backup og meta

နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့

    နွေရာသီမှာ အေးတဲ့လေ၊ အေးပြီး နေရထိုင်ရ သက်သောင့်သက်သာရှိတဲ့ နေရာလေးတွေကို လူတိုင်းလိုလို သဘောကျကျပါတယ်။ အခြားမပြောနဲ့ နွေပူပူ အပြင်က ပြန်လာလို့ သောက်ရေအိုး သဲအိုးအေးအေးလေးက အေးစိမ့်နေရင်တောင် ပါးလေး ကပ်လိုက် လက်လေးကပ်လိုက် လုပ်မိတတ်ကြတယ်ဟုတ်။

    နေပူရင် အားအင် ကုန်ခမ်းတာမို့ နေအရမ်းပူချိန်မှာ အေးတဲ့နေရာမှာနေဖို့ အရိပ်ရတဲ့နေရာမှာနေဖို့ လိုပါတယ်။ ဒီတစ်ခေါက်တော့ အပြင်က နွေနေပူရင်တောင် ကိုယ့်ရဲ့ အိမ်ကလေးထဲမှာ အေးနေအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဘယ်လိုတွေ စီစဉ်ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား………

    နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့

    နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့

    နွေရာသီမှာ နေအိမ်ကလေး အေးနေစေဖို့ ဆိုရင် အဲကွန်း ဖွင့်လို့ရတာပဲလို့ ဖြေမယ်လို့များ စိတ်ကူးနေလား…… အခုပြောပြမယ့် နည်းလမ်းက အဲကွန်းဖွင့်စရာ မလိုဘဲ သဘာဝအတိုင်း နေအိမ်လေး အေးနေအောင် လိုက်နာလုပ်ဆောင်သင့်တာလေးတွေကို ပြောပြပေးသွားချင်တာပါ။

    ဒီတော့ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ နေအိမ်လေး အေးမြနေစေဖို့အတွက်

    မသုံးတဲ့ အခန်းတွေကို ပိတ်ထားပါ

    အခန်းတိုင်းရဲ့ တံခါးတွေကို ဖွင့်ထားတာက နေအိမ်ကို အေးမြအောင် ထားတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်ရပါတယ်။ နေရောင်ခြည်တိုက်ရိုက် ဝင်နေတဲ့အခါ အိမ်ထဲမှာ လှောင်ပြီး ပူနေတတ်ပါတယ်၊၊ ဒါကြောင့် နေအိမ်လေးကို အေးမြနေစေချင်တယ်ဆိုရင် ရေချိုးခန်း၊ အိမ်သာလိုမျိုးအခန်းတွေနဲ့ အခြား အသုံးမပြုတဲ့ အခန်းတွေရဲ့ တံခါးတွေကို သေသေချာချာ တင်းတင်းလေး ပိတ်ထားပေးပါ။

    ဒီလို ပိတ်ထားတာက အခန်းထဲက အအေးတွေကို  ပြန့်သွားတာ ပြယ်သွားတာမျိုး မဖြစ်စေနိုင်ပါဘူး။ ဒါကြောင့် အခန်းတံခါးတွေကို အသုံးပြုပြီးတိုင်း သေချာလေး ပိတ်ထားပေးပါ။

    မှန်ပြတင်းပေါက်တွေကို လိုက်ကာ ကာထားပါ

    မှန်တွေကနေ ဖောက်ဝင်လာတဲ့ အပူတွေက ပိုပြီး ပူစေနိုင်ပါတယ်။ ဒါကြောင့် နေအိမ်အတွင်းမှာ မလိုအပ်ဘဲ ပူလောင်အိုက်စပ်တာမျိုး မဖြစ်စေဖို့ မှန်ပြတင်းပေါက်တွေနဲ့ နေရောင်ဝင်ရောက်နိုင်မယ့် နေရာတွေကို လိုက်ကာ ထူထူနဲ့ ပိတ်ထားပေးပါ။

    ပြတင်းပေါက်တွေကို မလိုရင် ပိတ်ထားပါ

    ပြတင်းပေါက်တွေက လေဝင်စေဖို့ လိုအပ်ပေမယ့် နွေပူနေချိန်မှာ လေမတိုးနိုင်လောက်တဲ့ နေရာတွေက ပြတင်းပေါက်တွေကို လိုက်ဖွင့်ထားတာက နေအိမ်ထဲမှာ အပူချိန် တိုးစေတာပဲ ဖြစ်စေမှာပါ။ လေဝင်နိုင်တဲ့ နေရာဆိုရင်တော့ ဖွင့်ထားနိုင်ပါတယ်။

    ဒါကြောင့် နေအိမ်ထဲမှာ အပူချိန် လျှော့ချနိုင်ဖို့ဆိုရင် ပြတင်းပေါက်တွေကို လိုသလောက်ပဲ ဖွင့်ထားပြီး မလိုတဲ့ တံခါးတွေကို ပိတ်ထားပါ။

    အသုံးမလိုတဲ့ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပါ

    မီးလုံးတွေ၊ မီးချောင်းတွေလိုမျိုး အပူထွက်လွယ်တဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမလိုဘူးဆိုရင် ပိတ်ထားပေးပါ။ ဒီလို ဖွင့်ထားတာက နေအိမ်ကို အပူချိန် မြင့်စေနိုင်လို့ပါ။

    ဒါကြောင့် နေပူနေချိန်မှာ အိမ်ထဲမှာ အပူချိန် မြင့်တက်တာမျိုး မဖြစ်စေဖို့ မလိုအပ်တဲ့ မီးခလုတ်တွေ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပေးပါ။

    စက်ကိရိယာ အကြီးစားတွေကို ညမှ သုံးပါ

    အဝတ်လျှော်စက်လိုမျိုး အပူတွေ အများကြီး ထုတ်တဲ့ စက်မျိုးတွေ အပါအဝင် မီးလုံးတွေ၊ မီးချောင်းတွေကို နေပူနေချိန်မှာ မလိုအပ်ဘဲအသုံးပြုတာက နေအိမ်ထဲမှာ အပူချိန် မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ နေအိမ်လေး အေးမြနေစေချင်တယ်ဆိုရင် စက်ကိရိယာ အကြီးစားတွေကို ညဘက်ပိုင်းမှ အသုံးပြုပေးပါ။

    ညဘက်မှာ ပြတင်းပေါက်တွေကို ဖွင့်ထားပါ

    ညဘက် မအိပ်ခင် အချိန်အထိ ပြတင်းပေါက် အားလုံးကို ဖွင့်ထားပါ။ ဒါမှ အိမ်ထဲမှာ ရှိတဲ့ အပူတွေက အကုန် အပြင်ထွက်သွားမှာ ဖြစ်ပြီး ညအိပ်ချိန်မှာ အေးအေးလေးနဲ့ အိမ်လို့ ကောင်းမှာပါ။

    ညနေပိုင်း နေရောင်ကျသွားချိန်ကစပြီး ပြတင်းတံခါးတွေကို ဖွင့်ထားပါ။ ခြင်မကိုက်စေဖို့ဆိုရင်တော့ ခြင်လုံဇကာ တပ်ထားရင် ပိုအဆင်ပြေပါတယ်။

    နေအိမ်ဝန်းကျင်ကို ရေဖြန်းပါ

    နေအိမ်ပတ်ဝန်းကျင်ကို မနက်ခင်းနဲ့ ညနေခင်းတိုင်းမှာ ရေတွေ ပက်ထားတာကလည်း နေအိမ်ဝန်းကျင်ကို ဖုန်မထစေဖို့ရော အေးနေစေဖို့ပါ ကူညီပေးနိုင်ပါတယ်။

    အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ နေအိမ်ကို နွေရာသီမှာ အေးမြနေအောင် လုပ်ဆောင်ကြည့်လို့ ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement