
-
မျက်လုံးနဲ့ နှုတ်ခမ်းကိုမေ့မထားပါနဲ့
အသားအရေကို ဂရုစိုက်ဆိုလို့ နှုတ်ခမ်းနဲ့ မျက်လုံးကို မေ့မထားပါနဲ့။ ဒီအစိတ်အပိုင်းတွေကလည်း နေရောင်ကြောင့် ထိခိုက်နိုင်ပါတယ်နော်။ ဒါကြောင့် နေကာမျက်မှန်တပ်တာမျိုး၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးပါ။ နှုတ်ခမ်းအတွက်ကတော့ နေရောင်ဒဏ်ကနေ ကာကွယ်ပေးတဲ့ နှုတ်ခမ်းနီအဆီတစ်မျိုးမျိုး ဆိုးပေးပါ။ အပြင်က ပြန်လာတဲ့အခါ ခဏနားပြီး ရေအေးအေးလေးနဲ့ မျက်လုံးနဲ့ နှုတ်ခမ်းကိုဆေးကြောပေးပါ။
နေပူဒဏ်ကြောင့် ချွေးတွေထွက်တာ၊ အနံ့ဆိုးတွေ ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အသားအရေမှာ ဖုန်မှုန့်တွေနဲ့ ရောဂါပိုးတွေ ကပ်ညှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ရေချိုးသန့်စင်ပေးပါ။ ဒါမှလည်း နွေအပူကြောင့်ဖြစ်တဲ့ မိတ်ပြဿနာကို ဖြေရှင်းနိုင်မှာပါ။
နွေပူတဲ့အချိန်မှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်နေစေဖို့အတွက် ဖရဲသီး၊ သခွားမွှေးနဲ့ အခြားအရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားပေးပါ။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်ပေးဖို့လည်း မမေ့ပါနဲ့။ အပူဒဏ်ကို သက်သာစေမယ့် အစားအစာတွေကို စားသုံးပေးပါ။

-
ချည်သားပွပွချောင်ချောင်တွေ ဝတ်ဆင်ပေးပါ
ချွေးစုပ်တဲ့ ချည်သားပွပွချောင်ချောင်လေးတွေကို ဝတ်ပေးပါ။ တင်းကျပ်တဲ့ အဝတ်အစားတွေက နေရထိုင်ရတာ သက်သောင့်သက်သာမဖြစ်စေတဲ့အပြင် ချွေးပိုထွက်စေနိုင်ပါတယ်။ ဒီအခြေအနေက အရေပြားကို ယားယံစေပြီး မိတ်တွေပိုထွက်စေနိုင်သလို ပြင်းထန်တဲ့ အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။
-
သဘာဝအသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို အသုံးပြုပေးပါ
မီးဖိုချောင်ထဲမှာရှိနေတဲ့ အသားအရေကို ကောင်းကျိုးပြုတဲ့ ပစ္စည်းတွေကိုလည်း မေ့မထားဖို့ပြောချင်ပါတယ်။ ဥပမာ သံပရိုသီး၊ ခရမ်းချဉ်သီးတို့ကို အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းတာမျိုးပေါ့။ ခရမ်းချဉ်သီးကို အရည်ညှစ်လို့ အခဲခံပြီး မျက်နှာမှာ ပွတ်ပေးတာမျိုးပေါ့။
ကဲ… ဒီနည်းလမ်းလေးတွေသုံးလို့ ပူပြင်းတဲ့နွေရာသီမှာ အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်လိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။