နေလောင်ခံ ရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သိပ်ပြီးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အိုဇုန်းလွှာတွေ ပျက်စီးလာတာနဲ့အမျှ ကမ္ဘာကြီးက တဖြည်းဖြည်း ပူနွေးလာသလို ခရမ်းလွန်ရောင်ခြည်တွေဟာလည်း လေထုကနေတစ်ဆင့် လူ့အသားအရေပေါ်ကို ထိတွေ့မိပြီး ခရမ်းလွန်ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နေလောင်ခံ ရတယ်ဆိုတာ ဒီခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရဲ့ အသက်သာဆုံးသော အပေါ်ယံ လက္ခဏာတစ်ခုပါ။