော့ကုသပေးမှာမဟုတ်ဘဲရောဂါကိုပိုဆိုးစေမှာဖြစ်ပါတယ်။Probenecidဟာuricosuricsလို့ခေါ်တဲ့ဆေးအုပ်စုတစ်မျိုးထဲမှာပါဝင်ပါတယ်။၎င်းဟာကျောက်ကပ်တွေuric acidကိုစွန့်ထုတ်တာမြန်ဆန်အောင်ကူညီပေးခြင်းအားဖြင့်သင့်ခန္ဓါကိုယ်ထဲရှိuric acidပမာဏကိုလျှော့ချပေးပါတယ်။uric acidပမာဏတွေအလွန်များလာတဲ့အခါအဆစ်တွေထဲမှာပုံဆောင်ခဲတွေအနေနဲ့ဖြစ်လာပြီးအဆစ်အမြစ်ရောင်ရောဂါဖြစ်စေပါတယ်။uric acidပမာဏကိုလျှော့ချခြင်းဟာသင့်ကျောက်ကပ်တွေအတွက်လည်းအထောက်အကူဖြစ်စေပါတယ်။
Probenecidကိုပိုးသတ်ဆေးတွေ(ဥပမာ penicillins)နဲ့တွဲပေးလေ့ရှိပါတယ်။၎င်းဟာသွေးထဲရှိပိုးသတ်ဆေးရဲ့ပမာဏကိုမြင့်တက်စေပြီးပိုးသတ်ဆေးတွေကောင်းကောင်းအလုပ်လုပ်နိုင်အောင်ကူညီပေးပါတယ်။
Probenecidကိုအသက်နှစ်နှစ်အောက်ကလေးငယ်တွေမှာအသုံးမပြုသင့်ပါဘူး။
Probenecid ဘယ်လိုသောက်သုံးသင့်သလဲ
အဆစ်အမြစ်ရောင်ရောဂါကိုကာကွယ်ရန်အတွက်ယခုဆေးကိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းအစာအိမ်ပြသနာတွေကိုလျှော့ချရန်အတွက်ဆေးကိုသောက်ဆေးအဖြစ်အစာသို့မဟုတ်antacidsဆေးတွေနဲ့တွဲပြီးတစ်နေ့နှစ်ကြိမ်သောက်ပါ။ ဆေးသောက်တိုင်းမှာရေတစ်ဖန်ခွက်နဲ့တွဲသောက်တာအကောင်းဆုံးဖြစ်ပြီးကျောက်ကပ်မှာကျောက်တည်ခြင်းကိုကာကွယ်ရန်အတွက်ယခုဆေးကိုသောက်နေစဉ်တစ်နေ့ကိုအနည်းဆုံးနောက်ထပ်ရေ၈ခွက်လောက်သောက်ပါ။ သင့်ကိုအရည်တွေသောက်တာကိုတားမြစ်ထားပါကအခြားနည်းလမ်းများအတွက်ဆရာဝန်ကိုတိုင်ပင်ပါ။ သင့်ဆရာဝန်ကကျောက်ကပ်မှာကျောက်တည်ခြင်းကိုကာကွယ်ရန်အတွက်သင့်ရဲ့ဆီးထဲမှာအက်ဆစ်ပမာဏလျော့နည်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုညွှန်ကြားပါလိမ့်မယ်(ဥပမာဗီတာမင်စီပမာဏအများကြီးသောက်တာကိုရှောင်ကြဉ်ခြင်း)။ သင့်ရဲ့ဆီးထဲမှာအက်ဆစ်ပါဝင်မှုကိုလျော့နည်းစေရန်အတွက်ဆရာဝန်အနေနဲ့သင့်ကိုအခြားဆေးတွေညွှန်ကြားပါလိမ့်မယ်။(ဥပမာ sodium bicarbonate,citrate)
ဆေးပမာဏသည်သင့်ရဲ့အခြေအနေနဲ့ဆေးကုသမှုအပေါ်တုံ့ပြန်မှုတွေပေါ်မူတည်ပါတယ်။ စစချင်းမှာတော့သင့်ဆရာဝန်ကသင့်ကိုဆေးပမာဏနည်းနည်းပဲသောက်ခိုင်းပါလိမ့်မယ်။ အဲနောက်မှာတော့uric acidပမာဏနဲ့သင့်ရဲ့ရောဂါလက္ခဏာတွေပေါ်မူတည်ပြီးဆေးပမာဏကိုထိန်းညှိပါလိမ့်မယ်။ သင့်မှာရောဂါလက္ခဏာတွေလအတော်ကြာမရှိတော့ဘဲuric acidပမာဏကလည်းပုံမှန်ရောက်သွားပြီဆိုရင်ဆရာဝန်အနေနဲ့probenecidပမာဏကိုထိရောက်မှုရှိတဲ့အနည်းဆုံးဆေးပမာဏအထိလျှော့ချပါလိမ့်မယ်။ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုသတိထားပြီးလိုက်နာပါ။
Probenecidကိုရုတ်တရက်ထဖြစ်ပြီးပြင်းထန်တဲ့အဆစ်အမြစ်ရောင်ရောဂါဖြစ်နေစဉ်မသုံးသင့်ပါဘူး။ ယခုဆေးကိုစမသုံးခင်သင့်ရဲ့လက်ရှိရောဂါပျောက်အောင်စောင့်ပါ။ ယခုဆေးကိုစသောက်ပြီးတဲ့အခါခန္ဓါကိုယ်အနေနဲ့uric acidပမာဏအများကြီးကိုစွန့်ထုတ်နေစဉ်သင့်အနေနဲ့အဆစ်အမြစ်ရောင်ရောဂါအကြိမ်အရေအတွက်ပိုများလာတာကိုလပေါင်းများစွာခံစားရမှာဖြစ်ပါတယ်။Probenecidကိုသောက်နေစဉ်သင့်မှာအဆစ်အမြစ်ရောင်ရောဂါရလာပါကအဆစ်အမြစ်ရောင်ရောဂါရဲ့အနာသက်သာစေဖို့အတွက်ယခုဆေးကိုအခြားဆေးတွေနဲ့တွဲပြီးဆက်သောက်ပါ။
Probenecidဟာအနာသက်သာစေတဲ့ဆေးမဟုတ်ပါဘူး။ အဆစ်အမြစ်ရောင်ရောဂါရဲ့အနာသက်သာစေဖို့အတွက်ဆရာဝန်ညွှန်ကြားထားတဲ့အနာသက်သာဆေးတွေ(ဥပမာ colchicine,ibuprofen,indomethacin)ကိုဆက်သောက်ပါ။
သင်ဟာယခုဆေးကိုသင့်ခန္ဓါကိုယ်ထဲရှိပိုးသတ်ဆေးတွေရဲ့ပမာဏကိုမြှင့်တင်ဖို့အတွက်သောက်နေတယ်ဆိုရင်ပိုးသတ်ဆေးကိုဘယ်အချိန်သောက်သင့်ပြီးprobenecidကိုဘယ်အချိန်သောက်သင့်လဲဆိုတာနဲ့ပတ်သက်ပြီးဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုလိုက်နာပါ။
ဆေးရဲ့အကောင်းဆုံးအာနိသင်ကိုရရှိရန်အတွက်ယခုဆေးကိုပုံမှန်သောက်ပါ။ သင်ကောင်းကောင်းမှတ်မိနေစေရန်ဆေးကိုနေ့တိုင်းပုံမှန်အချိန်တစ်ခုမှာသောက်ပါ။
သင့်ရောဂါမသက်သာပါကသို့မဟုတ်ပိုဆိုးလာပါကဆရာဝန်ကိုအကြောင်းကြားပါ။
Probenecid ဘယ်လိုသိမ်းဆည်းရမလဲ
Probenecid ကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Probenecidဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းပုံလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။
Probenecidကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Probenecid အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Probenecidကိုအသုံးမပြုခင်သင့်မှာယခုဆေးနဲ့သို့မဟုတ်အခြားဆေးတွေနဲ့ဓါတ်မတည့်တာမျိုးတွေရှိရင်သင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။ ယခုဆေးမှာဆေးနဲ့ဓါတ်မတည့်တာတွေသို့မဟုတ်တခြားဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါတတ်ပါတယ်။ အသေးစိတ်အတွက်သင့်ရဲ့ဆေးဝါးကျွမ်းကျင်သူကိုပြောပြပါ။
သင့်မှာအချို့ရောဂါတွေရှိပါကယခုဆေးကိုမသုံးသင့်ပါဘူး။ ယခုဆေးကိုမသုံးခင်သင့်မှာသွေးဆဲလ်ပမာဏလျော့နည်းခြင်း(ဥပမာရိုးတွင်းခြင်ဆီကမထုတ်နိုင်သောကြောင့်သွေးအားနည်းသည့်ရောဂါ၊ရိုးတွင်းခြင်ဆီမကောင်းသည့်ရောဂါ)၊ကျောက်ကပ်မှာကျောက်တည်ခြင်း(uric acid)ရောဂါတွေရှိပါကဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုတိုင်ပင်ပါ။
ယခုဆေးကိုမသုံးခင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုသင့်ရဲ့ရောဂါရာဇဝင်အကြောင်းအထူးသဖြင့်ကင်ဆာရောဂါကုသခြင်း၊G6PDအင်ဇိုင်းချို့တဲ့သောရောဂါ၊ကျောက်ကပ်ရောဂါများ(ဥပမာကျောက်ကပ်တွင်ကျောက်တည်ခြင်း၊ပိတ်ဆို့ခြင်း)၊အူမှာအနာဖြစ်ခြင်းတို့အကြောင်းကိုပြောပြပါ။
ယခုဆေးဟာသင့်ကိုမူးဝေစေပါတယ်။ အရက်နဲ့ဆေးခြောက်တွေသုံးမယ်ဆိုသင့်ကိုပိုပြီးမူးဝေစေမှာပါ။ အဲဒါကြောင့်သင့်အနေနဲ့ကောင်းကောင်းပြန်ပြီးအလုပ်မလုပ်နိုင်သေးသ၍ကားမမောင်းပါနဲ့။ စက်တွေကိုအသုံးမပြုပါနဲ့။ နောက်ပြီးအမြဲတမ်းနိုးကြားတက်ကြွနေရန်လိုအပ်တဲ့အလုပ်တွေကိုမလုပ်ပါနဲ့။ အရက်သေစာသောက်စားခြင်းကိုရှောင်ကြဉ်ပါ။ သင်ဆေးခြောက်တွေသုံးနေတယ်ဆိုရင်သင့်ဆရာဝန်ကိုပြောပြပါ။
ခွဲစိတ်ကုသမှုမခံယူခင်သင့်ရဲ့ဆရာဝန်သို့မဟုတ်သွားဆရာဝန်ကိုသင်ယခုဆေးကိုသုံးနေတဲ့အကြောင်းကိုပြောပြပါ။
သင်အသက်ကြီးလာတာနဲ့အမျှကျောက်ကပ်ရဲ့လုပ်ငန်းတာဝန်တွေလည်းလျော့ကျလာပါတယ်။ အဲအတွက်ကြောင့်ယခုဆေးကိုသုံးနေစဉ်အသက်ကြီးသူတွေအနေနဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအထူးသဖြင့်အစာအိမ်ပြသနာတွေကိုရနိုင်ချေပိုများပါတယ်။
ကိုယ်ဝန်ဆောင်နေစဉ်မှာယခုဆေးကိုလိုအပ်မှသာသုံးသင့်ပါတယ်။ ဆေးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေအကြောင်းကိုဆရာဝန်နဲ့ဆွေးနွေးပါ။
ယခုဆေးဟာမိခင်နို့ရည်ထဲကိုပါလာနိုင်သလားဆိုတာကိုမသိရပါဘူး။ အဲဒါကြောင့်ကလေးနို့မတိုက်ခင်ဆရာဝန်နဲ့တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Probenecid ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကProbenecidကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Bလို့သတ်မှတ်ထားပါတယ်။
FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
A=ဆိုးကျိုးရနိုင်ခြေမရှိပါ
B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ
C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်
D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်
X=ဆေးကိုမသုံးသင့်ပါ
N=မသိပါ
ဘေးထွက်ဆိုးကျိုးများ
Probenecid ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
သင့်ခန္ဓါကိုယ်အနေနဲ့ဆေးကိုထိန်းညှိခြင်းကြောင့်ပျို့ခြင်း၊ခံတွင်းပျက်ခြင်း၊မူးဝေခြင်း၊အန်ခြင်း၊ခေါင်းကိုက်ခြင်း၊သွားဖုံးများနာခြင်း၊ဆီးမကြာခဏသွားခြင်းတွေဖြစ်နိုင်ပါတယ်။ အဲဒီဆိုးကျိုးတွေမပျောက်ပါကသို့မဟုတ်ပိုဆိုးလာပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြပါ။
သင့်ဆရာဝန်ကသင့်ကိုဒီဆေးပေးပြီဆိုတာသင့်အပေါ်မှာဒီဆေးရဲ့ကောင်းကျိုးတွေကဆိုးကျိုးရနိုင်ခြေတွေထက်ပိုများတယ်ဆိုတာကိုသုံးသပ်ပြီးမှပေးတယ်ဆိုတာကိုတော့သတိရပါ။ ယခုဆေးကိုသုံးနေတဲ့သူတော်တော်များများမှာပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေမခံစားရပါဘူး။
ဖြစ်ခဲပြီးပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေရပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ ကျောအောင့်ခြင်း၊ဆီးသွားရင်နာခြင်းသို့မဟုတ်ဆီးသွားရခက်ခဲခြင်း၊ဆီးပမာဏနဲ့အရောင်ပြောင်းလဲခြင်း။
ဖြစ်ခဲပြီးအလွန်ပြင်းထန်တဲ့အောက်ပါဘေးထွက်ဆိုးကျိုးတွေရပါကဆရာဝန်ကိုချက်ချင်းပြောပြပါ။ အလွယ်တကူအညိုအမည်းစွဲခြင်း၊သွေးထွက်ခြင်း၊ကူးစက်ရောဂါပိုးဝင်သောလက္ခဏာများ(ဥပမာ ဖျားခြင်း၊လည်ချောင်းနာခြင်း)၊ပြင်းပြင်းထန်ထန်ဗိုက်အောင့်ခြင်း၊ဝမ်းရောင်ဖျော့ခြင်း၊ပုံမှန်မဟုတ်သောပင်ပန်းနွမ်းနယ်ခြင်း၊ဆီးရေုင်ရင့်ခြင်း၊မျက်လုံးနဲ့အသားများဝါခြင်း။
ယခုဆေးနဲ့အပြင်းအထန်ဓါတ်မတည့်ခြင်းမျိုးကရှားပါတယ်။ ဒါပေမယ့်တကယ်လို့သင့်မှာဆေးနဲ့အပြင်းအထန်ဓါတ်မတည့်တဲ့လက္ခဏာတွေဖြစ်တဲ့အရေပြားမှာအနီကွက်များထွက်ခြင်း၊ယားယံခြင်း၊ဖောရောင်ခြင်း(အထူးသဖြင့်မျက်နှာ၊လျှာနဲ့လည်ချောင်း)၊အလွန်မူးဝေခြင်း၊အသက်ရှူရခက်ခဲခြင်းများရှိပါကဆေးကုသမှုချက်ချင်းခံယူပါ။
အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Probenecid နဲ့ ဓါတ်ပြုနိုင်သလဲ
ယခုဆေးနဲ့ဓါတ်ပြုနိုင်တဲ့ပစ္စည်းတွေကတော့ကင်ဆာရောဂါကုဆေးများ၊ketorolac,dyphylline,methotrexate,pyrazinamide,salicylates(ဥပမာaspirinဆေးပမာဏများများ),zidovudine,ကျောက်ကပ်မှတစ်ဆင့်စွန့်ထုတ်သောဆေးများ(ဥပမာ ceftazidime/avibactam,dapsone,heparin,fosfomycin)တို့ဖြစ်ကြပါတယ်။
အရက်သေစာတွေဟာယခုဆေးရဲ့ထိရောက်မှုအာနိသင်ကိုလျော့ကျစေနိုင်ပါတယ်။ ယခုဆေးကိုသောက်နေစဉ်အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ။
ယခုဆေးဟာအချို့သောဓါတ်ခွဲခန်းစမ်းသပ်ချက်တွေ(ဥပမာဆီးထဲရှိသကြားပမာဏစစ်ဆေးခြင်း)ကိုအနှောင့်အယှက်ပေးနိုင်ပြီးစမ်းသပ်ချက်ရလဒ်အမှားတွေထွက်စေနိုင်ပါတယ်။ သင်ယခုဆေးကိုသုံးနေတယ်ဆိုတာကိုဓါတ်ခွဲခန်းကျွမ်းကျင်ပညာရှင်တွေနဲ့သင့်ရဲ့ဆရာဝန်အားလုံးသိပါစေ။
Probenecidကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အစားအသောက်တွေနဲ့ အရက်က Probenecid နဲ့ ဓါတ်ပြုနိုင်သလား
Probenecidဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Probenecid နဲ့ ဓါတ်ပြုနိုင်သလဲ
Probenecidဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Probenecid ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အဆစ်အမြစ်ရောင်ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ
လက်ရှိခံစားနေရတဲ့အဆစ်အမြစ်ရောင်ရောဂါရုတ်တရက်ထဖောက်တာမသက်သာသရွေ့ဆေးကိုစမပေးသင့်ပါဘူး။
ပထမအကြိမ်အတွက်ဆေးပမာဏ:ဆေး၂၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်နဲ့တစ်ပတ်သောက်ပါ။
ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ:ဆေး၅၀၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်သောက်ပါ။
-တကယ်လို့အဆစ်အမြစ်ရောင်ရောဂါရဲ့လက္ခဏာတွေမသက်သာရင်သို့မဟုတ်၂၄နာရီအတွင်းuric acid စွန့်ထုတ်တဲ့ပမာဏဟာ၇၀၀မီလီဂရမ်အထက်ကိုမရောက်ဘူးဆိုရင်၄ပတ်ကြာတိုင်းဆေး၅၀၀မီလီဂရမ်ကိုလူနာခံနိုင်ရည်ရှိသလောက်တိုးသောက်ရပါမယ်။ သွေးထဲရှိ uric acid ပမာဏပုံမှန်ပြန်ဖြစ်သွားတဲ့အထိဆေးကိုဆက်သောက်ပါ။
အမြင့်ဆုံးဆေးပမာဏ:တစ်နေ့ကိုဆေး၂ဂရမ်
ရှင်းလင်းအကြံပြုချက်များ
-ဆေးကုသနေစဉ်ရုတ်တရက်ရောဂါထဖြစ်ပါကယခုဆေးကိုတူညီတဲ့ဆေးပမာဏအတိုင်းဆက်ပေးသင့်ပြီးရုတ်တရက်ရောဂါထဖြစ်တာကိုထိန်းချုပ်ဖို့အတွက်အခြားသင့်တော်တဲ့ဆေးတစ်မျိုးမျိုးပေးရပါမယ်။
-uric acid တွေဆီးထဲမှာပုံဆောင်ခဲအနေနဲ့ပါလာတာကိုကာကွယ်ရန်အတွက်တစ်နေ့ကိုအရည်နှစ်လီတာသောက်ခြင်းနဲ့ဆီးထဲရှိအက်ဆစ်ပမာဏလျှော့ချခြင်းတို့ပြုလုပ်သင့်ပါတယ်။ ဆီးထဲရှိအက်ဆစ်ပမာဏလျှော့ချခြင်းကိုသွေးထဲမှာရှိတဲ့urateပမာဏပုံမှန်ပြန်ရောက်သွားပြီးပုံဆောင်ခဲဖြစ်ခြင်းတွေလည်းမရှိတော့တဲ့အခါမှရပ်သင့်ပါတယ်။
-ရုတ်တရက်ရောဂါထဖောက်တာတွေ၆လနဲ့အထက်လောက်မရှိတော့ဘဲသွေးထဲရှိurateပမာဏတွေလည်းပုံမှန်အဖြစ်ပြန်ရောက်သွားတဲ့အခါဆေးအာနိသင်ဆက်ထိန်းတဲ့ဆေးပမာဏကို၆လကြာတိုင်း၅၀၀မီလီဂရမ်စီလျှော့သွားရပါမယ်။ ဆေးအာနိသင်ဆက်ထိန်းတဲ့ဆေးပမာဏကိုသွေးထဲရှိurateပမာဏတွေပြန်များလာတဲ့အထိတော့မလျှော့ချသင့်ပါဘူး။
အသုံးပြုခြင်း:အဆစ်အမြစ်ရောင်ရောဂါနဲ့ဆက်စပ်နေတဲ့သွေးထဲရှိuric acid ပမာဏများခြင်းကိုကုသရန်အတွက်သုံးပါတယ်။
Gouty arthritis ရောဂါအတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ
လက်ရှိခံစားနေရတဲ့အဆစ်အမြစ်ရောင်ရောဂါရုတ်တရက်ထဖောက်တာမသက်သာသရွေ့ဆေးကိုစမပေးသင့်ပါဘူး။
ပထမအကြိမ်အတွက်ဆေးပမာဏ:ဆေး၂၅၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်နဲ့တစ်ပတ်သောက်ပါ။
ဆေးအာနိသင်ကိုဆက်ထိန်းရန်ပမာဏ:ဆေး၅၀၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့နှစ်ကြိမ်သောက်ပါ။
-တကယ်လို့အဆစ်အမြစ်ရောင်ရောဂါရဲ့လက္ခဏာတွေမသက်သာရင်သို့မဟုတ်၂၄နာရီအတွင်းuricacidစွန့်ထုတ်တဲ့ပမာဏဟာ၇၀၀မီလီဂရမ်အထက်ကိုမရောက်ဘူးဆိုရင်၄ပတ်ကြာတိုင်းဆေး၅၀၀မီလီဂရမ်ကိုလူနာခံနိုင်ရည်ရှိသလောက်တိုးသောက်ရပါမယ်။ သွေးထဲရှိuricacidပမာဏပုံမှန်ပြန်ဖြစ်သွားတဲ့အထိဆေးကိုဆက်သောက်ပါ။
အမြင့်ဆုံးဆေးပမာဏ:တစ်နေ့ကိုဆေး၂ဂရမ်
ရှင်းလင်းအကြံပြုချက်များ
-ဆေးကုသနေစဉ်ရုတ်တရက်ရောဂါထဖြစ်ပါကယခုဆေးကိုတူညီတဲ့ဆေးပမာဏအတိုင်းဆက်ပေးသင့်ပြီးရုတ်တရက်ရောဂါထဖြစ်တာကိုထိန်းချုပ်ဖို့အတွက်အခြားသင့်တော်တဲ့ဆေးတစ်မျိုးမျိုးပေးရပါမယ်။
-uricacidတွေဆီးထဲမှာပုံဆောင်ခဲအနေနဲ့ပါလာတာကိုကာကွယ်ရန်အတွက်တစ်နေ့ကိုအရည်နှစ်လီတာသောက်ခြင်းနဲ့ဆီးထဲရှိအက်ဆစ်ပမာဏလျှော့ချခြင်းတို့ပြုလုပ်သင့်ပါတယ်။ ဆီးထဲရှိအက်ဆစ်ပမာဏလျှော့ချခြင်းကိုသွေးထဲမှာရှိတဲ့urateပမာဏပုံမှန်ပြန်ရောက်သွားပြီးပုံဆောင်ခဲဖြစ်ခြင်းတွေလည်းမရှိတော့တဲ့အခါမှရပ်သင့်ပါတယ်။
-ရုတ်တရက်ရောဂါထဖောက်တာတွေ၆လနဲ့အထက်လောက်မရှိတော့ဘဲသွေးထဲရှိurateပမာဏတွေလည်းပုံမှန်အဖြစ်ပြန်ရောက်သွားတဲ့အခါဆေးအာနိသင်ဆက်ထိန်းတဲ့ဆေးပမာဏကို၆လကြာတိုင်း၅၀၀မီလီဂရမ်စီလျှော့သွားရပါမယ်။ ဆေးအာနိသင်ဆက်ထိန်းတဲ့ဆေးပမာဏကိုသွေးထဲရှိurateပမာဏတွေပြန်များလာတဲ့အထိတော့မလျှော့ချသင့်ပါဘူး။
အသုံးပြုခြင်း:အဆစ်အမြစ်ရောင်ရောဂါနဲ့ဆက်စပ်နေတဲ့သွေးထဲရှိuricacidပမာဏများခြင်းကိုကုသရန်အတွက်သုံးပါတယ်။
ပိုးသတ်ဆေးတွေကိုအထောက်အကူပြုပေးရန်အတွက်အရွယ်ရောက်ပြီးသူသောက်ရန်ဆေးပမာဏ
ဆေး၅၀၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့လေးကြိမ်သောက်ပါ။
ရှင်းလင်းအကြံပြုချက်:ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးအဖွဲ့(CDC)ကgonococcalရောဂါပိုးဝင်ခြင်းကိုကုသတဲ့နေရာမှာယခုဆေးကိုcephalosporinsသို့မဟုတ်ampicillinဆေးတွေနဲ့တွဲမသောက်ဖို့ညွှန်ကြားထားပါတယ်။
အသုံးပြုခြင်း:ပိုးသတ်ဆေးတွေကိုမည်သည့်ပုံစံဖြင့်ပေးသည်ဖြစ်စေpenicillinသို့မဟုတ်ampicillin,methicillin,oxacillin,cloxacillin,ornafcillinစတဲ့ပိုးသတ်ဆေးတွေပမာဏမြင့်တက်စေရန်နဲ့သွေးထဲမှာအချိန်ကြာကြာဆက်ရှိနေနိုင်ရန်အထောက်အကူပြုဖို့အတွက်သုံးပါတယ်။
ကျောက်ကပ်အတွက်ဆေးပမာဏထိန်းညှိခြင်း
အဆစ်အမြစ်ရောင်ရောဂါအတွက်
-နာတာရှည်ကျောက်ကပ်ရောဂါ(CrCl 30mL/minအောက်):ယခုဆေးကိုသုံးရင်ထိရောက်မှုမရှိသောကြောင့်ဆေးကိုသုံးရန်ညွှန်ကြားထားခြင်းမရှိပါ။
-ကျောက်ကပ်လုပ်ငန်းမကောင်းခြင်းအတွက်:ကျောက်ကပ်လုပ်ငန်းမကောင်းတဲ့အချို့လူနာတွေမှာဆေးကိုသတိနဲ့သုံးရပါမယ်။ ဆေးပမာဏလိုအပ်မှုတွေလည်းမြင့်နေနိုင်ပါတယ်။
Penicillin အတွက်အထောက်အကူအဖြစ်သုံးခြင်းအတွက်
-ကျောက်ကပ်လုပ်ငန်းမကောင်းပါကယခုဆေးကိုpenicillinနဲ့တွဲပြီးမသုံးသင့်ပါ။
-ကျောက်ကပ်လုပ်ငန်းမကောင်းတဲ့အသက်ကြီးလူနာတွေမှာယခုဆေးကိုသုံးတဲ့အခါသတိနဲ့သုံးရပါမယ်။ ဆေးပမာဏလျှော့ချခြင်းတွေလည်းလိုအပ်ပါတယ်။ အသေးစိတ်ညွှန်ကြားထားတာမျိုးတော့မရှိပါဘူး။
ဆေးပမာဏထိန်းညှိခြင်း
ဆီးထဲရှိအက်ဆစ်ပမာဏကိုလျှော့ချခြင်း
-uric acid တွေကိုစွန့်ထုတ်မှုပမာဏများနေတဲ့အခါတစ်နေ့ကိုအရည်နှစ်လီတာသောက်ခြင်းနဲ့ဆီးထဲရှိအက်ဆစ်ပမာဏလျှော့ချခြင်းတို့ပြုလုပ်သင့်ပါတယ်။ ဆီးထဲရှိအက်ဆစ်ပမာဏလျှော့ချခြင်းကိုသွေးထဲမှာရှိတဲ့urateပမာဏပုံမှန်ပြန်ရောက်သွားပြီးပုံဆောင်ခဲဖြစ်ခြင်းတွေလည်းမရှိတော့တဲ့အခါမှရပ်သင့်ပါတယ်။
-ဆီးထဲရှိအက်ဆစ်ပမာဏလျော့နည်းနေတာကိုဆက်ထိန်းရန်အတွက်တစ်နေ့ကိုsodium bicarbonate ၃ဂရမ်မှ၇.၅ဂရမ်သို့မဟုတ် potassium bicarbonate ၇.၅ဂရမ်ပေးသင့်ပါတယ်။
-ဆားတွေကိုပေးတဲ့အခါမှာအက်ဆစ်နဲ့ဆားပမာဏမျှခြေမှာရှိနေဖို့အတွက်သတိရှိရှိစောင့်ကြည့်သင့်ပါတယ်။
ပိုးသတ်ဆေးကိုအထောက်အကူပြုရန်အတွက်သုံးခြင်း
Penicillinဆေးစွန့်ထုတ်ခြင်းကိုတားဆီးခြင်းနဲ့ဆေးပမာဏကိုထိန်းသိမ်းတဲ့နေရာမှာprobenecidရဲ့ထိရောက်မှုကိုစစ်ဆေးရန်အတွက်Phenolsulfophthalein(PSP)စွန့်ထုတ်မှုကိုစစ်ဆေးခြင်းပြုလုပ်သင့်ပါတယ်။Probenecidဆေးပမာဏလုံလောက်တဲ့အခါPSPကိုကျောက်ကပ်မှရှင်းထုတ်တဲ့နှုန်းဟာပုံမှန်ထက်ငါးပုံတစ်ပုံလောက်လျော့နည်းသွားပါတယ်။
အခြားရှင်းလင်းအကြံပြုချက်များ
ဆေးသောက်ခြင်းနဲ့ပတ်သက်၍အကြံပြခြက်
ဆေးကိုသောက်ဆေးအဖြစ်သောက်ပါ။
အဆစ်အမြစ်ရောင်ရောဂါအတွက်
-ရေပမာဏကိုလုံလောက်အောင်ထိန်းပါ။(တစ်နေ့ကိုအနည်းဆုံးနှစ်လီတာသောက်ပါ)။sodium bicarbonate နဲ့potassium citrate ကိုသုံးပြီးဆီးထဲရှိအက်ဆစ်ပမာဏကိုလျှော့ချခြင်းလည်းလိုအပ်ပါတယ်။
ဆေးထိန်းသိမ်းဖို့အတွက်လိုအပ်ချက်များ
-ဆေးကိုအလင်းရောင်နဲ့မထိတွေ့အောင်ထားပါ။
ယေဘုယျအားဖြင့်
-ဆေးဒဏ်ကိုအစာအိမ်ကမခံနိုင်ခြင်းဟာဆေးဝါးအဆိပ်သင့်မှုကိုညွှန်ပြနေတာဖြစ်ပြီးဆေးပမာဏကိုလျှော့ချခြင်းအားဖြင့်ကုသလို့ရပါတယ်။
-လက်ရှိခံစားနေရတဲ့အဆစ်အမြစ်ရောင်ရောဂါရုတ်တရက်ထဖောက်တာမသက်သာသရွေ့ဆေးကိုစမပေးသင့်ပါဘူး။ ဆေးကုသနေစဉ်ရုတ်တရက်ရောဂါထဖြစ်ပါကယခုဆေးကိုတူညီတဲ့ဆေးပမာဏအတိုင်းဆက်ပေးသင့်ပြီးရုတ်တရက်ရောဂါထဖြစ်တာကိုထိန်းချုပ်ဖို့အတွက်အခြားသင့်တော်တဲ့ဆေးတစ်မျိုးမျိုးပေးရပါမယ်။
-ယခုဆေးဟာကျောက်ကပ်မှတစ်ဆင့်penicillinဆေးစွန့်ထုတ်ခြင်းကိုတားဆီးပေးပြီးသွေးထဲရှိpenicillinဆေးပမာဏကို၂ဆမှ၄ဆအထိမြင့်တက်စေပါတယ်။
စောင့်ကြည့်လေ့လာခြင်း
အဆစ်အမြစ်ရောင်ရောဂါအတွက်
-ဆေးကုသခြင်းထိရောက်မှုရှိမရှိကိုစစ်ဆေးရန်အတွက်သွေးထဲရှိurtaeပမာဏကိုစစ်ဆေးဖို့လိုအပ်ပါတယ်။
-ဆားအသုံးပြုနေတဲ့လူနာတွေမှာအက်ဆစ်နဲ့ဆားပမာဏမျှချေမှာရှိနေလားဆိုတာကိုစောင့်ကြည့်သင့်ပါတယ်။
လူနာအတွက်အကြံပြုချက်
-လူနာကိုရေလုံလောက်စွာသောက်ရန်၊ဆီးထဲရှိအက်ဆစ်ပမာဏကိုလျှော့ချရန်နဲ့အစားအသောက်ဆိုင်ရာထိန်းချုပ်မှုတွေပြုလုပ်ဖို့ညွှန်ကြားပေးပါ။
-salicylatesဆေးတွေဟာယခုဆေးကြောင့်ဆီးထဲမှာuric acid တွေပါလာတဲ့အာနိသင်ကိုလျော့ကျစေပါတယ်။ အဲဒါကြောင့်အပျော့စားအကိုက်အခဲပျောက်ဆေးတစ်မျုးလိုအပ်ပါကacetaminophenကိုသုံးသင့်ပါတယ်။
ကလေးတွေအတွက် Probenecid ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ပိုးသတ်ဆေးတွေကိုအထောက်အကူပြုရန်အတွက်ကလေးသောက်ရန်ဆေးပမာဏ
အသက်နှစ်နှစ်မှဆယ့်လေးနှစ်ဖြစ်ပြီးကိုယ်အလေးချိန်၅၀ကီလိုဂရမ်အောက်ကလေးများအတွက်
ပထမအကြိမ်အတွက်ဆေးပမာဏ:ဆေး25mg/kg (0.7g/m2)ကိုသောက်ဆေးအဖြစ်တစ်ကြိမ်သောက်ပါ၊
ဆေးအာနိသင်ကိုဆက်ထိန်းခြင်း:ဆေး40mg/kg(1.2g/m2)ကိုသောက်ဆေးအဖြစ်တစ်နေ့လျှင်လေးကြိမ်အညီအမျှခွဲသောက်ပါ။
ကိုယ်အလေးချိန်၅၀ကီလိုဂရမ်အထက်ကလေးများအတွက်
ဆေး၅၀၀မီလီဂရမ်ကိုသောက်ဆေးအဖြစ်တစ်နေ့လေးကြိမ်သောက်ပါ။
ရှင်းလင်းအကြံပြုချက်:ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးအဖွဲ့(CDC)ကgonococcalရောဂါပိုးဝင်ခြင်းကိုကုသတဲ့နေရာမှာယခုဆေးကိုcephalosporinsသို့မဟုတ်ampicillinဆေးတွေနဲ့တွဲမသောက်ဖို့ညွှန်ကြားထားပါတယ်။
အသုံးပြုခြင်း:ပိုးသတ်ဆေးတွေကိုမည်သည့်ပုံစံဖြင့်ပေးသည်ဖြစ်စေpenicillinသို့မဟုတ်ampicillin,methicillin,oxacillin,cloxacillin,ornafcillinစတဲ့ပိုးသတ်ဆေးတွေပမာဏမြင့်တက်စေရန်နဲ့သွေးထဲမှာအချိန်ကြာကြာဆက်ရှိနေနိုင်ရန်အထောက်အကူပြုဖို့အတွက်သုံးပါတယ်။
သတိပြုရမည့်အရာများ
အသက်နှစ်နှစ်အောက်ကလေးငယ်တွေမှာဆေးအသုံးပြုခြင်းကိုတားမြစ်ထားပါတယ်။
Probenecid ကိုဘယ်လိုရရှိနိုင်သလဲ
Probenecid ကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။
- သောက်ဆေးပြားပုံစံ
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Probenecidဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။