home

အာဟာရဆိုင်ရာ အချက်အလက်များ

နေ့တိုင်း အာဟာရ လိုအပ်ချက်ကြောင့် အစားအစာတွေကိုတော့ စားနေပါရဲ့။ ဗိုက်ဝသွားတာပဲ ရှိတယ် အစားအစာ တစ်ခုချင်းစီရဲ့ အာဟာရ တန်ဖိုးနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို မသိဘူးဖြစ်နေတယ်ဆိုရင် ဒီကဏ္ဍလေးကနေ သိလိုတဲ့ အစားအစာလေးရဲ့ အာဟာရဆိုင်ရာ အချက်အလက်လေးတွေကို လေ့လာလို့ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်သွန်ဖြူ က ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကတော့ ထွေထွေထူးထူး မပြောဘဲတောင် အားလုံးက သိထားပြီး ဖြစ်မှာပါ။ ကြက်သွန်ဖြူကို ဟင်းထဲ ထည့်ချက်တာမျိုး ရှိသလို တို့စားတာလည်း ရှိပါတယ်။ ဟင်းခါးထဲ ထည့်ချက်ရင်လည်း အနံ့ရော အရသာပါ ပြည့်စုံစေတဲ့ ဆေးဖက်ဝင်တဲ့ ဟင်းခတ် တစ်မျိုးပါ။ ဒီတစ်ခေါက်တော့ ဆေးဖက်ဝင်တဲ့ ကြက်သွန်ဖြူလေးကို ကျန်းမာရေးနဲ့ ညီညွတ်စွာနဲ့ နေ့စဉ် စားသုံးမိမယ့် နည်းလမ်းလေးတစ်ရပ်ကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ မနက်ခင်းတိုင်းမှာ သောက်ပေးရမယ့် Garlic Tea လေးပါ။ Morning မှာ Garlic Teaလေး သောက်ပေးပါ။ Morning မှာ Garlic Teaလေး သောက်ပေးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား ...... နှလုံး ကျန်းမာစေတယ် ကြက်သွန်ဖြူမှာ နှလုံး ကျန်းမာစေတဲ့ အာနိသင်တွေ ရှိပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အာဟာရဆိုင်ရာ အချက်အလက်များ

အသားခြောက်တွေ၊ ငါးခြောက်နဲ့ သစ်သီးခြောက်တွေက တာရှည်ခံသလို စားရတာလည်း ခံတွင်းတွေ့လှပါတယ်။ ဒါဆို မေးစရာရှိတာက အသားခြောက်တွေ၊ အခြောက်ခံထားတဲ့ ပဲတွေ၊ အသီးအရွက်တွေ၊ ငါးခြောက်တွေ၊ ပုစွန်ခြောက်တွေလိုမျိုး အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရတန်ဖိုး ပြည့်ရဲ့လားဆိုတာပါ။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ တာရှည်ခံအောင် အခြောက်ခံထားတဲ့ အစားအစာတွေက အာဟာရ ပြည့်ရဲ့လား ......... တာရှည်ခံအောင် အခြောက်ခံထားတဲ့ ငါးခြောက်၊ အသားခြောက် စတာတွေက ဆားပါဝင်မှု များတာကြောင့် သွေးတိုးတာမျိုး ဖြစ်စေနိုင်တယ် ဆိုတာကိုတော့ လူအတော်များများ သိထားပြီး ဖြစ်မှာပါ။ ဒါတွေအပြင် အာဟာရတန်ဖိုးရော လျော့သွားနိုင်သလား။ အခြောက်ခံတားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတော့ အစားအစာတွေကို အခြောက်ခံတာ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးလည်း အနည်းငယ်တော့ ရှိပါတယ်။ ကောင်းကျိုးတွေက ဘာတွေများလဲ....... အစားအစာတွေကို အခြောက်ခံတာက အာဟာရဓာတ်တွေကို […]

အာဟာရဆိုင်ရာ အချက်အလက်များ

တိုးတက်လာတဲ့ခေတ်မှာ အိမ်နောက်ဖေး ဈေးဆိုင်တည်ပြီး လတ်လတ်ဆတ်ဆတ် စားဖို့ထက် freezer ကောင်းကောင်း တစ်လုံးဝယ်ပြီး တစ်ပတ်စာလောက် အေးခဲ စားကြတာ ပိုများပါတယ်။ တိုးတက်လာတဲ့အလျောက် အိမ်ရှင်မတွေကလည်း တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် အလုပ်တွေ လုပ်လာရတာကြောင့်လည်း ပါပါတယ်။ ဒီလို အေးခဲထားတဲ့ အစားအစာတွေကို ချက်ပြုတ်တဲ့အခါ သိချင်နေနိုင်မယ့် အကြောင်းအရင်း တစ်ခုက အေးခဲထားတဲ့ အသီးအရွက်တွေ အသားငါးတွေက အာဟာရတန်ဖိုး လျော့သွားလား၊ ပျက်သွားလား ဆိုတာပါ။ တကယ်လို့သာ ဒီလိုမျိုး အာဟာရတန်ဖိုး လျော့မယ်၊ ပျက်မယ်ဆိုရင် စားလိုက်ပေမယ့် ခန္ဓာကိုယ်အတွက် အကျိုးမပြုတာမျိုးတွေ ဖြစ်လာမှာကိုး။ ဒီတော့ ဒီအချက်လေးကို ဆောင်းပါးလေးထဲမှာ သေသေချာချာ ဖတ်ကြည့်လိုက်ရအောင်နော်။ အစားအစာတွေကို အေးခဲတာက အာဟာရတန်ဖိုး ပျက်စေသလား......... အခုပြောပြမယ့် အစားအစာဆိုတဲ့နေရာမှာ အသား၊ ငါးတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အဓိကထား […]

အာဟာရဆိုင်ရာ အချက်အလက်များ

အနီရောင်အသား ဆိုတာ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို ခေါ်တာပါ။ ဒီအသားတွေက ကြည့်လိုက်ရင် ရဲနေတော့ လွယ်လွယ်ကူကူ အနီရောင် အသားလို့ ခေါ်တာပါ။ ဒီလို နီနေရတာက Myoglobinလို့ ခေါ်တဲ့ သံဓာတ်ပါတဲ့ ပရိုတင်းတစ်မျိုး ပါလို့ပါ။ ကျန်းမာရေး ပညာရှင်တွေက အနီရောင် အသားတွေကို လျှော့စားဖို့ အကြံပေးလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။ အနီရောင်အသား က ကျန်းမာရေးအတွက် မကောင်းဘူးလား။ လေ့လာချက်တွေအရတော့ အနီရောင်အသား စားသုံးမှုနဲ့ နှလုံးရောဂါ၊ အူမကြီးကင်ဆာ၊ အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေမြင့်တက်မှုက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စျေးထဲမှာ ရောင်းတဲ့ လတ်လတ်ဆတ်ဆတ် အနီရောင် အသားတွေထက် တာရှည်ခံအောင် ပြုပြင်ထားတဲ့ အနီရောင် အသားတွေက ပိုပြီး ဖြစ်နိုင်ခြေကို များစေပါတယ်။ နှလုံးရောဂါ တချို့ […]

အာဟာရဆိုင်ရာ အချက်အလက်များ

ကြက်မက ဥတာခြင်း အတူတူ ကြက်ဥ တွေမှာ အရောင်တွေ ကွဲနေတာကို သတိထားမိမှာပါ။ တချို့မှာ အခွံက အညိုရင့်ရင့်၊ အညိုဖျော့၊ အဖြူ၊ တောကြက်ဥ၊ စက်ဥ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ ဒါလိုတွေ ကွာနေတဲ့အခါကျတော့ ကြက်ဥမှာ ပါတဲ့ အာဟာရတွေကရော ကွာနေလားဆိုပြီး မေးစရာ ရှိပါတယ်။ ကြက်ဥ အမျိုးအစားများ ဥအညို ဥခွံညိညိုကြီးတွေ ရှိတဲ့ ကြက်ဥတွေကို မြင်ဖူးကြမှာပါ။ ဒါက တခြားကြက်ဥတွေလိုပါပဲ။ အရသာ၊ အာဟာရ၊ ဥခွံအထူ၊ ချက်ပြုတ်တဲ့ပုံစံ အကုန်တူတူပါပဲ။ ဒီလို အခွံအရောင်တွေ မတူရတာက ကြက်မကြောင့်ပါတဲ့။ ဒါကြောင့် တချို့က အညိုဖျော့၊ တချို့က အညိုရင့် ဖြစ်နေတာပါ။ အိုမီဂါ သရီး ကြွယ်ဝတဲ့ ကြက်ဥ ဒီလို ကြက်ဥတွေ ရဖို့ဆို ကြက်မတွေကို […]

အာဟာရဆိုင်ရာ အချက်အလက်များ

အပင်လေးက ကြည့်ရတာ လှသလို အသည်းအမြစ်လေးနဲ့ ကြော်စားစား၊ ဝက်အသည်းနဲ့ ကြော်စားစား၊ ပုစွန်၊ ကင်းမွန်စတာတွေနဲ့ တွဲကြော်ကြော် စားလို့ ကောင်းတဲ့ ဂျူးဖူးလေး ကို ကြိုက်ကြလား....... ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ အကြောင်းကတော့ ဆောင်းပါးလေးထဲမှာ ဂျုးဖူးလေး စားရင်း ရမယ့် ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ပြထားလို့ပါပဲ။ ဂျူးဖူး ဆိုတာ ဂျူးဖူးက ကြက်သွန် မျိုးရင်း တစ်မျိုးပါ။ ထိပ်ဖျားမှာ အဖူးလေးတွေ၊ အပွင့်လေးတွေ ပါဝင်နေပြီး အရိုးတံ စိမ်းစိမ်း ရှည်ရှည်လေးပါ။ အရင်းနားလေးမှာတော့ ဖြူပါတယ်။ လှီးဖြတ်တဲ့အခါ မွှန်တယ်လို့ ခံစားရနိုင်ပါတယ်။ အရသာကတော့ အတော်လေး ချိုပါတယ်။ ကြော်စားလို့ ရသလို ချဉ်ရည် ချက်စားလို့လည်းရပြီး စွပ်ပြုတ်တွေ ဖက်ထုပ်တွေထဲမှာလည်း ထည့်စား ကြလေ့ရှိပါတယ်။ တရုတ်ရိုးရာ ဟင်းတွေမှာ အများအပြား တွေ့ရနိုင်ပါတယ်။ ဂျူးဖူး […]

အာဟာရဆိုင်ရာ အချက်အလက်များ

ရေညှိ ဟင်းချို ချက်သောက်လို့ရသလို ခေါက်ဆွဲပြုတ်ထဲ ထည့်စားကြတဲ့ ရေညှိညို က ပင်လယ်ရေညှိ အမျိုးအစား တစ်မျိုးပါပဲ။ ပင်လယ်ငါးတွေရဲ့ အဓိက စားစရာတစ်မျိုးပေါ့။ အာဟာရဓာတ်တွေ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ ရေညှိညိုကပေးတဲ့ အာဟာရ ရေညှိညိုက စားလိုက်ရင် အိအိလေးနဲ့ စားကောင်းသလို အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် K ဗီတာမင် A ဗီတာမင် B12 ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ် တို့ပါဝင်ပါတယ်။ ရေညှိညိုက သွေးမခဲအောင် ကာကွယ်ပေးသလို အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ အမြင်အာရုံကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ တစ်ချိန်တည်းမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ် အပါအဝင် ကိုယ်တွင်း အင်္ဂါတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ရေညှိညို စားရင်းရမယ့် […]

အာဟာရဆိုင်ရာ အချက်အလက်များ

တောင်ကြီးပဲလို့ ခေါ်ကြတဲ့ ပဲအဝိုင်းကြီးကြီးက စားလို့ကောင်းသလို အာဟာရလည်း ကြွယ်ဝပါတယ်။ တောင်ကြီးပဲလှော် ကြွပ်ကြွပ်လေးကို ကြက်သွန်ဖြူနဲ့ တွဲစားတာက တော်တော်လေး စားကောင်းတာပါ။ ဒီလို စားလို့ကောင်းတဲ့ တောင်ကြီးပဲလှော်မှာ ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တဲ့ ဖောလိတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ တောင်ကြီးပဲလှော်မှာပါတဲ့ L-dopaက စိတ်ဓာတ် မကျအောင် ကာကွယ်ပေးသလို ပါကင်ဆန် နဲ့ အခြား စိတ်ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တောင်ကြီးပဲလှော်မှာပါတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ တောင်ကြီးပဲလှော်က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။ တောင်ကြီးပဲလှော် မှာပါတဲ့ အာဟာရ အစ္စရေး မျိုးရင်ပင် တစ်မျိုးဖြစ်တဲ့ တောင်ကြီးပဲလှော်က ချိုချိုဆိမ့်ဆိမ့်လေးပါ။ အာဟာရ ပြည့်ဝသလို စားရတာလည်း အတော်လေး အရသာရှိပါတယ်။ […]

အာဟာရဆိုင်ရာ အချက်အလက်များ

အာရှ မျိုးရင်း အပင် တစ်မျိုးဖြစ်တဲ့ စောင်းလျားသီး ဟာ အရွယ်အားဖြင့် ၅ စင်တီမီတာကနေ ၁၈ စင်တီမီတာထိ ရှိပါတယ်။ စောင်းလျားသီးကို အကွင်းလိုက်လေးတွေ လှီးလိုက်မယ်ဆိုရင် အချွန်း (၅) ခုပါတဲ့ ကြယ်လေးလို ဖြစ်သွားပါတယ်။ စောင်းလျားသီးက မမှည့်သေးခင်မှာ အစိမ်းရောင်ရှိပြီး ခပ်တင်းတင်းနဲ့ ချဉ်ဖန်ဖန် အရသာရှိပါတယ်။ မှည့်သွားပြီဆိုရင်တော့ အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါတယ်။ စောင်းလျားသီးရဲ့ အရသာက ချဉ်တာရှိသလို ချိုတာလည်း ရှိပါတယ်။ ဒါဆို စားကောင်းတဲ့ စောင်းလျားသီးက ကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား....... စောင်းလျားသီးက ကျန်းမာရေးအတွက် ကောင်းသလားဆိုတော့ ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ စောင်းလျားသီးက ဗီတာမင် C ကြွယ်ဝတယ် စောင်းလျားသီးမှာ ကိုယ်ခံအားကို […]

အာဟာရဆိုင်ရာ အချက်အလက်များ

ပီလောပီနံ က ပေါင်းစားလို့ကောင်းသလို ပြုတ်စားလည်း အရသာရှိပါတယ်။ ပီလောပီနံပြန်ပေါင်းဆိုရင်လည်း ဆိမ့်ဆိမ့် စေးစေးလေးနဲ့ စားလို့ ကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ ပီလောပီနံက ဘယ်လို ကျန်းမာရေး အာနိသင်တွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပီလောပီနံ ဆိုတာ ပီလောပီနံ ဆိုတာ ကန်စွန်းဥ၊ အာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။ ပီလောပီနံမှာ ဘာတွေပါ ပီလောပီနံမှာ ပြည့်ဝဆီ ပါဝင်မှု နည်းသလို ကိုလက်စထရော နဲ့ ဆိုဒီယမ် ပါဝင်မှုလည်း နည်းပါတယ်။ အမျှင်ဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို အကျိုးပြု ကိုလက်စထရောနဲ့ ပရိုတင်းတို့လည်း […]

အာဟာရဆိုင်ရာ အချက်အလက်များ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Phio Thiha

သားဖွားပညာ

Phyo Clinic (Pazundaung)

expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy