အသုံးပြုပုံများ
Dermoplast ကို ဘာအတွက်အသုံးပြုကြသလဲ
Dermoplastကိုအများဆုံးအသုံးပြုကြသည်မှာသာမာန်အရေပြား
ရောင်ရမ်းမှုများ၊လည်ချောင်းနာခြင်း၊နေပူလောင်ခြင်း၊သွားကိုက်ခြင်း၊မိန်းမကိုယ်(သို့)စအိုရောင်ရမ်းခြင်း၊ingrowntoenails၊လိပ်ဂေါင်း
ရောဂါနှင့်ခန္ဓါကိုယ်အရေပြားပေါ်မှ အခြားသောသာမာန်နာကျင်
မှုများကြောင့်ဖြစ်သည့် နာကျင်ကိုက်ခဲမှုများသက်သာစေရန်ဖြစ်
သည်။
ခံတွင်း၊နှာခေါင်း၊လည်ချောင်း၊မိန်းမကိုယ်(သို့)စအိုလမ်းကြောင်း
အတွင်းရှိနံရံများ(သို့)အရေပြားအားထုံကျဉ်စေပြီးပိုက်များ(သို့)
အချောင်းများစသောဆေးပညာတွင်သုံးသည့်ပစ္စည်းကိရိယာများ
အားထည့်သွင်းစမ်းသပ်ကုသရာတွင်လည်းသုံးသည်။
Dermoplast® (benzocaine topical)ကိုဆေးပညာတွင်မရေး
သားထားသောအခြားအရာများအတွက်လည်းအသုံးပြုနေကြပါ
သည်။
Dermoplast ဘယ်လိုသောက်သုံးသင့်သလဲ
ဖြစ်ပွားရာနေရာကိုနေ့စဉ်လိမ်းပေးပါ။ ဗူးကို ဖြစ်ပွားရာနေရာမှ
6(သို့)12လက်မအဝေးတွင်ကိုင်ပြီးခလုတ်နှိပ်၍ ဖြန်းပက်ပါ။
မျက်နှာတွင်လိမ်းရန် လက်ဖဝါးတွင်အရည်အားဖြန်းပေးပြီးမှ လိမ်း
ပါ။ မျက်လုံးနှင့်ဆေးထိတွေ့မှုကိုရှောင်ကြဉ်ပါ။
အပေါ်ယံအရေပြားတွင်သာအသုံးပြုရမည်ဖြစ်ပြီးမျက်လုံး၊ခံတွင်း
(သို့)မျက်နှာပေါ်တွင် ဆေးအားမဖြန်းပက်ပါနှင့်။ မရှူသွင်းပါနှင့်။
ဆေးအားတလွဲသုံးသည့်အနေဖြင့်တမင်ရှူသွင်းခြင်းသည် ဘေးရန်
ရှိပြီးသေနိုင်ပါသည်။
ယခုဆေးအားမည်သို့လိမ်းရမည်နှင့်ပတ်သတ်သည့် မေးခွန်းများ
ကိုသင့်ဆရာဝန်အား မေးမြန်းပါ။
Dermoplast ဘယ်လိုသိမ်းဆည်းရမလဲ
Dermoplast® (benzocaine topical ကိုအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။Dermoplast® (benzocaine topical)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေ
မဖြစ်အောင်လို့ Dermoplast® (benzocaine topical)ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Dermoplast® (benzocaine topical)ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။Dermoplast® (benzocaine topical)ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Dermoplast အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအခြေအနေများတွင် သင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်သူနှင့်တိုင်ပင်ဆွေးနွေးမှုများ
ပြုလုပ်သင့်ပါသည်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုဖို့ရည်ရွယ်မိပါက ယခုဆေးအပါအဝင် သင့်ဆရာဝန်
၏ ထောက်ခံချက်ရထားသောဆေးများကိုသာသင်သည်အသုံးပြု
သင့်ပါသည်။
သင်သည်အခြားဆေးဝါးများသောက်သုံးနေပါကလည်း ဆရာဝန်
နှင့်တိုင်ပင်ပါ။ ထိုဆေးများတွင် ဆရာဝန်ခွင့်ပြုချက်မလိုပဲဝယ်ယူရရှိ
နိုင်သောဆေးများ၊ဖြည့်စွက်အားဆေးများနှင့် သဘာဝဆေးဖက်ဝင်
အပင်များလည်းပါဝင်သည်။
သင့်တွင် အခြားသောဆေးများ(သို့) Dermoplast® (benzocaine topical) ၏ ပါဝင်ပစ္စည်းများဖြင့်ဓါတ်မတည့်မှုများရှိပါကလည်းသင့်ဆရာဝန်
နှင့်တိုင်ပင်ပါ။
သင့်တွင် အခြားသောရောဂါများရှိပါကလည်းDermoplast® (benzocaine topical)အသုံးမပြုခင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။
သင့်တွင် methemoglobinemiaရောဂါ၏ လက္ခဏာများဥပမာ
ခေါင်းကိုက်ခြင်း၊ပင်ပန်းနုန်းချိခြင်း၊စိတ်ရှုပ်ထွေးခြင်း၊နှလုံးခုန်မြန်ခြင်း၊မူးမေ့ချင်သလိုဖြစ်ခြင်း(သို့)မောခြင်း၊အရေပြားနှင့်နှုတ်ခမ်းများ၊
လက်သည်းများ ပြာခြင်း၊ဖျော့ခြင်း(သို့)ညိုလာခြင်းစသည်တို့ပေါ်
လာပါကအရေးပေါ်ကျန်းမာရေးအကူအညီကိုချက်ချင်းရယူပါ။
ကျန်းမာရေးအကြံပြုချက်မပါပဲ အသက်2နှစ်အောက်ကလေးများ
တွင် ယခုဆေးအားအသုံးမပြုပါနှင့်။
သင့်တွင် methemoglobinemiaရောဂါသင့်တွင် ရှိဖူးပါကDermoplast® (benzocaine topical)ဆေးအားအသုံးမပြုပါနှင့်။
ထုံဆေးများအလွန်အကျွံပမာဏများစွာသုံးစွဲမိပါကအရေပြားထဲမှ
တဆင့်စုပ်ယူပြီးသွေးထဲသို့ဝင်ကာ သေစေနိုင်သည့်အာနိသင်များ
ကို ဖြစ်ပွားစေနိုင်ပါသည်။ ဆရာဝန်တစ်ဦး၏အကြံပြုချက်မပါပဲ ထုံ
ဆေးများကိုအသုံးပြုစဉ်တွင် ထိုသို့ဖြစ်တတ်ပါသည်။ဥပမာ- လေဆာဖြင့် ဆံပင်နှုတ်ခြင်းကဲ့သို့သောအလှပြင်သည့်လုပ်ငန်းစဉ်
အတွင်းတွင်ဖြစ်သည်။ ဆရာဝန်မပါပဲ အလှပြင်သည့်ထိုကဲ့သို့သော
လုပ်ငန်းစဉ်များကို ပြုလုပ်ခြင်းအားသတိထားပါ။
အောက်ပါတို့ရှိပါကသင့်တွင်ယခုဆေးအားအသုံးပြုမှုသည် ဘေးကင်းမကင်းကိုသင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်ပညာရှင်
အားမေးမြန်းပါ။
ပန်းနာရင်ကြပ်ရောဂါ၊လေပြွန်ရောင်ရမ်းခြင်း၊အဆုတ်ပွခြင်း(သို့)
အခြားသောအသက်ရှူလမ်းကြောင်းရောဂါများ
နှလုံးရောဂါ
Methemoglobinemia ရောဂါရှိဖူးခြင်း(သို့)မွေးရာပါ အင်ဇိုင်းဟုခေါ်သည့် ဓါတ်ကူပစ္စည်းများချို့တဲ့သည့် ရောဂါ
သင်သည်ဆေးလိပ်သောက်တတ်ပါကလည်းသင့်ဆရာဝန်အား
ဆေးအသုံးပြုသင့်မသင့်ကိုမေးမြန်းပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dermoplast ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် စီရှိသည်ဟုသတ်မှတ်ထားသည်။ အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကိုမသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Dermoplast ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Dermoplast® (benzocaine topical)ကိုခံတွင်း(သို့)လည်ချောင်းထဲသို့ရောက်အောင်အသုံးပြုမိပါကရှား
ပါးသောအသက်ရန်ခြိမ်းခြောက်နိုင်သည့် အခြေအနေတစ်ခုဖြစ်
သည့် methemoglobinemiaရောဂါကို ဖြစ်စေတတ်သည်။ ထိုသို့
ဖြစ်ပါကသင့်သွေးကြောထဲရှိအောက်ဆီဂျင်ပမာဏသည် အလွန်
နည်းပါးသွားတတ်ပြီးDermoplast® (benzocaine topical)တစ်ကြိမ်(သို့)အခါပေါင်းများစွာသုံးပြီးနောက်ဖြစ်ပွားတတ်ပါသည်။ ဖြစ်ပွားသောလက္ခဏာများသည် ခံတွင်း(သို့)လည်ချောင်းထဲရောက်အပြီးမိနစ်အနည်းငယ်မှ 2နာရီအထိကြာမြင့်နိုင်သည်။ သင့်တွင်အောက်
ပါလက္ခဏာများရှိပါကအရေးပေါ်ကျန်းမာရေးအကူအညီအားချက်
ချင်းရယူပါ။
ခေါင်းကိုက်ခြင်း၊မောပန်းခြင်း၊စိတ်ရှုပ်ထွေးခြင်း၊နှလုံးခုန်မြန်ခြင်း
မောခြင်း(သို့)မူးမေ့ချင်သလိုဖြစ်ခြင်း
အရေပြား၊နှုတ်ခမ်းများ(သို့)လက်သည်းများပြာလာခြင်း၊ညိုလာခြင်း(သို့)ဖျော့လာခြင်း
အောက်ပါလက္ခဏာများတွေ့ရပါကလည်းအရေးပေါ်ကျန်းမာရေး
အကူအညီကိုချက်ချင်းရယူပါ။
ဓါတ်မတည့်သည့်လက္ခဏာများဥပမာအင်ပျဉ်များထွက်ခြင်း၊အသက်ရှူရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ
(သို့)လည်ချောင်းရောင်ရမ်းခြင်း
သင့်တွင်အောက်ပါတို့ရှိပါကလည်းယခုဆေးအသုံးပြုမှုကိုရပ်ပြီး
သင့်ဆရာဝန်အား ချက်ချင်းပြသခေါ်ဆိုပါ။
ဆေးလိမ်းလိုက်သောနေရာတွင် ထုံကျဉ်ခြင်း၊လောင်ကျွမ်းခြင်း(သို့)ဓါတ်မတည့်သလိုဖြစ်ခြင်း
ရောင်ရမ်းခြင်း၊ပူနွေးလာခြင်း(သို့)နီမြန်းလာခြင်း
အရည်ကြည်ဖုပေါက်လာခြင်း၊သွေးစိမ့်ထွက်လာခြင်း(သို့)ပိုးဝင်သည့်လက္ခဏာများဖြစ်ပေါ်လာခြင်း
အဖြစ်များသောဘေးထွက်ဆိုးကျိုးများတွင် အောက်ပါတို့ပါဝင်ပါ
သည်။
ဆေးလိမ်းလိုက်သောနေရာတွင် ယားယံခြင်း၊ပူလောင်ခြင်း၊ထုံကျဉ်
ခြင်း၊
အရေပြားရောင်ရမ်းနီမြန်းနာကျင်ခြင်း
ဆေးလိမ်းလိုက်သောနေရာတွင် အဖြူရောင် အကွက်ခြောက်များ
ပေါ်လာခြင်း
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Dermoplast နဲ့ ဓါတ်ပြုနိုင်သလဲ
Dermoplast® (benzocaine topical)ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အစားအသောက်တွေနဲ့ အရက်က Dermoplast နဲ့ ဓါတ်ပြုနိုင်သလား
Dermoplast® (benzocaine topical) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Dermoplast နဲ့ ဓါတ်ပြုနိုင်သလဲ
Dermoplast® (benzocaine topical)ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Dermoplast ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်ပြီးသူများနှင့်အသက်2နှစ်နှင့်2နှစ်အထက်ကြီးသူများတွင် ဖြစ်ပွားရာနေရာကိုတစ်နေ့လျှင် 3ကြိမ်မှ 4ကြိမ်အထိသာ
လိမ်းပေးပါ။
ကလေးတွေအတွက် Dermoplast ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အသက်2နှစ်အောက်ငယ်သောကလေးများတွင်အသုံးပြုရမည့်ပမာဏကိုသင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Dermoplast ကိုဘယ်လိုရရှိနိုင်သလဲ
Dermoplast® (benzocaine topical)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- ဖြန်းဆေး
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ် အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Dermoplast® (benzocaine topical)ကိုသုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသုံးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးတာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။