home

အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

လမ်းလျှောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လမ်းကြာကြာလျှောက် မယ်၊ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေး အနည်းငယ်ရှိလာနိုင်ပါတယ်။ ဒီတော့ လမ်းကြာကြာလျှောက်လို့ ဖြစ်လာနိုင်တဲ့ ဒဏ်တွေက ဘာတွေလဲ။ ဘယ်လိုတွေ သက်သာအောင် လုပ်မလဲဆိုတာ အကြံပေးချင်ပါတယ်။ လမ်းကြာကြာလျှောက် ရင် ဘာတွေ ခံစားရနိုင်သလဲ။ အားကုန်တာ လမ်းလျှောက်တာက ခန္ဓာကိုယ်က ကြွက်သားတွေ အများကြီး သုံးရတဲ့အတွက် ကြလာတာနဲ့အမျှ အားကုန်လာပြီး နုံးလာပါလိမ့်မယ်။ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင် တဖြည်းဖြည်း အားကုန်ပြီး ပိန်လာမှာပါ။ အကောင်းဘက်က ကြည့်ရင်တော့ ဝိတ်ကျတာပေါ့။ ကြွက်သားတွေ နာတာ တစ်နေကုန်နီးပါး ကြွက်သားတွေ အားသုံးထားရတာဆိုတော့ အိမ်ပြန်ရောက်ရင် ကြွက်သားတွေ နာနေပါလိမ့်မယ်၊ ခြေသလုံးတွေ၊ လက်မောင်းတွေ၊ ကျောတွေ နာတာခံစားရမှာပါ။ ကြွက်သားတွေ တောင့်တာ အိမ်ပြန်ရောက်တာနဲ့ ခြေသလုံးက ကြွက်သားတွေကို စမ်းကြည့်လိုက်ပါဦး။ ကျောက်ခဲတွေလို မာနေတာကို ခံစားရမှာပါ။ ခြေဖဝါးတွေလည်း […]

အခြားလေ့ကျင့်ခန်းများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အခြားလေ့ကျင့်ခန်းများ

ဒီပြဿနာကို တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ဖူးသူတွေ Gym စဆော့လိုက်တဲ့အခါမျိုး၊ ပုံမှန်အားကစားတွေလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာ ရက်အနည်းငယ်နားလိုက်တယ်၊ ပြီးမှ ပြန်ဆော့ဖြစ်တဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်။ ကိုယ်အဓိက ဆော့လိုက်တဲ့ ကြွက်သားနေရာများအပြင် ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ခံထားရသလို မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး ညောင်းကိုက်နေတဲ့ ခံစားချက်မျိုးကို အဓိကတွေ့ရပါတယ်။ ပိန်တဲ့သူတွေ၊ ဝတဲ့သူတွေ၊ ကြွက်သားရှိခြင်း၊ မရှိခြင်းနဲ့ မသက်ဆိုင်ဘဲ လူတိုင်းလိုလို ကြုံတွေ့ရတတ်ပါတယ်။ လူအများစုက ဒီလိုမျိုး နာနေတဲ့အချိန်အတွင်းမှာ လေ့ကျင့်ခန်းလုပ်တာကို လုံးဝရပ်ပစ်လိုက်တာမျိုး၊ ခဏနားလိုက်တာ၊ လေ့ကျင့်ခန်းကို အားစိုက်ပြီးမလုပ်တော့တာ၊ အစားစားချင်စိတ်နည်းသွားလို့ လိုအပ်သလောက် မစားဘဲနေလိုက်တာမျိုး လုပ်တတ်ပါတယ်။ ဘယ်လိုအချိန်မှာ တွေ့ရတတ်လဲ။ လေ့ကျင့်ခန်းကို ပထမဆုံးအကြိမ်ဆော့တာဖြစ်စေ၊ အချိန်တစ်ခုနားပြီးတော့မှ ပြန်ဆော့တာဖြစ်စေ ဒီလိုကြွက်သားနာကျင်ကိုက်ခဲမှုမျိုး ခံစားရပါတယ်။ ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားနဲ့ အားစိုက်ထုတ်မှုအပေါ် မူတည်ပြီး လေ့ကျင့်ခန်း စလုပ်တဲ့ရက်ကနေ ၃ရက်အတွင်း ကိုက်ခဲနာကျင်လာတတ်ပါတယ်။ တချို့အခြေအနေမှာ ကိုယ်ပုံမှန်လုပ်နေကျထက် […]

အခြားလေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်ခန်းသည် ရုပ်နဲ့ခန္ဓာကျန်းမာရေးအတွက် အထူးကောင်းတဲ့ အကြောလျှော့လေ့ကျင့်ခန်းဆိုတာ အားလုံးလည်း သိမယ်ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ယောဂလေ့ကျင့်ခန်းကို မိန်းကလေးတွေ လုပ်တာပိုများပြီး ယောက်ျားလေးတွေကတော့ သိပ်ပြီး စိတ်ဝင်စားလေ့မရှိပါဘူး။ ဘာကြောင့် ယောဂလေ့ကျင့်ခန်းက အမျိုးသားတွေအတွက် ကောင်းကျိုးရှိစေနိုင်လဲ။ ၁။ သွေးလည်ပတ်မှုကောင်းစေခြင်း သွေးလည်ပတ်မှုကောင်းခြင်းဟာ နှလုံးကျန်းမာစေဖို့ အဓိက သော့ချက်ပါ။ အထူးသဖြင့် အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေဟာလည်း မြင့်တက်လာပါတယ်။ နောက်တစ်ချက်က လိင်ပိုင်းဆိုင်ရာပါ။ လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေရဲ့ လိင်တံထောင်မတ်နိုင်ဖို့အတွက် လိင်တံအတွင်းက သွေးကြောထဲကို ကောင်းစွာ သွေးစီးဆင်းနိုင်မှ ဖြစ်မှာပါ။ ယောဂသည် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြင့်တက်စေလို့ လိင်ပိုင်းဆိုင်ရာမှာ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေအတွက် အဆင်ပြေစေမှာပါ။ ၂။ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း အလုပ်ကြောင့်ဖြစ်စေ၊ လေ့ကျင့်ခန်း အပြင်းအထန် လုပ်တာကြောင့်ဖြစ်စေ အမျိုးသားတွေမှာ ကြွက်သားနာကျင်ကိုက်ခဲခြင်းဒဏ်ကို […]

အခြားလေ့ကျင့်ခန်းများ

“ဝိတ်ချကြမယ်ဟေ့” လို့ ကြွေးကျော်ပြီး အစားတွေလျှော့၊ လေ့ကျင့်ခန်းတွေလုပ်၊ နေ့စဉ်နေ့တိုင်း ဝိတ်တွေချိန်နဲ့ပေါ့။ ဒါပေမယ့် နေ့တိုင်း ပေါင်ချိန်စက်ပေါ်တက်ပြီး ဝိတ်ချိန်တိုင်း ကိုယ်အလေးချိန်က ကျမလာဘူး၊ တစ်ခါတစ်လေ တိုးတောင်တိုးသွားတာမျိုး ကြုံလာရပြီဆိုရင်တော့ ပြဿနာပါပဲ။ ကိုယ်ကြိုးစားပမ်းစား အပင်ပန်းခံလာသမျှတွေ အလဟသဖြစ်ပြီပေါ့။ ဘယ်လိုဖြစ်လို့ ဝိတ်တွေချနေရင်း ဝိတ်မကျတာလဲဆိုတာကို သင်သိဖို့တော့လိုနေပါပြီ။ ကိုယ်အလေးချိန်ကိုလည်းချတယ် ဝိတ်လည်းမကျတာမျိုးလာဖို့ ဖြစ်နိုင်ခြေရှိတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ အချက် ၁၀ ချက်ကို ဖော်ပြပေးသွားပါ့မယ်။ ဒီအချက် ၁၀ ချက်ကတော့ ၁။ ပြည့်ပြည့်ဝဝ မအိပ်လို့ အိပ်ရေးဝအောင် အိပ်တာက သင့်ကျန်းမာရေးကို ထိခိုက်စေမှာပါ။ အမျိုးသမီးတစ်ယောက်ဟာ ကယ်လိုရီ ၃၀၀ လောက်မှီဝဲထားပြီးတော့ အိပ်ချိန်က ၄ နာရီအောက်လျော့နည်းနေမယ်ဆိုရင် နောက်တစ်နေ့မှာ ကိုယ်အလေးချိန် ၂၁ ဂရမ်လောက်တိုးနေပါလိမ့်မယ်။ နောက်ပြီး ညအိပ်ချိန်မှာ တီဗီတွေ၊ ကွန်ပျူတာတွေကို ပိတ်ပြီးမှ […]

အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း လုပ်တာက ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်မှုမှာ အရေးပါတဲ့ အရာ တစ်ခုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက မွေးမြူတာက ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ လူကြီး ဖြစ်လာစေမှာပါ။ ဒါကြောင့် ကျန်းမာတဲ့ လူနေမှု ပုံစံကို ပိုင်ဆိုင်ချင်တယ် ဆိုရင် ဆယ်ကျော်သက် အရွယ်မှာကတည်းက လေ့ကျင့်ခန်း လုပ်ဖို့ ပြောပါရစေ။ ဆယ်ကျော်သက်နဲ့ လေ့ကျင့်ခန်း ဆယ်ကျော်သက်တွေ အနေနဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့၊ ထိုက်သင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရဖို့၊ အဝမလွန်စေဖို့၊ ကျန်းမာဖျတ်လတ် စေဖို့အတွက် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ဖို့ လိုပါမယ်။ ဆယ်ကျော်သက်တွေအနေနဲ့ တစ်နေ့ကို မိနစ် ၆၀ လောက် အလုပ်လုပ်မယ်ဆိုရင် ကျန်းမာပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို […]

အခြားလေ့ကျင့်ခန်းများ

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ တစ်နေ့တာ အချိန်ရဲ့  အနည်းဆုံး  ၈ နာရီကို ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ရုံးမှာ အချိန်တွေ ကုန်နေရတယ်ဟုတ်။ အညောင်းမိပြီး အကြောတွေများတောင့်တင်း နေပြီလား။ ဒါဆိုရင် ရုံးစားပွဲမှာ လုပ်လို့ရမယ့် လေ့ကျင့်ခန်း လေးတွေကို ဆောင်းပါးလေးထဲမှာ ဖတ်ရင်း အတူတူ လုပ်ကြည့်ရအောင်လား။ ရုံးစားပွဲမှာ လုပ်လို့ရမယ့် လေ့ကျင့်ခန်းများ တစ်နေ့တာရဲ့  အချိန် အတော်များများကို ကုန်ဆုံးနေရတဲ့ ရုံးစားပွဲမှာ အခုလို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရပါတယ်။ Shoulder Raises ဒါက ဇက်ကြောတွေကို အတော်လေး ပြေလျော့စေပါတယ်။ ပခုံးကို နားရွက်နားထိ မြှင့်လိုက်ပါ။ ၁၀ စက္ကန့်လောက်ထားပါ။ ပြီးရင် ဖြေလျော့လိုက်ပါ။ တစ်ခါလုပ်ရင် ၅ ကြိမ်နဲ့ ၃ ကျော့လောက်လုပ်ပေးပါ။ Back Twist နောက်ကျောတွေ တောင့်တင်းနေတာကို သက်သာစေဖို့ […]

အခြားလေ့ကျင့်ခန်းများ

ကိုယ်လက်လှုပ်ရှားမှုပြုခြင်းဟာ စွမ်းအင်တိုးလာစေပါတယ်။ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး လူကိုလည်း နိုးကြားစေပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပင်ပန်းလာနိုင်ပါတယ်။ အင်အားသုံးလေ ပိုပင်ပန်းလေပါပဲ။ လေ့ကျင့်ခန်းလုပ်အပြီး ပင်ပန်းလာတဲ့အခါ ခဏလောက် မှေးချင်စိတ်ပေါ်လာတတ်ပါတယ်။ ယခုဆောင်းပါးမှာတော့ ယခုလို မှေးစက်ခြင်းဟာ ကောင်းသလား ဆိုးသလား ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ပုံမှန်ပဲလား ယေဘုယျအားဖြင့် လေ့ကျင့်ခန်းလုပ်အပြီး အိပ်ချင်စိတ်ပေါ်တာဟာ စိုးရိမ်စရာကိစ္စတော့ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်တွေ အသုံးချလိုက်လို့ ပင်ပန်းနွမ်းနယ်လာခြင်းပဲ ဖြစ်ပါတယ်။ ပြင်းထန်ပြီး အင်အားသုံးရတဲ့ လေ့ကျင့်ခန်းတွေဆိုရင် ပိုသိသာပါတယ်။ လေ့ကျင့်ခန်းလုပ်အပြီး မောပန်းနွမ်းနယ်ခြင်းဟာ အောက်ပါအချက်များပေါ်လည်း မူတည်ပါသေးတယ်။ - ကျန်းမာရေးအခြေအနေ - အစားအသောက် - ရေဓာတ်ပြည့်ဝမှုအခြေအနေ - လေ့ကျင့်ခန်း အမျိုးအစား၊ ကြာချိန်၊ ပြင်းထန်မှု - အိပ်ရေး ဝ/မဝ - ရောဂါအခံ ရှိ/မရှိ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်ဆောင်နေချိန်မှာ သင့်ကိုယ်ခန္ဓာရဲ့ သက်ဆိုင်ရာကြွက်သားအုပ်စုများဟာ ဆက်တိုက် ကျုံ့ဝင်လှုပ်ရှားနေပါတယ်။ […]

အခြားလေ့ကျင့်ခန်းများ

ခွေးလေးတွေနဲ့ ပုံမှန် လမ်းလျှောက်ထွက်တာ၊ လေ့ကျင့်ခန်းတွေ တူတူလုပ်တာက ကိုယ်တိုင်ကိုရော ကိုယ်ချစ်ရတဲ့ ပါပီလေးတွေကိုရော ကျန်းမာစေပါတယ်။ ဒါတင်မကပါဘူး။ ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရတာ၊ လေ့ကျင့်ခန်း လုပ်ရတာက စိတ်လှုပ်ရှားစရာ ကောင်းသလို တော်တော်လေးလည်း ပျော်ဖို့ ကောင်းပါတယ်။ ပါပီလေးတွေ ပိုင်ဆိုင်ထားသူတွေက အခြားသူတွေ မရရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ရရှိကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းသူ အများစုက ပါပီလေးတွေရဲ့ ပိုင်ရှင်တွေပါ။ ပါပီလေးတွေရဲ့ ပိုင်ရှင်က ပေါင်းသင်းဆက်ဆံရေးတင် ကောင်းတာမဟုတ်ဘဲ သနားကြင်နာတတ်သလို ကူညီရိုင်းပင်းပြီး တက်ကြွလန်းဆန်းနေတတ် ကြပါသေးတယ်နော်။ ဒီ တစ်ခေါက်တော့ အချစ်တော် ပါပီလေးတွေနဲ့ လမ်းလျှောက်ထွက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ပါပီလေးနဲ့ လမ်းလျှောက် ထွက်ပါ။ ကမ္ဘာပေါ်မှာရှိသမျှ သတ္တဝါတွေထဲမှာမှ လူသားတွေအပေါ် သစ္စာအရှိဆုံးနဲ့ အကာကွယ်ပေးဆုံး သတ္တဝါလေးတွေက […]

အခြားလေ့ကျင့်ခန်းများ

လူတစ်ယောက် လေ့ကျင့်ခန်းလုပ်တော့မယ်ဟေ့လို့ ပထမဆုံး စပြီး တွေးကြပြီဆိုရင် ထိပ်ဆုံးကနေ စဉ်းစားတာက “မနက်စောစောထပြေးမယ်” ဆိုတာပါပဲ။ ပြေးတယ်ဆိုတာက ပြုလုပ်ရလွယ်ကူပြီး အဆင်အပြေဆုံး လေ့ကျင့်ခန်းတစ်မျိုးလို့ လူတိုင်း သိနားလည်ထားကြပါတယ်။ Work-out တွေ ဘာတွေလုပ်မယ်ဆိုရင် အနည်းဆုံး Gym မှာ သွားသင်ရမယ်၊ ဒါမှမဟုတ်လည်း Youtube တွေဘာတွေ ကြည့်ပြီး လေ့လာရဦးမယ်မဟုတ်လား။ နောက်ပြီး ပြေးတာက ကိုယ်အလေးချိန်လျှော့ချချင်သူတွေအတွက်ဆိုရင် သိသိသာသာ ထိရောက်မှုလည်းရှိတယ်။ သာမန်လူတွေအတွက်ဆိုရင်လည်း ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လေ။ ပုံမှန်အပြေးလေ့ကျင့်ခန်းလုပ်သူတွေဟာ ကောင်းကောင်း အိပ်ပျော်မယ်၊ ကိုယ်အလေးချိန်ကျမယ်၊ စိတ်ခံစားချက် ကောင်းမွန်မယ်၊ စိတ်ကျန်းမာရေးကို အခြေအနေ ကောင်းမွန်မယ်၊ နှလုံးလည်း ကျန်းမာမယ်၊ အသက်ရှည်စေမယ်။ ဒါကြောင့်မို့လည်း အကောင်းဆုံး လေ့ကျင့်ခန်း နည်းစနစ်လို့ တင်စားခံရတာပေါ့။ ဘယ်လိုပြေးမှာလဲ ဟုတ်ပြီ။ ပြေးမယ်လို့တော့ စဉ်းစားနေပြီ။ ဘယ်လိုပြေးမှာတဲ့တုန်း။ မနက်မိုးလင်းတာနဲ့ ကမန်းကတမ်းထပြီး လမ်းပေါ် ထွက်ပြေးမှာလား။ […]

အခြားလေ့ကျင့်ခန်းများ

ဒီဆောင်းပါးလေးကတော့ မနက်စောစော အိပ်ရာက နိုးတာနဲ့ ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်း တွေ လုပ်လေ့ရှိတဲ့သူတွေ အတွက်ပါ။ အဲဒီလို မနက်စောစောလေ့ကျင့်ခန်းလုပ်ကြတဲ့ သူတွေထဲမှာ တချို့က အစာမစားဘဲ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဆီတွေပိုကျတယ်ဆိုပြီး အစာမရှိဘဲ empty stomach နဲ့ လေ့ကျင့်ခန်းတွေလုပ်ကြပါတယ်။ hello ဆရာဝန်ပရိသတ်ကြီးထဲမှာ ရောအဲဒီလို လုပ်တဲ့သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင် စားထားတဲ့ အစားအစာတွေ energy intake တွေ မရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လိုအပ်တဲ့ energy တွေအတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကို များများဖြိုခွင်းပြီး အသုံးပြုရတာကြောင့် အဆီများများကျတဲ့အပြင် အစာစားထားတဲ့အခါ ဖြစ်နိုင်တဲ့ အန်ချင်စိတ်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ရစ်ခြင်း စတဲ့ ပြဿနာတွေ လျော့နည်းနိုင်တာကြောင့် […]

အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အလှအပအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ကလေးဘဝက စလို့ လူကြီးဖြစ်လာတဲ့အထိ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အရွယ်တင်နုပျို ကျန်းမာစေသလို ရုတ်တရက်သေဆုံးနိုင်ခြေကိုလည်း ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးပြုပုံ အားကစား လုပ်ခြင်းဖြင့် အဆုတ်၊ နှလုံးကို အားကောင်းလာစေတယ်။ အသက်ကို ဝဝလင်လင် ရှူရှိုက်ရတဲ့အပြင် သွေးလည်ပတ်မှုနှုန်း မြန်ဆန်လာခြင်းကြောင့် နှလုံးကို ကျန်းမာစေတယ်။ အဆီနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ အဝလွန်ခြင်းကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ခြင်းဟာ လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်ပေးသလို ကျန်းမာစွာ စားသောက်နေထိုင်ခြင်းကို လိုက်နာစေဖို့ အားပေးအားမြှောက်ပြုပေးတယ်။ အလုပ်ခွင်မှာ ပင်ပန်းညောင်းကိုက်နေသမျှ ဒဏ်တွေကို အားကစားလုပ်ခြင်းဖြင့် […]

အခြားလေ့ကျင့်ခန်းများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon