backup og meta

နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့

    နွေအပူ ပြင်းပြင်းအောက်မှာ လှပတဲ့ ဆံသားလေးကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူး လေဒီလေးတိုင်းမှာ ရှိမယ်ထင်ပါတယ်နော်။ ဆံသားတွေ ဟာလည်း အရေပြားတွေလိုပဲ နေရောင်ပြင်းပြင်းကြောင့် ထိခိုက်ပျက်စီးနိုင်ပါတယ်။

    ဒါကြောင့် ဆံသားတွေကိုလည်း အသားအရေတွေကို ထိန်းသိမ်းသလို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ အထူးသဖြင့် နွေရာသီမှာပေါ့။ ဒီတော့ နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာသန်စွမ်းနေစေဖို့ ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။

    နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့ ဒီလို ထိန်းသိမ်းပါ။

    နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့

    နွေရာသီမှာ နေရောင်​ကြောင့် အရေပြားကို ထိခိုက်စေနိုင်သလို ဆံသားကိုလည်း ထိခိုက်စေနိုင်ပါတယ်။ နေရောင် ပြင်းပြင်းက ဆံသားတွေရဲ့ သန်စွမ်းမှုနဲ့ ဦးရေပြားရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ ဆံသားတွေ ကျန်းမာသန်စွမ်းစေဖို့ဆိုရင် အခုလိုလေး ထိန်းသိမ်းပေးပါ

  • ဆံသားတွေကို အပူဒဏ်ကနေ ကာကွယ်ပါ။
  • နွေရာသီမှာ နေရောင်ကြောင့် ဆံသားတွေ မပျက်စီးချင်ဘူးဆိုရင် နေရောင်ထဲ ထွက်တဲ့အခါ ထီး၊ ဦးထုပ်၊ ပဝါစတာတွေနဲ့ ဆံပင်ကို သေချာလေး ကာကွယ်ပေးပါ။ ဒီလို ကာကွယ်ပေးတာက ဆံသားရဲ့ အစိုဓာတ်ကို ထိန်းပေးပြီး ဆံသားတွေကို ကျန်းမာစေမှာပါ။

  • Conditioner သုံးဖို့ မမေ့ပါနဲ့။
  • နွေအပူကြောင့် သင်ရေငတ်သလို ဆံသားတွေလည်း ရေငတ်တတ်ပါတယ်။ ဒါကြောင့် နွေရာသီမှာ ဆံပင်ကို အစိုဓာတ် ပြည့်ဝနေအောင် ဂရုစိုက်ဖို့ လိုပါမယ်။

    အစိုဓာတ် ထိန်းပေးတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးလို့ ရသလို ရေဓာတ်ဖြည့်ပေးနိုင်မယ့် conditioner ကို အသုံးပြုပေးတာကလည်း နွေရာသီမှာ ဆံသားကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

    အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်သလို ဆံသားကိုလည်း နေလောင်ဒဏ်ကနေ ကာကွယ်ဖို့ လိုအပ်ပါမယ်။ ဒါကြောင့် နွေရာသီမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် ဆံသားတွေ မပျက်စီးစေချင်ဘူးဆိုရင် ဆံသားအတွက် ထုတ်ထားတဲ့ နေလောင်ကာ haircoat မျိုးကို သုံးပေးပါ။

    အပြင်ထွက်တိုင်း မထွက်ခင် နာရီဝက်လောက် အလိုမှာ လိမ်းပေးပါ။ ဒါမှ UV rays တွေကြောင့် ဆံသားထိခိုက်တာမျိုး မဖြစ်မှာပါ။

    နွေရာသီမှာ ဆံသားတွေက အပူဒဏ်ကို အတော်ခံစားရတာပါ။ ဒါကြောင့် နွေပူနေချိန်မှာ ဆံသားကို dryer မှုတ်ပြီး အပူပေး အခြောက်ခံတာ၊ အပူကို သုံးပြီး ဆံပင်ပုံသွင်းတာမျိုးတွေ မလုပ်ပါနဲ့။ ဆံသားပျက်စီးနိုင်တာကြောင့်ပါ။ ခေါင်းလျှော်ပြီး ချိန်မှာလည်း တဘက်ပွပွနဲ့ပဲ ခြောက်အောင် သုတ်တာမျိုး လုပ်ပေးပါ။

  • ခေါင်းခဏခဏ မလျှော်ပါနဲ့။
  • နွေရာသီမှာ ခေါင်းချွေးထွက်တာ၊ ဆံပင်တွေထဲက ပူတာမျိုးတွေ ခံစားရနိုင်ပေမယ့် ခဏခဏ ခေါင်းလျှော်တာမျိုး မလုပ်ပါနဲ့။ ဒီလို လုပ်ဆောင်တာက ခေါင်းအေးတာ မှန်ပေမယ့် ဆံသားနဲ့ ဦးရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို ကုန်စေပြီး ဆံသားနဲ့ ဦးရေပြားကို ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် နွေရာသီမှာ ခေါင်းခဏခဏ မလျှော်ပါနဲ့။ တစ်ပတ်ကို ၂ ကြိမ် ခေါင်းလျှော်ရည် ခပ်ပျော့ပျော့လေးနဲ့ပဲ လျှော်ပေးပါ။

    နွေရာသီမှာ အပူရှောင်ဖို့ ရေကူးကြတာ၊ ကမ်းခြေသွားကြတာမျိုး ရှိနိုင်ပါတယ်။ ဒီလို သွားတဲ့အခါ ဆံသားကို ဆားငန်ရေတွေ၊ ကလိုရင်းခတ်ထားတဲ့ ရေတွေနဲ့ ထိတွေ့စေတာက ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ကို ကလိုရင်းနဲ့ ဆားငန်ရေတွေ မထိတွေ့စေဖို့ သေချာလေး ဂရုစိုက်ပေးပါ။

  • ဆံပင်ကို သက်သောင့်သက်သာ ဖြစ်အောင် ထားပါ။
  • နွေရာသီမှာ ဆံပင်ကို တင်းတင်းကျပ်ကျပ် စည်းတာမျိုး မလုပ်ပါနဲ့။ ဆံပင်ကို တင်းတင်းကျပ်ကျပ် စည်းတာက ဆံသားတွေရဲ့ ကျန်းမာ သန်စွမ်းတာကို ထိခိုက်စေနိုင်တာကြောင့် နွေပူနေချိန်မှာ ဆံပင်တွေကို ခပ်လျော့လျော့ စည်းတာ၊ ဖွတ်မြီးကျစ်တာ၊ ကျစ်ဆံမြီးကျစ်တာမျိုး လုပ်ပေးလို့ ရသလို တဝက်သိမ်းထားတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။

    နွေရာသီမှာ ဆံပင်တွေ အဖျားခြောက်တာ၊ အဖျား နှစ်ခွဖြစ်တာ၊ ဆံပင်ပြတ်တာတွေ သက်သာစေဖို့ ဆံပင်အဖျားလေးတွေကို ပုံမှန် တိပေးဖို့ လိုပါမယ်။ ဒါမှ ဆံပင်က ကျန်းမာ သန်စွမ်းမှာပါ။

    ကဲ ……. နွေရာသီမှာ ဆံသားလေးတွေ ကျန်းမာစေဖို့ အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း ထိန်းသိမ်းလိုက်စို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 28/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement