အသုံးပြုပုံများ
Lactacyd (လက်တက်စစ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Lactacyd သည် လက်တစ်အက်ဆစ်ပါဝင်သော အရည်တစ်မျိုးဖြစ်သည်။ ဘက်တီးရီးယား နဲ့များစွာသော ပိုးမွှားများကြောင့်ဖြစ်သော အရေပြားရောဂါ ကုသမှု အထောက်အကူ အနေဖြင့် အသုံးပြုသည်။
Lactacyd (လက်တက်စစ်) ဘယ်လိုသုံးသင့်သလဲ
Lactacyd ကို ဆပ်ပြာအနေနှင့် မိန်းမကိုယ် အပြင်ဘက် သန့်ရှင်းရေးပြုလုပ်ရန်အသုံးပြုနိုင်သည်။
Lactacyd အရည်အနည်းငယ်ကို လက်ဖဝါးပေါ်တင်၍ အမြှုပ်သဖွယ်ပြုလုပ်ပါ။ ထို့နောက် ရေဆေးချပါ။
Lactacyd ဆေးသည် အလွန်ပျော့သောကြောင့် နေ့တိုင်းအသုံးပြုနိုင်သည်။ ထို့ကြောင့် သင် သုံးလိုသည့် ဆန္ဒရှိသည့် အချိန်အသုံးပြုပါ။
Lactacyd (လက်တက်စစ်) ဘယ်လိုသိမ်းဆည်းရမလဲ
Lactacyd ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Lactacyd ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Lactacyd ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Lactacyd ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Lactacyd (လက်တက်စစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဆေးကိုအသုံးမပြုမီ အောက်ပါအခြေအနေများရှိပါက မိမိ၏ ဆရာဝန်ကိုအသိပေးရမည်။
- ဆေး၊ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံပစ္စည်းများ တိရစ္ဆာန် နဲ့ ဓါတ်မတည့်မှုများရှိခြင်း
- ကလေးများ
- သက်ကြီးရွယ်အိုများ
- ဆေးနှင့်ဓါတ်ပြုနိုင်သော အခြားသော ရောဂါအခံများရှိနေလျှင်
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Lactacyd (လက်တက်စစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်များတွင် ဘေးကင်းစိတ်ချစွာသုံးစွဲသင့်မသင့် လုံလောက်သော သတင်းအချက်အလက်များမရှိပါ။ ထို့ကြောင့် အသုံးမပြုမီ ဆေး၏ကောင်းကျိုးနဲ့ဆိုးကျိုးကို ချိန်ဆရန် ဆရာဝန်နှင့် အမြဲ တိုင်ပင်သင့်ပါသည်။
ဘေးထွက်ဆိုးကျိုးများ
Lactacyd (လက်တက်စစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အခြားသော ဆေးတစ်မျိုးမျိုးသောက်သုံးနေစဉ် lactacyd အသုံးပြုခြင်းသည် ဘေးထွက်ဆိုးကျိုး အချို့ရှိကောင်းရှိနိုင်သည်။ သို့သော် အလွန်ရှားပါသည်။ Lactacyd အသုံးပြုနေစဉ်အချိန်အတွင်း ပြဿနာတစ်ခုခုပေါ်ပေါက်လာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။
အချို့ဘေးထွက်ဆိုးကျိုးများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဓါတ်မတည့်ခြင်း
- တစ်နေရာထဲမှာ ထပ်ခါထပ်ခါ အသုံးပြုခြင်းဖြင့် ဓါတ်ပြုမှုဖြစ်ကာ Candida albicans ဟုခေါ်သောပိုးမွှားများပေါက်ပွားဖို့နေရာကို ဖန်တီးပေးပါသည်။
အချို့လူများမှာ ဘေးထွက်ဆိုးကျိုးများမခံစားရပါ။ အထက်တွင်မဖော်ပြထားခဲ့သော ဘေးထွက်ဆိုးကျိုးများလည်း ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့ကြုံတွေ့ရပါကဆရာဝန်(သို့) ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများထံ တိုင်ပင်နိုင်ပါသည်။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Lactacyd (လက်တက်စစ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Lactacyd သည် ယခုလက်ရှိသောက်နေသောဆေးနှင့် ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းလဲခြင်း ဘေးထွက်ဆိုးကျိုးများ ပိုဖြစ်ပေါ်ခြင်းများ ရှိတတ်ပါသည်။ ထိုသို့ဖြစ်ပေါ်ခြင်းများရှောင်ရှားရန်ယခု မိမိအသုံးပြုနေသောဆေး(ဆရာဝန်ညွန်ကြားထားသောဆေးဖြစ်စေ မိမိသဘောဖြင့်သောက်သောဆေးဖြစ်စေ အကျုံးဝင်ပါသည်။) များကို ဆရာဝန်(သို့)ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများ နှင့် တိုင်ပင်သင့်ပါသည်။ မိမိလုံခြုံရေးအတွက် ဆေးများကိုဆရာဝန်ညွန်ကြားချက်မပါဘဲ သုံးစွဲခြင်း ရပ်တန့်ခြင်းများမပြုလုပ်ရပါ။
အစားအသောက်တွေနဲ့ အရက်က Lactacyd (လက်တက်စစ်) နဲ့ ဓါတ်ပြုနိုင်သလား
Lactacyd သည် အစားအသောက် အရက်တို့နှင့် ဓါတ်ပြုနိုင်ပါသည်။ ထို့ကြောင့် မသုံးစွဲမီ မစားသုံးမီ ဆရာဝန်များ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။
ဘယ်ရောဂါအခြေအနေတွေက Lactacyd (လက်တက်စစ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Lactacyd ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Lactacyd (လက်တက်စစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
Lactacyd အသုံးပြုရန် ပမာဏကို ဆရာဝန်များနှင့်တိုင်ပင်ပါ။
ကလေးတွေအတွက် Lactacyd (လက်တက်စစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးများအတွက်လုံခြုံမှုမရှိသည့်အတွက် ဆေးပမာဏသတ်မှတ်ထားခြင်းမရှိပါ။
အသုံးမပြုမီဆေးအကြောင်းကောင်းစွာနားလည်ရပါမည်။ လိုအပ်လျှင်ဆရာဝန်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူဖြစ်စေ တိုင်ပင်ရပါမည်။
Lactacyd (လက်တက်စစ်) ကိုဘယ်လိုရရှိနိုင်သလဲ
Latacyd ကို အောက်ပါ ပုံစံများနှင့် ရနိုင်ပါသည်။
- ရေမြှုပ် ဆပ်ပြာအရည်၊ နို့ရည်ပုံစံ – 60 ml ပါသောဘူး နဲ့250 ml ပါသောဘူး၊ 10 ml ပါသော အထုပ်ငယ်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။