ကလေးဝမ်းအရောင် ရဲ့ အဓိပ္ပာယ်ကို အွန်လိုင်းကနေ စစ်ဆေးကြည့်မယ်

ကလေးဝမ်းအရောင် ကို ကြည့်ပြီး ကလေးကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်လိုက်ပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။
09/11/2022
health-tool-icon

စတင်ဆန်းစစ်ဖို့ သင့်ကလေးရဲ့ ဝမ်းအနေအထားနဲ့ အနီးစပ်ဆုံးကို အောက်မှာ ရွေးချယ်ပါ

ကိုယ့်ရဲ့ ကလေးက ဖွံ့ဖြိုးနေဆဲအရွယ်၊ နို့မှုန့် သို့မဟုတ် မိခင်နို့ကိုသောက်သုံးနေဆဲအရွယ်၊ အစာအမာ စစားကာစ အရွယ်တို့မှာ ဝမ်းအနေအထားက ပုံမှန်ဟုတ်ရဲ့လား၊ ပုံမှန် မဟုတ်ဘူးလား ဆိုတာကို ဒီဓာတ်ပုံအညွှန်းက ဖော်ပြပေးမှာပါ။ သင့်အနေနဲ့ ဘယ်အချိန်မှာ စိုးရိမ်စရာ မလိုဘူးလဲ၊ ဘယ်အချိန်မှာ စိုးရိမ်ရမလဲဆိုတာ သိလာပါလိမ့်မယ်။

ဝမ်းအရောင်က အမည်းရောင်၊ အနီရောင် သို့မဟုတ် အဖြူရောင်ဖြစ်လာရင် ကလေးဆရာဝန်နဲ့ ချက်ချင်းပြဖို့ လိုအပ်တဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်မှာ ကလေးရဲ့ ဝမ်းသွားတဲ့ အလေ့အထနဲ့ ပတ်သက်ပြီး မေးမြန်းလိုတာရှိရင် ဆရာဝန်ပြဖို့ နှောင့်နှေးမနေပါနဲ့။

ဤပုံသည် စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါသည်။

ဝန်ခံချက်

ယခုကျန်းမာရေးကိရိယာသည် ဆေးပညာအကြံပေးမှုများပြုလုပ်ရန်အတွက်မဟုတ်ဘဲ သတင်းအချက်အလက်ပေးရုံသာဖြစ်ပါသည်။ ယခုကိရိယာကို ဆေးပညာအကြံပေးမှု၊ ရောဂါရှာဖွေမှုနှင့် ကုသမှုများအတွက် အစားထိုးအသုံးပြု၍မရနိုင်ပါ။ Hello Sayarwon ဝက်ဘ်ဆိုဒ်တွင် ဖတ်ရှုထားခြင်းကြောင့် ပရော်ဖက်ရှင်နယ်ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ အကြံပေးချက်များနှင့် ကုသမှုများကို လျစ်လျူရှုခြင်း လုံးဝမပြုလုပ်သင့်ပါ။ သင့်အနေဖြင့် ကျန်းမာရေးအရေးပေါ်ကိစ္စ တစ်ခုခု ဖြစ်ပေါ်သည်ဆိုပါက သင်၏ဆရာဝန် သို့မဟုတ် အရေးပေါ်ဌာနသို့ အမြန်ဆုံး ဆက်သွယ်ပြီး ကုသမှုခံယူပါ။

အမေးအဖြေကဏ္ဍ

ကလေးဝမ်းအရောင် ကို ဘာကြောင့်သိထားသင့်တာလဲ။

ကလေးတွေရဲ့ ဝမ်းအရောင်က တစ်တခါတလေမှာ မိဘတွေ လန့်သွားလောက်တဲ့ အရောင်ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် အသစ်စက်စက်မိဘတွေအတွက်ပေါ့။ ကလေးကျန်းမာရေးအကြောင်းလေ့လာထားတဲ့ မိဘတွေတောင် ရှိသမျှဝမ်းအရောင်တွေအကြောင်း သိဖို့ခက်ပါတယ်။

ကလေးဝမ်းအရောင် ကို ဘာကြောင့်စစ်ဆေးသင့်တာလဲ။

ကလေးက ကြီးလာတာနဲ့အမျှ မိခင်နို့အပြင် ဖြည့်စွက်နို့မှုန့်တွေ၊ ဖြည့်စွက်စာတွေ စားလာကြပါပြီ။ ဒါတွေက ဝမ်းအရောင်နဲ့ ပုံစံကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ ကလေးတွေရဲ့ ဝမ်းအနေအထားကို သိထားခြင်းက ဘယ်ဟာက ပုံမှန်လဲ၊ ဘယ်ဟာက ပုံမှန်မဟုတ်ဘူးလဲဆိုတာကို သိစေနိုင်ပါတယ်။

ကလေးရဲ့ ဝမ်းပုံစံက ပုံမှန်ဆို ဘယ်လိုဖြစ်သင့်လဲ။

မိခင်နို့သောက်တဲ့ ကလေးတွေရဲ့ ဝမ်းက အနံ့သင်းပြီး အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင် ရှိတတ်ပါတယ်။ ခပ်ပျစ်ပျစ် ဒါမှမဟုတ် အစေ့လေးတွေ ပါတတ်ပါတယ်။ တစ်ခါတလေ ဝမ်းသွားသလို အရည်တွေပဲ ဖြစ်တတ်ပါတယ်။ (ဒါပေမယ့် ဝမ်းလျှောသလိုတော့ အနံ့မဆိုးပါဘူး)

ကလေးဝမ်းနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ။

နို့မှုန့်သောက်တဲ့ ကလေးတွေက ဝမ်းချုပ်တတ်ပါတယ်။ နို့မှုန့်သောက်တဲ့ကလေးတွေမှာ ၅ရက်နဲ့အထက် ဝမ်းချုပ်ရင် (မိခင်နို့တိုက်တဲ့ ကလေးတွေမှာ ၃ရက်နဲ့အထက်) ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကလေးက တကယ်ဝမ်းချုပ်တာ ဖြစ်နိုင်ပါတယ်။

နို့သကြား (လက်တို့စ်)နဲ့ ဓာတ်မတည့်တဲ့ ကလေးတွေရဲ့ ဝမ်းက ဘယ်လိုပုံလဲ။

ကလေးရဲ့ ဝမ်းက အရည်တွေပဲ ဖြစ်နေတာ၊ အမြုပ်ပါနေတာ၊ အက်စစ်ဓာတ်ဖြစ်နေတာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အရေပြားမှာ ပွန်းပြီး သေးခံလောင်တာ ဖြစ်တတ်ပါတယ်။

advertisement iconadvertisement
advertisement iconadvertisement
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း