အသုံးပြုပုံများ
Lisinopril (လိုင်ဆင်နိုပရေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
angiotensin converting enzymeကို တားမြစ်ပေးတဲ့ဆေးဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေနဲ့ အသက်အနည်းဆုံး၆နှစ်အရွယ်ကလေးတွေအတွက် သွေးတိုးရောဂါကိုကုသဖို့သုံးပါတယ်။
အရွယ်ရောက်ပြီးသူတွေမှာ နှလုံးညှစ်အားနည်းရောဂါကုသဖို့ သို့ နှလုံးရောဂါလူနာတွေမှာ အသက်ရှင်နိုင်ဖို့လည်း သုံးနိုင်ပါတယ်။
Lisinopril (လိုင်ဆင်နိုပရေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ
ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိတိကျကျအသုံးပြုသင့်ပါတယ်။ သင့်ဆေးညွှန်းစာအတိုင်း အကုန်လိုက်နာသင့်ပါတယ်။ အကောင်းဆုံးရလဒ်တွေရနိုင်ဖို့အတွက် သင့်ဆရာဝန်က ဆေးပမာဏကိုပုံမှန်ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ ဆေးပမာဏအများကြီး သို့ အနည်းငယ် သို့ အချိန်ပိုပြီးမသုံးသင့်ပါဘူး။ ဆေးအသုံးပြုနေချိန်မှာ ရေအများကြီးသောက်ပေးပါ။
အစာနဲ့တွဲပြီး သို့ အစာမပါဘဲ အသုံးပြုနိုင်ပါတယ်။
ပမာဏတိုင်းတာတဲ့ပြွန် သို့ ဇွန်းသို့ ခွက်ကိုအသုံးပြုပြီး ဆေးအရည်ကိုတိုင်းတာရမှာ ဖြစ်ပါတယ်။ တိုင်းတာနိုင်ဖို့ကိရိယာတွေမရှိခဲ့ဘူးဆိုရင် ဆေးဝါးကျွမ်းကျင်သူထံမှာ တောင်းနိုင်ပါတယ်။
Lisinopril (လိုင်ဆင်နိုပရေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Lisinopril (လိုင်ဆင်နိုပရေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
- ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
- အခြားဆေးတွေမှီဝဲနေရရင်
- ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
- Lisinopril သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
- အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
သွေးပေါင်မကြာခဏချိန်ပေးဖို့ လိုသလို သွေးခဏခဏစစ်ပေးဖို့လည်း လိုပါတယ်။
အော့အန်ခြင်း သို့ ဝမ်းလျှောခြင်းတွေ သို့ သာမန်ထက်ချွေးပိုထွက်ခြင်းတွေ ဖြစ်ခဲ့မယ်ဆိုရင် ဆရာဝန်နဲ့ဆက်သွယ်သင့်ပါတယ်။ သွေးပေါင်ချိန်တအားကျသွားခြင်း၊ electrolyteကစဉ့်ကလျားဖြစ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတွေကိုဆက် ဖြစ်စေနိုင်ပါတယ်။
ခွဲစိတ်ဖို့လိုမယ်ဆိုရင် Lisinoprilအသုံးပြုနေရကြောင်း ခွဲစိတ်ဆရာဝန်ကို ကြိုပြောပြထားသင့်ပါတယ်။ သင့်သက်တမ်းတစ်လျှောက်လုံး သွေးဖိအားအတွက်ဆေးတွေ သုံးဖို့လိုအပ်နိုင်ပါတယ်။
မျိုးရိုးအလိုက်ပါလာတဲ့ သွေးကြောတုန့်ပြန်မှုကြောင့် ဖြစ်တဲ့
ဖောရောင်ခြင်းရှိခဲ့မယ်ဆိုရင် မသုံးသင့်ပါဘူး။
ဆီးချိုရောဂါရှိခဲ့မယ်ဆိုရင် aliskiren ပါတဲ့ဆေးတွေနဲ့ တွဲမသုံးသင့်ပါဘူး။ (Amturnide, Tekturna, Tekamloကဲ့သို့သောဆေးများ)
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lisinopril (လိုင်ဆင်နိုပရေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။
FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ
- A=အန္တရာယ်မရှိ
- B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
- C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
- D=အန္တရာယ်ပေးနိုင်ချေရှိသည်။
- X=မသုံးသင့်
- N=မသိ
ဘေးထွက်ဆိုးကျိုးများ
Lisinopril (လိုင်ဆင်နိုပရေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့နိုင်ပါတယ်။
- ခေါင်းကိုက်ခြင်း
- မူးဝေခြင်း
- ချောင်းဆိုးခြင်း
- ရင်ဘတ်အောင့်ခြင်း
အောက်ပါလက္ခဏာတွေရှိခဲ့မယ်ဆိုရင်
သင့်ဆရာဝန်ကိုချက်ချင်းဆက်သွယ်သင့်ပါတယ်။
- လစ်ဟာဟာဖြစ်ခြင်း
- ဆီးနည်းခြင်း သို့ ဆီးလုံးဝမသွားခြင်း
- ဖျားခြင်း
- လည်ချောင်းနာခြင်း
- ပိုတက်ဆီယမ်များခြင်းကြောင့် မအီမသာဖြစ်ခြင်း၊ နှလုံးခုန်နှုန်းနှေးခြင်း သို့ မူမမှန်ခြင်း၊ အားနည်းခြင်း၊ လှုပ်ရှားမရခြင်း
- ကျောက်ကပ်ဆိုင်ရာပြဿနာများ ဆီးနည်းခြင်းဆီးလုံးဝမသွားခြင်း၊ ဆီးသွားလျှင်နာခြင်း ဆီးသွားရခက်ခြင်း၊ ခြေထေက်ခြေချင်းဝတ်များဖောရောင်ခြင်း၊ မောပန်းခြင်း အသက်ရှူမြန်ခြင်း
- အသည်းဆိုင်ရာပြဿနာ်များ မအိမသာဖြစ်ခင်း၊ ဗိုက်အောင့်ခြင်း၊ ယားခြင်း၊ မောပန်းခြင်း၊ အစားစားလိုစိတ်မရှိခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ အသားဝါခြင်း ( အရေပြားသို့မျက်လုံးများဝါခြင်း)
အင်ပျဉ်ထခြင်း၊ အပြင်းအထန်ဗိုက်အောင့်ခြင်း ၊အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းများ ဖောရောင်ခြင်းစတဲ့ ဓါတ်မတည့်တဲ့လက္ခဏာတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Lisinopril (လိုင်ဆင်နိုပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။
အောက်ပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။
- Lithium
- A diuretic or “ water pill” ဆီးဆေး
- Gold injections to treat arthritis အဆစ်ရောင်ရောဂါအတွက် ထိုးဆေး
- အင်ဆူလင် သို့ ှဆီးချိုရောဂါအတွက် သောက်ဆေးများ
- A potassium supplement ပိုတက်ဆီယမ်ဖြည့်စွက်စာ
- Medicine to prevent organ transplant rejection – everolimus, sirolimus, tacrolimus, temsirolimus
- NSAIDs (nonsteroidal anti-inflammatory drugs) – aspirin, ibuprofen (Advil, Motrin), naproxen (Aleve), celecoxib, diclofenac, indomethacin, meloxicam, and others.
အစားအသောက်တွေနဲ့ အရက်က Lisinopril (လိုင်ဆင်နိုပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလား
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်ရောဂါအခြေအနေတွေက Lisinopril (လိုင်ဆင်နိုပရေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
- ကျောက်ကပ်ရောဂါ ( သို့မဟုတ် ကျောက်ကပ်သန့်စင်မှုလုပ်နေစဉ်)
- အသည်းရောဂါ
- ဆီးချိုရောဂါ
- သွေးတွင်းပိုတက်ဆီယမ်များခြင်း
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Lisinopril (လိုင်ဆင်နိုပရေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်ပြီးသူများသွေးတိုးရောဂါအတွက်
အစောပိုင်း -10 mgသောက်ဆေး တစ်နေ့တစ်ကြိမ် ၊ 5 mgသောက်ဆေး တစ်နေ့တစ်ကြိမ်
ရောဂါထိန်းသိမ်းရန်ပမာဏ- 20 to 40 mgသေက်ဆေး တစ်နေ့တစ်ကြိမ်
အများဆုံးအသုံးပြုနိုင်သည့်ပမာဏ -80 mgသောက်ဆေး တစ်နေ့တစ်ကြိမ်
နှလုံးသွေးအိုင်နှလုံးအလုပ်မလုပ်နိုင်ခြင်းအတွက်
အစောပိုင်း- 2.5 TO 5 MGတစ်နေ့တစ်ကြိမ် သောက်ဆေး
ရောဂါထိန်းသိမိးရန်ပမာဏ- ဆေးမတိုးတော့ းတာမျိုးတွေကြောင့် ပမာဏတိုးပေးသင့်ပါတယ်။
အများဆုံးအသုံးပြုနိုင်သည့်ပမာဏ- တစ်နေ့တစ်ကြိမ်40 MGသောက်ဆေး
နှလုံးကြွက်သားပြုပ်ခင်းအတွက်
အစောပိုင်း- 5 MGသေက်ဆေး ( ကြွက်သားပုပ်ပြီးပြီးူချင်း ၂၄နှာရီအတွင်း )
ဆက်အသုံးပြုသင့်သည့်ပမာဏ -5 MGသောက်ဆေး ၂၄နှာရီပြီးနောက်ပိုင်း၊ 10 MG သောက်ဆေး ၄၈နာရီကြာပြီးနောက်
ရောဂါထိန်းသိမ်းရန်ပမာဏ -10 MG သောက်ဆေး တစ်နေ့တစ်ကြိမ်၊ အနည်းဆုံး၆ပတ်ဆက်အသုံးပြုသင့်ပါတယ်။
ဆီးချိုကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးခြင်းအတွက်
အစောပိုင်း -10 TO 20 MGသောက်ဆေး တစ်နေ့တစ်ကြိမ်
ရောဂါထိန်းသိမ်းရန်ပမာဏ- 20 TO 40 MGသောက်ဆေးတစ်နေ့တစ်ကြိမ်
၃ရက်တိုင်းမှာ ဆေးပမာဏချိန်ညှိခြင်း လုပ်သင့်ပါတယ်။
အသက်ကြီးသူများသွေးတိုးရောဂါအတွက်
အစောပိုင်း- 2.5 TO 5 MGသောက်ဆေး တစ်နေ့တစ်ကြိမ်
ရောဂါထိန်းသိမ်းရန်ပမာဏ- တစ်ပတ်ကနေနှစ်ပတ်အကြား တစ်နေ့ 2.5 MG TO 5 MGတိုးပေးသင့်ပါတယ်။
အများဆုံးအသုံးပြုနိုင်သည့်ပမာဏ -40 MGသောက်ဆေး တစ်နေ့တစ်ြကိမ်
ကလေးတွေအတွက် Lisinopril (လိုင်ဆင်နိုပရေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးများသွေးတိုးရောဂါအတွက်
အသက်၆နှစ်သို့ ၆နှစ်အထက်ကလေးများအတွက်
အစောပိုင်း -0.07 MG/KGသောက်ဆေး တစ်နေ့တစ်ကြိမ် (အများဆုံးပမာဏ 5 MGတစ်နေ့တစ်ကြိမ်)
ရောဂါထိန်းသိမ်းရန်ပမာဏ -တစ်ပတ်ကနေနှစ်ပတ်အကြား သွေးပေါင်ချိန်အပေါ်မူတည်ပြီး ပမာဏကိုချိန်ပေးသင့်ပါတယ်။
အများဆုံးအသုံးပြုနိုင်သည့်ပမာဏ -0.61 MG/KGအထက် သို့
40 MGအထက် မသုံးသင့်ပါဘူး။
Lisinopril (လိုင်ဆင်နိုပရေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ
အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။
ဆေးပြား 2,5MG; 5MG; 10MG; 20MG
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။