အသုံးပြုပုံများ
Premarin ကို ဘာအတွက်အသုံးပြုကြသလဲ
Premarinကိုအမျိုးသမီးတွေသွေးဆုံးတဲ့အခါခံစားရတဲ့လက္ခဏာတွေဖြစ်တဲ့ပူစပ်ပူလောင်ဖြစ်ခြင်း၊မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ပူခြင်းနဲ့စိတ်အနှောင့်အယှက်ဖြစ်ခြင်းတို့ကိုကုသဖို့အတွက်သုံးပါတယ်။ အခြားအသုံးပြုခြင်းတွေကတော့သွေးဆုံးပြီးအမျိုးသမီးတွေမှာအရိုးပွရောဂါကာကွယ်ခြင်းနဲ့သားဥလုပ်ငန်းကောင်းကောင်းအလုပ်မလုပ်နိုင်တဲ့သို့မဟုတ်ခန္ဓါကိုယ်ထဲမှာoestrogenလို့ခေါ်တဲ့အမျိုးသမီးဟော်မုန်းချို့တဲ့တဲ့သူတွေမှာoestrogenအစားထိုးပစ္စည်းတစ်ခုအဖြစ်သုံးပါတယ်။
Premarinကိုတစ်ခါတစ်လေမှာတော့ကင်ဆာရောဂါကုသခြင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်အမျုးသမီးရောအမျိုးသားမှာပါသုံးပါတယ်။
Premarin ဘယ်လိုသောက်သုံးသင့်သလဲ
Premarinကိုသင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျသုံးပါ။ ဆေးညွှန်းမှာပါတဲ့ညွှန်ကြားချက်အားလုံးကိုလိုက်နာပါ။ ယခုဆေးကိုပမာဏတိုးသောက်ခြင်း၊လျှော့သောက်ခြင်းနဲ့ညွှန်ကြားထားသည်ထက်အချိန်ပိုကြာအောင်သောက်ခြင်းများမပြုလုပ်ပါနဲ့။
Premarinဟာသင့်မှာသားအိမ်ခေါင်းကင်ဆာရနိုင်ချေကိုတော့မြင့်တက်စေပါတယ်။ သင်Pramarinဆေးကိုသောက်နေတဲ့အချိန်မှာရောဂါရနိုင်ချေကိုလျှော့ချနိုင်ဖို့အတွက်သင့်ဆရာဝန်အနေနဲ့progestinဆေးကိုသောက်ဖို့ညွှန်ကြားပါလိမ့်မယ်။ မိန်းမကိုယ်မှပုံမှန်မဟုတ်တဲ့သွေးဆင်းမှုတွေရှိပါကဆရာဝန်ကိုချက်ချင်းအကြောင်းကြားပါ။
Premarinကိုတစ်ခါတစ်လေမှာတော့နေ့တိုင်းသောက်ခိုင်းလေ့ရှိပါတယ်။ အချို့အခြေအနေတွေမှာတော့ဆေးကိုပုံစံတစ်မျိုးနဲ့ပေးပါတယ်။ဥပမာဆေးကို၃ပတ်သောက်ပြီး၁ပတ်ပြန်နားခြင်း။ သင့်ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုလိုက်နာပါ။
သင့်ရဲ့ဝမ်းထဲမှာPremarinဆေးပြားရဲ့အစိတ်အပိုင်းတစ်ခုလို့ယူဆရတဲ့အရာတစ်ခုတွေ့ပါကသင့်ဆရာဝန်ကိုပြောပြပါ။
သင့်ဆရာဝန်အနေနဲ့သင်ယခုဆေးကိုဆက်သောက်သင့်မသောက်သင့်ဆုံးဖြတ်ဖို့အတွက်သင့်ရောဂါတိုးတက်မှုကိုပုံမှန်(၃လမှ၆လတစ်ခါ)စစ်ဆေးပါလိမ့်မယ်။ သင့်ရဲ့ရင်သားတွေမှာအလုံးအကျိတ်တွေရှိမရှိကိုလစဉ်မိမိဘာသာစမ်းသပ်ပါ။ ရင်သားဓါတ်မှန်ရိုက်ခြင်းကိုပုံမှန်ပြုလုပ်ပါ။
သင့်အနေနဲ့ခွဲစိတ်ကုသမှုခံယူခြင်း၊ဆေးစစ်မှုများခံယူခြင်းသို့မဟုတ်အိပ်ရာထဲတွင်အနားယူရန်လိုအပ်ပါကPremarinဆေးသုံးခြင်းကိုခဏလောက်ရပ်ထားရပါလိမ့်မယ်။ သင့်ကိုကုသတဲ့ဆရာဝန်သို့မဟုတ်ခွဲစိတ်ဆရာဝန်အနေနဲ့သင်Premarinဆေးသုံးနေတယ်ဆိုတာကိုသိသင့်ပါတယ်။
Premarin ဘယ်လိုသိမ်းဆည်းရမလဲ
Premarinကိုအခန်းအပူချိန်မှာထားတာအကောင်းဆုံးပါ။ တိုက်ရိုက်နေရောင်ထိတွေ့နိုင်သောနေရာနှင့်စိုစွတ်နေတဲ့နေရာတွေကနေဝေးဝေးထားပါ။ ဆေးအာနိသင်မပျက်အောင်ဆေးကိုရေချိုးခန်းနဲ့ရေခဲသေတ္တာထဲကိုမထည့်ထားသင့်ပါ။Premarinဆေးအမျိုးအစားပေါ်မူတည်ပြီးဆေးထိန်းသိမ်းဖို့လိုအပ်ချက်များလည်းကွာခြားနိုင်ပါတယ်။ ဆေးကိုသိမ်းဆည်းဖို့အတွက်ဆေးထုပ်ပေါ်မှာရှိတဲ့ညွှန်ကြားချက်များကိုဖတ်ဖို့အရေးကြီးပါတယ်။ ဒါမှမဟုတ်သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုလည်းမေးမြန်းနိုင်ပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဘေးကင်းဖို့အတွက်ဆေးကိုသူတို့နဲ့ဝေးရာမှာထားသင့်ပါတယ်။
Premarinကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Premarin အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။
အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
Premarin သို့မဟုတ် အခြားဆေးဝါးများ တွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း
တကယ်လို့သင့်မှာအောက်ပါရောဂါတွေရှိပါကPremarinဆေးကိုမသုံးသင့်ပါဘူး။
နှလုံးရောဂါဖောက်သည့်ရာဇဝင်ရှိခြင်း၊လေဖြတ်ခြင်း၊သွေးခဲဖြစ်ခြင်း(အထူးသဖြင့်သင့်အဆုတ်သို့မဟုတ်ခန္ဓါကိုယ်အောက်ပိုင်း)
မိန်းမကိုယ်မှပုံမှန်မဟုတ်သောသွေးဆင်းမှုရှိပြီးဆရာဝန်နဲ့မပြရသေးခြင်း
ရင်သားကင်ဆာ၊သားအိမ်ခေါင်းကင်ဆာသို့မဟုတ်ဟော်မုန်းတစ်ခုခုကြောင့်ရတဲ့ကင်ဆာရောဂါများ
အသည်းရောဂါ
သွေးထွက်ခြင်း၊သွေးမတိတ်ခြင်းပြသနာများ
သင့်မှာကိုယ်ဝန်ရှိနေခြင်းသို့မဟုတ်ကိုယ်ဝန်ဆောင်တော့မည့်အခြေအနေဖြစ်ခြင်း
Estrogemဆေးတွေနဲ့ဓါတ်မတည့်ခြင်း
Premarinဟာနှလုံးရောဂါ၊နှလုံးရောဂါဖောက်ခြင်း၊လေဖြတ်ခြင်း၊ရင်သားကင်ဆာနဲ့သတိမေ့ခြင်းရောဂါတွေမဖြစ်အောင်တော့တားပေးမှာမဟုတ်ပေမယ့်အဲရောဂါတွေရနိုင်ချေကိုတော့မြင့်တက်စေပါတယ်။ ဆေးကိုအချိန်ကြာကြာသုံးပါကသင့်မှာရင်သားကင်ဆာနဲ့သွေးခဲဖြစ်ခြင်းတွေရနိုင်ချေကိုပိုပြီးမြင့်တက်စေမှာပါ။ သင့်မှာရောဂါရနိုင်ချေတွေနဲ့ပတ်သက်ပြီးသိနိုင်ရန်ဆရာဝန်နဲ့တိုင်ပင်ပါ။
Premarinဟာသင့်အတွက်ဘေးကင်းတယ်ဆိုတာသေချာစေရန်သင့်မှာအောက်ပါအခြေအနေတွေရှိပါကဆရာဝန်ကိုပြောပြပါ။
မိန်းမကိုယ်မှပုံမှန်မဟုတ်သောသွေးဆင်းခြင်း
နှလုံးရောဂါ
ပန်းနာရင်ကြပ်ရောဂါ
ဝက်ရူးပြန်ရောဂါသို့မဟုတ်အခြားအတက်ရောဂါ
အသည်းရောဂါသို့မဟုတ်ကျောက်ကပ်ရောဂါ
မွေးရာပါဖောရောင်ခြင်းရောဂါ
သားအိမ်ခေါင်းတစ်ရှူးများသားအိမ်ပြင်ပတွင်တည်နေသောရောဂါ
သိုင်းရွိုက်ရောဂါ
Lupusလို့ခေါ်တဲ့ခုခံအားစနစ်ကခန္ဓါကိုယ်ထဲရှိအစိတ်အပိုင်းတွေကိုပြန်တိုက်သောရောဂါ
သွေးထဲတွင်ကယ်လ်ဆီယမ်ပမာဏများခြင်း
ခေါင်းတစ်ခြမ်းကိုက်ခြင်း
သည်းခြေအိတ်ရောဂါ
နှလုံးသွေးကြောရောဂါရနိုင်ချေကိုမြင့်တက်စေသောအရာများ(ဥပမာဆီးချိုရောဂါ၊ဆေးလိပ်သောက်ခြင်း၊အဝလွန်ခြင်း၊သွေးပေါင်ချိန်တက်ခြင်း၊သွေးထဲတွင်ကိုလက်စရောများခြင်း၊မိသားစုထဲတွင်နှလုံးသွေးကြောရောဂါဖြစ်ဖူးခြင်း၊အသက်၄၀အထက်ဖြစ်ခြင်း၊သားအိမ်ခေါင်းထုတ်ထားခြင်း)
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Premarin ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင်ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ အမေရိကန်နိုင်ငံအစားအသောက်နဲ့ဆေးဝါးစီမံကြီးကြပ်ရေးအဖွဲ့(FDA)ကPremarinကိုကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်Xလို့သတ်မှတ်ထားပါတယ်။
FDAရဲ့ကိုယ်ဝန်ဆောင်နေစဉ်ဆိုးကျိုးရနိုင်ခြေအဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
A=ဆိုးကျိုးရနိုင်ခြေမရှိပါ
B=အချို့သောလေ့လာချက်တွေမှာဆိုးကျိုးရနိုင်ခြေမရှိပါ
C=ဆိုးကျိုးရနိုင်ခြေအနည်းငယ်ရှိသည်
D=ဆိုးကျိုးရရှိမည့်အထောက်အထားများရှိသည်
X=ဆေးကိုမသုံးသင့်ပါ
N=မသိပါ
ဘေးထွက်ဆိုးကျိုးများ
Premarin ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Premarinနဲ့ဓါတ်မတည့်တဲ့အောက်ပါလက္ခဏာတွေခံစားရပါကအရေးပေါ်ဆေးကုသမှုခံယူပါ။ အရေပြားတွင်အဖုအပိန့်များထွက်ခြင်း၊အသက်ရှူရခက်ခဲခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာနဲ့လည်ချောင်းများရောင်ခြင်း။
သင့်မှာအောက်ပါအခြေအနေတွေရှိပါကဆေးသုံးတာကိုရပ်ပြီးဆရာဝန်ချက်ချင်းခေါ်ပါ။
မိန်းမကိုယ်မှပုံမှန်မဟုတ်သောသွေးဆင်းခြင်း
သင့်ရင်သားတွင်အလုံးအကျိတ်စမ်းမိခြင်း
စိတ်ရှုပ်ထွေးခြင်း၊သတိမေ့ခြင်းနဲ့အာရုံစူးစိုက်၍မရခြင်း
နှလုံးဖောက်ခြင်းရဲ့လက္ခဏာများ-ရင်ဘတ်အောင့်ခြင်း၊မေးရိုးနဲ့ပုခုံးများပါနာခြင်း၊ပျို့ခြင်း၊ချွေးထွက်ခြင်း။
အသည်းရောဂါများ-ပျို့ခြင်း၊အစာအိမ်အပေါ်ပိုင်းနာခြင်း၊ယားယံခြင်း၊ပင်ပန်းသလိုခံစားရခြင်း၊ခံတွင်းပျက်ခြင်း၊ဆီးမည်းမည်းသွားခြင်း၊ဝမ်းရောင်ဖျော့ခြင်း၊အသားဝါခြင်း(အရေပြားနဲ့မျက်လုံးများဝါခြင်း)
လေဖြတ်ခြင်းရဲ့လက္ခဏာများ-ရုတ်တရက်ထုံလာခြင်း၊အားနည်းလာခြင်း(အထူးသဖြင့်ခန္ဓါကိုယ်တစ်ခြမ်းတည်း)၊ရုတ်တရက်ပြင်းပြင်းထန်ထန်ခေါင်းကိုက်ခြင်း၊အသံမကွဲပြားတော့ခြင်း၊အမြင်အာရုံမကောင်းခြင်း၊မိမိကိုယ်ကိုဟန်ချက်ညီအောင်မထိန်းနိုင်တော့ခြင်း။
အဆုတ်ထဲသို့သွေးခဲရောက်ခြင်းရဲ့လက္ခဏာများ-ရင်ဘတ်အောင့်ခြင်း၊ရုတ်တရက်ချောင်းဆိုးခြင်း၊တရွှီရွှီမြည်အောင်အသက်ရှူရခြင်း၊အသက်ရှူမြန်ခြင်း၊ချောင်းဆိုးရင်သွေးပါခြင်း။
ခြေထောက်ထဲတွင်သွေးခဲဖြစ်ခြင်းရဲ့လက္ခဏာများ-နာခြင်း၊ရောင်ရမ်းခြင်း၊နွေးလာခြင်းသို့မဟုတ်ခြေတစ်ဖက်သို့မဟုတ်နှစ်ဖက်လုံးနီမြန်းလာခြင်း။
ပုံမှန်ရတတ်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
ရင်သားနာခြင်း၊တင်းတောင့်ခြင်း
ခေါင်းကိုက်ခြင်း
လက်များခြေထောက်များရောင်ရမ်းခြင်း
မိန်းမကိုယ်မှယားယံခြင်း၊အရည်ဆင်းခြင်း၊ဓမ္မတာရာသီပြောင်းလဲခြင်း၊မိန်းမကိုယ်မှသွေးဆင်းမှုနည်းလာခြင်း။
ဆံပင်ကျွတ်ခြင်း
ပျို့ခြင်း၊အန်ခြင်း၊ဗိုက်ဖောင်းခြင်း၊ဗိုက်နာခြင်း
အထက်ပါဘေးထွက်ဆိုးကျိုးများကိုလူတိုင်းခံစားရတာတော့မဟုတ်ပါဘူး။ အထက်မှာမပါတဲ့အခြားဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါသေးတယ်။ သင့်ဆီမှာဘေးထွက်ဆိုးကျိုးတစ်ခုခုရှိတယ်ထင်ပြီးသံသယဝင်နေပါကသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Premarin နဲ့ ဓါတ်ပြုနိုင်သလဲ
Premarinကသင်လက်ရှိသောက်နေတဲ့အခြားဆေးတွေနဲ့ဓါတ်ပြုပြီးဆေးရဲ့ထိရောက်မှုနဲ့ဘေးထွက်ဆိုးကျိုးရနိုင်ခြေကိုပြောင်းလဲနိုင်ပါတယ်။ မလိုလားအပ်တဲ့ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး(စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အစားအသောက်တွေနဲ့ အရက်က Premarin နဲ့ ဓါတ်ပြုနိုင်သလား
Premarinဟာအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုသင့်ရဲ့ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့်မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Premarin နဲ့ ဓါတ်ပြုနိုင်သလဲ
Premarinဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ်ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Premarin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
သွေးဆုံးခြင်းကြောင့်ရတဲ့အလယ်အလတ်သို့မဟုတ်ပြင်းထန်တဲ့vasomotorလက္ခဏာများအတွက်
လူနာတွေကိုထိရောက်မှုရှိတဲ့အနည်းဆုံးဆေးပမာဏနဲ့ကုသသင့်ပါတယ်။ ယေဘုယျအားဖြင့်အမျိုးသမီးတွေကိုတစ်နေ့လျှင်premarinဝ.၃မီလီဂရမ်နဲ့စသင့်ပါတယ်။ လူနာတစ်ယောက်စီရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးဆေးပမာဏထိန်းညှိဖို့လိုပါတယ်။ အဲဒီဆေးပမာဏကိုကျန်းမာရေးစောင့်ရှောက်သူကမကြာခဏပြန်စစ်ပေးနေဖို့တော့လိုပါတယ်။
လူနာအတွက်ဆေးဟာသင့်တော်ပါကPremarinဆေးကိုဆက်တိုက်ပေးရပါမယ်။ ဆေးသောက်နေစဉ်မရပ်ပစ်ရပါ။ သို့မဟုတ်ပုံစံတစ်မျိုးနဲ့မပေးသင့်ပါ။(ဥပမာဆေးကို၂၅ရက်သောက်ပြီး၅ရက်မသောက်ဘဲပြန်နားခြင်း)
သွေးဆုံးခြင်းကြောင့်ရတဲ့အလယ်အလတ်သို့မဟုတ်ပြင်းထန်တဲ့မိန်းမကိုယ်သိမ်သွားခြင်းရောဂါလက္ခဏာများကိုကုသခြင်း
လူနာတွေကိုထိရောက်မှုရှိတဲ့အနည်းဆုံးဆေးပမာဏနဲ့ကုသသင့်ပါတယ်။ ယေဘုယျအားဖြင့်အမျိုးသမီးတွေကိုတစ်နေ့လျှင်premarinဝ.၃မီလီဂရမ်နဲ့စသင့်ပါတယ်။ လူနာတစ်ယောက်စီရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးဆေးပမာဏထိန်းညှိဖို့လိုပါတယ်။ အဲဒီဆေးပမာဏကိုကျန်းမာရေးစောင့်ရှောက်သူကမကြာခဏပြန်စစ်ပေးနေဖို့တော့လိုပါတယ်။
လူနာအတွက်ဆေးဟာသင့်တော်ပါကPremarinဆေးကိုဆက်တိုက်ပေးရပါမယ်။ ဆေးသောက်နေစဉ်မရပ်ပစ်ရပါ။ သို့မဟုတ်ပုံစံတစ်မျိုးနဲ့မပေးသင့်ပါ။(ဥပမာဆေးကို၂၅ရက်သောက်ပြီး၅ရက်မသောက်ဘဲပြန်နားခြင်း)
လိင်အင်္ဂါလုပ်ငန်းကောင်းကောင်းမလုပ်နိုင်ခြင်း၊သားကြောဖြတ်ခြင်းနဲ့သားဥလုပ်ငန်းမလုပ်နိုင်ခြင်းတို့ကြောင့်ရတဲ့oestrogenချို့တဲ့မှုကိုကုသခြင်း
လိုချင်တဲ့အကျိုးသက်ရောက်မှုတွေရရှိနိုင်ရန်Premarinဆေးကိုထိရောက်မှုရှိတဲ့အနည်းဆုံးဆေးပမာဏနဲ့စတင်သင့်ပြီးအဲပမာဏနဲ့ပဲဆက်ထိန်းထားသင့်ပါတယ်။
အမျိုးသမီးလိင်အင်္ဂါကောင်းကောင်းအလုပ်မလုပ်နိုင်ခြင်းအတွက်:တစ်နေ့ကိုဆေးဝ.၃မီလီဂရမ်သို့မဟုတ်ဝ.၆၂၅မီလီဂရမ်ပေးပါ။ အချိန်ပုံစံတစ်ခုနဲ့သောက်ပါ။(ဥပမာဆေးကိုသုံးပတ်သောက်ပြီးတစ်ပတ်ပြန်နားခြင်း)
ရောဂါလက္ခဏာတွေရဲ့ပြင်းထန်မှုနဲ့သားအိမ်ခေါင်းကြွက်သားရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးဆေးပမာဏတွေကိုထိန်းညှိပါတယ်။
အမျိုးသမီးများတွင်သားကြောဖြတ်ခြင်းသို့မဟုတ်သားဥလုပ်ငန်းကောင်းကောင်းမလုပ်နိုင်ခြင်းအတွက်:ဆေး၁.၂၅မီလီဂရမ်ကိုအချိန်ပုံစံတစ်ခုနဲ့သောက်ပါ။ ရောဂါလက္ခဏာတွေရဲ့ပြင်းထန်မှုနဲ့လူနာရဲ့တုံ့ပြန်မှုပေါ်မူတည်ပြီးဆေးပမာဏကိုအတိုးအလျှော့ထိန်းညှိပါ။ ဆေးအာနိသင်ကိုဆက်ထိန်းဖို့အတွက်ထိရောက်တဲ့ဆေးအာနိသင်ကိုရစေတဲ့အနိမ့်ဆုံးဆေးပမာဏကိုပေးပါ။
ကင်ဆာရောဂါရှိတဲ့အမျိုးသမီးနဲ့အမျိုးသားတွေမှာရင်သားကင်ဆာ(ရောဂါသက်သာစေရန်အတွက်သာ)ကိုကုသခြင်းအတွက်
ပေးသင့်တဲ့ဆေးပမာဏကတော့ဆေး၁၀မီလီဂရမ်ကိုတစ်နေ့သုံးကြိမ်နဲ့အနည်းဆုံး၃လကြာအောင်သောက်ပါ။
Androgenဟော်မုန်းနဲ့ဆိုင်တဲ့ဆီးကြိတ်ကင်ဆာကိုကုသခြင်းအတွက်(ရောဂါသက်သာစေရန်အတွက်သာ)
ဆေး၁.၂၅မီလီဂရမ်သို့မဟုတ်၁.၂၅မီလီဂရမ်ဆေးနှစ်လုံးကိုတစ်နေ့သုံးကြိမ်သောက်ပါ။ ဆေးရဲ့ထိရောက်မှုကိုphosphataseအင်ဇိုင်းစစ်ဆေးခြင်းနဲ့လူနာရဲ့ရောဂါလက္ခဏာတွေသက်သာလာမှုပေါ်ကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်။
သွေးဆုံးပြီးနောက်အရိုးပွရောဂါရခြင်းကိုကာကွယ်ခြင်း
လူနာအတွက်ဆေးဟာသင့်တော်ပါကPremarinဆေးကိုဆက်တိုက်ပေးရပါမယ်။ ဆေးသောက်နေစဉ်မရပ်ပစ်ရပါ။ သို့မဟုတ်ပုံစံတစ်မျိုးနဲ့မပေးသင့်ပါ။(ဥပမာဆေးကို၂၅ရက်သောက်ပြီး၅ရက်မသောက်ဘဲပြန်နားခြင်း)
လူနာတွေကိုထိရောက်မှုရှိတဲ့အနည်းဆုံးဆေးပမာဏနဲ့ကုသသင့်ပါတယ်။ ယေဘုယျအားဖြင့်အမျိုးသမီးတွေကိုတစ်နေ့လျှင်premarinဝ.၃မီလီဂရမ်နဲ့စသင့်ပါတယ်။ လူနာတစ်ယောက်စီရဲ့တုံ့ပြန်မှုနဲ့အရိုးတွင်းသတ္တုဓါတ်တွေရဲ့သိပ်သည်းဆပြောင်းလဲလာမှုပေါ်မူတည်ပြီးဆေးပမာဏထိန်းညှိဖို့လိုပါတယ်။ အဲဒီဆေးပမာဏကိုကျန်းမာရေးစောင့်ရှောက်သူကမကြာခဏပြန်စစ်ပေးနေဖို့တော့လိုပါတယ်။
ကလေးတွေအတွက် Premarin ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာတွေအတွက်ဆေးပမာဏသတ်မှတ်ထားခြင်းမရှိသေးပါ။ သင့်ကလေးအတွက်ဆေးဟာဘေးမကင်းနိုင်ပါဘူး။ ဆေးကိုမသုံးခင်ဆေးရဲ့ဘေးကင်းမှုကိုအပြည့်အဝနားလည်ထားဖို့အရေးကြီးပါတယ်။ အသေးစိတ်အတွက်သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။
Premarin ကိုဘယ်လိုရရှိနိုင်သလဲ
Premarinဆေးကိုအောက်ပါပုံစံပြင်းအားများနဲ့ရရှိနိုင်ပါတယ်။
ဖလင်အုပ်ထားတဲ့ဆေးပြားပုံစံ:estrogenအစုအပေါင်းဝ.၄၅မီလီဂရမ်ပါဝင်ပါတယ်။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Premarinဆေးကိုသောက်ဖို့လွတ်သွားခဲ့ပါက(မေ့ခဲ့ပါက)သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်ပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။