အသုံးပြုပုံများ
Provigil® (ပရိုဗင်ဂျေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
ထုံထိုင်းခြင်းကြောင့် အလွန်အမင်းအိပ်ခြင်းကိုကိုသရာမှာနဲ့ အခြားအိပ်စက်ခြင်းဆိုင်ရာပြဿနာများ၊ (အိပ်ပျော်နေစဉ်အတွင်းအသက်ရှူရပ်ခြင်းကာလများ ကဲ့သို့သော)ကုသရာမှာသုံးပါတယ်။ သင့်မှာအလုပ်လုပ်ဖို့တွေရှိနေရင် ထိုနာရီတွေအတွင်း နိုးကြားနေအောင်လည်း ကူညီပေးပါတယ်။
ဒီအိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို ပျောက်ကင်းအောင်မကုပေနိုင်သလို သင့်ရဲ့အိပ်ချင်နေစိတ်ကို လုံးဝတော့မဖယ်ရှားပေးနိုင်ပါဘူး။ လုံလုံလောက်လောက်အိပ်စက်နိုင်ဖို့အတွက်ဆိုရင် အသုံးမပြုပါဘူး။ မောပန်းခြင်းကိုကုသရန်နဲ့ အိပ်စက်ခြင်းဆိုင်ရာပြဿနာမရှိတဲ့လူတွေမှာ အိပ်စက်ခြင်းနည်းအောင်အတွက် အသုံးမပြုသင့်ပါဘူး။
Provigil® (ပရိုဗင်ဂျေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ
လေးလံထိုင်းမှိုင်းခြင်းအိပ်ချင်နေခြင်းအတွက် – အစာမပါဘဲသို့အစာနဲ့တွဲပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မနက်ပိုင်းတစ်ကြိမ်အသုံးပြုသင့်ပါတယ်။ သင့်ဆရာဝန်ကညွန်ခဲ့ရင် တစ်နေ့စာပမာဏကို မနက်ပိုင်းတစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ်ခွဲပေးသင့်ပါတယ်။
အိပ်နေစဉ်အသက်ရှူရပ်ခြင်းအတွက်- အစာမပါဘဲသို့အစာနဲ့တွဲပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း မနက်ပိုင်းတစ်ကြိမ်အသုံးပြုသင့်ပါတယ်။ သင့်ဆရာဝန်ကရပ်ဖို့မပြောသေးမချင်း CPAP machine, mouth deviceကဲ့သို့သော အခြားကုသမှုတွေကို ဆက်အသုံးပြုပါ။
အလုပ်အချိန်ပြောင်းခြင်းအိပ်စက်ခြင်းဆိုင်ရာပြဿနာအတွက်
အစာမပါဘဲသို့အစာနဲ့တွဲပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အလုပ်ညဆိုင်းနေ့ဆိုင်းမပြောင်းခင် ၁နာရီအလိုမှာ တစ်နေ့တစ်လုံး အသုံးပြုနိုင်ပါတယ်။
ဆေးစွဲသွားခြင်းဖြစ်နိုင်ပါတယ်။ အခြားလုူတွေနဲ့အထူးသဖြင့် ဆေးစွဲဖူးတဲ့လူတွေနဲ့မျှဝေသုံးစွဲခြင်းကို ရှောင်သင့်ပါတယ်။ အခြားလူတွေမရယူနိုင်တဲ့နေရာမှာ ဆေးကိုထားသင့်ပါတယ်။ ရောင်းချခြင်း၊ ဖြန့်ဝေခြင်းတွေက တရားမဝင်ပါဘူး။
Provigil® (ပရိုဗင်ဂျေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Provigil® (ပရိုဗင်ဂျေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
- ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
- အခြားဆေးတွေမှီဝဲနေရရင်
- ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
- Provigil® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
- အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
modafinil or armodafinil (Nuvigil).ဆေးတွေကြောင့် ဓါတ်မတည့်မှုများအဖိမ့်များဖြစ်ခဲ့မယ်ဆိုရင် အသုံးမပြုသင့်ပါဘူး။
စိတ်ချရမှုရှိမရှိသေချာချင်တယ်ဆိုရင် သင့်ဆရာဝန်ကိုအောက်ပါအချက်တွေကို ပြောပြသင့်ပါတယ်။
ရင်ဘတ်အောင့်ခြင်း
အသည်းခြေက်ခြင်းနှင့်အသည်းပြဿနာများ
ကျေက်ကပ်ရောဂါ
သွေးတိုးခြင်း၊ နှလုံးရောဂါ၊ နှလုံးဖောက်ဖူးခြင်း
စိတ်မကျန်းမာဖူးခြင်း၊ စိတ်ဝေဒနာရှိဖူးခြင်း
အရက်ဆေးစွဲဖူးခြင်း
ကိုယ်ဝန်တားခြင်းင်းနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှုနည်သွားစေးပါတယ်။ ဟော်မုန်းကိုယ်ဝန်တားဆေးများ ( တားဆေးများ၊ ထိုးဆေးများ၊ ယောနိအတွင်းထည့်သွင်းရသည့်ပစ္စည်းများ၊ အရေပြားကပ်ခွာများ ၊ ယောနိဆိုင်ရာကွင်းများ) ဒီဆေးအသုံးပြုနေချိန်မှာ ကိုယ်ဝန်ကိုတားနိုင်ဖို့အတွက်အကျိုးသိပ်မရှိတော့ပါဘူး။ ဒီဆေးအသုံးပြုနေချိန် ကိုယ်ဝန်တားဖို့အတွက် အကောင်းဆုံးနည်းလမ်းတွေကို သင့်ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Provigil® (ပရိုဗင်ဂျေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။
FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ
- A=အန္တရာယ်မရှိ
- B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
- C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
- D=အန္တရာယ်ပေးနိုင်ချေရှိသည်။
- X=မသုံးသင့်
- N=မသိ
ဘေးထွက်ဆိုးကျိုးများ
Provigil® (ပရိုဗင်ဂျေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
- ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
- စိုးရိမ်ကြောက်လန့်ခြင်း
- ကျောနာခြင်း
- မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း
- အိပ်မပျော်ခြင်း
- နှာရည်ယိုခြင်း
အောက်ပါအချက်တွေတွေ့ခဲ့မယ်ဆိုရင် ဆေးရပ်လိုက်ပြီးဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။
- စိတ်ကျခြင်း၊ စိုးရိမ်ခြင်း၊ သတ်သေလိုသသည့်အတွေးများ၊ ကြိုးပမ်းမှုများ
- ထင်ယောင်ထင်မှားဖြစ်ခြင်း၊ အတွေးများအပြုအမူများမူမမှန်ခြင်း၊ ရန်လိုခြင်း၊ အရင်ကထက်ပိုတက်ကြွခြင်းစကားပိုများခြင်း
- ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခြင်း၊ နှလုံးခုန်မမှန်ခြင်း
- အရေပြားအဖိမ့်စထခြင်း(ဘယ်လောက်မပြင်းထန်ဘူးလို့ပဲယူဆယူဆ ကိစ္စမရှိပါဘူး။)
ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။
ဆေးရုံတက်ရောက်ရတဲ့အထိ ပြင်းထန်တဲ့အရေပြားတုန့်ပြန်မှုတွေကို ဖြစ်စေပါတယ်။
အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆေးရပ်ပြီးဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။
- အရေပြားအဖိမ့်များအင်ပျဉ်များထခြင်း၊ ပေါက်ပြဲခြင်း၊ ကွာကျခြင်း
- ပါးစပ်အနာများ၊ မြိုချရခက်ခြင်း
- ဖျားခြင်း၊ အသက်ရှူမဝခြင်း
- ခြေထောက်ရောင်ခြင်း
- ဆီးအရောင်ရင့်ခြင်း၊ အသားမျက်လုံးဝါခြင်း
- မျက်နှာ၊ မျက်လုံး၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းရောင်ခြင်း
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Provigil® (ပရိုဗင်ဂျေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ အပြန်အလှန်သက်ရောက်နိုင်တဲ့ဆေးတွေကတော့ street drugs (such as methamphetamine, MDMA/” ecstasy” ).
အစားအသောက်တွေနဲ့ အရက်က Provigil® (ပရိုဗင်ဂျေးလ်) နဲ့ ဓါတ်ပြုနိုင်သလား
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်ရောဂါအခြေအနေတွေက Provigil® (ပရိုဗင်ဂျေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
အပြန်အလှန်သက်ရောက်မှုပေးနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့
နှလုံးရောဂါ
သွေးတိုးရောဂါ
အသည်းရောဂါ
အတက်ရောဂါ
စိတ်ဝေဒနာရှိခြင်း
ကျေက်ကပ်မကောင်းခြင်း
နှလုံးသွေးကြောဆိုင်ရာပြဿနာများ
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Provigil® (ပရိုဗင်ဂျေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
လေးလံထိုင်းမှိုင်းခြင်းအတွက်-
200သောက်ဆေးနေ့စဉ် မနက်ပိုင်း
အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်းအတွက်-
200သောက်ဆေးနေ့စဉ် မနက်ပိုင်း
အလုပ်အချိန်နေ့ဆိုင်းညဆိုင်းပြောင်းခြင်းကြောင့် အိပ်စက်ခြင်းပြဿနာများအတွက်-
200သောက်ဆေးနေ့စဉ် အလုပ်အချိန်မပြောင်းခင် တစ်နာရီကြိုပြီး
ကလေးတွေအတွက် Provigil® (ပရိုဗင်ဂျေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးတွေအတွက် ပမာဏကိုသတ်မှတ်မထားပါဘူး။ ကလေးတွေအတွက် စိတ်မချရမှုတွေဖြစ်နိုင်ပါတယ်။ အသုံးမပြုခင်မှာ စိတ်ချရမှုနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝနားလည်ထားသင့်ပါတယ်။ ပိုပြီးသိလိုတာတွေကို သင့်ဆရာဝန်တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Provigil® (ပရိုဗင်ဂျေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ
အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။
ဆေးပြား- modafinil 100mg
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။