အသုံးပြုပုံများ
Dolargan (ဒိုလာဂန်) ကို ဘာအတွက်အသုံးပြုကြသလဲ
Dolargan ကို အလယ်အလတ်ကနေ ပြင်းထန်တဲ့ နာကျင်မှုတွေကို ထိန်းချုပ်ဖို့အတွက် အသုံးပြုကြပါတယ်။ ကလေးမွေးစဉ် နာကျင်မှု၊ ခွဲစိတ်ပြီး နာကျင်မှု၊ မေ့ဆေးပေးစဉ် နာကျင်မှုနဲ့ ခွဲစိတ်ပြီး နာကျင်မှုတို့အတွက် အသုံးပြုပါတယ်။
Dolargan ကို ဆေးပညာ လမ်းညွှန်စာအုပ်များမှာ ဖေါ်ပြခြင်းမရှိတဲ့ အကြောင်းအရာများအတွက်လဲ အသုံးပြုခြင်း ရှိနိုင်ပါတယ်။
Dolargan (ဒိုလာဂန်) ဘယ်လိုသောက်သုံးသင့်သလဲ
သောက်ဆေး
ချေခြင်း၊ ချိုးခြင်း၊ ဝါးခြင်းတွေ မပြုလုပ်ပါနဲ့။ ရေတစ်ခွက်နဲ့ မြိုချပါ။
ထိုးဆေး
ကျန်းမာရေး ပြုစုမှုပေးသူက ထိုးပေးပါလိမ့်မယ်။
Dolargan (ဒိုလာဂန်) ဘယ်လိုသိမ်းဆည်းရမလဲ
ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Dolargan ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Dolargan ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Dolargan ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Dolargan ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ
Dolargan ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Dolargan (ဒိုလာဂန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်အလက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
- ကိုယ်ဝန်ရှိနေရင် (သို့) နို့တိုက်နေရင်။ ဘာလို့လဲဆိုတော့ ကလေးရှိနေရင် (သို့) နို့တိုက်နေစဉ်မှာ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုပဲ သောက်သင့်တာကြောင့် ဖြစ်ပါတယ်။
- အခြားဆေးတွေ သောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်မပါပဲ သောက်နေတဲ့ ဆေးတွေလဲ ပါဝင်ပါတယ်။
- Dolargan မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေ (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်ဘူးဆိုရင်
- အခြားရောဂါတွေ ရှိနေရင်
- အခြားဓါတ်မတည့်မှုတွေ ရှိနေရင် (အစားအသောက်၊ ဆိုးဆေး၊ တိရစ္ဆာန်)
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dolargan (ဒိုလာဂန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကို မသိရသေးပါ။
နို့တိုက်ခြင်း
ဆေးကို မိခင်နို့ထဲကနေ ကိုယ်ခန္ဓါအပြင်ဘက်ကို စွန့်ထုတ်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Dolargan (ဒိုလာဂန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- အသက်ရှူရခက်ခဲခြင်း
- သွေးပေါင်ကျခြင်း
- နှလုံးခုန်မြန်ခြင်း
- ခေါင်း ရီဝေဝေ ဖြစ်ခြင်း
- ခေါင်းမူးခြင်း
- ပျို့ခြင်း
- အန်ခြင်း
- ချွေးထွက်ခြင်း
- စိတ်ကြွခြင်း
- စိတ်မကျေနပ်ခြင်း
- အားနည်းခြင်း
- စိတ်တိုခြင်း
- လက်တုန်ခြင်း
- ဟန်ချက်မညီသော ကြွက်သား လှုပ်ရှားမှုများ
- တက်ခြင်း
- ဂယောင်ခြောက်ခြား ဖြစ်ခြင်း
- အမြင်အာရုံ မှားယွင်းခြင်း
- ပါးစပ်ခြောက်ခြင်း
- ဝမ်းချုပ်ခြင်း
- Biliary tract ဆတ်ခနဲ ကျုံ့ခြင်း
- မျက်နှာ ရုတ်တရက် နီရဲခြင်း
- နှလုံးခုန် မြန်ခြင်း၊ နှေးခြင်း
- နှလုံးခုန်သံကို သတိထားမိနေခြင်း
- သွေးပေါင်ကျခြင်း
- သတိမေ့ခြင်း
- ဆီးကျန်ခြင်း
- ယားယံခြင်း
- အကွက်ထခြင်း
- အခြား အရေပြားအကွက်များ
- ဆေးထိုးတဲ့နေရာမှာ သွေးပြန်ကြောတစ်လျှောက် ရောင်ရမ်းခြင်း
- ဆေးထိုးထားတဲ့နေရာမှာ နာကျင်ခြင်း၊ ဘေးပတ်ပတ်လည် တစ်ရှူး ယားယံခြင်း
ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- အသက်ရှူရခက်ခဲခြင်း
- သွေးပေါင်ကျခြင်း
- နှလုံးခုန်မြန်ခြင်း
- ခေါင်း ရီဝေဝေ ဖြစ်ခြင်း
- ခေါင်းမူးခြင်း
- ပျို့ခြင်း
- အန်ခြင်း
- ချွေးထွက်ခြင်း
- စိတ်ကြွခြင်း
- စိတ်မကျေနပ်ခြင်း
- အားနည်းခြင်း
- စိတ်တိုခြင်း
- လက်တုန်ခြင်း
- ဟန်ချက်မညီသော ကြွက်သား လှုပ်ရှားမှုများ
- တက်ခြင်း
- ဂယောင်ခြောက်ခြား ဖြစ်ခြင်း
- အမြင်အာရုံ မှားယွင်းခြင်း
- ပါးစပ်ခြောက်ခြင်း
- ဝမ်းချုပ်ခြင်း
- Biliary tract ဆတ်ခနဲ ကျုံ့ခြင်း
- မျက်နှာ ရုတ်တရက် နီရဲခြင်း
- နှလုံးခုန် မြန်ခြင်း၊ နှေးခြင်း
- နှလုံးခုန်သံကို သတိထားမိနေခြင်း
- သွေးပေါင်ကျခြင်း
- သတိမေ့ခြင်း
- ဆီးကျန်ခြင်း
- ယားယံခြင်း
- အကွက်ထခြင်း
- အခြား အရေပြားအကွက်များ
- ဆေးထိုးတဲ့နေရာမှာ သွေးပြန်ကြောတစ်လျှောက် ရောင်ရမ်းခြင်း
- ဆေးထိုးထားတဲ့နေရာမှာ နာကျင်ခြင်း၊ ဘေးပတ်ပတ်လည် တစ်ရှူး ယားယံခြင်း
ယေဘူယျအသိပေးချက် – ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Dolargan (ဒိုလာဂန်) နဲ့ ဓါတ်ပြုနိုင်သလဲ
ယေဘူယျအသိပေးချက် – Dolargan ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
အောက်ဖေါ်ပြပါ ဆေးတွေဟာ ဒီဆေးနဲ့ ဓါတ်ပြုမှု ရှိနိုင်ပါတယ်။
- Anxiolytics
- အိပ်ဆေး
- စိတ်ကျရောဂါဆေး
- အကိုက်အခဲပျောက်ဆေး
- မေ့ဆေး
- Respiratory depression medicines
- သွေးတိုးကျဆေး
- Phenothiazine
- Cimetidine
- Monoamine inhibitors (MAOIs)
- Anticholinergics
အစားအသောက်တွေနဲ့ အရက်က Dolargan (ဒိုလာဂန်) နဲ့ ဓါတ်ပြုနိုင်သလား
Dolargan က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Dolargan (ဒိုလာဂန်) နဲ့ ဓါတ်ပြုနိုင်သလဲ
Dolargan ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။
Dolargan နဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ အခြေအနေတွေကတော့
- အသက်မရှူနိုင်ခြင်း
- လေကြောင်းပိတ်ဆို့ခြင်း
- ပန်းနာရင်ကျပ် ရောဂါ တို့ဖြစ်ပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Dolargan (ဒိုလာဂန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အလယ်အလတ်ကနေ ပြင်းထန် နာကျင်မှု
- Normal single dose (usually not to be repeated more often than 4 hourly)
- 25 – 100 mg by intramuscular or subcutaneous injection
- By slow intravenous injection 25 – 50 mg
ကလေးမွေးရာတွင် အနာသက်သာဆေး
- 50 – 100 mg by intramuscular or subcutaneous injection repeated 1 – 3 hours later
- Maximum of 400mg in 24 hours
ခွဲစိတ်မှုမပြုခင် ကြိုတင်သောက်သုံးခြင်း
50 – 100mg by intramuscular injection one hour prior to the operation.
အကိုက်အခဲပျောက်ဆေး ပိုမို အစွမ်းထက်ရန်
10 -25mg as required by slow intravenous injection.
အသက်ကြီးသူများ
Initial doses should not exceed 25mg
ကလေးတွေအတွက် Dolargan (ဒိုလာဂန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အလယ်အလတ်ကနေ ပြင်းထန်နာကျင်မှု
By intramuscular injection 0.5 – 2 mg per kg of body weight.
မခွဲစိတ်မီကြိုတင် သောက်သုံးခြင်း
By intramuscular injection one hour prior to the operation 1 – 2 mg per kg of body weight.
ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ
Dolargan (ဒိုလာဂန်) ကိုဘယ်လိုရရှိနိုင်သလဲ
Dolargan ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- Dolargan 100 mg/2 ml x 10 ညှစ်ဆေး
- Dolargan 25 mg x 20 ဆေးပြား
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံေ ဆးခန်းများသို့ သွားရောက်ကုသမှုခံယူပါ
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Dolargan ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။