အသုံးပြုပုံများ
Cepodem (စီပိုဒမ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Cepodem® (cefpodoxime) သည် ပိုးသတ်ဆေး ဖြစ်ပြီး ၎င်းကို အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း၊ အာင်္သီးရောင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကာလသားရောဂါ နှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါ ၊ အူရောင်ငန်းဖျားရောဂါ
စသည့် ဘက်တီးရီးယားကြောင့်ဖြစ်သော ကူးစက်ရောဂါများအတွက်အများဆုံးအသုံးပြုကြသည် ။
ပိုသိလိုသည်များရှိသော် ဆရာဝန်အားမေးမြန်းနိုင်ပါသည်။
Cepodem (စီပိုဒမ်) ဘယ်လိုသောက်သုံးသင့်သလဲ
Cepodem® (cefpodoxime) ကို ၁၂ နာရီခြား သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ပါ။ ဆေးပြားကိုသောက်လျှင် အစာနှင့် တွဲသောက်ခြင်းက ဆေးအာနိသင်ပို ထိရောက်စေပြီး ဆေးအရည်ဆိုလျှင် အစာနှင့် တွဲပြီးဖြစ်စေ ၊ အစာမရှိဘဲဖြစ်စေ သောက်နိုင်သည်။ ဆေးရည်ကို မသောက်မီ ဘူးကို သေသေချာချာလှုပ်သောက်ပါ။
ပိုးသတ်ဆေးသည် ခန္ဒါကိုယ်တွင်တစ်သတ်မှတ်တည်းရှိမှသာ အကျိုးအာနိသင် ပိုမိုထိရောက်မှုရှိသည်။ ထို့ကြောင့် အချိန်မှန်သောက်သုံးသင့်ပါသည်။
ဆေးကိုရောဂါလက္ခဏာသက်သာသော်လည်း သတ်မှတ်ထားသော ရက်ရောက်သည်အထိအသုံးပြုရပါမည်။ အချိန်မတိုင်မီရပ်လိုက်ပါက ဘက်တီးရီးယားပိုးမွှားများ၏ ကြီးထွားမှုကို ပို၍များပြားလာနိုင်ပါသည်။
Cepodem (စီပိုဒမ်) ဘယ်လိုသိမ်းဆည်းရမလဲ
(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Cepodem® (cefpodoxime) ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Cepodem® (cefpodoxime)
ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။
Cepodem® (cefpodoxime) ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
Cepodem® (cefpodoxime) ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
Cepodem® (cefpodoxime) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Cepodem (စီပိုဒမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
- Cepodem® (cefpodoxime)ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
- Penicillin, Cephalosporin ပိုးသတ်ဆေးများနှင့် ဓါတ်မတည့်လျှင်
- အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cepodem (စီပိုဒမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။
အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။
- A=ဆိုးကျိုးမရှိပါ။
- B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
- C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
- D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
- X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
- N=အခြေအနေကိုမသိရသေးပါ။
ဘေးထွက်ဆိုးကျိုးများ
Cepodem (စီပိုဒမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ခံစားရနိုင်သော ဘေးထွက်ဆိုးကျိုးအချို့မှာ
- ဝမ်းလျှောခြင်း
- ပျို့ခြင်း
- အန်ခြင်း
- ခေါင်းကိုက်ခြင်း
- ခံတွင်းပျက်ခြင်း
- ခြေထောက်နှင့် ခြေဆစ်များရောင်ခြင်း
- မောပန်းခြင်း
- နှလုံးခုန်မြန်ခြင်း
- အသက်ရှုကျပ်ခြင်း
- ရောဂါပိုးဝင်ခြင်း၏ လက္ခဏာများ (ဖျားခြင်း၊ လည်ချောင်းနာခြင်း)
- ဆီးအရောင်မဲခြင်း
- အသားနှင့် မျက်လုံးများဝါခြင်း
- သွေးထွက်၊ သွေးခြေဥလွယ်ခြင်း
- ကျောက်ကပ်ရောဂါ၏ လက္ခဏာများ ခံစားရခြင်း (ဥပမာ- ဆီးပမာဏပြောင်းလဲသွားခြင်း)
- ပါးစပ်ထဲတွင် အဖြူဖတ်များဖြစ်ခြင်း
- မိန်းမကိုယ် တွင် မှိုရောဂါဖြစ်ခြင်း
- မိန်းမကိုယ်ယားခြင်း စသည်တို့ဖြစ်သည်။
သို့သော် မျက်စိအမြင်အာရုံပြောင်းလဲခြင်း၊ စကားလေးသွားခြင်း၊ စိတ်အာရုံထွေပြားခြင်းများ ဖြစ်ခြင်းတို့ သည် ရှားပါးသော ဆိုးကျိုးများဖြစ်သော်လည်း ဖြစ်လာလျှင် နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားပြရပါမည်။
(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Cepodem (စီပိုဒမ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Cepodemဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။
မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)
ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးများသည် ဓါတ်ပြုမှု ဖြစ်နိုင်သောဆေးများဖြစ်ပါသည်။
- အစာအိမ်၏ အက်ဆစ်ဓါတ်ကို လျော့နည်းစေသော ဆေးများ (antacids, H2 blockers)
- ပိုးကောင်အရှင်များဖြင့် ဖော်စပ်ထားသော ကာကွယ်ဆေးများ
အစားအသောက်တွေနဲ့ အရက်က Cepodem (စီပိုဒမ်) နဲ့ ဓါတ်ပြုနိုင်သလား
Cepodem® (cefpodoxime) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Cepodem (စီပိုဒမ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Cepodem® (cefpodoxime) ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။
အထူးသဖြင့် Cepodem® ဆေးသည် ကျောက်ကပ်ရောဂါ၊ အစာအိမ်နှင့် အူရောင်ရောဂါရှိသူများတွင် ဓါတ်ပြုမှုများ ဖြစ်နိုင်ပါသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Cepodem (စီပိုဒမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- အဆုတ်လေပြွန်ရောင်ခြင်း
သောက်ဆေး 200 mg တနေ့ ၂ကြိမ် ၁၀ရက်
- ဆီးအိမ်ရောင်ခြင်း
သောက်ဆေး 200 mg တနေ့ ၂ကြိမ် ၇ ရက်
- ကာလသားရောဂါ (နောက်ဆက်တွဲဆိုးကျိုးမရှိသော)
နောက်ဆက်တွဲဆိုးကျိုးမရှိသော ဆီးလမ်းကြောင်း၊ သားအိမ်ခေါင်း နှင့် အမျိုးသမီးများတွင်ဖြစ်သော စအိုတဝိုက်ပိုူးဝင်ခြင်း အတွက် သောက်ဆေး 200 mg တကြိမ်သာသောက်ရန်
- ကာလသားရောဂါ (ကိုယ်ထဲတွင်ပြန့်သွားသော)
သောက်ဆေး 400 mg တနေ့ ၂ကြိမ်
- နမိုးနီးယား အဆုတ်ရောင်ရောဂါ
လူများကြားမှ ကူးစက်သော နမိုးနီးယား အဆုတ်ရောင်ရောဂါ အတွက် သောက်ဆေး 200 mg တနေ့ ၂ကြိမ် ၁၄ ရက်
- ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်ခြင်း
သောက်ဆေး 100 mg တနေ့ ၂ကြိမ်။ ရောဂါ ပြင်းထန်မှုအပေါ်မူတည်ပြီး ၁၄ ရက်အထိသောက်နိုင်သည်။
- ထိပ်ကပ်နာ
သောက်ဆေး 200 mg တနေ့ ၂ကြိမ် ၁၀ ရက်
- အရေပြား နှင့် တစ်သျူးများပိုးဝင်ခြင်း(နောက်ဆက်တွဲဆိုးကျိုးမရှိသော)
သောက်ဆေး 400 mg တနေ့ ၂ကြိမ် ၇-၁၄ ရက်
- အာသီးရောင်ခြင်း
သောက်ဆေး 100 mg တနေ့ ၂ကြိမ် ၅-၁၀ ရက်
အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း
သောက်ဆေး 100 mg တနေ့ ၂ကြိမ်။ ရောဂါ ပြင်းထန်မှုအပေါ်မူတည်ပြီး ၁၄ ရက်အထိသောက်နိုင်သည်။
ကလေးတွေအတွက် Cepodem (စီပိုဒမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- အဆုတ်လေပြွန်ရောင်ခြင်း
အသက် ၁၂ နှစ်နှင့် အထက် အတွက် : သောက်ဆေး 200 mg တနေ့ ၂ကြိမ် ၁၀ရက်
- ဆီးအိမ်ရောင်ခြင်း
အသက် ၁၂ နှစ်နှင့် အထက် အတွက် : သောက်ဆေး 200 mg တနေ့ ၂ကြိမ် ၇ ရက်
- ကာလသားရောဂါ (နောက်ဆက်တွဲဆိုးကျိုးမရှိသော)
အသက် ၁၂ နှစ်နှင့် အထက် အတွက် : နောက်ဆက်တွဲဆိုးကျိုးမရှိသော ဆီးလမ်းကြောင်း၊ သားအိမ်ခေါင်း နှင့် အမျိုးသမီးများတွင်ဖြစ်သော စအိုတဝိုက်ပိုူးဝင်ခြင်း အတွက် သောက်ဆေး 200 mg တကြိမ်သာသောက်ရန်
- ကာလသားရောဂါ (ကိုယ်ထဲတွင်ပြန့်သွားသော)
အသက် ၁၂ နှစ်နှင့် အထက် အတွက် : သောက်ဆေး 400 mg တနေ့ ၂ကြိမ်
- နားစည်ရောင်ခြင်း
အသက် ၁၂ နှစ်နှင့် အထက် အတွက် : 5mg/ kg (အများဆုံး 200mg) တနေ့ ၂ကြိမ် ၅ ရက်
တနေ့လျှင် အများဆုံးပမာဏ 400 mg
- နမိုးနီးယား အဆုတ်ရောင်ရောဂါ
အသက် ၁၂ နှစ်နှင့် အထက် အတွက် : လူများကြားမှ ကူးစက်သော နမိုးနီးယား အဆုတ်ရောင်ရောဂါ အတွက် သောက်ဆေး 200 mg တနေ့ ၂ကြိမ် ၁၄ ရက်
- ထိပ်ကပ်နာ
အသက် ၂ လနှင့် ၁၂ နှစ်ကြား အတွက် : သောက်ဆေး : 5mg/ kg (အများဆုံး 200 mg) တနေ့ ၂ကြိမ် ၁၀ ရက်၊ တနေ့လျှင် အများဆုံးပမာဏ 400 mg
အသက် ၁၂ နှစ်နှင့် အထက် အတွက် :သောက်ဆေး 200 mg တနေ့ ၂ကြိမ် ၁၀ ရက်
- အရေပြား နှင့် တစ်သျူးများပိုးဝင်ခြင်း(နောက်ဆက်တွဲဆိုးကျိုးမရှိသော)
အသက် ၁၂ နှစ်နှင့် အထက် အတွက် :သောက်ဆေး 400 mg တနေ့ ၂ကြိမ် ၇-၁၄ ရက်
- အာသီးရောင်ခြင်း
အသက် ၂ လနှင့် ၁၂ နှစ်ကြား အတွက် : သောက်ဆေး : 5mg/ kg (အများဆုံး 100 mg) တနေ့ ၂ကြိမ် ၅-၁၀ ရက်၊ တနေ့လျှင် အများဆုံးပမာဏ 200 mg
အသက် ၁၂ နှစ်နှင့် အထက် အတွက် :သောက်ဆေး 100 mg တနေ့ ၂ကြိမ် ၅-၁၀ ရက်
Cepodem (စီပိုဒမ်) ကိုဘယ်လိုရရှိနိုင်သလဲ
Cepodem® (cefpodoxime) ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- ၁၀၀ မီလီဂရမ် ဆေးပြား
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Cepodem® (cefpodoxime) ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။