အသုံးပြုပုံများ
Rantudil ကို ဘာအတွက်အသုံးပြုကြသလဲ
Rantudil® (acemetacin) ကိုအများဆုံးအသုံးပြုကြသည်မှာ
- ခွဲစိတ်ပြီးနောက် နာခြင်း
- အရိုးအဆစ်ကြွက်သားနှင့်ဆိုင်သောနာကျင်ရောင်ရမ်းခြင်းများ
- အဆစ်ရောဂါများ
- ကျီးပေါင်းတက်ခြင်း
- လေးဖက်နာရောဂါများ
- ခွဲစိတ်မှုများကြောင့်နာခြင်း
Acemetacinသည် cyclo-oxygenase (COX)အင်ဇိုင်း၏အာနိစင်ကိုတားဆီးခြင်းဖြင့် အာနိသင်ပြပါသည်။ အဆိုပါအင်ဇိုင်းသည် Prostagladinဟုခေါ်သော ခန္ဓါကိုယ်တွင်မှ ဓါတ်ပစ္စည်းများအား ပြုလုပ်ရာတွင်ကူညီပေး၏။ Prostagladinများကိုထိခိုက်မိသောနေရာ၊ ဒဏ်ရာများတွင် ထုတ်လုပ်ပြီးနာကျင်မှုနှင့် ရောင်ရမ်းမှုကို ဖြစ်စေပါသည်။ COX အင်ဇိုင်းကိုတားဆီးပေးခြင်းဖြင့် Prostagladinထုတ်လုပ်မှုနည်းသွားပြီးနာကျင်ရောင်ရမ်းမှု သက်သာသွားစေပါသည်။
Rantudil ဘယ်လိုသောက်သုံးသင့်သလဲ
Acemetacinကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းအတိအကျသောက်ပါ။ အရွယ်ရောက်ပြီးသူများအတွက် ပုံမှန်ပမာဏမှာတစ်ရက်လျှင် 60 mg မနက်တစ်ကြိမ် ညတစ်ကြိမ် နှစ်ကြိမ်ဖြစ်သည်။ လိုအပ်ပါက ဆရာဝန်သည် ဆေးပမာဏတိုးခြင်း၊ သုံးကြိမ်ပေးခြင်းများ ပြုလုပ်ပါလိမ့်မည်။
ဆေးကိုအစာရှိမှသာသောက်ရမည်။ ထိုမှသာအစာအိမ်ဘေးထွက်ဆိုးကျိုးဖြစ်သောအစာမကြေခြင်းကိုကာကွယ်နိုင်မည်ဖြစ်သည်။ ဆေးတစ်တောင့်လုံးကိုရေများများနှင့် မျှောချပါ။ ဆေးတောင့်ကိုဝါးခြင်း ဖွင့်ခြင်းများမပြုလုပ်ရ။
Rantudil ဘယ်လိုသိမ်းဆည်းရမလဲ
Rantudil® (acemetacin) ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းကအကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Rantudil® (acemetacin) ကိုရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Rantudil® (acemetacin) ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသောသိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းသို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအားမေးမြန်းခြင်းကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။
Rantudil® (acemetacin) အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအားမလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Rantudil အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကိုမသုံးခင် အောက်ပါတို့ရှိပါက ဆရာဝန်အား ပြောပြပါ။
- ကိုယ်ဝန်ရှိလျှင်၊ သို့မဟုတ် နို့တိုက်နေရလျှင်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ယူရန် ပြင်ဆင်နေစဉ် သို့မဟုတ် ကလေးနို့တိုက်နေရစဉ်၌ ဆရာဝန်ညွှန်ကြားသည့်ဆေးကိုသာသောက်သုံးရမည်ဖြစ်သည်။
- တခြားဆေးများကိုသောက်နေရလျှင်။ ထိုဆေးများတွင် ဆရာဝန်အညွှန်းမပါပဲ ဝယ်ယူနိုင်သည့်ဆေးများဥပမာအပင်ထွက်ဆေးများနှင့် ဖြည့်စွက်ဆေးများ စသည်တို့ပါဝင်ပါသည်။
- Rantudil®တွင်ပါသော active agent များ inactive agent များနှင့် ဓါတ်မတည့်မှုရှိလျှင်။
- တခြားသောဖျားနာမှုများ၊ ကမောက်ကမရောဂါများ၊ တခြားကျန်းမာရေးအခြေအနေများရှိနေလျှင်။
ဆေးကြောင့် ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း၊ မောလွယ်ခြင်းနှင့် အမြင်အာရုံမကောင်းခြင်းများ ဖြစ်လာတတ်ပါသည်။ ဖြစ်လာပါကကားမောင်းခြင်းစက်မောင်းခြင်းများမပြုလုပ်ပါနှင့်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Rantudil ကိုသုံးစွဲဖို့ စိတ်ချရပါသလား
Rantudil®ကို ကိုယ်ဝန် ပထမသုံးလနှင့် ဒုတိယသုံးလအတွင်း ဆရာဝန်ခွင့်ပြုချက်မရပဲမသောက်ရပါ။
ကိုယ်ဝန်နောက်ဆုံးသုံးလအတွင်းတွင် Rantudil®ကို လုံးဝမသောက်ရပါ။ အမေရောကလေးတွင်ပါ ပြင်းထန်သည့်အန္တရာယ်များ ဖြစ်လာနိုင်ပါသည်။
ဘေးထွက်ဆိုးကျိုးများ
Rantudil ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဤဆေးကြောင့်ဖြစ်လာနိုင်သောဘေးထွက်ဆိုးကျိုးတစ်ချို့မှာ
- ပျို့ခြင်း
- အန်ခြင်း
- ဝမ်းလျှောခြင်း
- လေပွခြင်း
- ဝမ်းချုပ်ခြင်း
- အစာမကြေခြင်း
- ဗိုက်နာခြင်း
- ဝမ်းအမည်းသွားခြင်း
- သွေးအန်ခြင်း
- အနာပေါက်ပြီးအစာအိမ်ရောင်ခြင်း
- အစာအိမ်ရောင်ခြင်း
- ပန်းနာရင်ကြပ်ထခြင်း
- လေပြွန်ကျဉ်းခြင်း
- အသက်ရှူမဝခြင်း
- အင်ပျဉ်ထခြင်း
- အကွက်ထခြင်း
- ခြေလက်ဖောင်းခြင်း
- သွေးတိုးခြင်း
- ဖောခြင်း
- နှလုံးညှစ်အားမကောင်းခြင်း
- Agitation
- ခေါင်းကိုက်ခြင်း
- ခေါင်းမူးခြင်း
- ကိုယ်လက်မအီမသာဖြစ်ခြင်း
- အိပ်ငိုက်ခြင်း
- အသည်းအင်ဇိုင်းများတက်ခြင်း
- ဆံပင်ကျွတ်ခြင်း
- မျက်ကြည်လွှာရောင်ခြယ်ပျက်ခြင်း
- Corneal opacity
ထို့အပြင် အသက်အန္တရယ်ဖြစ်သွားနိုင်သောအစာအိမ်နှင့်အူလမ်းကြောင်းသွေးယိုခြင်း၊ ပေါက်ခြင်းစသည်တို့ ဖြစ်သွားနိုင်ပါသည်။ ရှားပါးစွာနှင့် ပြင်းထန်သောဓါတ်မတည့်သည့်ဖြစ်စဉ် ဖြစ်တတ်ပြီးခြေလက်များဖောခြင်း၊ အသက်ရှူရခက်ပြီးပန်းနာရင်ကြပ်ထဖောက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်းကျပြီးသွေးလန့်ခြင်းတို့ ဖြစ်လာနိုင်သည်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Rantudil နဲ့ ဓါတ်ပြုနိုင်သလဲ
Rantudil® (acemetacin) သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအားအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်းစသည်တို့ မပြုလုပ်ပါနှင့်။ဤဆေးနှင့်ဓါတ်ပြုနိုင်သောဆေးကုန်များမှာ –
- တခြား NSAIDs
- Corticosteroids, anti-platelet agents, နှင့် SSRIs
- Antacids
- Probenecid, sulfinpyrazone
- ဆီးဆေးနှင့် သွေးကျဆေးများ
- Phenytoin, lithium, methotrexate
- Nephrotoxicity ဖြစ်စေသောciclosporin နှင့် ဆီးဆေးများ
အစားအသောက်တွေနဲ့ အရက်က Rantudil နဲ့ ဓါတ်ပြုနိုင်သလား
Rantudil® (acemetacin) က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Rantudil နဲ့ ဓါတ်ပြုနိုင်သလဲ
Rantudil® (acemetacin) သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်းသို့မဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးရန်အရေးကြီးပါသည်။ အထူးသဖြင့်…
- အစာအိမ်နှင့်အူလမ်းကြောင်းအဆိပ်သင့်ဖူးခြင်း
- အသက်ရှူလမ်းကြောင်းရောဂါများ (ဥပမာ – ပန်းနာရင်ကြပ်၊ Hay Fever, နှာခေါင်းအတွင်းသားဖောင်းကြွခြင်း၊ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများ)
- ထိန်းမရသောသွေးတိုးရောဂါ
- နှလုံးညှစ်အားမကောင်းခြင်း
- နှလုံးသွေးမဝသည့်ရောဂါ
- ခြေလက်သွေးလွှတ်ကြောရောဂါ
- ဦးနှောက်သွေးကြောရောဂါ
- လစ်ပစ်အဆီများခြင်း
- ဆီးချို
- Ulcerative colitis
- Crohn’s disease
- SLE
- တွယ်ဆက်တစ်ရှူးရောဂါများ
- ရေကျောက်
- ရေယုန်
- ပါကင်ဆွန်ရောဂါ
- အသည်းနှင့်ကျောက်ကပ်မကောင်းခြင်း
- အစာအိမ်အနာရှိခြင်း၊ အစာအိမ်သွေးကြောပေါက်ဖူးခြင်း
- အကြောင်းရင်းသေချာမသိရသောသွေးရောဂါများ
- နှာခေါင်းတွင်းအသားပိုပေါက်ခြင်း (angioneurotic edema နှင့်ဆက်စပ်နေခြင်း)
- ပြင်းထန်သော နှလုံးညှစ်အားမကောင်းသည့် ရောဂါ
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Rantudil ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကနဦးတွင် 120 mg ကိုခွဲပြီးပေးရမည်။ လူနာ၏တုံ့ပြန်မှုအလိုက် 180 mg အထိတိုးနိုင်ပါသည်။
ကလေးတွေအတွက် Rantudil ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းကိုအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ရန် လိုအပ်ပါသည်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
Rantudil ကိုဘယ်လိုရရှိနိုင်သလဲ
Rantudil® (acemetacin) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။
- Forte capsules, Acemetacin 60mg
- Retard capsules, Acemetacin 90mg
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Rantudil® (acemetacin) ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကိုကျော်ပြီးပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုးမလုပ်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။