နွေအပူဒဏ်ကို အလူးအလဲ ခံရတာက သက်ရှိတိုင်းလိုလိုပါ။ ဒီလို အပူဒဏ်ကို သက်ရှိတိုင်း အလူးအလဲ ခံစားနေရချိန်မှာ အသက်အရွယ်ကြီးရင့်တဲ့ ဘိုးဘိုးဘွားဘွားတွေရော ဘေဘီပေါက်စလေးတွေအပြင် အပြင်ကနေပြန်လာတိုင်း ကိုယ်တွေကို အပြေးအလွှား ပြာပြာသလဲ ဆီးကြိုတတ်တဲ့ ပါပီ၊ ပူစီလေးတွေ က အပူဒဏ်ကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားကြရပါတယ်။