အသုံးပြုပုံများ
Fortrans (ဖော်ထရန်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Fortrans® ကို အထုတ်ငယ်ပုံစံနဲ့လာပြီးတော့ Macrogol-4000 64g, KCl 0.75g, saccharin Na 0.1g, Na bicarbonate 1.68g, NaCl 1.46g, anhydrous Na sulphate 5.7g ပါဝင်ပါတယ်။
သူ့ကို အူမှန်ပြောင်းကြည့်ခြင်း၊ ဓါတ်မှန်ရိုက်ခြင်းနဲ့ အူခွဲစိတ်ခြင်းတွေမှာ အူအတွင်း ပစ္စည်းတွေ မရှိအောင် ရှင်းလင်းခြင်းအတွက် အသုံးပြုပါတယ်။
Fortrans (ဖော်ထရန်စ်) ဘယ်လိုသောက်သုံးသင့်သလဲ
- ဆေးထုတ်တစ်ထုတ်ကို ရေတစ်လီတာနဲ့ ရောပါ။ အစွမ်းထက်ဖို့အတွက် ၃ လီတာကနေ ၄ လီတာအထိ လိုအပ်ပါတယ်။ အရည်ကို အစာနဲ့ ဖြစ်စေ၊ အစာမပါပဲဖြစ်စေ အသုံးပြုနိုင်ပါတယ်။
- Fortrans® ကို ဆရာဝန်ညွှန်ကြားတဲ့ ပမာဏ၊ အချိန်အတိုင်း အသုံးပြုနိုင်ပါတယ်။
- Fortrans® ကို အသုံးမပြုခင် ဆေးအညွှန်းကို သေချာစွာ ဖတ်သင့်ပါတယ်။
နားမလည်တာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။
Fortrans (ဖော်ထရန်စ်) ဘယ်လိုသိမ်းဆည်းရမလဲ
ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Fortrans® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Fortrans® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Fortrans® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Fortrans® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
-ေယဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ
Fortrans® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Fortrans (ဖော်ထရန်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
- Fortrans® ပါတဲ့ ဆေးတွေနဲ့ ဓါတ်မတည့်ရင်
- ဆေးတွေ၊ အစားအစာတွေ၊ ဆိုးဆေးတွေ၊ ထပ်ထည့် ပစ္စည်းတွေ၊ တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်
- အခြား ရောဂါတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Fortrans (ဖော်ထရန်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယေဘူယျအသိပေးချက်
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Fortrans (ဖော်ထရန်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Fortrans® ဟာလည်း အခြားဆေးတွေလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပွားနိုင်ပြီးတော့ ဒီဘေးထွက်ဆိုးကျိုးတွေဟာ အများအားဖြင့် ပြင်းထန်မှု မရှိပဲ ဆေးကုရန်မလိုပါဘူး။ ဒါပေမယ့် ဒီဆေးအသုံးပြုပြီး ပြဿနာတစ်ခုခု ရှိလာခဲ့ရင် ဆရာဝန်ကို ပြသသင့်ပါတယ်။
အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့
- ပျို့ခြင်း
- အန်ခြင်း
- ဗိုက်ကားခြင်း တို့ပဲ ဖြစ်ပါတယ်။
ယေဘူယျအသိပေးချက် – ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Fortrans (ဖော်ထရန်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ
ယေဘူယျအသိပေးချက် – Fortrans® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အစားအသောက်တွေနဲ့ အရက်က Fortrans (ဖော်ထရန်စ်) နဲ့ ဓါတ်ပြုနိုင်သလား
ယေဘူယျအသိပေးချက် – Fortrans® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Fortrans (ဖော်ထရန်စ်) နဲ့ ဓါတ်ပြုနိုင်သလဲ
ယေဘူယျအသိပေးချက် – Fortrans® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
ဒီကျန်းမာရေး အခြေအနေတွေကတော့
- ရေဓါတ်ခန်းခြောက်ခြင်း
- ပြင်းထန်သော နှလုံရောဂါ
- ကင်ဆာရောဂါ
- အူရောဂါ
အခြား အူပိတ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Fortrans (ဖော်ထရန်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Fortrans® ပမာဏကို သေချာသိရှိရန် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
အသက်ကြီးပြီး ကျန်းမာရေးမကောင်းသူတွေကို ဆေးပမာဏ ထိန်းညှိပေးပြီး သေချာစွာ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
ကလေးတွေအတွက် Fortrans (ဖော်ထရန်စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ
Fortrans (ဖော်ထရန်စ်) ကိုဘယ်လိုရရှိနိုင်သလဲ
Fortrans® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- အထုတ်ငယ်, Macrogol 4000 64 g, KCl 0.75 g, saccharin Na 0.1 g, Na bicarbonate 1.68 g, NaCl 1.46 g, anhydrous Na sulphate 5.7 g
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
ယေဘူယျအသိပေးချက် – Fortrans® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။