၄။ Cauliflower (ပန်းဂေါ်ဖီ) နဲ့ broccoli ( ဂေါ်ဖီစိမ်း)
ပန်းဂေါ်ဖီမှာ antioxidants တွေနဲ့ histidine တွေပါဝင်လို့ နေလောင်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ သဘာ၀ အစားအစာလေးလို့ ပြောကြပါတယ်။ ဒါ့အပြင် sulforaphane လို့ခေါ်တဲ့ ဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့ ပစ္စည်းလေးက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ နီမြန်းပျက်စီး သွားခြင်း ကို သက်သာစေနိုင်ပါတယ်။
၅။ Green tea
Green tea ဟာ အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။
၆။ အစေ့အဆန်များ
ဥပမာ- သစ်ကြားသီး၊ chia seeds စတဲ့ အစေ့အဆံတွေမှာ omega 3 fatty acid ပါဝင်ပါတယ်။ omega 3 fatty acid ဟာ အရေပြားတင်းရင်းလှပအောင် ကူညီပေးနိုင်ပြီး နေလောင်ခြင်းကြောင့် ဖြစ်တဲ့ အသားအရေ ပြဿနာတွေကို သဘာဝအတိုင်း သက်သာအောင် ကူညီပေးနိုင်ပါတယ်။
၇။ ဒါ့အပြင် ခရမ်းချဉ်သီး ၊ ထောပတ်သီး၊ သလဲသီးစတဲ့ အသီးတွေကလည်း နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေ ပြသနာတွေကို လျှော့ချပေးနိုင်ပါတယ်။
နေလောင်ကာလိမ်းဆေးတွေ လိမ်းခြင်း၊ အကာအကွယ် ပစ္စည်းတွေ အသုံးပြုခြင်း သာမက ဒီလို သဘာဝအစားအစာလေးတွေကိုပါ နေ့စဉ် တွဲဖက်စားသုံးပေးမယ်ဆိုရင် ပြင်းထန်တဲ့ ဒီနွေရာသီကြီးကို ကောင်းကောင်းကြီးအံတုနိုင်ပြီး အမြဲနုပျိုလှပတဲ့ အသားအရေကို ရရှိစေမှာ ဖြစ်ပါတယ်။ နေလောင်ခြင်းကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးခြင်းကို ကာကွယ်နိုင်ကြပါစေ။
ရေးသားသူ- Khine Phoo Ngon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။