အသုံးပြုပုံများ
Feldene (ဖဲလ်ဒင်း) ကို ဘာအတွက်အသုံးပြုကြသလဲ
Feldene မှာ Piroxicam ပါဝင်ပြီး အဆစ်ယောင်ရောဂါကြောင့် ခံစားရတဲ့ နာကျင်မှု၊ ယောင်ယမ်းခြင်းနှင့် အဆစ်များတောင့်တင်းခြင်းတို့ကို လျော့ကျစေဖို့ သုံးနိုင်ပါတယ်။
Feldene (ဖဲလ်ဒင်း) ဘယ်လိုသောက်သုံးသင့်သလဲ
ပါးစပ်ကနေသောက်နိုင်ပါတယ်။
- ဆရာဝန်ညွန်ကြားထားတဲ့ ပမာဏအတိုင်း၊ အချိန်အတိုင်း ပါးစပ်မှ သောက်လို့ရပါတယ်။
- ဆေးမသောက်ခင် အညွှန်းစာရွက်ကို သေချာဖတ်သင့်ပါတယ်။
- ဆေးအညွှန်းကို သေချာနားမလည်လျှင် သေချာနားလည်တဲ့အထိ ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။
Feldene (ဖဲလ်ဒင်း) ဘယ်လိုသိမ်းဆည်းရမလဲ
Feldene ဆေးကို ကို နေရောင်နှင့်အစိုဓါတ် တိုက်ရိုက်ထိတွေ့စေမယ့် နေရာကရှောင်ပြီး အခန်းအပူချိန်မှာ ထိန်းထားတာက အကောင်းဆုံးပါ။ ဆေးပျက်ဆီးတာကို ကာကွယ်ဖို့ ဆေးကို ရေချိုးခန်းနှင့် ရေခဲသေတ္တာအခဲအကန့်ထဲ သိမ်းတာကို ရှောင်ရပါမယ်။ Feldene ဆေးအမျိုးပေါင်းများစွ ာရှိနေနိုင်ပါတယ်။
သိမ်းတဲ့နေရာကိုသိဖို့ ဆေးအခွံပေါ်က အညွှန်းကိုဖတ်ခြင်း၊ ဆေးဝါးကျွမ်းကျင်သူကို မေးခြင်း ပြုလုပ်ပါ။ ဘေးကင်းစေဖို့ ဆေးကို ကလေးများ၊ အိမ်မွေးတိများနှင့် ဝေးရာတွင်ထားပါ။
ဆေးကိုသုံးပြီးလျှင် ညွှန်ကြားချက်မရှိဘဲ အိမ်သာထဲစွန့်ပစ်ခြင်း၊ ရေမြောင်းထဲပစ်ခြင်းများကို မလုပ်သင့်ပါဘူး။ ဆေးသက်တမ်းကုန်လျှင်ဖြစ်ဖြစ်၊ အသုံးမလိုတော့လျှင်ဖြစ်ဖြစ် သေချာစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ လုံခြုံစွာ စွန့်ပစ်ဖို့အတွက် လိုအပ်တဲ့အချက်တွေကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Feldene (ဖဲလ်ဒင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Feldene ဆေးကိုမသုံးမီ ဒီအခြေနေတွေရှိပါက ဆရာဝန်ကို ပြောထားသင့်ပါတယ်။
- အရင်က Feldene ပါသောဆေးသုံးထားပြီး Feldene နဲ့ဓါတ်မတည့်ခြင်း။ ဒီအချက်ကို လက်ကမ်းစာစောင်မှာ အသေးစိတ်ရေးထားပါတယ်။
- တခြားဆေးများ၊ အစားအသောက်များ၊ ဆိုးဆေးများ၊ ကြာရှည်ခံဆေးများ နှင့် တိရစ္ဆာန်များ။
- ကလေးများ
- သက်ကြီးရွယ်အိုများ
- တခြားကျန်းမာရေးပြဿနာများနှင့် Feldene နဲ့ဓါတ်ပြုတဲ့ အောက်ပါဆေးဝါးများ
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Feldene (ဖဲလ်ဒင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ Feldeneဆေးသောက်တာနဲ့ ပတ်သတ်ပြီး လုပ်ထားတဲ့ လုံလောက်တဲ့လေ့လာမှုမရှိပါဘူး။ Feldene ဆေးရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ချိန်ဆဖို့အတွက် ဆေးမသောက်ခင်မှာ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကပ်မှုဌာန ( FDA) က ဖော်ပြထားချက်အရ Feldeneဆေးဟာ ကိုယ်ဝန်ဆောင်တွေမှာ ဘေးဖြစ်နိုင်တဲ့ အဆင့် ( C )နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။
FDA သတ်မှတ်ထားတဲ့ ကိုယ်ဝန်ဆောင်တွေကို ဘေးဖြစ်စေတဲ့ သတ်မှတ်ချက်တွေကတော့
- A =ဘေးမဖြစ်
- B =လေ့လာမှုအနည်းငယ်အရ ဘေးမဖြစ်
- C =ဘေးအနည်းငယ်ဖြစ်စေနိုင်
- D =ဘေးဖြစ်စေနိုင်
- E =ရှောင်ကြဉ်သင့်
- F =မသိရ
ဘေးထွက်ဆိုးကျိုးများ
Feldene (ဖဲလ်ဒင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
တခြားဆေးတွေလိုပဲ Feldene ဆေးမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ တော်တော်များများက တွေ့ရနည်းပြီး ဘာကုသမှုမှ ခံယူဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ဆေးသောက်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပါက ဆရာဝန်နှင့်ဆွေးနွေးသင့်ပါတယ်။
တချို့သောဘေးထွက်ဆိုးကျိုးများကို ဖော်ပြထားပါတယ်။
- အစာအိမ်နာခြင်း၊ ရင်ပူခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း၊ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်း
- လေပွခြင်း
- မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံထွေပြားခြင်း
- အရေပြားများ ယားယံခြင်း သို့မဟုတ် အင်ပြင်ထခြင်း
- အမြင်ေဝဝါးခြင်း
- နားအူခြင်း
- ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်း၊ စကားမပီခြင်း ၊ အမြင်အာရုံပြဿနာဖြစ်ခြင်း သို့မဟုတ် ကိုယ်ဟန်မညီခြင်း
- အမဲရောင် သွေးပါသောဝမ်း သို့မဟုတ် ကတ္တရာစေးရောင်ဝမ်းသွားခြင်း
- ကော်ဖီမှုန့်ရောင်အန်ခြင်း သို့မဟုတ် ချောင်းဆိုးသွေးပါခြင်း
- ဖောယောင်ပြီး ကိုယ်အလေးချိန်တိုးလာခြင်း
- ဆီးနည်းခြင်း သို့မဟုတ် ဆီးမထွက်ခြင်း
- အော်ကလီဆန်ခြင်း၊ ဗိုက်နာခြင်း၊ ကိုယ်ငွေ့ငွေ့ပူခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ အသားဝါခြင်း
- ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အရေပြားတွင် အရည်ကြည်ဖုပေါက်ခြင်း၊ အရေခွံကွာခြင်းနှင့် နီရဲခြင်း
- ညိုမဲစွဲခြင်း၊ ထုံကျဉ်ကိုက်ခဲပြီး ကြွက်သားများ အားနည်းခြင်း
- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇတ်တောင့်တင်းခြင်း၊ ချမ်းတုန်ခြင်း၊ အလင်းရောင်မခံနိုင်ခြင်း၊ အရေပြားပေါ်အနီစက်များထခြင်း သို့မဟုတ် တက်ခြင်း။
ဒီဘေးထွက်ဆိုးကျိုးတွေကို လူတိုင်းမခံစားရပါဘူး။ ဒီထဲမှာ မပါတဲ့ အချက်တွေလည်း ရှိနေနိုင်သေးတယ်။ သင်ဟာ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သတ်ပြီး သေချာသိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Feldene (ဖဲလ်ဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Feldene ဆေးက သင်သုံးနေတဲ့ ဆေးနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဆေးဓါတ်ပြုမှုကို ရှောင်ဖို့အတွက် သင်သုံးနေတဲ့ ဆေးများ (ဆရာဝန်ညွှန်ကြားသောဆေး၊ ကိုယ့်ဘာသာသောက်နေတဲ့ဆေး၊ တိုင်းရင်းဆေး) အားလုံးကို စာရင်းလုပ်ထားပြီး ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြသသင့်ပါတယ်။ သင့်ရဲ့ဘေးကင်းမှုအတွက် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် သောက်ခြင်း၊ ရပ်ပစ်လိုက်ခြင်း နှင့် ဆေးပမာဏပြောင်းခြင်းကို မလုပ်ပါနဲ့။ဥပမာ – such as: Ketorolac; Abciximab; Anagrelide; Apixaban; Ardeparin; Argatroban; Beta Glucan; Bivalirudin; Ceritinib; Certoparin; Cilostazol; Citalopram; Clopidogrel; Clovoxamine; Cyclosporine; Dabigatran Etexilate; Dabrafenib; Dalteparin; Danaparoid; Desirudin; Dicumarol; Dipyridamole; Duloxetine; Enoxaparin; Eptifibatide; Erlotinib; Escitalopram; Femoxetine; Feverfew; Flesinoxan; Fluoxetine; Fondaparinux; Ginkgo; Gossypol; Heparin; Lepirudin; Levomilnacipran; Meadowsweet; Methotrexate; Milnacipran; Nadroparin; Nefazodone; Nitisinone; Parnaparin; Paroxetine; Pemetrexed; Pentosan Polysulfate Sodium; Pentoxifylline; Pralatrexate; Prasugrel; Protein C; Reviparin; Rivaroxaban; Sibutramine; Tacrolimus; Ticlopidine; Tinzaparin; Tirofiban; Venlafaxine; Vilazodone; Vortioxetine; Zimeldine; Acebutolol; Acenocoumarol; Acetohexamide; Alacepril; Alprenolol; Amiloride; Amlodipine; Anisindione; Arotinolol; Atenolol; Azilsartan Medoxomil; Azosemide; Befunolol; Bemetizide; Benazepril; Bendroflumethiazide; Benzthiazide; Bepridil; Betaxolol; Bevantolol; Bisoprolol; Bopindolol; Bucindolol; Bumetanide; Bupranolol; Buthiazide; Candesartan Cilexetil; Canrenoate; Captopril; Carteolol; Carvedilol; Celiprolol; Chlorothiazide; Chlorpropamide; Chlorthalidone; Cilazapril; Clopamide; Cyclopenthiazide; Delapril; Desvenlafaxine; Dilevalol; Diltiazem; Enalaprilat; Enalapril Maleate; Eprosartan; Esmolol; Ethacrynic Acid; Felodipine; Fluconazole; Flunarizine; Fosinopril; Furosemide; Gallopamil; Gliclazide; Glimepiride; Glipizide; Gliquidone; Glyburide; Hydrochlorothiazide; Hydroflumethiazide; Imidapril; Indapamide; Irbesartan; Isradipine; Labetalol; Lacidipine; Landiolol; Levobunolol; Lidoflazine; Lisinopril; Lithium; Losartan; Manidipine; Mepindolol; Methyclothiazide; Metipranolol; Metolazone; Metoprolol; Moexipril; Nadolol; Nebivolol; Nicardipine; Nifedipine; Nilvadipine; Nimodipine; Nipradilol; Nisoldipine; Nitrendipine; Olmesartan Medoxomil; Oxprenolol; Penbutolol; Pentopril; Perindopril; Pindolol; Piretanide; Polythiazide; Pranidipine; Propranolol; Quinapril; Ramipril; Sotalol; Spirapril; Spironolactone; Talinolol; Tasosartan; Telmisartan; Temocapril; Tertatolol; Timolol; Tolazamide; Tolbutamide; Torsemide; Trandolapril; Triamterene; Trichlormethiazide; Valsartan; Verapamil; Xipamide; Zofenopril.
အစားအသောက်တွေနဲ့ အရက်က Feldene (ဖဲလ်ဒင်း) နဲ့ ဓါတ်ပြုနိုင်သလား
Feldene ဆေးက အရက်၊ အစားအသောက်များနဲ့ ဓါတ်ပြုပြီး ဆေးအာနိသင်ပြောင်းခြင်း၊ ဘေးထွက်ဆိုးကျိုးပိုဖြစ်ခြင်းတို့ ဖြစ်စေနိုင်တယ်။ ဒါ့ကြောင့် ဆေးမသုံးခင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို သင်စားနေတဲ့ အစားအသောက်နှင့် အရက်ကို ပြောပြသင့်ပါတယ်။
ဘယ်ရောဂါအခြေအနေတွေက Feldene (ဖဲလ်ဒင်း) နဲ့ ဓါတ်ပြုနိုင်သလဲ
Feldene ဆေးက သင့်ကျန်းမာရေး အခြေအနေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ဒါက သင့်ကျန်းမာရေးကို ပိုဆိုးစေနိုင်သလို ဆေးအာနိသင်ကိုလည်း ကျစေနိုင်ပါတယ်။ သင်လက်ရှိခံစားနေရတဲ့ ကျန်းမာရေးပြဿနာကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို ပြောပြဖို့ကလည်း အရေးကြီးပါတယ်။ဥပမာ –
- သွေးအားနည်းခြင်း
- သွေးထွက်များတဲ့ ပြဿနာများ
- သွေးခဲများ
- ဖောယောင်နေခြင်းများ
- နှလုံးတိုက်ခိုက်ခံရမှု (Heart Attack) ဖြစ်ဖူးထားခြင်း
- နှလုံးရောဂါ( ဥပမာ – နှလုံးသွေးကြောကျဉ်းရောဂါ)
- အသည်းယောင်ရောဂါ
- သွေးတိုးရောဂါ
- ကျောက်ကပ်ရောဂါ
- အစာအိမ်အနာမှ သွေးထွက်ထားဖူးခြင်း
- လေဖြတ်ထားဖူးခြင်း
- Aspirin နှင့်မတည့်သော ရင်ကြပ်ရောဂါဖြစ်ဖူးခြင်း
- Aspirin နှင့်မတည့်ခြင်း
- နှလုံးခွဲစိတ်ထားခြင်း (e.g., coronary artery bypass graft [CABG] surgery;
- အသည်းရောဂါ
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Feldene (ဖဲလ်ဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ဆေးသောက်ဖို့ လိုတဲ့ပမာဏကိုသိရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
ဆေးညွှန်းအချို့ကို အောက်တွင်ဖော်ပြထားပါတယ်။
အရိုးအဆစ်ယောင်ရောဂါအတွက် လူကြီးတယောက် သောက်နိုင်သော ပမာဏ – ၂၀မီလီဂရမ် အနေ့တစ်ကြိမ် သို့မဟုတ် ၁၀မီလီဂရမ် တနေ့ ၂ကြိမ် သောက်ပါ။ ၂၀မီလီဂရမ်ထက် ပိုမသောက်ပါနဲ့။
နာကျင်မှုကို သက်သာရန် (လူကြီး) – ၂၀မီလီဂရမ် အနေ့တစ်ကြိမ် သို့မဟုတ် ၁၀မီလီဂရမ် တနေ့ ၂ကြိမ် သောက်ပါ။ ၂၀မီလီဂရမ်ထက် ပိုမသောက်ပါနဲ့။
အဆစ်ယောင်ရောဂါအတွက် – ၂၀မီလီဂရမ် အနေ့တစ်ကြိမ် သို့မဟုတ် ၁၀မီလီဂရမ် တနေ့ ၂ကြိမ် သောက်ပါ။ ၂၀မီလီဂရမ်ထက် ပိုမသောက်ပါနဲ့
ကလေးတွေအတွက် Feldene (ဖဲလ်ဒင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးတွေကို ဒီဆေးသုံးဖို့ ညွှန်ကြားထားတဲ့ ပမာဏမရှိပါဘူး။ ကလေးတွေသုံးလျှင် ဘေးဖြစ်စေနိုင်ပါတယ်။ ဆေးကိုမသုံးခင် ဘေးဖြစ်မဖြစ်ကို သေချာသိဖို့က အရေးကြီးပါတယ်။ ထပ်မံသိလိုသော အချက်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် မေးမြန်းပါ။
Feldene (ဖဲလ်ဒင်း) ကိုဘယ်လိုရရှိနိုင်သလဲ
Feldene ဆေးကို အောက်ပါပုံစံနှင့် ပြင်းအားအတိုင်းရနိုင်ပါတယ်။
ဆေးတောင့်ပုံစံ – ၁၀ မီလီဂရမ်၊ ၂၀မီလီဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ဆေးအများကြီးသုံးမိခြင်းနှင့် အရေးပေါ်အခြေအနေအတွက် အရေးပေါ်ကားခေါ်ခြင်းနှင့် နီးစပ်ရာအရေးပေါ်ဌာနသို့ သွားခြင်းကို လုပ်နိုင်ပါတယ်။
ဆေးအများကြီးသုံးမိခြင်းရဲ့ လက္ခဏာတွေကတော့-
- အားအင်ကုန်ခန်းခြင်း
- နုံးခြင်း
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်း
- အန်ခြင်း
- ဗိုက်နာခြင်း
- သွေးဝမ်း မဲမဲတွေသွားခြင်း
- သွေး သို့မဟုတ် ကော်ဖီအမှုန့်ရောင် အန်ခြင်း
- အသက်ရှူမဝခြင်း
- အချိန်အကြာကြီး သတိလစ်ခြင်း
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
တကယ်လို့သင်ဟာ ဆေးသောက်ဖို့မေ့သွားလျှင် သတိရရခြင်း သောက်ပါ။ ဒါပေမယ့် နောက်တကြိမ်သောက်ရမယ့်အချိန်နဲ့ အရမ်းကပ်နေပါက မေ့သွားတဲ့ဆေးကို မသောက်တော့ဘဲ ပုံမှန်အချိန်မှာ သောက်ရမယ့် ဆေးကိုသာသောက်ပါ။ ဆေး၂လုံးဆက် မသောက်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။