အသုံးပြုပုံများ
Ameferro (အမီဖာရိုး) ကို ဘာအတွက်အသုံးပြုကြသလဲ
AMEFERRO ဟာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တမျိုး ဖြစ်ပါတယ်။၎င်းဟာ သံဓါတ်ကို ဖြည့်တင်းပေးနိုင်တာမို့ သွေးတွင်းသံဓါတ်နည်းပါးခြင်းကို ကာကွယ်နိုင်၊ကုသပေးနိုင်ပါတယ်။Ameferro ကို အခြားသော အခြေအနေတွေအတွက်လည်း အသုံးပြုနိုင်သေးတဲ့အတွက် အသေးစိတ်ထပ်မံသိရှိလိုပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Ameferro (အမီဖာရိုး) ဘယ်လိုသောက်သုံးသင့်သလဲ
ferrous gluconate ကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သုံးစွဲရမှာဖြစ်ပြီး သုံးစွဲရမယ့် ဆေးပမာဏနဲ့ ပတ်သက်လို့ ဆေးဗူးမှာပါတဲ့ အညွှန်းအတိုင်း တိကျစွာ လိုက်နာရမှာပါ။ferrous gluconate ကို အစာမရှိတဲ့အချိန်မှာ သောက်ရင် စုပ်ယူမှုပိုကောင်းစေမှာဖြစ်ပေမယ့် ဆေးကြောင့် ဗိုက်နာဗိုက်အောင့်ဖြစ်တတ်တယ်ဆိုရင်တော့ အစာစားပြီးမှ သောက်နိုင်ပါတယ်။ အချို့သောအစားအစာတွေ (ဥပမာ ကြက်ဥ၊ဘဲဥ၊ပေါင်မုန့်၊ဂျုံ၊နို့ထွက်ပစ္စည်းများ၊ကော်ဖီ၊လက်ဖက်ရည် စသည်)ဟာ သင့်ခန္ဓါကိုယ်ကနေ သံဓါတ်စုပ်ယူမှုကို လျော့နည်းစေနိုင်ပါတယ်။ferrous gluconate ကြောင့် ဗိုက်နာဗိုက်အောင့်ဝေဒနာတွေကို ခံစားရတယ်ဆိုရင် ဆေးရဲ့ အာနိသင်ကို အတတ်နိုင်ဆုံး မထိခိုက်စေဘဲ ဘယ်လိုသောက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မေးမြန်းနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ antacid, a bisphosphonate (ဥပမာ alendronate), cefdinir, eltrombopag,methyldopa, penicillamine, quinolone အမျိုးအစား ပဋိဇီဝဆေးတွေ (ဥပမာ ciprofloxacin), သို့မဟုတ် tetracycline အမျိုးအစား ပဋိဇီဝဆေးတွေ (ဥပမာ minocycline) သုံးစွဲနေမယ်ဆိုရင် ferrous gluconate နဲ့ ဘယ်လိုမျိုးအတူတကွ သောက်သုံးရမလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ကို မေးမြန်းရမှာ ဖြစ်ပါတယ်။ferrous gluconate ကို သောက်တဲ့အခါ ရေဖန်ခွက်တခွက်အပြည့် (၂၄၀ စီစီလောက်)နဲ့ သောက်ရပါမယ်။ ဆေးသောက်ပြီး နာရီဝက်အတွင်း လဲလျောင်းခြင်း မပြုရပါဘူး။ferrous gluconate ကို တခါသောက်ရင် ဆေးပြားတပြားလုံးသောက်ချရမှာဖြစ်ပြီး ချိုးဖဲ့ခြင်း၊အမှုန့်ကြိတ်ခြင်း ဒါမှမဟုတ် မြိုမချခင် ဝါးစားခြင်း စတာတွေကို မပြုလုပ်ရပါဘူး။
Ameferro (အမီဖာရိုး) ဘယ်လိုသိမ်းဆည်းရမလဲ
[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
AMEFERRO ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ AMEFERRO ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ AMEFERRO ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
AMEFERRO ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)
AMEFERRO ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Ameferro (အမီဖာရိုး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
သင့်မှာ အောက်ပါအခြေအနေတွေရှိနေရင် ဆေးကိုမသုံးစွဲမီ ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။
- ferrous gluconate ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်ခြင်း။
- သံဓါတ်ကို စုပ်ယူခြင်း၊စွန့်ပစ်ခြင်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ခံစားနေရခြင်း၊သွေးတွင်းရှိ သံဓါတ်ပမာဏ များပြားနေခြင်း။
သတိပြုသင့်တဲ့ အခြားသော အရေးကြီးအချက်လေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ferrous gluconate သုံးစွဲနေစဉ်ကာလမှာ ဆရာဝန်ညွှန်ကြားထားခြင်းမရှိဘဲ ဗီတာမင်အားဆေးပမာဏ အများအပြားကို သုံးစွဲခြင်းမပြုပါနဲ့။
- ferrous gluconate ဟာ သံဓါတ်ပါဝင်တဲ့ အားဆေးဖြစ်တာမို့ သင့်အနေနဲ့ ဆေးအသစ်တမျိုး သုံးစွဲတော့မယ်ဆိုရင် အဆိုပါဆေးမှာ သံဓါတ်ပါဝင်ခြင်းရှိမရှိသိနိုင်ဖို့အတွက် ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပါ။ ဆေးမှာ သံဓါတ်ပါဝင်ရင် ဒါမှမဟုတ် ပါလား မပါဖူးလားဆိုတာကို သင့်အနေနဲ့ မသေချာရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။
- ferrous gluconate ဟာ ဝမ်းအရောင်ကို အမည်းရောင်၊စိမ်းပုပ်ပုပ်အရောင် စသဖြင့် ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပြီး စိုးရိမ်စရာ မရှိပါဘူး။
- အချို့သော ဆေးတွေမှာ tartrazine လို့ ခေါ်တဲ့ ဆိုးဆေးပါရှိပြီး ၎င်းဟာ လူနာအချို့မှာ ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် သင့်အနေနဲ့ tartrazine ဆိုးဆေးနဲ့ ဓါတ်မတည့်ခြင်း ဝေဒနာခံစားဖူးတယ်ဆိုရင် အခုသောက်သုံးမယ့် သံဓါတ်အားဖြည့်ဆေးမှာ tartrazine ဆိုးဆေးပါဝင်ခြင်းရှိမရှိ သိနိုင်ဖို့ ဆရာဝန်ကို မေးမြန်းရပါမယ်။
- အချို့သော ဓါတ်ခွဲစမ်းသပ်မှုတွေရဲ့ အဖြေ (ဥပမာ ဝမ်းထဲသွေးပါခြင်းကို ဓါတ်ခွဲစစ်ဆေးမှုမျိုး)ကို Ferrous gluconate က နှောင့်ယှက်နိုင်တဲ့အတွက် သင့်အနေနဲ့ Ferrous gluconate သောက်သုံးလျက်ရှိကြောင်း ဆရာဝန်နဲ့ ဓါတ်ခွဲခန်းတာဝန်ရှိသူကို ကြိုတင်အသိပေးရပါမယ်။
- Ferrous gluconate သုံးစွဲနေစဉ်ကာလမှာ ဟေမိုဂလိုဘင်ပမာဏစစ်ဆေးခြင်း၊သွေးတွင်း သံဓါတ်ပမာဏစစ်ဆေးခြင်း စတာတွေကို အခါအားလျော်စွာ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ သင့်အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နိုင်မှာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးတွေကိုလည်း အချိန်မှီသိရှိတားဆီးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်ရက်ချိန်းတွေနဲ့ သွေးစစ်ဖို့ ရက်ချိန်းတွေကို မပျက်မကွက် သွားရောက်ဖို့ အရေးကြီးပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ameferro (အမီဖာရိုး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
- ကိုယ်ဝန်ဆောင်နေချိန်
သင့်မှာကိုယ်ဝန်ရှိလာရင် ဆရာဝန်ကို အသိပေးပါ။ ကိုယ်ဝန်ဆောင်ကာလမှာ ဆေးကြောင့် ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို သင့်ဆရာဝန်က အသေးစိတ် ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
- ကလေးနို့တိုက်ချိန်
Ferrous gluconate ဟာ မိခင်ရဲ့ နို့ရည်မှာ ပါဝင်လာမှာဖြစ်တဲ့အတွက် သင့်အနေနဲ့ ကလေးနို့တိုက်နေချိန်မှာ Ferrous gluconate ကို သုံးစွဲနေတယ် ဒါမှမဟုတ် သုံးစွဲဖို့ ဆန္ဒရှိတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါမယ်။ ဒါမှသာ ကလေးအပေါ်မှာ သက်ရောက်လာနိုင်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဂဃနဏ သိရှိမှာ ဖြစ်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
Ameferro (အမီဖာရိုး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ferrous gluconate ဟာ ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်စေနိုင်ပါတယ်။ အောက်ဖော်ပြပါ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကာလကြာရှည်စွာ ဆက်လက်ရှိနေမယ် ဒါမှမဟုတ် ပိုဆိုးလာမယ်ဆိုရင် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
- ဝမ်းချုပ်ခြင်း။
- ဝမ်းအရောင်မည်းခြင်း၊စိမ်းပုပ်ပုပ်အရောင်ဖြစ်ခြင်း။
- ဝမ်းလျှောခြင်း။
- အစားအသောက်ပျက်ခြင်း။
- ပျို့ခြင်း။
- ဗိုက်နာဗိုက်အောင့်ခြင်း။
- အန်ခြင်း။
အောက်ဖော်ပြပါ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမယ်ဆိုရင်တော့ အရေးပေါ်ဆေးကုသမှုကို အလျင်အမြန်ခံယူရပါမယ်။
- အနီစက်များထွက်ခြင်း။
- အင်ပြင်များထွက်ခြင်း။
- ယားယံခြင်း။
- အသက်ရှုရခက်ခြင်း။
- မျက်နှာ၊ပါးစပ်၊နှုတ်ခမ်း၊လျှာတို့ ဖောင်းကားရောင်ရမ်းခြင်း။
- ကတ္တရာစေးကဲ့သို့ ဝမ်းမည်းမည်းများသွားခြင်း။
- ဝမ်းထဲသွေးပါခြင်း။
- အဖျားတက်ခြင်း။
- ပျို့အန်မအီမသာဖြစ်ခြင်း၊ဗိုက်နာဗိုက်အောင့်ခြင်း။
- ကော်ဖီအနှစ်ရောင်ကဲ့သို့ ခပ်မည်းမည်းများ အန်ခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Ameferro (အမီဖာရိုး) နဲ့ ဓါတ်ပြုနိုင်သလဲ
AMEFERRO ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ဒီဆေးနဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့
- ferrous gluconate ဟာ Doxycycline, mycophenolate, penicillamine သို့မဟုတ် သိုင်းရွိက်ရောဂါမှာ အသုံးပြုတဲ့ ဆေးဝါးတွေ (ဥပမာ levothyroxine) ရဲ့ အာနိသင်ကို လျော့ကျစေပါတယ်။
တကယ်လို့ သင့်အနေနဲ့ antacid, a bisphosphonate (ဥပမာ alendronate), cefdinir, eltrombopag,methyldopa, penicillamine, quinolone အမျိုးအစား ပဋိဇီဝဆေးတွေ (ဥပမာ ciprofloxacin), သို့မဟုတ် tetracycline အမျိုးအစား ပဋိဇီဝဆေးတွေ (ဥပမာ minocycline) သုံးစွဲနေမယ်ဆိုရင် ferrous gluconate နဲ့ ဘယ်လိုမျိုးအတူတကွ သောက်သုံးရမလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ကို မေးမြန်းရမှာ ဖြစ်ပါတယ်။
အစားအသောက်တွေနဲ့ အရက်က Ameferro (အမီဖာရိုး) နဲ့ ဓါတ်ပြုနိုင်သလား
AMEFERRO က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Ameferro (အမီဖာရိုး) နဲ့ ဓါတ်ပြုနိုင်သလဲ
AMEFERRO ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
- အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများရှိခြင်း (ဥပမာ အူရောင်ခြင်း၊Crohn disease၊အနာဖြစ်ခြင်းများ စသည်)။
- သွေးအားနည်းရောဂါပုံစံအမျိုးမျိုး။
- သွေးအားနည်းရောဂါကို ဖြစ်စေသော အကြောင်းရင်းများ (ဥပမာ သွေးနီဥပုံစံမမှန်သော ရောဂါတမျိုး၊G6PD အင်မ်ဇိုင်း ချို့တဲ့သော ရောဂါတမျိုး စသည်)။
- အခြားသော သွေးရောဂါများ (ဥပမာ သာလာစီးမီးယား-thalassemia ရောဂါ)။
- သွေးခဏခဏ သွင်းရခြင်း စတဲ့ အခြေအနေများပဲ ဖြစ်ကြပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Ameferro (အမီဖာရိုး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
သံဓါတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းအတွက်
ကုသရန် : သတ်မှတ်ထားသောပမာဏမှာ ၆၀ မီလီဂရမ်ကို ၆ – ၁၂ နာရီခြားတခါ သောက်ရမှာ ဖြစ်ပါတယ်။
ကာကွယ်ရန် : သတ်မှတ်ထားသောပမာဏမှာ ၆၀ မီလီဂရမ်ကို တနေ့တကြိမ်သောက်ရမှာ ဖြစ်ပါတယ်။
နေ့စဉ်သုံးစွဲသင့်သောပမာဏ
အမျိုးသား : သတ်မှတ်ထားသောပမာဏမှာ တနေ့လျှင် ၈ မီလီဂရမ်။
အမျိုးသမီး : သတ်မှတ်ထားသောပမာဏမှာ တနေ့လျှင် ၁၈ မီလီဂရမ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ : သတ်မှတ်ထားသောပမာဏမှာ တနေ့လျှင် ၂၇ မီလီဂရမ်။
နို့တိုက်မိခင်များ : သတ်မှတ်ထားသောပမာဏမှာ တနေ့လျှင် ၉ မီလီဂရမ်။
ကလေးတွေအတွက် Ameferro (အမီဖာရိုး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
- သံဓါတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်းအတွက်
ကုသရန် : သတ်မှတ်ထားသော သောက်ဆေးပမာဏမှာ တနေ့လျှင် 3 – 6 mg/kg ။
ကာကွယ်ရန် : သတ်မှတ်ထားသော သောက်ဆေးပမာဏမှာ တနေ့လျှင် 1 – 2 mg/kg ။ တနေ့လျှင် ၁၅ မီလီဂရမ်ထက် မပိုရပါ။
တနေ့တာအတွက် သတ်မှတ်ထားသော ပမာဏ
၀ – ၆ လ အရွယ်အတွင်း : သတ်မှတ်ထားသော သံဓါတ်ပမာဏမှာ ဝ.၂၇ မီလီဂရမ်။
၇ – ၁၂ လ အရွယ်အတွင်း : သတ်မှတ်ထားသော သံဓါတ်ပမာဏမှာ ၁၁ မီလီဂရမ်။
၁ – ၃ နှစ် အရွယ်အတွင်း : သတ်မှတ်ထားသော သံဓါတ်ပမာဏမှာ ၇ မီလီဂရမ်။
၄ – ၈ နှစ် အရွယ်အတွင်း : သတ်မှတ်ထားသော သံဓါတ်ပမာဏမှာ ၁၀ မီလီဂရမ်။
၉ – ၁၃ နှစ် အရွယ်အတွင်း : သတ်မှတ်ထားသော သံဓါတ်ပမာဏမှာ ၈ မီလီဂရမ်။
၁၄ – ၁၈ နှစ်အတွင်းနေ့စဉ်သုံးစွဲသင့်သောပမာဏ
အမျိုးသား : သတ်မှတ်ထားသောပမာဏမှာ တနေ့လျှင် ၁၁ မီလီဂရမ်။
အမျိုးသမီး : သတ်မှတ်ထားသောပမာဏမှာ တနေ့လျှင် ၁၅ မီလီဂရမ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ : သတ်မှတ်ထားသောပမာဏမှာ တနေ့လျှင် ၂၇ မီလီဂရမ်။
နို့တိုက်မိခင်များ : သတ်မှတ်ထားသောပမာဏမှာ တနေ့လျှင် ၁၀ မီလီဂရမ်။
Ameferro (အမီဖာရိုး) ကိုဘယ်လိုရရှိနိုင်သလဲ
AMEFERRO ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သံဓါတ် ၂၇ မီလီဂရမ် ပါဝင်သော သောက်ဆေးပြား။
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
AMEFERRO ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။