တရုတ်နံနံက ရေဓာတ်ဖြည့်ပေးသလို ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင် K၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရိတ်၊ ဆိုဒီယမ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် Kတို့ ပါဝင်နေပါတယ်။
ဆလတ်ရွက်မှာလည်း ရေဓာတ်က ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အကောင်းဆုံး ရေဓာတ် ဖြည့်ပေးနိုင်မှာပါ။ ဆလတ်ရွက်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးသလို
နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။
ဟင်းတွေ ချက်တဲ့အခါ၊ အသုပ်တွေ သုပ်စားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ခရမ်းချဉ်သီးလေးက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အထိရောက်ဆုံး ဖြည့်ပေးနိုင်ပါတယ်။
ခရမ်းချဉ်သီးကလည်း ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့ အသီး တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ဖြည့်တင်းဖို့ တစ်နေ့ကို ခရမ်းချဉ်သီး တစ်ပွဲပြင်စာလောက် စားပေးဖို့ လိုပါမယ်။
ဖရဲသီးက ရေဓာတ် ကြွယ်ဝတယ် ဆိုတာကတော့ ပြောစရာ မလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ဖရဲသီးမှာ ရေဓာတ် က ၉၁ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။
ဖရဲသီးက ရေဓာတ်ဖြည့်ပေးသလို ဆဲလ်တွေကိုလည်း နေရောင်ကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်း နေရောင်ကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။
ချိုချိုချဉ်ချဉ်လေးနဲ့ စားရတာ အရသာရှိတဲ့ စတော်ဘယ်ရီသီးလေးတွေမှာ ရေဓာတ်က ၉၁ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ စတော်ဘယ်ရီက ရေဓာတ် ကြွယ်ဝသလို ဖလေဗာနွိုက်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် ရေဓာတ် ပြည့်စေဖို့ ညနေဘက် ရောက်တဲ့အခါ စတော်ဘယ်ရီ တစ်ခွက်စာလောက် စားပေးပါ။
ပန်းဂေါ်ဖီကလည်း တစ်နေကုန် နေပူမိထားတာကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို အထိရောက်ဆုံး ဖြည့်ပေးနိုင်မှာပါ။ ပန်းဂေါ်ဖီက ဗီတာမင် C၊ ဗီတာမင် K နဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေသလို ရေဓာတ်ကလည်း ၉၂ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။
ပန်းဂေါ်ဖီက ရေဓာတ် ဖြည့်ပေးသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ကဲ… တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် နောက်တစ်နေ့တာမှာ တက်ကြွလန်းဆန်းစွာ နိုးထနိုင်စေဖို့အတွက် ညနေပိုင်းမှာ ဒီအစားအစာလေးတွေ စားပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းလိုက်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။