အသုံးပြုပုံများ
Di Antalvic ကို ဘာအတွက်အသုံးပြုကြသလဲ
Di-Antalvic® ကိုအများဆုံးအသုံးပြုကြသည်မှာအကိုက်အခဲ
ပျောက်စေပြီး အဖျားကျစေသော အာနိသင်များအတွက်ဖြစ်သည်။
Di Antalvic ဘယ်လိုသောက်သုံးသင့်သလဲ
သောက်ဆေးအဖြစ် သင်သည် ယခုဆေးအားသင့်ဆရာဝန်ညွှန်
ကြားသည့် အချိန်၊အကြိမ်နှင့်ဆေးပမာဏအတိုင်းသောက်သုံးသင့်
ပါသည်။ မသောက်ခင်တွင် ဆေးအညွှန်းကိုသေသေချာချာဖတ်ပါ။
သင်နားမလည်ပါကသင့်ဆရာဝန်အား မေးမြန်းပါ။
Di Antalvic ဘယ်လိုသိမ်းဆည်းရမလဲ
Di-Antalvic® (dextropropoxyphene/paracetamol)ကိုအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)
Di-Antalvic® (dextropropoxyphene/paracetamol)ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Di-Antalvic® (dextropropoxyphene/paracetamol)ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Di-Antalvic® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။Di-Antalvic® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Di Antalvic အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအခြေအနေများတွင် သင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်သူနှင့်တိုင်ပင်ဆွေးနွေးမှုများ
ပြုလုပ်သင့်ပါသည်။
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုဖို့ရည်ရွယ်မိပါက ယခုဆေးအပါအဝင် သင့်ဆရာဝန်
၏ ထောက်ခံချက်ရထားသောဆေးများကိုသာသင်သည်အသုံးပြု
သင့်ပါသည်။
သင်သည်အခြားဆေးဝါးများသောက်သုံးနေပါကလည်း ဆရာဝန်
နှင့်တိုင်ပင်ပါ။ ထိုဆေးများတွင် ဆရာဝန်ခွင့်ပြုချက်မလိုပဲဝယ်ယူရရှိ
နိုင်သောဆေးများ၊ဖြည့်စွက်အားဆေးများနှင့် သဘာဝဆေးဖက်ဝင်
အပင်များလည်းပါဝင်သည်။
သင့်တွင် အခြားသောဆေးများ(သို့) Di-Antalvic® ၏ ပါဝင်ပစ္စည်းများဖြင့်ဓါတ်မတည့်မှုများရှိပါကလည်းသင့်ဆရာဝန်
နှင့်တိုင်ပင်ပါ။
သင့်တွင် အခြားသောရောဂါများရှိပါကလည်းDi-Antalvic® အသုံးမပြုခင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Di Antalvic ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။
ဘေးထွက်ဆိုးကျိုးများ
Di Antalvic ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အခြားဆေးများကိုသောက်သုံးနေစဉ်တွင် ယခုဆေးအားသောက်ခြင်းသည် အချို့သောဘေးထွက်ဆိုးကျိုး
များကို ဖြစ်စေနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးအများစုမှာအဖြစ်နည်း
ပြီးမည်သည့်အပိုဆောင်းကုသမှုများမှ မလိုအပ်တတ်ပါ။ သို့သော်
ယခုဆေးသောက်အပြီးသင့်တွင် မည်သည့်ပြဿနာရှိမရှိကိုသင့်ဆရာဝန်နှင့်တိုင်ပင်ပြသရန်အရေးကြီးပါသည်။
အချို့သောဘေးထွက်ဆိုးကျိုးများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
- မူးဝေခြင်း
- စိတ်ငြိမ်ကျသွားခြင်း
- ပျို့ခြင်း
- အန်ခြင်း
- အားနည်းခြင်း
- ဝမ်းချုပ်ခြင်း
- ဗိုက်အောင့်ခြင်း
- အနီစက်များထွက်ခြင်း
- စိတ်ကစဉ့်ကလျားဖြစ်ခြင်း
- မူးယစ်နေခြင်း၊မြောက်နေခြင်း
- အမြင်ေဝဝါးခြင်း
- အသည်းစွမ်းဆောင်ရည်ကျဆင်းခြင်း
- ဆေးကိုမူးယစ်ဆေးအဖြစ်အလွဲသုံးတတ်လာခြင်း
- အသည်းထိခိုက်ခြင်း(အထူးသဖြင့်အရက်သောက်သူများတွင်ဖြစ်သည်။)
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)
ဆေးဓါတ်ပြုမှုများ
ဘယ်ဆေးတွေက Di Antalvic နဲ့ ဓါတ်ပြုနိုင်သလဲ
Di-Antalvic®ဟာသင်အခုလောလောဆယ်
သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ ယခုဆေးနှင့် ဓါတ်ပြုနိုင်
သည့်အရာများတွင် အောက်ပါတို့ပါဝင်သည်။
- Pseudoephedrine
- Dextromethorphan
- Chlorpheniramine
- Diphenhydramine
- Doxylamine
- Codeine
- Hydrocodone
- Oxycodone
အစားအသောက်တွေနဲ့ အရက်က Di Antalvic နဲ့ ဓါတ်ပြုနိုင်သလား
Di-Antalvic® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Di Antalvic နဲ့ ဓါတ်ပြုနိုင်သလဲ
Di-Antalvic® ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Di Antalvic ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်သူများတွင်ထောက်ခံထားသောပမာဏမှာတစ်နေ့လျှင်1တောင့်မှ 2တောင့်အထိဖြစ်ပြီးတစ်လုံးစီကိုခြောက်နာရီခြားကာသောက်သုံးနိုင်ပါသည်။
ကလေးတွေအတွက် Di Antalvic ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။
Di Antalvic ကိုဘယ်လိုရရှိနိုင်သလဲ
Di-Antalvic® ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
- Di-Antalvic®, Acetaminophen 400မီလီဂရမ်
- Dextropropoxyphene Hydrochloride 30မီလီဂရမ်
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Di-Antalvic®ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။