Polarized မျက်မှန်တွေက အလင်းပြန်တာ သက်သာအောင်ပဲ လုပ်ပေးနိုင်တာပါ။ Polarized ဆိုတိုင်း UV raysကို ပိုကာကွယ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကားမောင်းမယ်၊ ရေနဲ့ ပတ်သတ်တာတွေ လုပ်မယ်ဆိုရင် UV ကာတာအပြင Polarizedလုပ်ထားတဲ့ မျက်မှန်ကို ရွေးချယ်ပါ။
ပြဿနာ မဟုတ်ဘူး ဆိုတာက စျေးကြီးတိုင်း ပစ္စည်းကောင်းမယ်လို့ သတ်မှတ်လို့ မရပါဘူး။ သင့်တင့်တဲ့ စျေးနဲ့ UV raysကို ကာကွယ်နိုင်တဲ့ မျက်မှန်တွေမှ အများကြီးပါပဲ။
နေကာမျက်မှန်လေးရဲ့ ကျန်းမာရေး အကျိုးများ
- အရေပြားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
အရေပြားကင်ဆာရဲ့ ၁၀ရာခိုင်နှုန်းက မျက်ခွံနားမှာ တွေ့ရတာပါ။ ဒါကြောင့် နေကာမျက်မှန်တပ်တာက မျက်ဝန်းနားတစ်ဝိုက်က အရေပြားတွေ နေမလောင်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ မြင်လွှာက တဖြည်းဖြည်းဝါးလာပြီး မမြင်ရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ နေရာင်မှာ ပါတဲ့ UV rays က မြင်လွှာကို မြန်မြန်ပျက်စီးစေပါတယ်။ ဒါကြောင့် နေကာမျက်မှန်တပ်ဖို့ လိုတာပါ။
- အတွင်းတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။
အတွင်းတိမ်ဟာ မျက်စိကွယ်ရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ UV raysနဲ့ ထိတွေ့မှု များရင် ပိုတောင် ဖြစ်နိုင်ချေရှိပါတယ်။ နေကာမျက်မှန်တပ်မယ်ဆိုရင်တော့ အတွင်းတိမ်ဖြစ်ဖို့ အခွင့်အလမ်း နည်းသွားမှာပါ။
- မျက်သားတက်တာကို ကာကွယ်ပေးတယ်။
သိကြတဲ့အတိုင်း မျက်သားတက်တာကို ပိုဆိုးစေတာတွေက နေရောင်ခြည်၊ လေသလပ်ခံတာနဲ့ ဖုန်မှုန့်တွေပါ။ နေကာမျက်မှန်တပ်မယ်ဆိုရင်တော့ ဒါတွေအားလုံးကို ကာကွယ်ပြီးသား ဖြစ်သွားမျာပါ။ ဒါ့ပြင် မျက်သားတက်တာကို ခွဲပြီးတဲ့ သူတွေလည်း ပြန်မဖြစ်အောင် ကာကွယ်ချင်တယ်ဆို နေကာမျက်မှန် တပ်သင့်ပါတယ်။
Migrainesရှိတဲ့သူတွေက နေပူထဲသွားတာများရင် နေရောင်စူးစူးထဲ နေရတာများရင် ထထပြီး ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင်တော့ နေကာမျက်မှန်သာ တပ်ထားလိုက်ပါ။
- အရေးအကြောင်းတွေကို သက်သာစေတယ်။
နေရောင်မှာ ပါတဲ့ UV rays က အသားအရေပို ပျက်စီးစေသလို နေရောင်ကြောင့် မျက်မှောင်ကျုံ့ပြီး ကြည့်ရလို့ အရေးကြောင်းတွေ ထွက်တတ်ပါတယ်။ အထူးသဖြင့် မျက်လုံးတစ်ဝိုက်မှာပါ။ ဒါတွေက ရေရှည်မှာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပါတယ်။
ဒါကြောင့် နေကာမျက်မှန်တပ်တာ စတိုင်ထုတ်တာသက်သက်ပဲ မဟုတ်တော့ပါဘူး။ ကျန်းမာရေး လိုအပ်လို့ တပ်ရတာ ဖြစ်လာပါပြီ။ သာမန်အချိန်တွေမှာ မတပ်ချင်ဘူး ဆိုရင်တောင် နေပူလွန်းတယ်၊ နေပူထဲမှာ အကြာကြီး နေရမယ်၊ ကားမောင်းရမယ်ဆို တပ်ဖြစ်အောင်တပ်ပါ။ ပြီးတော့ အရည်အသွေးပြည့်မီတဲ့ နေကာမျက်မှန်ကိုပဲ ဝယ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။