နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဘဝသက်တမ်းရဲ့ ၃ ပုံ ၁ ပုံကို အိပ်စက်ရင်း ကုန်ဆုံးနေရတာပါ။ လေ့ကျင့်ခန်း လုပ်တာ၊ မှန်ကန်တဲ့ စားသောက်မှုပုံစံ ပျိုးထောင်တာအပြင် ကောင်းကောင်းအိပ်ပျော်စေဖို့ ထောက်ကူပေးမယ့် အခြား အချက်တွေက ဘာတွေများလဲ။ လေ့လာကြည့်ရအောင်လား။

ကျန်းမာရေးဗဟုသုတ

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့

ဆောင်းအေးအေးလေးက အိပ်လို့ကောင်းလိုက်တာဆိုတာက လူတိုင်းအတွက် မမှန်နိုင်ပါဘူး။ ဆောင်းအေးလွန်းလို့ အိပ်မရဘူး။ အေးလွန်းလို့ ညက ကောင်ကောင် အိပ်မပျော်ဘူး။ ရာသီဥတုအေးတာ အိပ်ရေးဝတယ်လို့ကို မခံစားရဘူး ဆိုတဲ့သူတွေ ရှိနေနိုင်ပါတယ်။ ဒီဆော့ ဆောင်းအေးအေးမှာ ဖျားနာမှု ကင်းစေဖို့ မရှိမဖြစ် လိုအပ်တဲ့ ပြည့်ဝတဲ့ အိပ်စက်ချိန်လေး ပြည့်ဝစေဖို့အတွက် ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့ ဆောင်းအေးအေးမှာ ညဘက် ကောင်းကောင်း အိပ်ပျော်စေဖို့အတွက် စောင်တွေ ၂ ထပ် ၃ ထပ်ခြုံတာထက် ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ မနက်ခင်းမှာ လုံလောက်တဲ့ အလင်းရောင် ထိတွေ့ပါ ဆောင်းရာသီမှာ နေရောင်နဲ့ ထိတွေ့နိုင်ခြေ နည်းတာကြောင့် ခန္ဓာကိုယ်က မယ်လ်လာတိုနင်တွေကို […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် ထောက်ကူပေးမယ့် လေ့ကျင့်ခန်းလေးတွေ

မနက်နိုးလာလို့ မှန်ထဲ ကြည့်မိလိုက်တိုင်း မျက်လုံးတွေက မလန်းမဆန်း၊ မျက်ကွင်းတွေကညို၊ ခေါင်းထဲမှာက ငြီးစီစီနဲ့ အိပ်ရေးမဝ ဖြစ်ဖြစ်နေလို့ စိတ်ညစ်နေပြီလား။ ကောင်းကောင်းအိပ်ပျော်အောင် ဘယ်လို လုပ်ရမလဲဆိုပြီး တွေးနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ဒီဆောင်းပါးလေးမှာ အိပ်ပျက်ညတွေ မဖြစ်အောင် ထောက်ကူပေးနိုင်မယ့် လေ့ကျင့်ခန်းလေးတွေအကြောင်း ပြောပြပေးသွားပါမယ်။ ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ဘာလုပ်ကြမလဲ။ ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် အစားအစာတွေကို စားသုံးပေးလို့ရသလို သောက်စရာလေးတွေကို သောက်ပေးလို့လည်း ရပါတယ်။ ဒီလို မစားလည်း မစားချင်ဘူး။ မသောက်လည်း မသောက်ချင်ဘူးဆိုသူတွေအတွက်ကတော့ လေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ညဘက်တိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းတွေက ညဘက်တွေမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ထောက်ကူပေးနိုင်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ညဘက်တိုင်းမှာ ကောင်းကောင်းအိပ်ပျော်အောင် […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား

သင်က ညဘက်အိပ်ရင် မီးဖွင့်ထားမှ အိပ်ပျော်တယ်။ အသက်ရှူချောင်တယ်ဆိုတဲ့သူလား။ ဒါမှမဟုတ် မီးမှောင်နေမှ အိပ်ပျော်တာလား။ ညဘက်အိပ်ရင် မီးဖွင့်ပြီး အိပ်တာကောင်းတယ်ထင်လား။ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းတယ်ထင်လား။ အဖြေလေး မပေးခင် ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ဦးနော်။ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာ ကောင်းသလား ဆိုတော့ အမှောင် ကြောက်တတ်သူတွေကတော့ မကောင်းဘူးလို့ ပြောကောင်းပြောနိုင်ပေမယ့် အမှောင်မကြောက်သူတွေကတော့ သတင်းကောင်းပါ။ ညဘက်အိပ်တဲ့အခါ အမှောင်ချ အိပ်တာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။ အိပ်ပျော်လွယ်စေတယ် ညအိပ်ချိန်မှာ အလင်းရောင်ကို မှိန်မှန်လေး ထားတာ၊ အိပ်ခန်းမီးတွေ အားလုံးပိတ်ပြီး အမှောင်ချ အိပ်တာက သက်သောင့်သက်သာ ဖြစ်စေပြီး မြန်မြန် အိပ်ပျော်အောင် ထောက်ကူပေးနိုင်တဲ့ မယ်လ်လာတိုနင် ထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ ညဘက်အိပ်တဲ့အခါ မီးဖွင့်အိပ်တာက […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မီးဖွင့် အိပ်မလား မီးပိတ်အိပ်မလား

အိပ်တဲ့အခါ ဖြစ်သင့်တာကတော့ မီးပိတ်ပြီး သက်သောင့်သက်သာ အိပ်သင့်တာပေါ့နော်။ ဒါပေမယ့် လူတိုင်းကတော့ မီးပိတ်ပြီး အိပ်ဖို့ အဆင်မပြေပါဘူး။ တချို့က အမှောင်ထဲမှာ နေရတာ ကြောက်တဲ့အတွက် မီးဖွင့် ပြီးမှ အိပ်တတ်ကြတာမျိုးလည်း ရှိပါတယ်။ မီးဖွင့်ပြီး အိပ်တာက ယေဘူယျအားဖြင့်တော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပေမယ့် ဒီလိုပဲ အိပ်တတ်ရင် ဘယ်လိုလုပ်ကြမလဲ။ မီးအလင်းရောင်နဲ့ အိပ်စက်ခြင်း မီးအလင်းရောင် အထူးသဖြင့် ညမှာ ဖွင့်ထားတတ်တဲ့ မီးချောင်းတွေ၊ မီးလုံးတွေက အိပ်စက်ခြင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ ကိုယ်ထဲမှာ ဇီဝနာရီဆိုတာရှိပါတယ်။ ဒီဇီဝနာရီက အလင်းရောင်ကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။ ဆိုလိုတာက လင်းနေတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်က နေ့ဘက်လို့ မှတ်ယူပြီး လူကို လန်းနေအောင် လုပ်ထားပါတယ်။ မှောင်နေမှ ညရောက်နေပြီလို့ သတ်မှတ်ပြီး အိပ်ချင်စိတ်ပေါ်လာပါတယ်။ ဒါက ခန္ဓာသိ သဘာဝဖြစ်စဉ်ပါ။ ဒါကြောင့် […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

စိတ်ဖိစီးမှုတွေ ကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

ဒီကာလမှာ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အတွက် နေ့စဉ်အလုပ်တွေကို အရင်လို ဖြောင့်ဖြောင့်တန်းတန်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ စားချိန်တွေ၊ အိပ်ချိန်တွေ မှန်ဖို့ ဆိုတာလည်း ခက်ခဲမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဆိုတာလည်း အတိုင်းအတာတစ်ခုထိပဲ ခံနိုင်တာလေ။ စိတ်ဆောင်နေလို့သာ လုပ်နေရပေမယ့် အသက်ကလည်း ရှိသေးတယ်ဟုတ်။ အထူးသဖြင့် ညဘက်တွေမှာ အိပ်ပျော်ရခက်တာ၊ အိပ်မပျော်တာတွေ များလာရင် ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ ထိခိုက်လာမှာပါ။ စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်ဘူးလား။ လူတစ်ကိုယ် စိတ်တစ်မျိုး။ တစ်ယောက်ချင်းစီမှာ စိတ်ညစ်ရတဲ့အကြောင်းလေးတွေ ရှိကြမှာပါ။ အထူးသဖြင့် အနာဂတ်အတွက် မသေချာတဲ့အချိန်မှာ အတွေးတွေက နှိပ်စက်နေလို့ အိပ်ပျော်ဖို့ခက်နေမှာပါ။ ကျန်းမာရေးထိခိုက်မှာစိုးလို့ အိပ်ပျော်အောင် ကြိုးစား၊ အိပ်မပျော်တော့ စိတ်တွေ ညစ်၊ နောက်ဆုံး အိပ်မပျော်လို့ စိတ်စညစ်တာလား၊ စိတ်ညစ်လို့ အိပ်မပျော်တာလားဆိုပြီး လုံးလည်ချာလည်လိုက်နေမှာပါ။ ဒါဆို စိတ်ဖိစီးမှုတွေ ကြားထဲမှာ ဘယ်လိုအိပ်ပျော်အောင်ကြိုးစားကြမလဲ။ ဒီနေရာမှာ […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

သင် အိပ်ရေးဝတယ် ဆိုတာ သေချာလို့လား

လူတွေက အချိန်အကြာကြီး အိပ်စက်အနားယူလိုက်ရင် အိပ်ရေးဝတယ် လို့ အကြမ်းဖျဉ်းတွေးလိုက်တတ်ကြတယ်။ တကယ်တမ်းမှာတော့ အိပ်ရေးဝတယ် ဆိုတာ အချိန်အကြာကြီး အိပ်စက်လိုက်တာကို မဆိုလိုပါဘူး။ ဘယ်လောက် ပြည့်ပြည့်ဝဝ စိတ်အေးအေးချမ်းချမ်းနဲ့ အနားယူလိုက်ရလဲဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒီလိုဆိုရင် သင်သိထားဖို႔ လိုအပ်လာတာက သင် အိပ်ရေးဝတယ် ဆိုတာ သေချာရဲ့လား ဘယ်လိုနည်းနဲ့ အိပ်ရေးဝမဝ သိနိုင်မလဲဆိုတာပါပဲ။ လူတစ်ယောက် အိပ်ရေးမဝဘူးဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်မှာ နမိတ်လက္ခဏာတွေ ပြသလာတတ်ပါတယ်။ အိပ်ရေးမဝဘူးဆိုတာနဲ့ သင့်ရဲ့ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်ယွင်းမှုတွေ ရှိလာမှာပါ။ ကိုယ်ခံအားစနစ် ကျဆင်းတာအပါအဝင် ကျန်းမာရေးပြဿနာ အများအပြားကို ရင်ဆိုင်လာရမှာပါ။ ဒီလို ခန္ဓာကိုယ်ကြီးက ပြသလာမယ့် လက္ခဏာတွေကို သတိထားမိမယ်ဆိုရင် သင် အိပ်ရေးဝတယ် မဝဘူးဆိုတာကို သိနိုင်ပြီပေါ့။ အိပ်ရေးဝတယ် ဆိုတာ မှန်ရောမှန်ရဲ့လား သင် အိပ်ရေးတကယ်ဝရဲ့လားဆိုတာကို အောက်ပါအချက်တွေကို ကြည့်ပြီး ဆန်းစစ်နိုင်ပါတယ်။ မျက်လုံးက […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ် ဆိုတာကို သိပါသလား။ စိတ်ဖိစီးတယ်။ စိတ်ဖိစီးတယ်ဆိုတာကို ဖိစီးနေမှန်း ကိုယ်တိုင် မသိခင်မှာတင် စိတ်က အတော်လေး ဖိစီးနေပါပြီ။ ဒီလို ဖိစီးတဲ့အခါ  ဘာတွေဖြစ်လာမလဲဆိုတော့ အလိုလိုနေရင်း စိတ်တိုလာမယ်။ စိတ်တိုင်းမကျတာတွေ များလာမယ်။ အရာရာကို အမြင် မကြည်တာမျိုး ဖြစ်လာမယ်။ ဒါတွေအပြင် အသက်ရှူရခက်တာ၊ အိပ်ရေးမဝသလို ခံစားရတာ၊ အစားစားချင်စိတ် မရှိတာ၊ အိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုကနေ ရေရှည်မှာ နာမကျန်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် စိတ်အရမ်းဖိစီးနေရင်တောင် အိပ်ရေး ဝအောင် အိပ်ပြီး သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘဝဆိုတာ စိတ်ဖိစီးမှု အတိနဲ့ပါ။ ဘဝ တလျှောက်မှာ စိတ်ဖိစီးစရာ အခြေအနေ […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

နေ့လယ်စာလေး စားပြီး သောက်ပြီးလို့ နေ့ခင်းနေ့လယ်ချိန်ကို ရောက်ရင် အိပ်ချင်သလိုလို အိပ်ငိုက်သလိုလိုမျိုး ဖြစ်လေ့ဖြစ်ထ ရှိတာ ဓမ္မတာ ပါပဲ။ လူအများစုမှာ ဒီလို အခြေအနေမျိုးကို ကြုံဆုံရတတ်ပါတယ်။ အထူးသဖြင့် လုပ်ငန်းခွင်ထဲမှာ အလုပ်ပါးချိန်တွေ၊ နေအိမ်မှာ အားလပ်နေချိန်မျိုးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အိမ်မှာ ရှိနေသူတွေ အတွက်တော့ တရေးတမော အိပ်စက်ဖို့ အခွင့်အရေး ရှိပေမယ့် လုပ်ငန်းခွင်ထဲက လူတွေအတွက် ကတော့ ဒီလို အခွင့်အရေးမျိုး ရလာဖို့ ခက်ခဲပါတယ်။ နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ တကယ်တော့ တရေးတမော အိပ်တယ်ဆိုတာ ကလေးတွေအတွက် သာမကပါဘူး။ အရွယ်ရောက်ပြီးသူတွေလည်း လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ဒီလို အိပ်စက်လို့ ပျင်းရိတယ်လို့ ထင်မြင်ခံရမှာကို စိတ်မပူပါနဲ့။ ဒါဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ အပြုအမူတစ်ခု ဖြစ်သလို […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

တစ်ဘဝစာ အကျိုးရှိချင်ရင် အိပ်ရေးဝဝ အိပ်ကြနော်

ညညဆို အိပ်စက်ရခက်ခဲ၊ မနက်မနက်ဆို အိပ်ယာထဖို့ မနည်းကြိုးစားနေရတဲ့ အခြေအနေကြီးနဲ့ ရင်ဆိုင်နေရပြီလား။ အိပ်စက်တယ်ဆိုတာက လူတစ်ယောက်ရဲ့ ရှင်သန်နေထိုင်မှုမှာ သိပ်ကိုအရေးကြီးတဲ့ ကိစ္စနော်။ ဒီတော့ ညည ကောင်းကောင်းမအိပ်နိုင်ဖြစ်နေရင် နောက်တစ်နေ့ကျ လေးလံထိုင်းမှိုင်းပြီး ငူငိုင်နေတော့မှာပေါ့။ နေ့စဉ်ဘဝမှာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ရှိမနေရင် ဘဝက နေရထိုင်ရတာ မအီအသာနဲ့ ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။ အရမ်းအိပ်တာ မကောင်းဘူး၊ ဒါပေမယ့် အိပ်ချိန်နည်းတာ၊ အိပ်ရေးမဝတာက လူကိုပိုပြီး အနှောင့်အယှက်ပြုတယ်။ လုံလုံလောက်လောက် အိပ်ထားတဲ့လူတွေကသာ နေ့စဉ်ကျန်းမာရွှင်လန်းနေမှာလေ။ အိပ်ရေးဝတဲ့အခါ အာရုံကြောတွေ အားကောင်းလာမယ်။ Multiple sclerosis လိုမျိုး auto immune disease တွေ မဖြစ်တော့ဘူး။ နောက်ပြီး အိပ်ရေးဝသူတွေဟာ ကိုယ်ခံအားကောင်းကြတယ်။ ဒါကြောင့် အအေးမိ၊ တုပ်ကွေးလို နာမကျန်းဖြစ်တာလောက်က မှုစရာမလိုတော့ဘူး။  နောက်ထပ် သိထားရတာက COVID-19 ကိုလည်း […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့

အိပ်စက်ခြင်းဟာ အင်မတန်အရေးကြီးတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အိပ်ရေးမဝဘူးဆိုရင် လန်းဆန်းတက်ကြွနေမှာ မဟုတ်သလို ရေရှည်မှာလည်း စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အခြားရောဂါတွေအပြင် accidentနဲ့ ထိခိုက်ဒဏ်ရာရမှုတွေကို ပိုပြီးဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ အိပ်တယ်လို့ ပြောလိုက်ရင် အတော်များများက အိပ်ရေးဝဖို့ ဘယ်နှနာရီ အိပ်ရမယ်ဆိုတဲ့ quantity ကိုပဲ ဂရုပြုမိကြပါတယ်။ မှန်ပါတယ်။ တစ်ညကို ဘယ်လောက်အိပ်ရမယ်ဆိုတဲ့ အိပ်ချိန်ပမာဏက အရေးကြီးပါတယ်။ အိပ်ချိန်နည်းရင် တစ်နေ့တာမှာ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါပေမယ့် တချို့သူတွေမှာ တစ်ညကို ၈နာရီ၊ ၉နာရီ အိပ်ပြီး နိုးလာရင်လည်း အိပ်ရေးမဝတာ၊ မလန်းဆန်းတာမျိုးတွေ ရှိပါတယ်။ စာရေးသူကိုယ်တိုင်လည်း မကြာခဏ ဖြစ်ဖူးသလို လူတိုင်းလည်း ကြုံတွေ့ဖူးမယ်ထင်ပါတယ်။ အဲဒါက ဘာကြောင့်လည်းဆိုတော့ quantity လုံလောက်ပေမယ့် Quality မကောင်းလို့ပါ။ ဒါ့ကြောင့် ဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်ဆိုတဲ့ quality […]

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကောင်းကောင်းအိပ်ပျော်ချင်ရင် ဒါတွေစားပါ

အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခုပါ။ ကောင်းကောင်း အိပ်မပျော်ရင် စိတ်ရောကိုယ်ပါ မကျန်းမမာဖြစ်နိုင်ပါတယ်။ ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲမှာ အစားအစာနဲ့ ပံ့ပိုးတာကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။ မှန်ကန်သင့်လျော်ပြီး အိပ်စက်ခြင်းကို အားပေးတဲ့ အစားအစာတွေကို မှီဝဲပေးမယ်ဆိုရင် ညစဉ် အိပ်မပျော်တဲ့ဝေဒနာကို ခံစားရနိုင်ခြေနည်းပါးသွားမှာဖြစ်ပါတယ်။ ဘယ်လိုအစားအစာတွေက ကောင်းကောင်းအိပ်စက်အနားယူနိုင်အောင် ကူညီပေးမယ့် သင့်လျော်တဲ့ အစားအစာတွေဖြစ်မလဲဆိုတာကို လေ့လာကြည့်ရအောင်။ ကီဝီသီး - ကီဝီသီးကို မြန်မာပြည်မှာတော့ အစားနည်းကြပါတယ်။ ဒါပေမယ့် ကီဝီသီးဟာ သင့်ရဲ့ အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် C ၊ ဗီတာမင် E ၊ Folate နဲ့ တခြားသော သက်စောင့်ဓာတ်များစွာပါဝင်တဲ့ ကီဝီသီးဟာ ကောင်းကောင်းအိပ်စက်နိုင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ချယ်ရီသီး - ချယ်ရီသီးနဲ့ ချယ်ရီသီးဖျော်ရည်တွေကလည်း […]

advertisement
advertisement

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon
expert-avatarbadge
Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု

Defence Service Medical Acadamy