အသုံးပြုပုံများ
Arduan (အာဒူရမ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Arduan® ကို လေပြွန်အတွင်း ပိုက်ပြွန်ထိုးသွင်းခြင်းနှင့် ကြွက်သား ဖြေလျော့မှု မိနစ် ၂၀-၃၀ လိုအပ်သော ခွဲစိတ်မှု အတွင်း မေ့ဆေးပေးရာတွင် ကြွက်သားများ ဖြေလျော့ရန် အသုံးပြုသည်။
ထွက်မှာ သေချာပြီလား။
Arduan® ကို လေပြွန်အတွင်း ပိုက်ပြွန်ထိုးသွင်းခြင်းနှင့် ကြွက်သား ဖြေလျော့မှု မိနစ် ၂၀-၃၀ လိုအပ်သော ခွဲစိတ်မှု အတွင်း မေ့ဆေးပေးရာတွင် ကြွက်သားများ ဖြေလျော့ရန် အသုံးပြုသည်။
ဆေးကို ထိုးဆေးအနေဖြင့်သာ အသုံးပြုသင့်သည်။ ကြွက်သားများ ဖြေလျော့ဆေးများနှင့် အတွေ့အကြုံရှိသော အရည်အသွေးပြည့် ဆရာဝန်၏ ကြီးကြပ်မှုဖြင့်သာ ထိုးပါ။
Arduan® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Arduan® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Arduan® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Arduan® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ဤဆေး မသုံးမီ သင်သည် အောက်ပါတို့ကို သိထားသင့် သည်။
ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်တွင် ဤဆေး သုံးခြင်းသည် ဘေးကင်းသလား သေချာ မသိရှိပါ။ ဤဆေး မသောက်မီ ဖြစ်ပေါ်နိုင်သော ကောင်းကျိုး နှင့် ဆိုးကျိုးကို ချိန်ညှိရန် ဆရာဝန် နှင့် အမြဲ တိုင်ပင်ပါ။
ဤဆေး အသုံးပြုစဉ် ဖြစ်ပေါ်နိုင်သော ဘေးထွက် ဆိုးကျိုး အချို့မှာ
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
Arduan® သည် သင်လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
ဤဆေးနှင့် ဓါတ်ပြုနိုင်သော ထုတ်ကုန်များမှာ-
Arduan® သည် အစာ သို့မဟုတ် အရက် နှင့် ဓါတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓါတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Arduan® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
ပြွန်သွင်းခြင်းနှင့် နောက်ဆက်တွဲ ခွဲစိတ်မှုအတွက် အစပျိုး ဆေးပမာဏမှာ 80-100 ug/kg body weight ဖြစ်သည်။ ပြွန်သွင်းရန် အတွက် အကောင်းဆုံး အခြေအနေ ၁၅၀-၁၈၀ စက္ကန့် ထောက်ပံ့ပေးသည်။ အာရုံကြောနှင့် ကြွက်သား ပိတ်ဆို့မှု ကြာချိန်မှာ ၆၀-၉၀ မိနစ်ဖြစ်သည်။
Succinylcholine ပြွန်သွင်းပြီးနောက် ခွဲစိတ်မှုအတွင်း ကြွက်သားဖြေလျော့စေရန် အစပျိုး ဆေးပမာဏမှာ 50 ug/kg of body weight ဖြစ်ပြီး ၃၀-၄၀ မိနစ် ထောက်ပံ့ပေး သည်။ ဆက်လက်ထိန်းသော ဆေးပမာဏမှာ 10-20ug/kg ဖြစ်ပြီး ၃၀-၄၀ မိနစ် ထောက်ပံ့ပေးသည်။
နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းတွင် ဆေးပမာဏကို CC နှင့်အညီ တွက်ချက်သင့်သည်။
၃လအရွယ် ၁နှစ်အောက်ကလေးများတွင် ဆေးပမာဏ ကို 40ug/kg body weight ဖြင့် တွက်ချက်သည်။ ( ကြွက်သား ဖြေလျော့ခြင်းကို ၁၀-၄၄ မိနစ်ကြာ ထောက်ပံ့ ပေးသည်)
အသက် ၁နှစ်မှ ၁၄ နှစ်ကလေးများတွင် ဆေးပမာဏ သည် 57 mg/kg ဖြစ်သည်။ ( ကြွက်သားဖြေလျော့ခြင်း ကို ၁၈-၅၂ မိနစ်ကြာ ထောက်ပံ့ပေးသည်။
Arduan® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးလွန်ခြင်း၏ လက္ခဏာများမှာ ကြွက်သားများ အချိန်ကြာစွာ အကြောသေခြင်း၊ အသက်ရှူရပ်ခြင်း၊ သွေးပေါင်ချိန် သိသာစွာ ကျခြင်းတို့ဖြစ်သည်။
ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်အား မေးမြန်းပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Arduan® (pipercuronium bromide).http://omedicine.info/en/Arduan.htmlAccessed November 19, 2016
MEDICATION: ARDUAN® (PIPERCURONIUM BROMIDE).http://www.medicatione.com/?c=drug&s=Arduan&ingredient=pipecuronium%20bromideAccessed November 19, 2016.