အစားအသောက် မှီဝဲရာမှာ အာဟာရပြည့်ဝစေဖို့ အဓိကထားရပါမယ်။ ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ Diet စတိုင်နဲ့ အစားရှောင် စားသောက်တာမျိုးတွေကို တတ်နိုင်သမျှ လျှော့ချပြီး အာဟာရမျှတစွာစွားသောက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားအစားအသောက်တွေထက် အသီးအနှံတွေကို ပိုမိုမှီဝဲတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ပူတဲ့ရာသီတွေမှာ အစားအသောက်ကို အများအပြား အလွန်အကျူး စားသောက်တာမျိုးထက် နည်းနည်းစီ အကြိမ်ကြိမ် ခွဲစားတာမျိုး ပိုလုပ်သင့်ပါတယ်။ ဒီလိုလုပ်တာက ကျန်းမာရေးအတွက် ပိုအထောက်အကူပြုစေနိုင်ပါတယ်။ ပျင်းရိတာမျိုး လေးကန်တာမျိုးလည်း ဖြစ်စေတော့မှာမဟုတ်ပါဘူး။
ကိုယ်က လှလှပပမနေတတ်ရင်တောင်မှ အရေပြားခြောက်သွေ့ပြီး အရေပြားရောဂါတွေ မဖြစ်ပေါ်စေဖို့ Sunscreen လို၊ Moisturizer လို အရာမျိုးတွေ သုံးပေးဖို့ လိုအပ်မှာပါ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ရာသီမျိုးမှာ တစ်နေ့ကို ၃ ကြိမ်လောက် အရေပြားစိုစွတ်အေးမြစေမယ့် ခရင်မ်မျိုးတွေ လိမ်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
- မူးယစ်သောက်စားခြင်းကို ရှောင်ကျဉ်ပါ
သောက်သောက်စားစား လူ့မင်းသားတွေကို မသောက်နဲ့လို့ ပြောဖို့က အတော်ခက်ပါတယ်။ ဘယ်အချိန် ဘယ်ရာသီမဆို သောက်ကြမှာ သေချာနေတာကြောင့်ပါပဲ။ ဒါပေမယ့် ပူပြင်းခြောက်သွေ့တဲ့ ရာသီမျိုးမှာ အရက်သေစာ မှီဝဲတာဟာ ရေဓာတ်ဆုံးရှုံးနိုင်ခြေမြင့်မားပြီး တခြားကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေရှိနိုင်တာမို့ လုံးဝမရှောင်ကျဉ်နိုင်ရင်တောင် သိသိသာသာ လျှော့ချသင့်ပါတယ်။
- ထိခိုက်ဒဏ်ရာ ရရင် ဂရုစိုက်ပါ
ပူတဲ့ကာလတွေမှာ ထိခိုက်ဒဏ်ရာတွေ၊ အနာတွေကို ကုသရတာ ပိုပြီး လက်ဝင်ပါတယ်။ သွေးပိုထွက်လာနိုင်တာမျိုး ဖြစ်နိုင်သလို ပိုးမွှားတွေ ကူးစက်နိုင်ခြေလည်းများပါတယ်။ First aid kit လို အိမ်သုံးဆေးသေတ္တာတွေကို ကြိုတင်ဆောင်ထားသင့်သလို လိုအပ်မယ့် ဆေးဝါးမျိုးတွေကိုလည်း ကြိုတင်စုဆောင်းသိမ်းဆည်းထားသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။