အသုံးပြုပုံများ
Phenergan® (ဖန်နာဂန်) ကို ဘာအတွက်အသုံးပြုကြသလဲ
လှုပ်ရှားရွေ့လျားမှုဆိုင်ရာမူးဝေခြင်း၊ ခွဲစိတ်ကုသပြီးနောက် သို့ မခွဲခင်အခြေအနေစတဲ့ အခြေအနေတွေနဲ့ဆက်နွှယ်တဲ့ မအီမသာဖြစ်ခြင်း၊အန်ခြင်းတွေကို ကာကွယ်ရာမှာနဲ့ ကုသရာမှာသုံးပါတယ်။
အဖိမ့်ထခြင်း၊ ယားခြင်း၊ နှာရည်ယိုခြင်း၊ အင်ပျဉ်ထခြင်း၊ မျက်လုံးအရည်ထွက်ခြင်းစတဲ့ ဓါတ်မတည့်မှုလက္ခဏာတွေကို ကုသဖို့အတွက်အသုံးပြုပါတယ်။ အိပ်ချင်အောင်၊ ခွဲစိတ်မှုအပြီးသို့မပြီးခင်မပြုလုပ်ခင် ကြွက်သားများပြေလျော့စေအောင်၊ meperidineကဲ့သို့သော စိတ်ကိုပြောင်းလဲစေတဲ့အနာသက်သာဆေးတွေရဲ့လုပ်ဆောင်ချက်များ ပိုကောင်းစေရန်အတွက်လည်း အကူအညီပေးပါတယ်။ အအေးမိခြင်းကြောင့်ဖြစ်တဲ့နှာရည်ယိုခြင်းကိုကုသဖို့အတွက်လည်း အချိန်တိုအသုံးပြုနိုင်ပါတယ်။
Phenergan®ကို ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အခြားအသက်ရှူလမ်းကြောင်းအောက်ပိုင်းကူးစက်ပိုးဝင်ခြင်းအတွက် အသုံးမပြုပါဘူး။
Phenergan® (ဖန်နာဂန်) ဘယ်လိုသောက်သုံးသင့်သလဲ
ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသို့ ဆေးညွှန်းစာမှာပါတဲ့အတိုင်း အစာနဲ့တွဲပြီးသို့အစာမပါဘဲ တိတိကျကျအသုံးပြုသင့်ပါတယ်။ နေ့စဉ်၂ြကိမ်ကနေ၄ကြိမ်အထိ အသုံးပြုနိုင်ပါတယ်။ ရွေ့လျားမှုဆိုင်ရာမူးဝေနေမကောင်းခြင်းအတွက် ပထမဆုံးပမာဏကို ခရီးမစခင်မိနစ်၃၀မှ၆၀အတွင်း သောက်ထားသင့်ပါတယ်။
ဓါတ်မတည့်မှုများအတွက် တစ်နေ့တစ်ကြိမ်နေ့စဉ် ညအိပ်ရာဝင်ခါနီးမှာသောက်နိုင်ပါတယ်။ နေ့အချိန်အသုံးပြုရင် မူးဝေခြင်းကိုရစေနိုင်တာကြောင့် ရှောင်ရှားတဲ့အနေနဲ့ဖြစ်ပါတယ်။
ခွဲစိတ်မှုမပြုလုပ်ခင် တစ်ညကြိုပြီးသို့ ခွဲစိတ်မှုမစခင်လေးမှာ အသုံးပြုသင့်ပါတယ်။ နောက်ပိုင်းညွှန်ကြားထားတဲ့အတိုင်း ဆက်သုံးသွားရနိုင်ပါတယ်။
ဆေးပမာဏဘယ်လောက်များများဘယ်လောက်အချိန်အသုံးပြုရမလဲဆိုတာကို သင်ကုသနေတဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်။
Phenergan® (ဖန်နာဂန်) ဘယ်လိုသိမ်းဆည်းရမလဲ
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Phenergan® (ဖန်နာဂန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
- ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
- အခြားဆေးတွေမှီဝဲနေရရင်
- ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
- Phenergan® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
- အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
အသက်၂နှစ်အောက်ကလေးတွေမှာ အသုံးမပြုသင့်ပါဘူး။ အရမ်းငယ်တဲ့ကလေးတွေမှာ ပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ၊ နဲ့ သေဆုံးခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်မရွေးကလေးတွေအတွက် ဒီဆေးပေးတော့မယ်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဂရုတစိုက်လေ့လာသင့်ပါတယ်။
Promethazine သို့ chlorpromazine, fluphenazine, mesoridazine, perphenazine, prochlorperazine, thioridazine, or trifluperazineကဲ့သို့သော အလားတူဆေးတွေနဲ့မတည့်ဘူးဆိုရင် Phenergan® ဆေး အသုံးမပြုသင့်ပါဘူး။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Phenergan® (ဖန်နာဂန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။
FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ
- A=အန္တရာယ်မရှိ
- B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
- C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
- D=အန္တရာယ်ပေးနိုင်ချေရှိသည်။
- X=မသုံးသင့်
- N=မသိ
ဘေးထွက်ဆိုးကျိုးများ
Phenergan® (ဖန်နာဂန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
အိပ်ချင်မူးတူးဖြစ်ခြင်း၊ မူးဝေခြင်း
ဝမ်းချုပ်ခြင်း
နားထဲတွင်အသံမြည်ခြင်း
အမြင်နှစ်ထပ်ဖြစ်ခြင်း
ကြောက်လန့်တုန်လှုပ်ခြင်း
အာခြောက်ခြင်း
မောပန်းခြင်း၊ အိပ်မပျော်ခြင်း
အောကပ်ါလက္ခဏာတွေတွေ့ခဲ့ရင် ဆေးကိုရပ်လိုက်ပြိး ဆရာဝန်ခေါ်သင့်ပါတယ်။
ပြင်းထန်တဲ့အိပ်ချင်မူးတူးဖြစ်ခြင်း၊ အသက်ရှူမဝခြင်း
လစ်ဟာဟာဖြစ်ခြင်း
မရေမရာဖြစ်ခြင်း၊ စိုးရိမ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း
အတက်ရောဂါ
နှလုံးခုန်သံမြန်ခြင်းနှေးခြင်း
အသားမျက်လုံးဝါခြင်း
မျက်နှာမှာ ကြွက်သားလှုပ်ရှားမှုများထိန်းချုပ်မရခြင်း (ဝါးခြင်း၊ နှုတ်ခမ်းတဆတ်ဆတ်တုန်ခြင်း၊ မျက်မှောင်ကျုံ့ခြင်း၊ လျှာလှုပ်ရှားမှု၊ မျက်တောင်ခတ်ခြင်းသို့ မျက်လုံးလှုပ်ရှားမှုများ)
ပေါက်ပြဲသွေးထွက်လွယ်ခြင်း (နှာခေါင်းသွေးထွက်ခြင်း၊ သွားဖုံးသွေးယိုခြင်း)
ရုတ်တရက်အားနည်းခြင်းနေမကောင်းခြင်း၊ ဖျားခြင်း၊ တုန်ခြင်း၊ လည်ချောင်းနာခြင်း၊ ပါးစပ်အနာများ၊ သွားဖုံးနီခြင်းရောင်ခြခင်း၊ မြိုချရခက်ခြင်း
ပြင်းထန်တဲ့အာရုံကြောအဖွဲ့အစည်းဆိုင်ရာ တုန့်ပြန်မှုများ- ကြွက်သားများအလွန်အမင်းတောင့်တင်းခြင်း၊ အဖျားကြီးခြင်း၊ ချွေးထွက်ခြင်း၊ မရေမရာဖြစ်ခြင်း၊ နှလုံးခုန်သံများမြန်ခြင်းမမှန်ခြင်း၊ တုန်ခြင်း၊ လစ်ဟာဟာဖြစ်ခြင်း
မရေမရာဖြစ်ြခ်င်း၊ ပြင်းထန်အိပ်ချင်မူးတူးဖြစ်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးတွေကိုတော့ အသက်ကြီးသူတွေမှာ ပိုတွေ့ရပါတယ်။ အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း။ မျက်နှာ၊နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းရောင်ခြင်းကဲ့သို့သော ဓါတ်မတည့်မှုဆိုင်ရာလက္ခဏာတွေ တွေ့ခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းရယူသင့်ပါတယ်။
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Phenergan® (ဖန်နာဂန်) နဲ့ ဓါတ်ပြုနိုင်သလဲ
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ အပြန်အလှန်တုန့်ပြန်မှုတွေ ဖြစ်နိုင်တဲ့ဆေးတွေကတော့ အရေပြားလိမ်းဆေး antihistamines(diphenhydramineလိမ်းဆေး၊ ခရင်မ်၊ ဖျန်းဆေး) ၊ metoclopramide
အစားအသောက်တွေနဲ့ အရက်က Phenergan® (ဖန်နာဂန်) နဲ့ ဓါတ်ပြုနိုင်သလား
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်ရောဂါအခြေအနေတွေက Phenergan® (ဖန်နာဂန်) နဲ့ ဓါတ်ပြုနိုင်သလဲ
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
အောက်ပါကျန်းမာရေးအခြေအနေတွေနဲ့ အပြန်အလှန်တုန့်ပြန်မှုတွေ ဖြစ်နိုင်ပါတယ်။
Anticholinergic Effects
ပြင်းထန်အရက်အဆိပ်သင့်ခြင်း
နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ
ဗဟိုအာရုံကြောအဖွဲ့အစည်းလုပ်ဆောင်ရည်ကျခြင်း
ဦးခေါင်းဒဏ်ရာ
Antidopaminergic Effects 1
ပန်းနာရင်ကျပ်
ပန်းနာရင်ကျပ်သို့ နာတာရှည်လေပြွန်ပိတ်ဆို့ရောဂါ
ရင်သားကင်ဆာ
ကြွက်သားတုန်းလျော့ခြင်း
သွေးဆိုင်ရာအဆိပ်သင့်မှုများ
အသည်းရောဂါ
NMS
ပါကင်ဆန်ရောဂါ
ကျေက်ကပ်မကောင်းခြင်း
အသက်ရှူလမ်းကြောင်းမကောင်းခြင်း
အတက်ရောဂါ
Tardive Dyskinesiaခန္ဓါကိုယ်လှုပ်ရှားမှုများ ထိန်းချုပ်မရဘဲထပ်ခါထပ်ခါဖြစ်နေခြင်း
Antidopaminergic Effects 2
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Phenergan® (ဖန်နာဂန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဓါတ်မတည့်ခြင်းအတွက်
- အစာချေလမ်းကြောင်းမဟုတ်တဲ့နေရာမှပေးခြင်း- 25 mg အသားဆေးသို့အကြောဆေး၊ တုန့်ပြန်မှုအတွက် အနီးကပ်စောင့်ကြည့်ခြင်း။ ဒီပမာဏကို လိုအပ်မယ်ဆိုရင် ၂နာရီအတွင်း ထပ်တလဲလဲပေးနေရပါမယ်။ နှုတ်မှပေးခြင်းက ဆေးဆက်အသုံးပြုဖို့လိုတဲ့အခါမှသာလျှင် တတ်နိုင်သမျှမြန်မြန်စပေးသင့်ပါတယ်။ ပါးစပ်မှပေးခြင်း- 25 mgပါးစပ်မှ တစ်ကြိမ်။ လိုအပ်မယ်ဆိုရင် လေးနာရီတိုင်းမှာ ထပ်တလဲလဲပေးနေသင့်ပါတယ်။
- စအိုမှပေးခြင်း- 25 mgစအိုမှ တစ်ကြိမ်။ လိုအပ်မယ်ဆိုရင် လေးနာရီတိုင်းမှာ ထပ်တလဲလဲပေးနေသင့်ပါတယ်။
- ပါးစပ်မှ သို့ စအိုမှပေးခြင်း- 12.5 mg အစားမစားမီနဲ့ 25 mgညအိပ်ရာဝင်ခါနီးတွေမှာ လိုအပ်မယ်ဆိုရင်ပေးရပါမယ်။ 25 mgအိပ်ရာဝင်ခါနီး သို့ 6.25 mg to 12.5 mgနေ့စဉ် သုံးကြိမ် တလှည့်စီပြောင်းပေးနိုင်ပါတယ်။
- အကြောဆေးသို့အသားဆေး- 25 mgကို လိုအပ်မယ်ဆိုရင် ၂နာရီအတွင်းထပ်ခါထပ်ခါပေးသင့်ပါတယ်။
ဓါတ်မတည့်မှုကြောင့်ြဖ်စ်သည့် နှာခေါင်းရောင်ခြင်းအတွက်
- အစာချေလမ်းကြောင်းမဟုတ်တဲ့နေရာမှပေးခြင်း- 25 mg အသားဆေးသို့အကြောဆေး၊ တုန့်ပြန်မှုအတွက် အနီးကပ်စောင့်ကြည့်ခြင်း။ ဒီပမာဏကို လိုအပ်မယ်ဆိုရင် ၂နာရီအတွင်း ထပ်တလဲလဲပေးနေရပါမယ်။ နှုတ်မှပေးခြင်းက ဆေးဆက်အသုံးပြုဖို့လိုတဲ့အခါမှသာလျှင် တတ်နိုင်သမျှမြန်မြန်စပေးသင့်ပါတယ်။ ပါးစပ်မှပေးခြင်း- 25 mgညအိပ်ရာဝင်ခါနီး။ ညနေစာမစားခင် နဲ့ ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ
- antihistamine effectsအတွက် တလှည့်စီပေးနိုင်ပတယ်။
- စအိုမှပေးခြင်း- 25 mgညအိပ်ရာဝင်ခါနီး။ ညနေစာမစားခင် နဲ့ ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ
- antihistamine effectsအတွက် တလှည့်စီပေးနိုင်ပတယ်။
- ပါးစပ်မှ သို့ စအိုမှပေးခြင်း- 12.5 mg အစားမစားမီနဲ့ 25 mgညအိပ်ရာဝင်ခါနီးတွေမှာ လိုအပ်မယ်ဆိုရင်ပေးရပါမယ်။ 25 mgအိပ်ရာဝင်ခါနီး သို့ 6.25 mg to 12.5 mgနေ့စဉ် သုံးကြိမ် တလှည့်စီပြောင်းပေးနိုင်ပါတယ်။
- အကြောဆေးသို့အသားဆေး- 25 mgကို လိုအပ်မယ်ဆိုရင် ၂နာရီအတွင်းထပ်ခါထပ်ခါပေးသင့်ပါတယ်။
မပြင်းထန်တဲ့စိတ်ငြိမ်ခြင်းအတွက်
- အစာချေလမ်းကြောင်းမဟုတ်တဲ့နေရာမှပေးခြင်း- 25 mg အသားဆေးသို့အကြောဆေး၊ တုန့်ပြန်မှုအတွက် အနီးကပ်စောင့်ကြည့်ခြင်း။ ထပ်ပြီး50 mgထိတိုးပေးခြင်းဖြင့် လိုချင်တဲ့အကျိုးသက်ရောက်မှုကိုရနိုင်ပါတယ်။
- ပါးစပ်မှပေးခြင်း- 25 mgပါးစပ်မှ တစ်ကြိမ်။ ထပ်ပြီး50 mgထိတိုးပေးခြင်းဖြင့် လိုချင်တဲ့အကျိုးသက်ရောက်မှုကိုရနိုင်ပါတယ်။
- စအိုမှပေးခြင်း- 25 mgစအိုမှ တစ်ကြိမ်။ ထပ်ပြီး50 mgထိတိုးပေးခြင်းဖြင့် လိုချင်တဲ့အကျိုးသက်ရောက်မှုကိုရနိုင်ပါတယ်။
ရွေ့လျားမှုကြောင့်ဖြစ်တဲ့အမူးရောဂါအတွက်
- ပါးစပ်မှ သို့ စအိုမှပေးခြင်း- 25 mgမိနစ်၃၀ကနေ ၆၀အတွင်း ခရီးမစခင်၊ အဲ့နောက်မှာတော့ ၁၂နာရီခြားတစ်ကြိမ်လိုအပ်သလို ပေးနိုင်ပါတယ်။
အရွယ်ရောက်ပြီးသူများမအီမသာဖြစ်ခြင်းအန်ခြင်းအတွက်
- ပါးစပ်မှ၊ စအိုမှ၊ အသားဆေး၊ အကြောဆေး- 12.5 to 25 mg ၄နာရီမှ၆နာရီတိုင်းလိုအပ်သလို အသုံးပြုနိုင်ပါတယ်။
စိတ်ကြွဆေးအဖြည့်အနေနဲ့
- ပါးစပ်မှ၊ စအိုမှ၊ အသားဆေး၊ အကြောဆေး- 25 to 50 mg ၄နာရီမှ၆နာရီတိုင်းလိုအပ်သလို အသုံးပြုနိုင်ပါတယ်။ တတွဲတည်းတိုက်လိုက်တဲ့ opioidsဆေးတွေရဲ့ အကျိုးသက်ရောက်မှုကို အားပေးဖို့ဖြစ်ပါတယ်။
အင်ပျဉ်ထခြင်းအတွက်
- အစာချေလမ်းကြောင်းမဟုတ်တဲ့နေရာမှပေးခြင်း- 25 mg အသားဆေးသို့အကြောဆေး၊ တုန့်ပြန်မှုအတွက် အနီးကပ်စောင့်ကြည့်ခြင်း။ ဒီပမာဏကို လိုအပ်မယ်ဆိုရင် ၂နာရီအတွင်း ထပ်တလဲလဲပေးနေရပါမယ်။ နှုတ်မှပေးခြင်းက ဆေးဆက်အသုံးပြုဖို့လိုတဲ့အခါမှသာလျှင် တတ်နိုင်သမျှမြန်မြန်စပေးသင့်ပါတယ်။ ပါးစပ်မှပေးခြင်း- 25 mgညအိပ်ရာဝင်ခါနီး။ 5 mg ညနေစာမစားခင် နဲ့ ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ
- antihistamine effectsအတွက် တလှည့်စီပေးနိုင်ပတယ်။
- စအိုမှပေးခြင်း- 25 mgညအိပ်ရာဝင်ခါနီး။ 12.5 mg ညနေစာမစားခင် နဲ့ ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ
- antihistamine effectsအတွက် တလှည့်စီပေးနိုင်ပတယ်။
စိတ်ြငိမ်ခြင်းအတွက်
- ပါးစပ်မှ၊ စအိုမှ၊ အသားဆေး၊ အကြောဆေး- 25 to 50 mg
အမူးရောဂါအတွက်
ပြင်းထန်တဲ့အမူးရောဂါအတွက်
- အစပိုင်း- 25 mgအသားဆေး၊ အကြောဆေး၊ ပါးစပ်မှ သို့ ဆေးတောင့်
- ရောဂါထိန်းသိမ်းရန်ဆက်လက်အသုံးပြုသင့်သည့်ပမာဏ- 12.5 to 50 mg ၄နာရီမှ၈နာရီတိုင်း တစ်ကြိမ်
- အများဆုံးနေ့စဉ်ပမာဏက 75 mgထက်မပိုသင့်ပါဘူး။
ကလေးတွေအတွက် Phenergan® (ဖန်နာဂန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဓါတ်မတည့်ခြင်းအတွက်
အသက်၂နှစ်နဲ့ ၂နှစ်အထက်- ပါးစပ်သို့စအိုမှ၊ 0.1 mg/kg/dose၆နာရီတိုင်းတစ်ကြိမ် နေ့အချိန်အတွင်းနဲ့
0.5 mg/kg/doseညအိပ်ရာဝင်ခါနီး လိုအပ်သလိုအသုံးပြုနိုင်ပါတယ်။
ရွေ့လျားမှုဆိုင်ရာအမူးရောဂါအတွက်
အသက်၂နှစ်နဲ့ ၂နှစ်အထက်- ပါးစပ်သို့စအိုမှ၊ 0.5 mg/kg (25 mgထက်မပိုဘဲ) ခရီးမစခင်မိနစ်၃၀မှတစ်နာရီကြိုပြီး ၊ ထို့နောက် လိုအပ်သလို၁၂နာရီတိုင်းမှာ သုံးသင့်ပါတယ်။
မအီမသာဖြစ်ခြင်းသို့အန်ခြင်းအတွက်
အသက်၂နှစ်နဲ့ ၂နှစ်အထက်- ပါးစပ်သို့စအိုမှ၊ 0.5 mg/kg (25 mgထက်မပိုဘဲ) တစ်နေ့၄ကြိမ်မှ၆ကြိမ်အထိလိုအပ်သလိုအသုံးပြုနိုင်ပါတယ်။
စိတ်ငြိမ်ခြင်းအတွက်
အသက်၂နှစ်နဲ့ ၂နှစ်အထက်- ပါးစပ်သို့စအိုမှ၊ 0.5 mg/kg (25 mgထက်မပိုဘဲ) ၆နာရီတိုင်းမှာလိုအပ်သလိုအသုံးပြုနိုင်ပါတယ်။
Phenergan® (ဖန်နာဂန်) ကိုဘယ်လိုရရှိနိုင်သလဲ
အောက်ပါပုံစံနဲ့ရနိုင်ပါတယ်။
- ဆေးပြားဆေးတောင့်- promethazine hydrochloride
- ဆေးထိုးခြင်း- promethazine hydrochloride 25mg in 1Ml
- စအိုအတွင်းထည့်သွင်းဆေးတောင့်ပုံစံ- promethazine Hydrochloride 50mg
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။