အသုံးပြုပုံများ
Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Propylthiouracil သည် သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုလွန်ကသြော အခြေအနေမျိုးတွင်သုံးသော ဆေးဖြစ်ပါသည်။ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ရန်ပြင်ဆင်ခြင်း၊ ခွဲစိတ်ရန် မသင့်တော်သောသူများတွင် ရေဒီယို သတ္တိကြွဆေးများသုံးစွဲခြင်းတို့တွင် ထိုဆေးကို သုံးပါသည်။
ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။
Propylthiouracil သည် သိုင်းရွိုက်ဂလင်းမှ သိုင်းရွိုက်ဟော်မုန်းများ ထုတ်လွှတ်ခြင်းကို လျှော့ချသောဆေးဖြစ်ပါသည်။
Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) ဘယ်လိုသောက်သုံးသင့်သလဲ
သောက်ဆေးများကို ဆေးဘူးပေါ်တွင် ညွှန်ကြားထားသည့် အတိုင်းသောက်သင့်ပါသည်။
သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ ညွှန်ကြားချက်များကို လိုက်နာပါ။
- Propylthiouracil သည်ဆေးဗူးထဲတွင် လူနာများသတိပြုရန် ရေးသားထားပါသည်။ ထို့ကြောင့် ဆေးမသောက်မီ သေချာစွာ ဖတ်ရန်လိုအပ်ပါသည်။
- ဆေးကို အစာနှင့်ဖြစ်စေ၊ အစာမရှိဘဲဖြစ်စေသောက်ပါ။
- ဆေးတစ်ခွက်နှင့် တစ်ခွက်ကို တနေ့တာတွင် ခြားပြီးသောက်သင့်ပါသည်။
- Propylthiouracil ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ ဆေး၂ခွက်လုံးစာပေါင်းသောက်လိုက်ပါ။ ထို့နောက် ပုံမှန်အချိန်အတိုင်း ပြန်သောက်ပါ။
သင်သိလိုသည်များ ရှိသော် သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ပါ။
Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) ဘယ်လိုသိမ်းဆည်းရမလဲ
Propylthiouracil ကို ၁၅ – ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်ကြား (၅၉-၈၆ ဒီဂရီ ဖာရင်ဟိုက်ကြား)မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Propylthiouracil ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Propylthiouracil ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
- Propylthiouracil ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင် ဆေးကိုလုံး၀ မသုံးပါနှင့်။
အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
- ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
- ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
- အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
- သွေးနှင့် ရိုးတွင်ချဉ်ဆီမူမမှန်သောရောဂါများ၊ အသည်းရောဂါ၊ ကျော်ကပ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများရှိလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါတို့သည် ဖြစ်လေ့ရှိသော မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများဖြစ်ပါသည်။ ယင်းတို့ မခံမရပ်နိုင်အောင်ဖြစ်လာပါက ဆရာဝန်ထံသွားပြပါ။
- ခေါင်းကိုက်ခြင်း
- မူးဝေခြင်း
- ထိုင်းမှိုင်းခြင်း
- ကြွက်သားများ နာကျင်ခြင်း
- ခံတွင်းပျက်ခြင်း
- ဆံပင်ကျွတ်ခြင်း တို့ဖြစ်ပါသည်။
အောက်ပါ ပြင်းထန်သောဆိုးကျိုးများကို ခံစားရလျှင် နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားပြရပါမည်။
ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
- အသည်း ထိခိုက်ခြင်း၏ လက္ခဏာများ (ဆီးအရောင်မဲခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ ခံတွင်းပျက်ခြင်း၊ အဆက်မပြတ် ပျို့အန်နေခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားနှင့် မျက်လုံးများဝါခြင်း)
- အရေပြားနီရဲခြင်း၊ ရေကြည်ဖုများဖြစ်ကာကွာကျခြင်း
- အရေပြားများ ထုံကျဉ်ခြင်း
- ကိုယ်အနှံ့တွင် နာကျင်သော အကြိတ်များပေါက်လာခြင်း
- ခြေထောက်နှင့် ခြေဆစ်များနာခြင်း၊ရောင်ခြင်း
- အဆက်မပြတ် မောပန်းနွမ်းနယ်ခြင်း
- နှလုံးခုန်မြန်ခြင်း
- အသက်ရှုကျပ်ခြင်း
- ရောဂါပိုးဝင်ခြင်း၏ လက္ခဏာများ (ဖျားခြင်း၊ လည်ချောင်းနာခြင်း)
- သွေးထွက်၊ သွေးခြေဥလွယ်ခြင်း တို့ဖြစ်ပါသည်။
(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Propylthiouracil ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ အောက်ပါဆေးများသည် Propylthiouracil နှင့်ဓါတ်ပြုနိုင်သောဆေးများဖြစ်ပါသည်။
သွေးကျဲဆေး(warfarin)၊နှလုံးဆေး များ (propranolol, digoxin, theophylline)သည်
Propylthiouracil ၏ဘေးထွက်ဆိုးကျိုးများကို ပိုများစေပါသည်။
အစားအသောက်တွေနဲ့ အရက်က Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) နဲ့ ဓါတ်ပြုနိုင်သလား
Propylthiouracil က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ
Propylthiouracil ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
စသောက်လျှင် တနေ့ကို 300mg ၈နာရီခြားတစ်ခါ ၃ကြိမ် ခွဲသောက်ရပါမည်။ သိုင်းရွိုက်ဂလင်း ကြီးသော လူနာများတွင် စသောက်လျှင် တနေ့ကို 900mg သောက်ရပါမည်။
အရွယ်ရောက်ပြီးသူများတွင် ရေရှည်သောက်ရန် စသောက်ရမည့်ပမာဏမှာ တနေ့ကို 100-150mg ဖြစ်ပါသည်။
ကလေးတွေအတွက် Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)
Propylthiouracil (Ptu) (ပရိုပိုင်သီယိုရူရေဆေးလ်) ကိုဘယ်လိုရရှိနိုင်သလဲ
Propylthiouracil ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- Propylthiouracil ၅၀ မီလီဂရမ် ဆေးပြား
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Propylthiouracil ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။