home

သွေးတိုးရောဂါ

သွေးတိုးရောဂါက မျိုးရိုးကြောင့် ဖြစ်နိုင်သလို ဘဝနေထိုင်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးတိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ သွေးတိုးက ရေရှည်မှာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ဒီနေရာမှာ သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျွမ်းကျင်သုတေံ ကိုယ်တိုင် ပြောပြထားတဲ့ အချက်တွေနဲ့ သွေတိုးကို ဘယ်လို ကိုငါတွယ်ဖြေရှင်းရမလဲဆိုတဲ့ အချက်လေးတွေကို လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

သွေးတိုးရောဂါ

သွေးတိုးစေရတဲ့ အကြောင်းရင်းတွေထဲမှာ စိတ်ဖိစီးမှု လည်း ပါပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးမရှိတဲ့သူလည်း သွေးတက်လာနိုင်သလို၊ နဂိုရောဂါအခံရှိပြီးသားလူဆိုရင်လည်း ပိုပြီး တိုးလာနိုင်ပါတယ်။ လူတော်တော်များများက စိတ်ဖိစီးတာကို သတိမပြုမိကြတဲ့အတွက် သွေးတိုးတာကိုပဲ ပြဿနာတစ်ခုလို သဘောထားပြီး ဖြေရှင်းတတ်ပါတယ်။ အကြောင်းရင်းခံဖြစ်တဲ့ စိတ်ဖိစီးမှုကို မဖြေရှင်းသရွေ့ကတော့ သွေးက ဆက်တိုးနေဦးမှာပါပဲ။ စိတ်ဖိစီးမှု ကြောင့် သွေးတိုးတက်သလား။ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က stress ဟော်မုန်းတွေ ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက သွေးကြောတွေကို ကျုံ့စေတဲ့အတွက် သွေးဖိအားကို တက်စေပါတယ်။ ဒါပေမယ့် ဒါက ယာယီပါပဲ။ စိတ်ဖိစီးမှု သက်သာသွားလို့ ဟော်မုန်းတွေ ပြန်နည်းသွားရင် သွေးဖိအားလည်း ပြန်ကျသွားပါတယ်။ ဒါပေမယ့် နေ့စဉ်ရက်ဆက် စိတ်တွေ ဖိစီးနေရင်တော့ ဟော်မုန်းတွေလည်း တောက်လျှောက် ထွက်နေပြီး သွေးတွေ ဆက်တိုက် တက်နေမှာပါ။ ဒီလိုအခါမျိုးဆိုရင်တော့ သွေးတိုးရောဂါလိုပဲ ခန္ဓာကိုယ်ကို […]

အမေးအဖြေကဏ္ဍ

သွေးတိုးရောဂါ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

သွေးတိုးရောဂါ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့်ကို ကြွက်သားဆဲလ်တွေမှာ တွေ့နိုင်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ အရိုးများ၊ အသည်းနဲ့ သွေးနီဥဆဲလ်တွေမှာ တွေ့နိုင်ပါတယ်။ ပိုတက်ဆီယမ်ဟာ ရေမှာပျော်ဝင်လွယ်ပြီး ဓာတ်ပြုမှုမြန်ဆန်ပါတယ်။ ရေထဲပျော်ဝင်သွားတဲ့အခါ အဖိုဓာတ်အိုင်းယွန်းတွေ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွင်း လျှပ်စီးခြင်းကို အားပေးခြင်း ဇီဝဖြစ်စဉ်အများအပြားအတွက် အထောက်အကူပြုပါတယ်။ ယခုဆက်လက်ဖော်ပြမယ့်အကြောင်းအရာတွေကတော့ ပိုတက်ဆီယမ်ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများပဲ ဖြစ်ပါတယ်။ အရည်ဓာတ်ကို မျှတအောင်ထိန်းပေးခြင်း ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းကို အရည်များနဲ့ ဖွဲ့စည်းထားပါတယ်။ အဆိုပါအရည်စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ဆဲလ်တွေထဲမှာ တွေ့ရပြီး အဆိုပါအရည်များကို ICF လို့ အတိုကောက်ခေါ်ပါတယ်။ ကျန်တဲ့အရည်များကို ဆဲလ်ရဲ့ပြင်သမှာ သွေး၊ ခါးရိုးဆစ်တွင်းအရည် စတာတွေအနေနဲ့ တွေ့ရှိရပြီး ECF […]

သွေးတိုးရောဂါ

သွေးတိုးရောဂါ ဟာ အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အမေရိကန်နှလုံးရောဂါအသင်းကြီးရဲ့ အဆိုအရ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုး မဖြစ် စေဖို့အတွက် အသက် ၃၀ မတိုင်ခင်ကာလ နေထိုင်စားသောက်ပုံက အရေးကြီးတယ်လို့ဆိုပါတယ်။ အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။ ကျန်းမာရေးနဲ့ကိုက်ညီစွာမ နေထိုင်ဘူးဆိုရင်တော့ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုးဖြစ်နိုင်ခြေ ၄၂% ရှိတယ်လို့ဆိုပါတယ်။ American Heart Association ဟာ ဒီလိုသွေးတိုးဝေဒနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို လမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။ Life’s Simple 7 နဲ့ကိုက်ညီအောင်နေပါ “Life’s Simple 7” လို့ခေါ်ဆိုတဲ့ AHA ရဲ့ ဒီလမ်းညွှန်ချက်မှာတော့ နေထိုင်ပုံဆိုင်ရာ အကြံပြုချက်တွေ ပါဝင်နေပါတယ်။ ဒီအချက် ၇ ချက်ကတော့ […]

သွေးတိုးရောဂါ

သင့်သွေးကြောတွေထဲမှာ လည်ပတ်နေတဲ့သွေးတွေမှာ ဖိအားရှိပါတယ်။ အဆိုပါ ဖိအားမြင့်တက်ရင် သွေးပေါင်ချိန်မြင့်တယ်၊ သွေးတိုးတယ် စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ သွေးတိုးခြင်းဟာ နှလုံးနဲ့သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေကို ဖြစ်စေတာမို့ ထိထိရောက်ရောက် ကုသသင့်ပါတယ်။ သွေးတိုးခြင်းဟာ မျိုးရိုးလိုက်တတ်ပေမယ့် ဒီတချက်တည်းကြောင့်တော့ မဟုတ်ပါဘူး။ နေထိုင်စားသောက်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ လူတယောက်ဟာ အဆီဓာတ်၊ အငန်ဓာတ်နဲ့ အချိုစားသုံးမှုများပြားပြီး လှုပ်ရှားမှုနည်းရင် သွေးတိုးရောဂါဖြစ်နိုင်ခြေများပါတယ်။ ဒီနေရာမှာ သတိပြုရမှာကတော့ လူတယောက်ရဲ့ သွေးပေါင်ချိန်ကို မသိမသာ အပြောင်းအလဲ ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ အဆိုပါအကြောင်းခြင်းရာတွေနဲ့ တိုက်ဆိုင်ပြီး သွေးပေါင်ချိန် တိုင်းတာမိခဲ့ရင် ရလဒ်အမှန်နဲ့ လွဲချော်တတ်လို့ ဆေးဝါးကုသရာမှာလည်း အကျိုးသက်ရောက်မှု ဖြစ်တတ်ပါတယ်။ အဆိုပါ အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ OTC ဆေးများ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ဆေးဝါးတွေကို OTC (Over-the-counter) ဆေးဝါးများလို့ ရည်ညွှန်းပါတယ်။ သာမန်နာကျင်ကိုက်ခဲခြင်းတွေအတွက် […]

သွေးတိုးရောဂါ

အခုလို COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတဲ့အချိန်မှာ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေထိုင်ခြင်းက အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲ့သည်လို အိမ်မှာပဲနေထိုင်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများစွာကို ဖြစ်လာစေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေပြီလဲဆိုတာလည်း ဆန်းစစ်ချင်တယ်။ ဆေးရုံ၊ ဆေးပေးခန်းတွေကိုလည်း လူနာတွေများပြီး ရောဂါကူးစက်လာမှာ ကြောက်တဲ့အတွက် မသွားရဲဘူး။ ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်အိမ်မှာ ဆောင်ထားနိုင်ပြီး အသုံးပြုရလည်း လွယ်ကူတဲ့ အခြေခံကျန်းမာရေး ဆန်းစစ်ကိရိယာလေးတွေကို ဖော်ပြလိုက်ပါတယ်။ ၁။ ဒစ်ဂျစ်တယ် အပူချိန်တိုင်း ကိရိယာ - Digital Thermometer လူတစ်ယောက်က သာမန်အပူချိန်မှာ ရှိနေသလား၊ ညောင်းညာပြီး ဖျားနေသလား၊ ဒါမှမဟုတ် ဖျားနေတဲ့သူက သာမန်ငွေ့ငွေ့လေးဖျားနေတာလား၊ တအားကို အပြင်းဖျားနေတာလား စတာတွေကို သင်ကိုယ်တိုင် တိုင်းကြည့်နိုင်ပါတယ်။ ကလေးတွေဆိုရင် လူကြီးတွေလောက် မပြောတတ်တာကြောင့် လူကြီးတွေအနေနဲ့ […]

သွေးတိုးရောဂါ

သွေးပေါင်တက်ခြင်း သို့မဟုတ် သွေးတိုးခြင်းဆိုတာ အလွယ်ပြောရရင် သွေး‌ပေါင်ချိန် 130/80 mmHg နဲ့ အထက်ရှိခြင်းကို ဆိုလိုပါတယ်။ သွေးတိုးရတဲ့ အကြောင်းရင်းတွေဟာ များစွာရှိပြီး တိတိကျကျပြောဖို့ ခက်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ အသက်အရွယ်ကြီးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း နဲ့ အဝလွန်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ပုံမှန်သွေးတိုးခြင်းနဲ့ မတူတဲ့ white coat hypertension နဲ့ masked hypertension တို့‌အကြောင်းကို ပြောပြပေးသွားပါမယ်။ (i)White coat hypertension White coat hypertension ဆိုတာ ပုံမှန်နေရင်း သွေးတိုးလေ့မရှိဘဲ ဆရာဝန်နဲ့ တွေ့မှ ဆေးခန်းရောက်မှ သွေး‌ပေါင်ချိန်မြင့်တက်‌နေတတ်တာကို ခေါ်ပါတယ်။ ရယ်ချင်စရာတော့ ဖြစ်နေနိုင်ပေမဲ့ ‌လက်တွေ့မှာ တကယ်ရှိတဲ့ အခြေအနေဖြစ်ပြီး အန္တရာယ်လည်းရှိပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ဆရာဝန်နဲ့တွေ့ရမှာ ဆေးခန်းပြရမှာကို […]

သွေးတိုးရောဂါ

နှလုံးစမ်းသပ်စစ်ဆေးတဲ့ နည်းအမျိုးမျိုးထဲက ၂၄ နာရီတပ်ဆင်အသုံးပြုရတဲ့ Holter Monitor အကြောင်းပြောပြချင်ပါတယ်။ Holter Monitor စက်ကို နှလုံးခုန်မမှန်ခြင်းနဲ့ တခြားနှလုံးလက္ခဏာတွေ ရှာဖွေဖို့အသုံးပြုနိုင်ပြီး ရိုးရိုးနှလုံး အီးစီဂျီ  ဆွဲရုံနဲ့ သိသာတဲ့အချက်အလက်တွေ မရရှိတဲ့အခါမျိုး (ဒါမှမဟုတ်) သင့်မှာတခြား နှလုံးပြဿနာ တစ်ခုခုရှိနေမနေကို သေချာသိရဖို့ လိုအပ်တဲ့ အခါမျိုးမှာ Holter monitor တပ်ဆင်အသုံးပြုဖို့လိုအပ်နိုင်ပါတယ်။ Holter monitor ကိရိယာက ဘက်ထရီအားသုံး စက်တစ်မျိုးဖြစ်ပြီး အရွယ်အစားက ပိုက်ဆံအိတ်အသေး (ဒါမှမဟုတ်) ဖုန်းတစ်လုံးသာသာလောက်ပဲ ရှိပါတယ်။ ဘယ်လိုအချိန်မျိုးမှာ Holter monitor တပ်ရနိုင်သလဲ နှလုံးခုန်မမှန်တာလိုမျိုး နှလုံးနဲ့ပတ်သက်ပြီး မသင်္ကာစရာအခြေအနေမျိုးရှိရင် အီးစီဂျီ အရင်ဆုံးဆွဲပြီး နှလုံး အခြေအနေကို လေ့လာပါတယ်။ ဒါပေမဲ့ အီးစီဂျီ  တစ်မျိုးတည်းနဲ့ နှလုံးပြဿနာရှိမရှိ သေချာမသိနိုင်တဲ့အခါမျိုးမှာတော့ Holter monitor တပ်ပြီး […]

သွေးတိုးရောဂါ

ထိုင်နေရာက ဖြစ်ဖြစ်၊ လှဲနေရာက ဖြစ်ဖြစ် ရုတ်တရက် ထလိုက်တဲ့အခါ မျက်လုံးတွေပြာပြီး မိုက်ခနဲ ဖြစ်သွားတတ်ပါတယ်။ ကြုံဖူးတဲ့သူကို ဒီခံစားချက်ကို ကောင်းကောင်းကြီး သိပါတယ်။ ဒါကို အထိုင်အထ မှာ သွေးပေါင်ကျတယ် postural hypotensionလို့ ခေါ်ပါတယ်။ ဆေးစကားနဲ့ ဆိုရင်တော့ orthostatic hypotensionပေါ့။ အတူတူပါပဲ။ တစ်ခါမှ မဖြစ်ဘူးတဲ့သူတွေ ရုတ်တရက် ကြုံရတဲ့အခါ လေများဖြတ်တာလား၊ ဦးနှောက်သွေးကြောများ ပြတ်တော့မှာလားဆိုပြီး လန့်တတ်ကြပါတယ်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘယ်လို ဆင်ဆင်ခြင်ခြင် နေကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘာကြောင့် အထိုင်အထ မှာ မူးရတာလဲ။ မတ်တပ်ရပ်နေတဲ့အချိန်မှာ သွေးတွေအကုန်လုံးက ခြေထောက်မှာ လာစုနေတဲ့အတွက် နှလုံးဆီကို သွေးကောင်းကောင်းမရောက်ပါဘူး။ ဒါကြောင့် သွေးပေါင်ကျသွားပါတယ်။ ဒါကိုသိတဲ့ နှလုံးနဲ့ လည်ပင်းသွေးကြောက ဆဲလ်လေးတွေက ဦးနှောက်ကို သတင်းပို့ပြီး […]

သွေးတိုးရောဂါ

ခုတလော နေလို့မကောင်းဘူး။ မူး မူးနေတယ်လို့ ပြောရင် တော်တော်များများက သွေးပေါင်များကျနေတာလားလို့ တွေးတတ်ကြပါတယ်။ ဒါလည်း ဟုတ်ပါတယ်။ သွေးပေါင်ကျ ရင် မူးတတ်တာကိုး။ နောက်တစ်မျိုးက သူ့မှာ သွေးပေါင်ကျတတ်တဲ့ ရောဂါရှိတယ်။ ဘာကြောင့်မှန်း မသိ သွေးပေါင်က ကျကျနေတယ်ဆိုတဲ့ သူလည်း ရှိတယ်။ ဒါတွေ အကုန်လုံးက ဘာကြောင့် ဖြစ်တာလဲ။ သင်က သွေးပေါင်ကျတတ်တဲ့သူဆိုရင် သွေးပေါင်ကျရတဲ့ အကြောင်းရင်းတွေကို သိထားဖို့ လိုမယ်နော်။ သွေးအားနည်းတာလား၊ သွေးပေါင်ကျ တာလား။ ဒီနှစ်ခုကို လူတွေ မကွဲကြလို့ ဒါကို အရင်စပြောပါမယ်။ သွေးအားနည်းတာကို ဆေးပညာလို anaemiaလို့ ခေါ်ပါတယ်။ သွေးနီဥ အားနည်းတဲ့ ရောဂါပါ။ အတိအကျပြောရင် ဟေမိုဂလိုဘင်ဆိုတဲ့ ဓာတ်တစ်မျိုး ချို့တဲ့တာပါ။ သွေးပေါင်ကျတယ်ဆိုတာက သွေးဖိအား နည်းတာကို ပြောတာပါ။ ဆေးပညာလိုဆို […]

သွေးတိုးရောဂါ

ညဘက် အိပ်နေရင်းနဲ့ မောလို့ ထထိုင်ရတာမျိုးတွေ ဖြစ်နေပြီလား။ ထပြီး ပြတင်းပေါက်ထဖွင့် အသက်ဝဝရှူလိုက်မှ အမောသက်သာတာမျိုး ဖြစ်နေပြီလား။ ဒါကို ဆေးပညာအရ  Paroxysmal nocturnal dyspnea (PND) လို့ ခေါ်ပါတယ်။ ညဘက်မှာ ဖြစ်တဲ့ အမောပေါ့။ သူက အိပ်ပြီး နာရီပိုင်းလောက်ကြာတာနဲ့ ထထမောတတ်ပါတယ်။ မောတာက ဘယ်အချိန်မှာမဆို မောနိုင်ပါတယ်၊ မနက်ဖြစ်ဖြစ်၊ ညဖြစ်ဖြစ်ပေါ့။ မောခြင်းရဲ့ နောက်ကွယ်မှာ နှလုံးမကောင်းတာ၊ အဆုတ်မကောင်းတာလိုမျိုး ရောဂါကြီး တစ်ခုခုလည်း ရှိနေနိုင်ပါတယ်။ PNDကို ဖြစ်စေတဲ့ အကြောင်းရင်း၊ ကုသနည်းတွေကို လေ့လာကြည့်ရအောင်။ ဘာလက္ခဏာတွေ တွေ့ရမလဲ။ PNDက အိပ်ပျော်ပြီး နာရီအနည်းငယ်အတွင်းမှာပဲ ဖြစ်တတ်ပါတယ်။ PND မှာ မောပြီး နိုးလာမယ်။ ထထိုင်ပြီး ပြတင်းပေါက်တွေ ဘာတွေဖွင့် အသက်ဝဝရှူလိုက်မှ နေလို့ […]

သွေးတိုးရောဂါ

သွေးတိုးရောဂါသည် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကြောင့်လည်း ဖြစ်နိုင်သလို မွေးရာပါ သို့မဟုတ် မိဘမျိုးရိုးအရလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။ ခုနောက်ပိုင်းမှာတော့ လူငယ်တွေမှာသာမက ကလေးတွေမှာပါ ငယ်ငယ်လေးနဲ့ သွေးတိုးရောဂါ အဖြစ်များလာပါတယ်။ သွေးတိုးရောဂါဆိုတာနဲ့ လူတိုင်းက အငန်ကို အဓိက ရှောင်ရမယ်ဆိုတာ သိကြပါတယ်။ အငန်ဓာတ်ကို အပေးနိုင်ဆုံးကတော့ ဆားပေါ့။ ဆားကို ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဟင်းချက်တဲ့အခါ မပါမဖြစ် အများဆုံး ထည့်ချက်ကြပါတယ်။ ဆားမှာ ပါတဲ့ ဆိုဒီယမ်ဓာတ်ကို ခန္ဓာကိုယ်က အသုံးပြုသလို လိုလည်း လိုအပ်ပါတယ်။ ပုံမှန် ကျန်းမာတဲ့ လူတစ်ယောက်ဟာ ဆားတွေ စားမိလိုက်တဲ့အခါ ကျောက်ကပ်ကနေ တစ်ဆင့် ဆီးအဖြစ်နဲ့ အပြင်ဘက်ကို စွန့်ထုတ်လိုက်ပါတယ်။ ဒါပေမယ့် စားတဲ့ ဆားပမာဏက အတိုင်းအတာတစ်ခုကို ကျော်လွန်သွားတဲ့အခါ ကျောက်ကပ်က ဆီးအဖြစ်နဲ့ အကုန်မစွန့်ထုတ်နိုင်တော့ပါဘူး။ […]

သွေးတိုးရောဂါ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon