အသုံးပြုပုံများ
Januvia® (ဂျန်နူဗီရား) ကို ဘာအတွက်အသုံးပြုကြသလဲ
ဆီးချိုအမျိုးအစား၂ရောဂါကိုကုသရာမှာ အသုံးပြုပါတယ်။
သင့်တင့်တဲ့အာဟာရ၊ အားကစားအစီအစဉ်နဲ့ သွေးတွင်းသကြားဓါတ်များနေခြင်းကိုထိန်းချုပ်ပေးတဲ့ အခြားဆေးတွေနဲ့အတူတွဲသုံးနိုင်ပါတယ်။ သွေးတွင်းသကြားဓါတ်များနေခြင်းကို စီမံကုသခြင်းက ကျောက်ကပ်ပျက်စီးခြင်း၊ မျက်လုံးကန်းခြင်း၊ အာရုံကြောပြဿနာများ၊ ခြေလက်များဆုံးရှူံးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတွေကို ကာကွယ်ပေးပါတယ်။
Januvia® (ဂျန်နူဗီရား) ဘယ်လိုသောက်သုံးသင့်သလဲ
ဆီးချိုဆိုင်ရာကီတုန်းအက်ဆစ်ဓါတ်များခြင်း သို့ Januvia® (sitagliptin)နဲ့ဓါတ်မတည့်ဘူးဆိုရင် အသုံးမပြုသ်င့်ပါဘူး။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သို့ ဆေးညွှန်းစာအတိုင်း အစာနဲ့တွဲပြီး သို့ အစာမပါဘဲ တိတိကျကျသောက်သင့်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို အချိန်တိုင်းစစ်နေဖို့လိုပါတယ်။ အခြားသွေးစစ်ဆေးခြင်းတွေလည်း ပြုလုပ်သင့်ပါတယ်။ သွေးတွင်းသကြားဓတ်နည်းသွားခြင်းက ဆီးချိုရောဂါသည်တွေတိုင်းမှာ တွေ့ရပါတယ်။ လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ ဗိုက်ဆာခြင်း၊ ချွေးထွက်ခြင်း၊ အရေပြားဖျော့တော့ခြင်း၊ ကသိကအောက်ဖြစ်ခြင်း၊ မူးဝေခြင်း၊ တုန်လှုပ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်းတွေ ဖြစ်ပါတယ်။ သင်သွေးတွင်းသကြားဓါတ်နည်းချိန်တိုင်းမှာ အသုံးပြုနိုင်ဖို့ သင်နဲ့အတူသကြားဓါတ်ကို အမြဲဆောင်ထားသင့်ပါတယ်။ သင့်မှာပြင်းထန်တဲ့သွေးတွင်းသကြားဓါတ်ကျခြင်း၊ အစားမစားနိုင်ခြင်းမသောက်နိုင်ခြင်းတွေရှိမယ်ဆိုရင် ဂလူကာဂွန်ထိုးဆေးကို အသုံးပြုသင့်ပါတယ်။
ရေငတ်ခြင်း၊ဆီးသွားများခြင်း၊ ဆာလောင်ခြင်း၊ အာခြောက်ခြင်း၊ ထွက်သက်သစ်သီးနံ့ရခြင်း၊ အိပ်ချင်မူးတူးဖြစ်ခြင်း၊ အရေပြားခြောက်ခြင်း၊ အမြင်ဝါးခြင်၊ ကိုယ်အလေးချိန်ကျခြင်းစတဲ့ သွေးတွင်းသကြားဓါတ်များခြင်းလက္ခဏာတွေကိုလည်း စောင့်ကြည့်နေသင့်ပါတယ်။
Januvia® (ဂျန်နူဗီရား) ဘယ်လိုသိမ်းဆည်းရမလဲ
အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့
စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Januvia® (ဂျန်နူဗီရား) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။
- ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
- ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
- အခြားဆေးတွေမှီဝဲနေရရင်
- ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
- Januvia® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
- အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
- ဆီးချိုဆိုင်ရာကီတုန်းအက်ဆစ်ဓါတ်များခြင်းအခြေအနေရှိနေရင် (သင့်ဆရာဝန်ကို အင်ဆူလင်သုံးကုသမှုနဲ့ပတ်သက်ပြီး ခေါ်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ
Januvia® (ဂျန်နူဗီရား) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။
FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ
- A=အန္တရာယ်မရှိ
- B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
- C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
- D=အန္တရာယ်ပေးနိုင်ချေရှိသည်။
- X=မသုံးသင့်
- N=မသိ
ဘေးထွက်ဆိုးကျိုးများ
Januvia® (ဂျန်နူဗီရား) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
- ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊)တွေတွေ့ခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီယူသင့်ပါတယ်။
- ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊ ကျောဘက်ထိပျံ့သွားခြင်း၊ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ အစားစားလိုစိတ်မရှိခြင်း၊ နှလုံးခုန်မြန်ခြင်းကဲ့သို့သော ပန်ကရိယရောင်ခြင်းလက္ခဏာတွေ တွေ့ခဲ့မယ်ဆိုရင် ဆေးရပ်လိုက်ပြီးဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။
အောက်ပါအခြေအနေတွမှာ ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။
- ပြင်းထန်တဲ့ခုခံအားခန္ဓါကိုယ်အားပြန်လည်တိုက်ခိုက်ခြင်း- ယားယံခြင်း၊ အရေပြားအပေါ်လွှာပေါက်ပြဲခြင်း
- ဆီးနည်းနည်းသို့ မသွားခြင်း
- ရောင်ရမ်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အသက်ရှူမဝခြင်း
- ပြင်းထန်တဲ့အရေပြားဓါတ်မတည့်မှုများ- ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာလျှာရောင်ခြင်း၊ မျက်လုံးပူခြင်း၊ အရေပြားနာခြင်း၊ အနီရောင်အပြာရောင်အဖုများပျံ့သွားခြင်း (အထူးသဖြင့် မျက်နှာနဲ့ခန္ဓါကိုယ်အပေါ်ပိုင်းတွေမှာ) ပေါက်ပြဲခြင်း၊ အရေပြားကွာကျခြင်း
တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
- နှာရည်ယိုခြင်းရောင်ခြင်း၊ လည်ချောင်းနာခြင်း
- ခေါင်းကိုက်ခြင်း၊ ကျောနာခြင်း၊ အဆစ်ကြွက်သားနာခြင်း
လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက
Januvia® (ဂျန်နူဗီရား) နဲ့ ဓါတ်ပြုနိုင်သလဲ
သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။
အစားအသောက်တွေနဲ့ အရက်က
Januvia® (ဂျန်နူဗီရား) နဲ့ ဓါတ်ပြုနိုင်သလား
အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဆီးချိုဝေဒနာသည်တွေမှာ အရက်က သွေးတွင်းသကြားဓါတ်ကိုသက်ရောက်မှုရှိနိုင်တာကြောင့် အရက်ရှောင်သင့်ပါတယ်။ သွေးတွင်းသကြားဓါတ်နည်းသွားခြင်း ၊များသွားခြင်းတွေ သင်သောက်လိုက်တဲ့မာဏပေါ်မူတည်ပြီး ဖြစ်သွားန်ုငိပါတယ်။
ဘယ်ရောဂါအခြေအနေတွေက
Januvia® (ဂျန်နူဗီရား) နဲ့ ဓါတ်ပြုနိုင်သလဲ
သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။
- ပန်ကရိယရောင်ခြင်း
- ကျောက်ကပ်လုပ်ငန်းများမကောင်းခြင်း
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက်
Januvia® (ဂျန်နူဗီရား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
သိမ်မွေ့သောကျောက်ကပ်မလုံလောက်ခြင်းလူနာတွေအတွက်
50 mL/minသို့ အထက် Creatinine ဖယ်ထုတ်ခြင်း၊ အမျိုးသားများမှာ သွေးတွင်း creatinine1.7 mg/Dlသို့ အောက်၊ အမျိုးသမ်ီးများတွင် 1.5 mg/Dlသို့ အောက်) Januvia®ဆေးပမာဏအပြောင်းအလဲလုပ်ဖို့မလိုပါဘူး။
အလွန်အကျွံမဟုတ်သောကျောက်ကပ်မလုံလောက်ခြင်းအတွက်
( Creatinine ဖယ်ထုတ်ခြင်း 30နဲ့ 30အထက်၊ 50 mL/minအောက်၊ အမျိုးသားများသွေးတွင်း creatinine
1.7အထက်ကနေ 3.0 mg/dlနဲ့အောက်၊ အမျိုးသမီးများသွေးတွင်း creatinine1.5အထက် သို့ 2.5 mg/dlနဲ့အောက်) ၊ဆေးပမာဏကို 50 mgတစ်နေ့တစ်ကြိမ်ပေးသင့်ပါတယ်။
ပြင်းထန်တဲ့ကျောက်ကပ်မလုံလောက်ခြင်းလူနာများအတွက်
(Creatinine ဖယ်ထုတ်ခြင်းပမာဏ 30 mL/minအောက်၊ အမျိုးသားများ3.0 mg/dlအထက်သွေးတွင်း Creatinineပမာဏ ၊ အမျိုးသမ်းများ2.5 mg/dlအထက်၊)၊ သွေးသန့်စင်ခြင်း၊ ကလီစာများအုပ်ထားသည့်အမြှေးအတွင်း အရည်များသန့်စင်လှဲလှယ်ခြင်းတွေလိုအပ်တဲ့ နောက်ဆုံးအဆင့်ကျောက်ကပ်ရောဂါအတွက် 25 mgတစ်နေ့တစ်ကြိမ်၊ ဆေးအသုံးပြုခြင်းအတွက် သန့်စင်လှဲလှယ်ခြင်းအချိန်ပေါ်မူမတည်ပါဘူး။
ကလေးတွေအတွက်
Januvia® (ဂျန်နူဗီရား) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာတွေအတွက် ဆေးပမာဏကိုသတ်မှတ်ထားခြင်းမရှိသေးပါဘူး။ ဆေးအသုံးမပြုခင်မှာ ဆေးရဲ့စိတ်ချရမှုနဲ့ပတ်သက်ပြီး အပြည့်အဝနားလည်ထားဖို့ အရေးကြီးပါတယ်။ ပိုသိလိုတာတွေအတွက် သင့်ဆရာဝန်ဆေးဝါးကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
Januvia® (ဂျန်နူဗီရား) ကိုဘယ်လိုရရှိနိုင်သလဲ
အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။
ဆေးပြား၊ ဖလင်အုပ်ထားသောဆေးပြားပုံစံ- sitagliptin phosphate 25mg
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။