အသုံးပြုပုံများ
Claforan (ကလာဖိုရမ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Claforan® ဟာ ထိုးဆေးအတွက်လာတဲ့ ပေါင်ဒါပုံစံဖြစ်တဲ့ cephalosporin ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါတယ်။
သူ့ကို ဘက်တီးရီးယား ပွားမှုကို ရပ်တန့်ပေးခြင်းကြောင့် ဘက်တီးရီးယား ရောဂါအများစုမှာ အသုံးပြုကြပါတယ်။
Claforan (ကလာဖိုရမ်) ဘယ်လိုသောက်သုံးသင့်သလဲ
ထိုးဆေးအတွက်
- Claforan® ကို ဆေးရုံမှာ ကျန်းမာရေး စောင့်ရှောက်သူထိုးပေးသင့်ပါတယ်။ ပမာဏကိုတော့ ဆရာဝန်က တွက်ချက်ပေးသင့်ပါတယ်။
- Claforan® မသုံးခင်မှာ ဆေးအညွှန်းကို သေချာစွာ ဖတ်သင့်ပါတယ်။
- ဆေးအညွှန်းကို နားမလည်ရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Claforan (ကလာဖိုရမ်) ဘယ်လိုသိမ်းဆည်းရမလဲ
ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Claforan® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Claforan® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Claforan® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Claforan® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ယေဘုယျအသိပေးချက်-ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ။
Claforan® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Claforan (ကလာဖိုရမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ဖေါ်ပြပါ အချက်တွေရှိရင် ဆရာဝန်ကို Claforan® မသုံးခင် ပြောပြသင့်ပါတယ်။
- Claforan® နဲ့ အောက်ဖေါ်ပြပါ cephalosporin ပိုးသတ်ဆေးတွေနဲ့ ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာများ
- Cefaclor (Raniclor)
- Cefadroxil (Duricef)
- Cefazolin (Ancef)
- Cefdinir (Omnicef)
- Cefditoren (Spectracef)
- Cefpodoxime (Vantin)
- Cefprozil (Cefzil)
- Ceftibuten (Cedax)
- Cefuroxime (Ceftin)
- Cephalexin (Keflex)
- Cephradine (Velosef)
- အခြားဆေးတွေ၊ အစားအသောက်တွေ၊ ဆိုးဆေး၊ ထပ်ထည့်ဆေးတွေ၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်ရင်
- အခြား ရောဂါတွေ ရှိရင် ဆရာဝန်ကိုပြောပြပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Claforan (ကလာဖိုရမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Claforan (ကလာဖိုရမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အခြားဆေးတွေလိုပဲ Claforan® သောက်သုံးခြင်းက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ဘေးထွက်ဆိုးကျိုးဖြစ်တာနည်းပြီး ကုသဖို့လဲ မလိုပါဘူး။ ဒါပေမယ့် အောက်ဖေါ်ပြပါ ပြဿနာတွေ ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
- ဝမ်းလျှောခြင်း (ရေလိုမျိုး (သို့) သွေးပါခြင်း)
- အရေပြားအကွက်များ
- အညိုအမဲစွဲခြင်း
- ပြင်းထန်စွာ ထုံကျင်ခြင်း
- နာကျင်ခြင်း
- ကြွက်သား အားနည်းခြင်း
- မညီမျှသော နှလုံးခုန်သံများ
- အဖျားတက်ခြင်း
- ချမ်းတုန်ခြင်း
- ကိုယ်ခန္ဓါ နာကျင်ခြင်း
- တုတ်ကွေး လက္ခဏာများ
- သွေးခြေဥ လွယ်ခြင်း (သို့) သွေးထွက်လွယ်ခြင်း
- ပုံမှန်မဟုတ်သော အားနည်းခြင်းများ
- အဖျားတက်ခြင်း၊ လည်ချောင်းနာခြင်း၊ အဖုထပြီး ခေါင်းကိုက်ခြင်း၊ အရေပြားကွာခြင်း၊ အနီရောင် အကွက်ထခြင်း
- တက်ခြင်း
- အသား (သို့) မျက်လုံးဝါခြင်း
- ဆေးထိုးတဲ့နေရာမှာ နာကျင်ခြင်း၊ ယားယံခြင်း၊ အဖုထခြင်း
- ဗိုက်နာခြင်း
- ပျို့အန်ခြင်း
- ခေါင်းကိုက်ခြင်း
- မိန်းမကိုယ် ယားယံခြင်းနှင့် အရည်ဆင်းခြင်း
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Claforan (ကလာဖိုရမ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Claforan® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အောက်ဖေါ်ပြပါ ဆေးများနဲ့ ဓါတ်ပြုနိုင်ပါတယ်။
- Warfarin
- Probenecid
အစားအသောက်တွေနဲ့ အရက်က Claforan (ကလာဖိုရမ်) နဲ့ ဓါတ်ပြုနိုင်သလား
Claforan® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Claforan (ကလာဖိုရမ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Claforan® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
ဒီရောဂါ အခြေအနေတွေကတော့
- သွေး (သို့) ရိုးတွင်းခြင်ဆီဆိုင်ရာ ပြဿနာများ
- အူရောင်ခြင်း
- ပြင်းထန်စွာ ဝမ်းလျှောခြင်း
- ကျောက်ကပ်ရောဂါ
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Claforan (ကလာဖိုရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဒီဆေးပမာဏနဲ့ ပတ်သက်လို့ ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။
- သွေးတွင်း ဘက်တီးရီးယားပိုးဝင်ခြင်းအတွက်။ ၆ -၈ နာရီခြားတစ်ခါ အကြောဆေး 1 to 2 g ။ အများဆုံးပမာဏ အကြောဆေး2 g ကို ၄ နာရီ တစ်ခါ ၁၄ ရက်။
- ဗိုက်ခွဲမွေးခြင်းအတွက် ။ ပထမတစ်ကြိမ်ကို အကြောဆေး 1 g ချက်ကြိုးဖြတ်ဖြတ်ပြီးချင်းပေးသည်။ ဒုတိယ နှင့် တတိယအကြိမ်ဆေးများကို အကြောဆေး (သို့) အသားဆေး 1 g ပထမဆေးတစ်ကြိမ်ထိုးအပြီး ၆ နာရီ နှင့် ၁၂ နာရီတွင် အသီးသီး ထိုးပေးသင့်သည်။
- ဗဟိုအာရုံကြောစနစ် ပိုးဝင်ခြင်းအတွက်။ အကြောဆေး 2 g ကို ၄-၆နာရီခြားတစ်ခါ။
- သားအိမ် အတွင်းပိုင်းရောင်ရမ်းခြင်း (Endometritis)အတွက် ။ အကြောဆေး (သို့)အသားဆေး 1 to 2 g ၈ နာရီတစ်ခါ
- Epiglottitis (လေပြွန်ဖုံးအရိုးနုရောင်ရမ်းခြင်း) အတွက်။ အကြောဆေး 2 g IV ၆-၈ နာရီတစ်ခါ။ အများဆုံးပမာဏ အကြောဆေး2 g ကို ၄နာရီတစ်ခါ၇ ရက်မှ ၁၀ ရက်ထိ။
- ဝမ်းဗိုက်အတွင်းပိုင်း ပိုးဝင်ခြင်းအတွက်။ အကြောဆေး (သို့) အသားဆေး 1 to 2 g ကို ၆-၈ နာရီတစ်ခါပေးသည်။ အများဆုံးပမာဏ အကြောဆေး 2 g ကို ၄ နာရီတစ်ခါ ၇ ရက်မှ ၁၄ ရက်ထိပေးသည်။
- အရိုးအဆစ်ပိုးဝင်ခြင်း အတွက်။ အကြောဆေး (သို့) အသားဆေး 1 to 2 g ၆ -၈ နာရီတစ်ခါ ။ အများဆုံးပမာဏ အကြောဆေး2 g ကို ၄ နာရီ တစ်ခါပေးသည်။ ကုသမှုကြာချိန် သည် ၁ပတ် မှ ၄ ပတ်ဖြစ်ပြီး ရောဂါပြင်းထန်မှုပေါ်မူတည်သည်။ အချို့ကိစ္စများတွင် အတု ထည့်ထားသော အရိုးအဆစ် ပိုးဝင်ခြင်းအတွက် ၆ ပတ်နဲ့ အထက် ပိုကြာသောကုသမှုလိုအပ်သည်။
- Lyme ရောဂါ – အဆစ်ရောင်ခြင်း။ 2 g အကြောဆေး ၈ နာရီတစ်ခါ။ ကုသမှုကြာချိန် ၁၄ ရက်မှ ၂၈ ရက်ထိ။
- Lyme ရောဂါ- နှလုံးရောင်ခြင်း။ 2 g အကြောဆေး ၈ နာရီတစ်ခါ။ ကုသမှုကြာချိန် ၁၄ ရက်မှ ၂၁ ရက်ထိ။
- For Lyme disease -အာရုံကြောပြဿနာ။2 g အကြောဆေး ၈ နာရီတစ်ခါ။ ကုသမှုကြာချိန် ၁၄ ရက်မှ ၂၈ ရက်ထိ။
- ဦးနှောက်အမြှေးရောင်ရောဂါ။ 2 g အကြောဆေး ၄-၆ နာရီတစ်ခါ ။ ရောဂါ ပြင်းထန်မှုပေါ်မူတည်ပြီး ခန့်မှန်းချေ ၁၄ ရက် ထိကြာနိုင်သည်။
- အရိုးအဆစ်ရောင်ရမ်းခြင်း(osteomyelitis ) အတွက်။1 to 2 g အကြောဆေး (သို့) အသားဆေး ၆-၈ နာရီတစ်ခါ။ အများဆုံးပမာဏ အကြောဆေး 2 g ပမာဏ ၄ နာရီတစ်ခါ။ ကုသမှုကြာချိန် ၄-၆ ပတ်။
- တင်ပါးဆုံတွင်းပိုင်းအင်္ဂါများရောင်ရမ်းသောရောဂါ (pelvic inflammatory disease) အတွက်။ 1 to 2 အကြောဆေး (သို့) အသားဆေး ၆-၈ နာရီတစ်ခါ။ အများဆုံးပမာဏ 2 g အကြောဆေး ၄ နာရီတစ်ခါ ။ ကုသမှုကြာချိန်သည် ရောဂါပြင်းထန်မှုပေါ်မူတည်ပြီး ခန့်မှန်းချေ ကြာချိန် ၁၄ ရက်။
ကလေးတွေအတွက် Claforan (ကလာဖိုရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဒီဆေးပမာဏနဲ့ ပတ်သက်လို့ ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။
၁၃ နှစ်အောက်ကလေး
အာရုံကြောထိနေသော Lyme ရောဂါ အစောပိုင်းအခြေအနေ ၊ အာရုံကြောထိနေသော အဆစ်အမြစ်ရောင်Lyme ရောဂါ (သို့) neuroborreliosis နှောင်းပိုင်းအခြေအနေ အတွက် ။ ။ 150 to 200 mg/kg/day အကြောဆေးကို တစ်ရက် ၃-၄ ကြိမ်ခွဲပေးသည်။ အများဆုံးပမာဏ6 g/day ။ ကုသမှုကြာချိန် ၁၄ ရက်မှ ၂၈ ရက်။
၁၃ နှစ်အထက်
လူကြီးဆေးပမာဏအတိုင်းအသုံးပြုသည်။
Claforan (ကလာဖိုရမ်) ကိုဘယ်လိုရရှိနိုင်သလဲ
Claforan® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- ပေါင်ဒါပုံစံ : 1g, 2 g, 10 g.
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Claforan® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။